iMyanmarHouse.com - Best Property Website for Myanmar
×




Credit: burmese.asia
 အနုပညာ


#Unicode Version# ဖြင့်ဖတ်ပါ ။

ခေတ်လေးနဲ့သစ်လေးတို့ရဲ့မေမေ ထရီဇာတစ်ယောက် မေမေမဖြစ်ခင် အပျိုဘဝအဆို တော် မင်းသမီး ဘဝမှာကတည်းက ပရိသတ်တွေရဲ့အချစ်တွေကိုပိုင်ဆိုင်ထားပြီးသားပါ။ သူမအိမ်ထောင်ပြုပြီးနောက် ခေတ်လေးနဲ့သစ်လေးတို့ကိုပိုင်ဆိုင်ပြီးတဲ့အခါမှာလည်း ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပရိသတ်တွေက ဝိုင်းပြီးအချစ်ပိုခဲ့ကြပါသေးတယ်။ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးမှာ ဖေဖေနဲ့ မေမေက သီချင်းတွေဆိုရင်း သမီးလေးတွေကလည်း အတူတူပျော်ရင်းပေါ့။

ဆရာဝန်အဆိုတော်တစ်ဦးဖြစ်ပြီး သူမက ပညာရေးမှာရော ဂီတလမ်းကြောင်းမှာရော ထူးချွန်သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ သီချင်းခွေတွေလည်းထွက်ရှိထားပြီး သူမရဲ့သံစဉ်တွေဟာ ယနေ့ ထက်တိုင်စီးမျောလို့ကောင်းနေဆဲပါပဲ။ ချစ်စရာသမီးလေးတွေနဲ့ နာမည်နဲ့ လူမှုကယ်ဆယ်ရေး ဖောင်ဒေးရှင်းလေးလည်း ထူထောင်ထားပါသေးတယ်။

ဒီနေ့မှာတော့ သူမက ပခုက္ကူက ပွဲတစ်ခုကိုသွားစဉ်က အားပေးကြမ်းခဲ့တဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ” ပခုက္ကူ Beauty city ဖွင့်ပွဲမှာ Trezaကိုချစ်ကြတဲ့ ပရိသတ်တွေ နေပူထဲ ခုလိုစောင့်ပြီးအားပေးကြတဲ့အတွက် ပခုက္ကူပရိသတ်ကြီးကို ကျေးဇူးပါနော် ဖွင့်ပွဲအပြန် လူမစဲသွားပဲ ပိုများလာတဲ့လူပင်လယ်ကြီးကြားမှာ ကို့ရိုးကားယားထွက်လာရတဲ့ မှတ်တမ်းတော့မရှိဘူး (he he ကားထဲရောက်တော့ လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်လာတဲ့ မုန့် ကို အားပါးတရ အမောဖြေရင်းစားလိုက်ပါတယ်လို့ ” ဆိုပြီး Video လေး တင်လိုက်တာမို့ ပရိသတ်ကြီး အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပြီနော်။

Credit: burmese.asia
 အနုပညာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top