iMyanmarHouse.com - Best Property Website for Myanmar
×

ကလီယိုပတ္ထရာ ဘုရင္မရဲ႕ အလွအပေနာက္ကြယ္က လွ်ိဳ႕ဝွက္ခ်က္က သံလြင္ဆီေၾကာင့္ဆုိတာကို ပ်ိဳေမေလးတို႔ သိၿပီးၾကၿပီလား။ သံလြင္ဆီက ဆဲလ္ေသေလးေတြကို ဖယ္႐ွားေပးၿပီး ဆဲလ္အသစ္ျဖစ္ေပၚလာေအာင္ ကူညီေပးတာေၾကာင့္ မ်က္ႏွာေပၚမွာ အမဲစက္နဲ႔ ညိဳညစ္ညစ္ျဖစ္ျခင္းတို႔မွ ကာကြယ္ေပးၿပီး အသားအေရကို ဝင္းလက္ေတာက္ေျပာင္ေစပါတယ္။ အီဂ်စ္ႏိုင္ငံမွာဆိုရင္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀၀၀ ကတည္းက အလွအပအတြက္ဆိုရင္ သံလြင္ဆီကို အသံုးျပဳလာခဲ့ၾကတာပါ။

အဆီျပန္တဲ့ပံုစံမ်ိဳးမဟုတ္ဘဲ အသားအေရက လွလွပပေလးနဲ႔ Glow ခ်င္တဲ့ ပ်ိဳေမေလးေတြအတြက္ သံလြင္ဆီကုိ ဘယ္လိုအသံုးျပဳရမလဲဆိုတာ ေဝမွ်ေပးလိုက္ပါတယ္။

နည္းလမ္း (၁)

သဘာဝ သံလြင္ဆီစစ္စစ္ စားပြဲတင္ဇြန္း တစ္ဇြန္း၊ မ်က္ႏွာသုတ္ပုဝါႏွင့္ ေရေႏြးပူတို႔ လိုအပ္ပါလိမ့္မယ္။ သံလြင္ဆီထဲသို႔ လက္ေခ်ာင္းေလးေတြႏွစ္လိုက္ၿပီး ထိုလက္ေခ်ာင္းေလးမ်ားနဲ႔ ပါးျပင္ေပၚသို႔ စက္ဝိုင္းပံုသ႑ာန္ ႏွိပ္နယ္ေပးလိုက္ပါ။ ထို႔ေနာက္ ႏွာေခါင္း၊ နဖူးနဲ႔ ေမးေစ့တို႔ကိုေတာ့ လက္ေခ်ာင္းေလးနဲ႔ သုတ္လိမ္းေပးလိုက္ပါ။  မ်က္ႏွာသုတ္ပုဝါကို ေရေႏြးပူထဲႏွစ္လိုက္ၿပီးေနာက္ အရည္ညွစ္လိုက္ကာ မ်က္ႏွာေပၚမွာ ေအးသြားတဲ့အထိ အုပ္လိုက္ပါ။

ပုဝါကို ေရေႏြးပူထဲ ထပ္ထည့္ၿပီး အရည္ညွစ္လိုက္ပါ။ ဒီတစ္ခါမွာေတာ့ မ်က္ႏွာေပၚသို႔ အသာအယာပြတ္တိုက္ေပးရင္း မ်က္ႏွာေပၚက သံလြင္ဆီမ်ားကို ဖယ္႐ွားလိုက္ပါ။ ေနာက္ဆံုးမွာေတာ့ ေျခာက္ေသြ႔တဲ့ မ်က္ႏွာသုတ္ပုဝါနဲ႔ မ်က္ႏွာသုတ္လိုက္ပါ။ ဒီနည္းလမ္းေလးကို မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ ေန႔တိုင္းျပဳလုပ္ေပးမယ္ဆိုရင္ တစ္ပတ္ၾကာတာနဲ႔ သိသာထင္႐ွားတဲ့ရလဒ္မ်ားကို ျမင္ေတြ႔ရပါလိမ့္မယ္။

နည္းလမ္း (၂)

သံလြင္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ သံပု႐ိုရည္ စားပြဲတင္ဇြန္း တစ္ဇြန္းတို႔ လိုအပ္ပါလိမ့္မယ္။ ပါဝင္ပစၥည္းမ်ား အားလံုးကို သမေအာင္ ေရာေမႊၿပီးေနာက္ မ်က္ႏွာေပၚ သုတ္လိမ္းေပးကာ တစ္မိနစ္၊ ႏွစ္မိနစ္ခန္႔ ႏွိပ္နယ္ေပးလိုက္ပါ။ မိနစ္ ၃၀ ခန္႔ၾကာမွ ေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာသစ္လိုက္ပါ။ ေနာက္ဆံုးက်မွ ေရေအးေလးနဲ႔ မ်က္ႏွာျပန္သစ္ေပးရပါမယ္။ ဒီနည္းလမ္းေလးကိုေတာ့ တစ္ပတ္မွာ ၂ ႀကိမ္၊ ၃ ႀကိမ္ခန္႔ ျပဳလုပ္ေပးလိုက္ပါ။

နည္းလမ္း (၃)

သံလြင္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ ၾကက္ဥအႏွစ္ ၁ လံုးတို႔ လိုအပ္ပါမယ္။ ပါဝင္ပစၥည္း သံုးမ်ိဳးစလံုးကို ပန္းကန္လံုးထဲထည့္ၿပီး သမေအာင္ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ မ်က္ႏွာေပၚ သုတ္လိမ္းကာ ၁၅ မိနစ္ခန္႔ ေျခာက္ေအာင္ ေစာင့္ေနလိုက္ပါ။ အခ်ိန္ျပည့္သြားရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာသစ္ေပးလိုက္ပါ။ သိသာထင္႐ွားတဲ့ရလဒ္ကို ျမန္ျမန္ျမင္ေတြ႔ခ်င္တယ္ဆိုရင္ေတာ့ တစ္ပတ္ကို ၂ ႀကိမ္ျပဳလုပ္ေပးရပါမယ္။

ကဲ… ဘယ္လိုလဲ ပ်ိဳေမေလးတို႔ေရ ဒီနည္းလမ္းေလးေတြကို စမ္းလုပ္ၾကည့္ၾကေတာ့မယ္မလား။

Credit:mystylemyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကလီယိုပတ်ထရာ ဘုရင်မရဲ့ အလှအပနောက်ကွယ်က လျှို့ဝှက်ချက်က သံလွင်ဆီကြောင့်ဆိုတာကို ပျိုမေလေးတို့ သိပြီးကြပြီလား။ သံလွင်ဆီက ဆဲလ်သေလေးတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်ဖြစ်ပေါ်လာအောင် ကူညီပေးတာကြောင့် မျက်နှာပေါ်မှာ အမဲစက်နဲ့ ညိုညစ်ညစ်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးပြီး အသားအရေကို ဝင်းလက်တောက်ပြောင်စေပါတယ်။ အီဂျစ်နိုင်ငံမှာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကတည်းက အလှအပအတွက်ဆိုရင် သံလွင်ဆီကို အသုံးပြုလာခဲ့ကြတာပါ။

အဆီပြန်တဲ့ပုံစံမျိုးမဟုတ်ဘဲ အသားအရေက လှလှပပလေးနဲ့ Glow ချင်တဲ့ ပျိုမေလေးတွေအတွက် သံလွင်ဆီကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

နည်းလမ်း (၁)

သဘာဝ သံလွင်ဆီစစ်စစ် စားပွဲတင်ဇွန်း တစ်ဇွန်း၊ မျက်နှာသုတ်ပုဝါနှင့် ရေနွေးပူတို့ လိုအပ်ပါလိမ့်မယ်။ သံလွင်ဆီထဲသို့ လက်ချောင်းလေးတွေနှစ်လိုက်ပြီး ထိုလက်ချောင်းလေးများနဲ့ ပါးပြင်ပေါ်သို့ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးလိုက်ပါ။ ထို့နောက် နှာခေါင်း၊ နဖူးနဲ့ မေးစေ့တို့ကိုတော့ လက်ချောင်းလေးနဲ့ သုတ်လိမ်းပေးလိုက်ပါ။  မျက်နှာသုတ်ပုဝါကို ရေနွေးပူထဲနှစ်လိုက်ပြီးနောက် အရည်ညှစ်လိုက်ကာ မျက်နှာပေါ်မှာ အေးသွားတဲ့အထိ အုပ်လိုက်ပါ။

ပုဝါကို ရေနွေးပူထဲ ထပ်ထည့်ပြီး အရည်ညှစ်လိုက်ပါ။ ဒီတစ်ခါမှာတော့ မျက်နှာပေါ်သို့ အသာအယာပွတ်တိုက်ပေးရင်း မျက်နှာပေါ်က သံလွင်ဆီများကို ဖယ်ရှားလိုက်ပါ။ နောက်ဆုံးမှာတော့ ခြောက်သွေ့တဲ့ မျက်နှာသုတ်ပုဝါနဲ့ မျက်နှာသုတ်လိုက်ပါ။ ဒီနည်းလမ်းလေးကို မနက်တစ်ကြိမ် ညတစ်ကြိမ် နေ့တိုင်းပြုလုပ်ပေးမယ်ဆိုရင် တစ်ပတ်ကြာတာနဲ့ သိသာထင်ရှားတဲ့ရလဒ်များကို မြင်တွေ့ရပါလိမ့်မယ်။

နည်းလမ်း (၂)

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပုရိုရည် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောမွှေပြီးနောက် မျက်နှာပေါ် သုတ်လိမ်းပေးကာ တစ်မိနစ်၊ နှစ်မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ နောက်ဆုံးကျမှ ရေအေးလေးနဲ့ မျက်နှာပြန်သစ်ပေးရပါမယ်။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်ခန့် ပြုလုပ်ပေးလိုက်ပါ။

နည်းလမ်း (၃)

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကြက်ဥအနှစ် ၁ လုံးတို့ လိုအပ်ပါမယ်။ ပါဝင်ပစ္စည်း သုံးမျိုးစလုံးကို ပန်းကန်လုံးထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းကာ ၁၅ မိနစ်ခန့် ခြောက်အောင် စောင့်နေလိုက်ပါ။ အချိန်ပြည့်သွားရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ သိသာထင်ရှားတဲ့ရလဒ်ကို မြန်မြန်မြင်တွေ့ချင်တယ်ဆိုရင်တော့ တစ်ပတ်ကို ၂ ကြိမ်ပြုလုပ်ပေးရပါမယ်။

ကဲ… ဘယ်လိုလဲ ပျိုမေလေးတို့ရေ ဒီနည်းလမ်းလေးတွေကို စမ်းလုပ်ကြည့်ကြတော့မယ်မလား။

Credit:mystylemyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top