iMyanmarHouse.com - Best Property Website for Myanmar
×
Credit:marry
ချစ်ရေးချစ်ရာ
ပို့သပေးပါတယ်။
# Unicode Version # ဖြင့် ဖတ်ပါ #
တကယ်တော့လူတော်တော် များများဟာပိုးပန်းတယ်ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်နက်ရှိုင်းမူကို မသိကြဘူး။ချစ်သူသမီးရည်းစား ဘဝကုန်ဆုံးလို့အိမ်ထောင်သည် ဘဝရောက်တဲ့အခါ ပိုးပန်းမူ ဆိုတာရပ်တန့်သွားပြီလို့ထင် တတ်ကြပါတယ်။အမှန်တော့ အဲဒီအတွေးဟာတကယ်ကို လွဲမှားတဲ့အတွေးတစ်ရပ်ပါပဲ။
တချို့ကပိုးပန်းတယ်ဆိုတာယောက်ကျာၤးလေးတွေရဲ့အလုပ်လို့ပဲထင်တတ်ကြတယ်။အမှန်တော့ပိုးပန်းခြင်းဆိုတာယောက်ကျားလေးရော မိန်းကလေးပါပြုလုပ်သင့်တဲ့အရာပါပဲ။ ပိုးပန်းတယ်ဆိုတာတစ်ယောက်အကြိုက်ကိုတစ်ယောက်ကဆောင်ကြဉ်းပေးတာပါပဲ။ ဒါပေမယ့် ပိုးပန်းတယ်ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကအဲဒီထက်ပိုမိုနက်ရှိုင်းပြီးသိမ့်မွေ့လွန်းလှပါတယ်။
ကိုယ်ရဲ့သည်းခံမူမေတ္တာတရားစွမ်းဆောင်ရည်ဦးစားပေးမူစတဲ့ စိတ်ခံစားမူပေါင်းစုံနဲ့ပေးရတဲ့အလုပ်မျိုးပါ။ အမျိုးသမီးတွေဟာ ပိုးပန်းခံရတဲ့ အခါ သူမတို့ကို ပိုပန်းလာသူရဲ့သိမ်မွေ့မှု။ ရဲရင့်မူသည်းခံမှုစတာတွေကိုမျှော်လင့်တတ်ကြပါတယ်။
သမီးရည်းစားဘဝကုန်ဆုံးလို့ အိမ်ထောင်ရှင်ဘဝရောက်တဲ့အခါပိုးပန်းရတာရပ်တန့်သွားပြီ လို့ထင်မြင်တတ်ကြတယ်။ အမှန်တော့ပိုပန်းတယ်ဆိုတာသမီးရည်စားဘဝကစလို့ အိုမင်းရင့်ရော်ချိန်ထိပြုမူရတဲ့ချစ်သူနှစ်ဦးကြားကကိစ္စပါပဲ။
ပိုးပန်းတယ်ဆိုတဲ့ကိစ္စနက်ရှိုင်းလွန်းတဲ့အတွက်အချက်လက်တချို့ကိုဖော်ပြရုံနဲ့မလုံလောက်လှပါဘူး။ဒါပေမယ့်ပိုးပန်းခြင်းရဲ့အဓိပ္ပါယ်ကိုနားလည်စေဖို့အချက်လက်တစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။
၁။လေးစားမူကိုရယူပါတစ်ဦးနဲ့တစ်ဦးအပြန်လှန်လေးစားမူကိုရယူတယ်ဆိုတာဘယ်လိုအခြေနေ။အနေထားမျိုးမှာပဲဖြစ်ဖြစ်ကောင်းမွန်တဲ့ကိစ္စရပ်ပါပဲ။ဒါကြောင့်ကိုယ့်ချစ်သူရဲ့လေးစားမူကိုရယူဖို့ကိုယ့်ဘက်ကထိန်းသိမ်း မှုတွေနဲမေတ္တာတရားတွေလိုအပ်ပါတယ်။
၂။ ဂရုစိုက်ပါအထူးသဖြင့်မိန်းကလေးတွေဟာသူတို့အသိုင်းဝိုင်းနဲ့ ပတ်ဝန်းကျင်ကိုအလေး နက်ထားတတ်ကြပါတယ်။ဒါကြောင့် သူမအသိုင်းဝန်းမှာ လိင်ရမ္မက်မပါတဲ့ ဂရုစိုက်မူမျိုးတွေအသေးမွှားလေးတွေကအစကြင်နာပြတာမျိုးတွေကသူမတို့သဘောကျနှစ်သက်စေမှာပါ။ဥပမာ-သူမတက်မယ့်ကားတံခါးကိုဖွင့်ပေးတာမျိုး။ သူမသောက်မယ့် ကော်ဖီခွက်လေးကိုတစ်ရှူးနဲ့ သုတ်ပေးတာမျိုး။သူမထိုင်မယ့်ထိုင်ခုံလေးကိုနေရာရွှေ့ပေးတာမျိုးပေါ့။
၃။ ကြိုးစားအားထုတ်နေမှန်းသိပါစေ။ကိုယ်ဟာ သူမအတွက်ဘယ်လောက်ထိကြိုးစားရုန်းကန်နေလဲ သိပါစေ။အကယ်၍သူမလိုချင်တဲ့အတိုင်းတာအနေထားထိမရောက်ရင်တောင်ကိုယ်ဟာသူမအတွက်ကြိုးစားရုန်းကန်နေမှန်းသိပါစေ။
၄။ အသေးစိတ်ကအစအမှတ်တရရှိတာမျိုးမိန်းကလေးတွေဟာသူမတို့နဲ့ ပတ် သက်ရင်အမှတ်တရရှိတာမျိုးတွေကိုနှစ်သက်ကြပါတယ်။သူမနဲ့ချစ်သူဖြစ်ခွင့်တရတာနေ့မျိုးတွေ။ သူမရဲ့မွေးနေ့တွေကိုဘယ်တော့မှမမေ့လိုက်ပါနဲ့။ဖြစ်နိုင်ရင်ဒီလိုနေ့ရက်မျိုးလေးတွေမှာအမှတ်တရအထိမ်းမှတ်ပွဲလေးတွေပြုလုပ်ပေးပါ။
ဒီထက်ပိုပြီးအသေးစိတ်ကျတဲ့ အထိမ်းမှတ်ပွဲလေးတွေ လည်းပြုလုပ်ပေးသင့်ပါတယ်။သူမ မမျှော်လင့်တဲ့ ကိစ္စမျိုးလေးတွေကိုပေါ့။ သူမဆံပင်ဖြောင့်တာတစ်လပြည့်တဲ့ အထိမ်းမှတ်ပွဲလေး။သူမလက်သည်းနီအရောင်ပြောင်းသွားတာဘယ်နှစ်ပတ်ရှိပြီဆိုတဲ့ ပွဲမျိုးလေးတွေပေါ့။ငွေကြေးအများကြီးအကုန်ကျခံစရာမလိုပါဘူး။ကိုယ့်ရဲ့အထိမ်းမှတ်ပွဲလေးတွေကိုလည်းသူမအသိုင်းဝန်းကသိပါစေ။
၅။ လူမသိသူမသိပွဲလေးတွေလည်းရှိသင့်တယ်လူမသိသူမသိပွဲလေးတွေဆိုတော့တချို့ကနားလည်ကြမယ်မထင်ဘူး။ဒါပေမယ့်ချစ်သူနှစ်ဦးကြားကစလို့ အိမ်ထောင်သည်တွေအထိ ပြုမူရမယ့်ပွဲလေးတွေပေါ့။
ဥပမာ-သူမနှုတ်ခမ်းလေးကိုစတင်နမ်းရှိုက်တဲ့နေ့စွဲလေး။ သူမနဲ့ပထမဦးဆုံးချစ်ရည်လူးခဲ့ တဲ့နေ့စွဲမျိုးလေးတွေကအစမမေ့လိုက်ပါနဲ့ ။ ဘယ်သူမှမသိနိုင် တဲ့ချစ်သူနှစ်ဦးကြားက လျို့ဝှက်အဖြစ်ပျက်လေးတွေကိုအမှတ်ပွဲလေးတွေပြုလုပ်ပေးပါ။
ဖယောင်းတိုင်လေးထွန်းပြီးကိတ်မုန့်လေးခွဲလိုက်တာမျိုး။ညလယ်စာအပြင်ထွက်စားကြတာမျိုးပေါ့။မိန်းကလေးတွေဟာမမျှော်လင့်ပဲကြုံတွေ့ရတဲ့ပွဲမျိုးလေးတွေကိုသဘောကျတတ်ပါတယ်။ပိုးပန်းတယ်ဆိုတာသည်းခံမှု။
အနစ်နာခံမှုဂရုစိုက်မှု။ အလေးပေးမှု စတဲ့စိတ်ခံစားမူပေါင်းစုံပါဝင်နေတာကြောင့်အချက်လက် တစ်ချို့နဲ့ မလုံလှပါဘူး။ ဒါကြောင့်ဉာဏ်ရှိသလိုကိုယ်ချစ်သူမိန်းကလေးဖြစ်စေ။ ယောက်ကျားလေးဖြစ်စေအသုံးပြုနိုင်ရန်အချက်အလက်တချို့ကိုသာဖော်ပြလိုက်ပါတယ်။
ပိုးပန်းမူများနဲ့အိုမင်းရင့်ရော်ချိန်ထိအချစ်များတိုးပွားနိုင်ကြပါစေ။
Credit:marry
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top