iMyanmarHouse.com - Best Property Website for Myanmar
×






ဘာတွေကြုံရမလဲ

   

Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #

ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းတွေမှာရော၊ သာယာဆွတ်ပျံ့ဖွယ် လေညင်းသင်းတဲ့ ခရီးလမ်းတွေမှာပါ တွဲထားတဲ့ လက်ကို ဖြုတ်မသွားမယ့် ခရီးဖော်မျိုးပေါ့

တကယ် ချစ်မိသွားတဲ့ အခါ . . .

ဘဝဆိုတာ ခရီးရှည် တစ်ခုပါ။ ဒါကြောင့် ဘဝခရီးလမ်းကို လျှောက်လှမ်းရင်း ခရီးဖော်တွေ အများကြီးကို တွေ့ကြုံရပါတယ်။ ပြုံးပြ နှုတ်ဆက်ရုံ ခရီးဖော်မျိုး၊ ခဏတာ ရပ်တန့် စကားပြောရုံ ခရီးဖော်မျိုး၊ ခရီး တစ်ထောက်ထိ ကိုယ်နဲ့ အတူလိုက်ပါ ပေးခဲ့ပြီး အချိန်တန်ရင် လမ်းခွဲ သွားကြရမယ့် ခရီးဖော်မျိုး အမျိုးမျိုးကို တွေ့ကြုံရမှာပါ။ လူတိုင်းကတော့ ကိုယ့်ရဲ့ ဘဝခရီးလမ်း အတွက် လမ်းဆုံးတိုင် အတူလက်တွဲလိုက်ပါပေးမယ့် ခရီးဖော်မျိုးကို မျှော်လင့်ကြပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းတွေမှာရော၊ သာယာဆွတ်ပျံ့ဖွယ် လေညင်းသင်းတဲ့ ခရီးလမ်းတွေမှာပါ တွဲထားတဲ့ လက်ကို ဖြုတ်မသွားမယ့် ခရီးဖော်မျိုးပေါ့။ အဲ့လို ခရီးဖော်မျိုးဖြစ်ဖို့အတွက် အချစ်စစ်ဆိုတဲ့ အရာတစ်ခု လိုအပ်ပါတယ်။ ကိုယ်ကသူ့ကို တကယ်ချစ်မှ၊ သူကလည်း ကိုယ့်ကို တကယ်ချစ်မှသာ ဘဝခရီး လမ်းဆုံးသွားတဲ့ အချိန်ထိ အတူတူလက်တွဲ ထားနိုင်ကြမှာပေါ့။ ဒီတော့ ကိုယ်ပိုင်ဆိုင်ခွင့်ရတဲ့ အချစ်တွေ တကယ် စစ်မစစ် Marry နဲ့ အတူတူ စစ်ဆေးကြည့်ရအောင်နော်။

ဘာတွေကြုံရမလဲ

    တကယ် ချစ်မိသွားတဲ့ အခါမှာ အလိုလို စိတ်ရှည် သည်းခံတတ်လာပါတယ်။
    တကယ် ချစ်မိသွားတဲ့ အခါမှာ သူ့အပေါ်မှာ ကြင်နာမှု အပြည့်နဲ့ ဆက်ဆံတတ်ပါတယ်။
    တကယ် ချစ်မိသွားတဲ့ အခါမှာ စိတ်ချင်းဆက်သွားတတ်ပါတယ်။
    တကယ် ချစ်မိသွားတဲ့ အခါမှာ သူ့အပေါ်မှာ မာန်မာန ထောင်လွှားတာတွေ မရှိတော့ပါဘူး။
    တကယ် ချစ်မိသွားတဲ့ အခါမှာ အလိမ်အညာတွေ မရှိပါဘူး။
    တကယ် ချစ်မိသွားတဲ့ အခါမှာ အဆုံးစွန်ထိ ရိုးသားတဲ့ စိတ်နဲ့ ဆက်ဆံပါတယ်။
    တကယ် ချစ်မိသွားတဲ့ အခါမှာ ကိုယ်တစ်ယောက်တည်း အဆင်ပြေဖို့ အတွက်ပဲ မစဉ်းစားတော့ပါဘူး။
   
    တကယ် ချစ်မိသွားတဲ့ အခါမှာ အလွယ်တကူ စိတ်မဆိုးတော့ ပါဘူး။
   တကယ် ချစ်မိသွားတဲ့ အခါမှာ သူ့ရဲ့ အမှားတွေကို မှတ်မထားပါဘူး။
    တကယ် ချစ်မိသွားတဲ့ အခါမှာ အမြဲတမ်း ကာကွယ်ပေးချင်ပါတယ်။
    တကယ် ချစ်မိသွားတဲ့ အခါမှာ အမြဲတမ်း ယုံကြည်ပါတယ်။
    တကယ် ချစ်မိသွားတဲ့ အခါမှာ အမြဲတမ်း မျှော်လင့်ချက် အပြည့် ရှိတတ်ကြပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top