iMyanmarHouse.com - Best Property Website for Myanmar
×


စိတ္ခံစားခ်က္ပဲ ျဖစ္ျဖစ္ လက္ေဆာင္ ပစၥည္းပဲ ျဖစ္ျဖစ္ ကိုယ့္တကယ္ ခ်စ္ရတဲ့သူအတြက္ ေပးတဲ့အခါ တစ္စံုတစ္ရာ ျပန္လည္ရရွိဖို႔ ေမွ်ာ္လင့္ခ်က္ မပါဝင္ပါဘူး

အခ်စ္ဆိုတဲ့ အဓိပၸါယ္ကို အတိအက် ေဖာ္က်ဴးဖို႔ကလည္း ခက္ခဲပါတယ္

လူတိုင္း ခ်စ္ဖူးၾကပါလိမ့္မယ္။ လူရယ္လို႔ ျဖစ္လာရင္ အခ်စ္ဆိုတဲ့ ခံစားခ်က္ကို မခံစားဖူးတဲ့ သူရွိမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အခ်စ္ဆိုတဲ့ ခံစားခ်က္က ဘယ္လိုပံုစံပါလို႔ ပံုေဖာ္ဖို႔နဲ႔ အခ်စ္ဆိုတဲ့ အဓိပၸါယ္ကို အတိအက် ေဖာ္က်ဴးဖို႔ကလည္း ခက္ခဲပါတယ္။ အခ်စ္ ဆိုတဲ့ ခံစားမႈေတြကို ခံစားေနရရက္နဲ႔ အခ်စ္မွန္းမသိရင္ဘဲ ျဖစ္ျဖစ္ အခ်စ္မဟုတ္တဲ့  ခံစားခ်က္ကို အခ်စ္လို႔ ထင္ေနရင္ပဲ ျဖစ္ျဖစ္ အဆင္မေျပႏိုင္ပါဘူး။ အဲ့ဒိအတြက္ ဘယ္လိုဟာမ်ိဳးကို အခ်စ္လို႔ ေခၚသလဲဆိုတာ Marry က ေျပာျပေပးပါမယ္။
အခ်စ္ဆိုတာ . . .

စိတ္ဝင္တစား နားေထာင္ျခင္းပါ။ ကိုယ္ခ်စ္တဲ့သူက ေျပာတဲ့ စကားေတြဆို ဘယ္လို အေၾကာင္းအရာကိုပဲ ျဖစ္ျဖစ္ စိတ္ဝင္စားတယ္ မဟုတ္လား။ အခ်စ္ဆိုတာ သူစကားေျပာေနတဲ့အခါ ၾကားျဖတ္မေျပာဘဲ နားေထာင္ေပးတာပါ။

အခ်စ္ဆိုတာ သူစကားေျပာေနတဲ့အခါ ၾကားျဖတ္မေျပာဘဲ နားေထာင္ေပးတာပါ
အခ်စ္ဆိုတာ . . .

မစြပ္စြဲဘဲ စကားေျပာတာပါ။ စကားေျပာတဲ့ အခါ သံသယနဲ႔ စြပ္စြဲမႈေတြ ပါေနရင္ အဲ့ဒါက အခ်စ္မဟုတ္ပါဘူး။ အခ်စ္ဆိုတာ ယံုၾကည္ျခင္းေပၚမွာ အေျခတည္ပါတယ္။ စြပ္စြဲတယ္ ဆိုတာက ခ်စ္တာမဟုတ္ဘဲ စိတ္က်ဥ္းက်ပ္ေအာင္ ခ်ည္ေႏွာင္တာပါ။
အခ်စ္ဆိုတာ  . . .

ျပန္ရဖို႔ မေမွ်ာ္လင့္ဘဲ ေပးလိုက္တဲ့အရာပါ။ စိတ္ခံစားခ်က္ပဲ ျဖစ္ျဖစ္ လက္ေဆာင္ ပစၥည္းပဲ ျဖစ္ျဖစ္ ကိုယ့္တကယ္ ခ်စ္ရတဲ့သူအတြက္ ေပးတဲ့အခါ တစ္စံုတစ္ရာ ျပန္လည္ရရွိဖို႔ ေမွ်ာ္လင့္ခ်က္ မပါဝင္ပါဘူး။ သူ႔အတြက္ဆို ဘာေလးပဲ ျဖစ္ျဖစ္ ကိုယ္က ေပးခ်င္ေနတာပါ။

အေနေဝးလို႔ျဖစ္ျဖစ္၊ သူ႔ရဲ႕ အျပဳအမႈေတြေၾကာင့္ ျဖစ္ျဖစ္ ကိုယ့္ရဲ႕ေမတၱာက ေျပာင္းလဲသြားတယ္ ဆိုရင္ အဲ့ဒါ အခ်စ္မဟုတ္ပါဘူး
အခ်စ္ဆိုတာ  . . .

မရပ္တန္႔တဲ့ ေမတၱာတရားပါ။ ေမတၱာဆိုတာ အဲ့ဒိလူအေပၚ ေကာင္းတာေတြပဲ ျဖစ္ေစခ်င္၊ အဲ့ဒိလူကို ေအးခ်မ္းေစခ်င္၊ ေပ်ာ္ရႊင္ေစခ်င္တဲ့ စိတ္မ်ိဳးပါ။ အခ်စ္ဆိုတာကေတာ့ အဲ့လို ေကာင္းေစခ်င္တဲ့ ေမတၱာဓာတ္ေတြက ဘယ္လိုအေၾကာင္းနဲ႔မွ ျဖစ္ျဖစ္ မရပ္တန္႔ မေျပာင္းလဲတာပါ။ အေနေဝးလို႔ျဖစ္ျဖစ္၊ သူ႔ရဲ႕ အျပဳအမႈေတြေၾကာင့္ ျဖစ္ျဖစ္ ကိုယ့္ရဲ႕ေမတၱာက ေျပာင္းလဲသြားတယ္ ဆိုရင္ အဲ့ဒါ အခ်စ္မဟုတ္ပါဘူး။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

စိတ်ခံစားချက်ပဲ ဖြစ်ဖြစ် လက်ဆောင် ပစ္စည်းပဲ ဖြစ်ဖြစ် ကိုယ့်တကယ် ချစ်ရတဲ့သူအတွက် ပေးတဲ့အခါ တစ်စုံတစ်ရာ ပြန်လည်ရရှိဖို့ မျှော်လင့်ချက် မပါဝင်ပါဘူး

အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို အတိအကျ ဖော်ကျူးဖို့ကလည်း ခက်ခဲပါတယ်

လူတိုင်း ချစ်ဖူးကြပါလိမ့်မယ်။ လူရယ်လို့ ဖြစ်လာရင် အချစ်ဆိုတဲ့ ခံစားချက်ကို မခံစားဖူးတဲ့ သူရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အချစ်ဆိုတဲ့ ခံစားချက်က ဘယ်လိုပုံစံပါလို့ ပုံဖော်ဖို့နဲ့ အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို အတိအကျ ဖော်ကျူးဖို့ကလည်း ခက်ခဲပါတယ်။ အချစ် ဆိုတဲ့ ခံစားမှုတွေကို ခံစားနေရရက်နဲ့ အချစ်မှန်းမသိရင်ဘဲ ဖြစ်ဖြစ် အချစ်မဟုတ်တဲ့  ခံစားချက်ကို အချစ်လို့ ထင်နေရင်ပဲ ဖြစ်ဖြစ် အဆင်မပြေနိုင်ပါဘူး။ အဲ့ဒိအတွက် ဘယ်လိုဟာမျိုးကို အချစ်လို့ ခေါ်သလဲဆိုတာ Marry က ပြောပြပေးပါမယ်။
အချစ်ဆိုတာ . . .

စိတ်ဝင်တစား နားထောင်ခြင်းပါ။ ကိုယ်ချစ်တဲ့သူက ပြောတဲ့ စကားတွေဆို ဘယ်လို အကြောင်းအရာကိုပဲ ဖြစ်ဖြစ် စိတ်ဝင်စားတယ် မဟုတ်လား။ အချစ်ဆိုတာ သူစကားပြောနေတဲ့အခါ ကြားဖြတ်မပြောဘဲ နားထောင်ပေးတာပါ။

အချစ်ဆိုတာ သူစကားပြောနေတဲ့အခါ ကြားဖြတ်မပြောဘဲ နားထောင်ပေးတာပါ
အချစ်ဆိုတာ . . .

မစွပ်စွဲဘဲ စကားပြောတာပါ။ စကားပြောတဲ့ အခါ သံသယနဲ့ စွပ်စွဲမှုတွေ ပါနေရင် အဲ့ဒါက အချစ်မဟုတ်ပါဘူး။ အချစ်ဆိုတာ ယုံကြည်ခြင်းပေါ်မှာ အခြေတည်ပါတယ်။ စွပ်စွဲတယ် ဆိုတာက ချစ်တာမဟုတ်ဘဲ စိတ်ကျဉ်းကျပ်အောင် ချည်နှောင်တာပါ။
အချစ်ဆိုတာ  . . .

ပြန်ရဖို့ မမျှော်လင့်ဘဲ ပေးလိုက်တဲ့အရာပါ။ စိတ်ခံစားချက်ပဲ ဖြစ်ဖြစ် လက်ဆောင် ပစ္စည်းပဲ ဖြစ်ဖြစ် ကိုယ့်တကယ် ချစ်ရတဲ့သူအတွက် ပေးတဲ့အခါ တစ်စုံတစ်ရာ ပြန်လည်ရရှိဖို့ မျှော်လင့်ချက် မပါဝင်ပါဘူး။ သူ့အတွက်ဆို ဘာလေးပဲ ဖြစ်ဖြစ် ကိုယ်က ပေးချင်နေတာပါ။

အနေဝေးလို့ဖြစ်ဖြစ်၊ သူ့ရဲ့ အပြုအမှုတွေကြောင့် ဖြစ်ဖြစ် ကိုယ့်ရဲ့မေတ္တာက ပြောင်းလဲသွားတယ် ဆိုရင် အဲ့ဒါ အချစ်မဟုတ်ပါဘူး
အချစ်ဆိုတာ  . . .

မရပ်တန့်တဲ့ မေတ္တာတရားပါ။ မေတ္တာဆိုတာ အဲ့ဒိလူအပေါ် ကောင်းတာတွေပဲ ဖြစ်စေချင်၊ အဲ့ဒိလူကို အေးချမ်းစေချင်၊ ပျော်ရွှင်စေချင်တဲ့ စိတ်မျိုးပါ။ အချစ်ဆိုတာကတော့ အဲ့လို ကောင်းစေချင်တဲ့ မေတ္တာဓာတ်တွေက ဘယ်လိုအကြောင်းနဲ့မှ ဖြစ်ဖြစ် မရပ်တန့် မပြောင်းလဲတာပါ။ အနေဝေးလို့ဖြစ်ဖြစ်၊ သူ့ရဲ့ အပြုအမှုတွေကြောင့် ဖြစ်ဖြစ် ကိုယ့်ရဲ့မေတ္တာက ပြောင်းလဲသွားတယ် ဆိုရင် အဲ့ဒါ အချစ်မဟုတ်ပါဘူး။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top