iMyanmarHouse.com - Best Property Website for Myanmar
×


အားလံုးပဲမဂၤလာပါေနာ္။ ဒီတခါမွာေတာ့ မိုးေအးေအးေလးနဲ႔ ပဲေခါက္ဆြဲပူပူေလး လုပ္စားၾကရေအာင္။ ကိုရီးယားဒရမ္မာကားၾကည့္ရင္း ပဲေခါက္ဆြဲကို အားလံုးရင္းႏွီးၾကမယ္ထင္ပါတယ္။ ဇာတ္ကားထဲမွာ မင္းသားမင္းသမီးေတြ ပဲေခါက္ဆြဲကို ၿမိန္ေရ ယွက္ေရ စားတိုင္း ဘယ္လိုအရသာမ်ားရွိမလဲ စားခ်င္လိုက္တာဆိုတ့ဲ စိတ္ေလး မၾကာခဏ ျဖစ္ဖူးပါတယ္။

ကိုယ္ေတြ ျမန္မာရုပ္ရွင္ေတြမွာလည္း ဒီလိုျမန္မာအစားအစာေတြကို အားပါးတရ စားျပရင္သိပ္ေကာင္းမယ္လို႔ ေတြးမိပါတယ္။

မိုးေအးေအးေလးနဲ႔ ကိုရီးယားပဲေခါက္ဆြဲေလး လုပ္စားလို႔ရေအာင္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

ပဲေခါက္ဆြဲလုပ္တဲ့ ေခါက္ဆြဲသားကိုပဲသတ္သတ္ဝယ္လို႔ရပါတယ္။ ပဲေခါက္ဆြဲလုပ္တဲ့ ပဲမႈန္႔ကိုလည္း အသင့္ ေရာင္းတာရွိပါတယ္ေနာ္။

ပါဝင္ပစၥည္း

ေဂၚဖီထုပ္ တစ္ဝက္ ပါးပါးလွီး

မုန္လာဥနီ အေသး ၁ လံုး အတံုးေသးေသးလွီး

အာလူး အေသး ၁ လံုး အတံုးေသးေသးလွီး

ၾကက္သြန္နီ ၁ ဥ အတံုးေသးေသးလွီး

ၾကက္သြန္ျဖဴ ၂ မႊာ ေတာက္ေတာက္စဥ္း

ကိုရီးယား ပဲမႈန္႔ စားပြဲတင္ဇြန္း ၂ ဇြန္း မွ ၃ ဇြန္းအထိ (လိုအပ္သလိုခ်ိန္ဆထည့္ပါ)

ဆား အနည္းငယ္

သၾကားအနည္းငယ္

ပဲငံျပာရည္ စားပြဲတင္ဇြန္း ၂ ဇြန္း

ေရ ၁ ခြက္

ေျပာင္းဖူးေကာ္မႈန္႔ စားပြဲတင္ဇြန္း ၂ ဇြန္း နဲ႔ ေရ စားပြဲတင္ဇြန္း ၁ ဇြန္းေရာလိုက္ပါ

ဟင္းခ်က္ဆီ

ဂ်ံဳေခါက္ဆြဲ

မုန္လာဥဝါ

သခြားသီး

ရွာလကာရည္

ျပဳလုပ္နည္း

အရင္ဆံုး ပန္အိုထဲကို ဆီ၊ မုန္လာဥနီနဲ႔ အာလူးထည့္လိုက္ပါ။ ၃ မိနစ္ေလာက္ေမႊေပးၿပီး နည္းနည္းေပ်ာ့လာရင္ ၾကက္သြန္နီနဲ႔ ၾကက္သြန္ျဖဴထည့္လိုက္ပါ။ ၿပီးရင္ ေဂၚဖီထည့္ပါ။

အဲဒီေနာက္ ပဲမႈန္႔ ၊ ဆီစားပြဲတင္ဇြန္း ၁ ဇြန္းန႔ဲ သၾကားထည့္လိုက္ပါ။ စကၠန္႔ ၃၀ ေလာက္ေမႊေပးပါ။

ၿပီးရင္ေရထည့္၊ ပဲငံျပာရည္၊ ဆားနဲ႔ ငရုတ္ေကာင္းထည့္ပါ။ ေရပြက္လာၿပီဆိုရင္ အရသာျမည္းၾကည့္ပါ။ ဆားလိုရင္ဆားထပ္ထည့္ပါ။

ခ်က္ခ်င္းမစားေသးဘူးဆိုရင္ ေျပာင္းဖူးေကာ္မႈန္႔ မထည့္ေသးပါနဲ႔။

ေခါက္ဆြဲကို ျပဳတ္လိုက္ပါ။ ၿပီးရင္ ေရေအးေအးနဲ႔ ေဆးလိုက္ပါ။

ပဲႏွစ္ကို အပူျပန္ေပးၿပီး ေျပာင္းဖူးေကာ္မႈန္႔နဲ႔ ေရနည္းနည္းေရာထားတာကိုထည့္လိုက္ပါ။ ၿပီးရင္ေသခ်ာေလး ေမႊေပးပါ။

အဲဒီေနာက္ ေခါက္ဆြဲနဲ႔ေရာၿပီးသံုးေဆာင္ႏိုင္ပါၿပီေနာ္။

အေပၚကေန သခြားသီးျဖဴးလိုက္ပါ။ မုန္လာဥဝါနဲ႔ ရွာလကာရည္ေရာၿပီး ပဲေခါက္ဆြဲနဲ႔ အတူသံုးေဆာင္ႏိုင္ပါတယ္။

Credit: myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မိုးအေးအေးလေးနဲ့ ပဲခေါက်ဆွဲပူပူလေး လုပ်စားကြရအောင်။ ကိုရီးယားဒရမ်မာကားကြည့်ရင်း ပဲခေါက်ဆွဲကို အားလုံးရင်းနှီးကြမယ်ထင်ပါတယ်။ ဇာတ်ကားထဲမှာ မင်းသားမင်းသမီးတွေ ပဲခေါက်ဆွဲကို မြိန်ရေ ယှက်ရေ စားတိုင်း ဘယ်လိုအရသာများရှိမလဲ စားချင်လိုက်တာဆိုတဲ့ စိတ်လေး မကြာခဏ ဖြစ်ဖူးပါတယ်။

ကိုယ်တွေ မြန်မာရုပ်ရှင်တွေမှာလည်း ဒီလိုမြန်မာအစားအစာတွေကို အားပါးတရ စားပြရင်သိပ်ကောင်းမယ်လို့ တွေးမိပါတယ်။

မိုးအေးအေးလေးနဲ့ ကိုရီးယားပဲခေါက်ဆွဲလေး လုပ်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။

ပဲခေါက်ဆွဲလုပ်တဲ့ ခေါက်ဆွဲသားကိုပဲသတ်သတ်ဝယ်လို့ရပါတယ်။ ပဲခေါက်ဆွဲလုပ်တဲ့ ပဲမှုန့်ကိုလည်း အသင့် ရောင်းတာရှိပါတယ်နော်။

ပါဝင်ပစ္စည်း

ဂေါ်ဖီထုပ် တစ်ဝက် ပါးပါးလှီး

မုန်လာဥနီ အသေး ၁ လုံး အတုံးသေးသေးလှီး

အာလူး အသေး ၁ လုံး အတုံးသေးသေးလှီး

ကြက်သွန်နီ ၁ ဥ အတုံးသေးသေးလှီး

ကြက်သွန်ဖြူ ၂ မွှာ တောက်တောက်စဉ်း

ကိုရီးယား ပဲမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း မှ ၃ ဇွန်းအထိ (လိုအပ်သလိုချိန်ဆထည့်ပါ)

ဆား အနည်းငယ်

သကြားအနည်းငယ်

ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ရေ ၁ ခွက်

ပြောင်းဖူးကော်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းရောလိုက်ပါ

ဟင်းချက်ဆီ

ဂျုံခေါက်ဆွဲ

မုန်လာဥဝါ

သခွားသီး

ရှာလကာရည်

ပြုလုပ်နည်း

အရင်ဆုံး ပန်အိုထဲကို ဆီ၊ မုန်လာဥနီနဲ့ အာလူးထည့်လိုက်ပါ။ ၃ မိနစ်လောက်မွှေပေးပြီး နည်းနည်းပျော့လာရင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူထည့်လိုက်ပါ။ ပြီးရင် ဂေါ်ဖီထည့်ပါ။

အဲဒီနောက် ပဲမှုန့် ၊ ဆီစားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သကြားထည့်လိုက်ပါ။ စက္ကန့် ၃၀ လောက်မွှေပေးပါ။

ပြီးရင်ရေထည့်၊ ပဲငံပြာရည်၊ ဆားနဲ့ ငရုတ်ကောင်းထည့်ပါ။ ရေပွက်လာပြီဆိုရင် အရသာမြည်းကြည့်ပါ။ ဆားလိုရင်ဆားထပ်ထည့်ပါ။

ချက်ချင်းမစားသေးဘူးဆိုရင် ပြောင်းဖူးကော်မှုန့် မထည့်သေးပါနဲ့။

ခေါက်ဆွဲကို ပြုတ်လိုက်ပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးလိုက်ပါ။

ပဲနှစ်ကို အပူပြန်ပေးပြီး ပြောင်းဖူးကော်မှုန့်နဲ့ ရေနည်းနည်းရောထားတာကိုထည့်လိုက်ပါ။ ပြီးရင်သေချာလေး မွှေပေးပါ။

အဲဒီနောက် ခေါက်ဆွဲနဲ့ရောပြီးသုံးဆောင်နိုင်ပါပြီနော်။

အပေါ်ကနေ သခွားသီးဖြူးလိုက်ပါ။ မုန်လာဥဝါနဲ့ ရှာလကာရည်ရောပြီး ပဲခေါက်ဆွဲနဲ့ အတူသုံးဆောင်နိုင်ပါတယ်။

Credit: myfoodmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top