iMyanmarHouse.com - Best Property Website for Myanmar
×


ေကာ္ဖီမႀကိဳက္တဲ့ သူဆိုတာ ခပ္ရွားရွားပါ။ တစ္ခ်ိဳ႕က်ေတာ့လည္း ေကာ္ဖီႀကိဳက္ေပမယ့္ ရင္တုန္တာကို မခံစားႏိုင္လို႔ ဒါမွမဟုတ္ ေကာ္ဖီကို ေရွာင္ကို ေရွာင္မွျဖစ္မွာမို႔ မေသာက္ရတဲ့ သူေတြလည္း ရွိတာေပါ့ေလ။ က်န္းမာေရး သုေတသီေတြ ရဲ႕ စစ္တမ္းေကာက္ခ်က္အရ ႏိုင္ငံတကာက ေက်ာင္းသား၊ ေက်ာင္းသူ အထူးသျဖင့္ တကၠသိုလ္မွာ ပညာသင္ၾကားေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ ေကာ္ဖီကို ပုံမွန္ ေသာက္သုံးလာၾကသလို တစ္ခ်ိဳ႕ဆို တစ္ေန႔ကို သုံး၊ ေလးခြက္ ထက္ ပိုေသာက္လာၾကတာမို႔ သုံးခြက္ထက္ ပိုမေသာက္ဖို႔ေတာင္ တားျမစ္ၾကရပါတဲ့။

ေကာ္ဖီဟာ စိတ္ကို တက္ႂကြလန္းဆန္းေစတယ္ ဆိုေပမယ့္ ေကာ္ဖီမွာပါတဲ့ ကဖင္းဓာတ္အေၾကာင္းေတာ့ သင္ေရာသင့္ပတ္ဝန္းက်င္ အသိုင္းအဝိုင္းက အသိမိတ္ေဆြေတြပါ သိရွိထားမွာ မဟုတ္တာေၾကာင့္ ခုလို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ကဖင္းဓာတ္ဟာ ကိုယ့္ရဲ႕ မွတ္ဉာဏ္၊ မွတ္ႏိုင္စြမ္းအား တစ္ခ်ိဳ႕ကို အက်ိဳးသက္ေရာက္မႈေတြ ျဖစ္ေစပါတယ္။

ဒါ့ေၾကာင့္ အန္ဇိုင္းမား ေရာဂါ ခံစားေနရတဲ့ သူေတြဟာ ကဖင္းဓာတ္ ပိုလိုအပ္ပါတယ္။ ဒါေပမယ့္ ကိုယ္က ကဖင္းဓာတ္နဲ႔ တည့္မတည့္ဆိုတဲ့ အေပၚမွာေတာ့ မူတည္ ေနပါေသးတယ္။

၂။အားကစား လုပ္တဲ့အခါ ကိုယ့္ရဲ႕စြမ္းရည္၊ လုပ္ေဆာင္မႈကို ျမင့္မားေစပါတယ္။

ကိုယ္လက္ေလ့က်င့္ခန္း မလုပ္ခင္၊ အားကစား တစ္ခုခု မၿပိဳင္ခင္ တစ္နာရီေလာက္အလို ေကာ္ဖီေသာက္ထားလိုက္ၿပီး ေလ့က်င့္ခန္း လုပ္တဲ့အခါ ဒါမွမဟုတ္ ၿပိဳင္ပြဲ တစ္ခုခုမွာ ၿပိဳင္တဲ့အခါ ႏိုးၾကားမႈေတြ ျမင့္မားေနတာ ေတြ႕ရမွာပါ။ ဒါေပမယ့္ တုံ႔ျပန္ခ်က္မွာေတာ့ ေလ်ာ့က်သြားပါတယ္။ ဒီေတာ့ သင္သာ ႏိုးၾကားမႈ ရွိသလို သင့္ရဲ႕အားစိုက္မႈကိုလည္း တန္းတူ ထားႏိုင္မယ္ဆိုရင္ ကဖီးဓာတ္ဟာ သင့္အတြက္ အက်ိဳးျပဳတဲ့ အပိုင္းေရာက္သြားမွာပါ။ အဲ့ဒီလိုမွ မဟုတ္ရင္ေတာ့ အားစိုက္မႈ အပိုင္းမွာ ျပသနာျဖစ္ႏိုင္ပါတယ္။

၃။ကဖင္းဓာတ္ရဲ႕ အက်ိဳးသက္ေရာက္မႈဟာ ျမန္ဆန္လြန္းပါတယ္။

ကဖင္းဓာတ္ဟာ ဦးေႏွာက္ ေသြးေၾကာထဲကို လြယ္ကူစြာျဖတ္သန္းတတ္တဲ့အတြက္ ပင္မအာ႐ုံေၾကာေတြဟာ ျမန္ျမန္ ဆန္ဆန္ကို ႏိုးၾကားလိုက္ရတဲ့ အတြက္ ကိုယ့္စိတ္ထဲမွာ တစ္ခုခုကို သပ္ရပ္လား၊ ေသသပ္လား၊ ေၾကာက္စရာေကာင္းသလား ဆိုတာမ်ိဳးေတာင္ ေသခ်ာ မဆုံးျဖတ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္လည္း သင္ဟာ ေကာ္ဖီေသာက္ထား ၿပီးတဲ့ေနာက္ ေပါ့ေပါ့ပါးပါးႀကီး ျဖစ္ေနသလိုလို၊ တစ္ခုခုဆို တက္တက္ ႂကြႂကြ ျဖစ္ေနသလိုမ်ိဳးေတြ ခံစားေနရတာပါ။

၄။ေကာ္ဖီတစ္ခုခ်င္းစီးမွာ ကဖင္းဓာတ္ပါဝင္ႏႈန္းခ်င္း မတူပါဘူး။

ေကာ္ဖီအမ်ိဳးအစား ကြဲတဲ့အခါ အရသာကြဲတယ္လို႔ ဆိုၾကပါတယ္။ ဘယ္ေကာ္ဖီေလးမွ ႀကိဳက္တယ္။ ဘယ္တံဆိပ္မွ ေကာင္းတယ္ဆိုတာမ်ိဳးဟာ ေကာ္ဖီထဲမွာပါတဲ့ ကဖင္းဓာတ္ မတူညီတာေၾကာင့္လည္း အမ်ားႀကီး ဆိုင္ပါတယ္။

၅။ကဖင္းဓာတ္ဟာ အသားအေရကို ေျခာက္ခန္းေစပါတယ္။

ေကာ္ဖီေတာ္ေတာ္ မ်ားမ်ားမွာ ပါတဲ့ ကဖင္းဓာတ္ ၉၈ရာခိုင္ႏႈန္းေၾကာင့္ သင္ေကာ္ဖီ ေသာက္လိုက္တဲ့အခါ အသားအေရ ေျခာက္ခန္းတာမ်ိဳး ေတြ ျဖစ္လာပါတယ္။ ကဖင္းဓာတ္ဟာ ဆီး႐ႊင္ေစတာ မွန္ေပမယ့္ အသားအေရေျခာက္ေစတယ္ ဆိုတာကလည္း အမွန္မို႔ ေကာ္ဖီေသာက္တဲ့ သူေတြဟာ ေရမ်ားမ်ား ေသာက္သင့္ပါတယ္။

Credit:santhitsa

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ကော်ဖီမကြိုက်တဲ့ သူဆိုတာ ခပ်ရှားရှားပါ။ တစ်ချို့ကျတော့လည်း ကော်ဖီကြိုက်ပေမယ့် ရင်တုန်တာကို မခံစားနိုင်လို့ ဒါမှမဟုတ် ကော်ဖီကို ရှောင်ကို ရှောင်မှဖြစ်မှာမို့ မသောက်ရတဲ့ သူတွေလည်း ရှိတာပေါ့လေ။ ကျန်းမာရေး သုတေသီတွေ ရဲ့ စစ်တမ်းကောက်ချက်အရ နိုင်ငံတကာက ကျောင်းသား၊ ကျောင်းသူ အထူးသဖြင့် တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ကော်ဖီကို ပုံမှန် သောက်သုံးလာကြသလို တစ်ချို့ဆို တစ်နေ့ကို သုံး၊ လေးခွက် ထက် ပိုသောက်လာကြတာမို့ သုံးခွက်ထက် ပိုမသောက်ဖို့တောင် တားမြစ်ကြရပါတဲ့။

ကော်ဖီဟာ စိတ်ကို တက်ကြွလန်းဆန်းစေတယ် ဆိုပေမယ့် ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်အကြောင်းတော့ သင်ရောသင့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းက အသိမိတ်ဆွေတွေပါ သိရှိထားမှာ မဟုတ်တာကြောင့် ခုလို ဖော်ပြပေးလိုက်ပါတယ်။

၁။ကဖင်းဓာတ်ဟာ ကိုယ့်ရဲ့ မှတ်ဉာဏ်၊ မှတ်နိုင်စွမ်းအား တစ်ချို့ကို အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။

ဒါ့ကြောင့် အန်ဇိုင်းမား ရောဂါ ခံစားနေရတဲ့ သူတွေဟာ ကဖင်းဓာတ် ပိုလိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်က ကဖင်းဓာတ်နဲ့ တည့်မတည့်ဆိုတဲ့ အပေါ်မှာတော့ မူတည် နေပါသေးတယ်။

၂။အားကစား လုပ်တဲ့အခါ ကိုယ့်ရဲ့စွမ်းရည်၊ လုပ်ဆောင်မှုကို မြင့်မားစေပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ခင်၊ အားကစား တစ်ခုခု မပြိုင်ခင် တစ်နာရီလောက်အလို ကော်ဖီသောက်ထားလိုက်ပြီး လေ့ကျင့်ခန်း လုပ်တဲ့အခါ ဒါမှမဟုတ် ပြိုင်ပွဲ တစ်ခုခုမှာ ပြိုင်တဲ့အခါ နိုးကြားမှုတွေ မြင့်မားနေတာ တွေ့ရမှာပါ။ ဒါပေမယ့် တုံ့ပြန်ချက်မှာတော့ လျော့ကျသွားပါတယ်။ ဒီတော့ သင်သာ နိုးကြားမှု ရှိသလို သင့်ရဲ့အားစိုက်မှုကိုလည်း တန်းတူ ထားနိုင်မယ်ဆိုရင် ကဖီးဓာတ်ဟာ သင့်အတွက် အကျိုးပြုတဲ့ အပိုင်းရောက်သွားမှာပါ။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ အားစိုက်မှု အပိုင်းမှာ ပြသနာဖြစ်နိုင်ပါတယ်။

၃။ကဖင်းဓာတ်ရဲ့ အကျိုးသက်ရောက်မှုဟာ မြန်ဆန်လွန်းပါတယ်။

ကဖင်းဓာတ်ဟာ ဦးနှောက် သွေးကြောထဲကို လွယ်ကူစွာဖြတ်သန်းတတ်တဲ့အတွက် ပင်မအာရုံကြောတွေဟာ မြန်မြန် ဆန်ဆန်ကို နိုးကြားလိုက်ရတဲ့ အတွက် ကိုယ့်စိတ်ထဲမှာ တစ်ခုခုကို သပ်ရပ်လား၊ သေသပ်လား၊ ကြောက်စရာကောင်းသလား ဆိုတာမျိုးတောင် သေချာ မဆုံးဖြတ်နိုင်ပါဘူး။ ဒါ့ကြောင့်လည်း သင်ဟာ ကော်ဖီသောက်ထား ပြီးတဲ့နောက် ပေါ့ပေါ့ပါးပါးကြီး ဖြစ်နေသလိုလို၊ တစ်ခုခုဆို တက်တက် ကြွကြွ ဖြစ်နေသလိုမျိုးတွေ ခံစားနေရတာပါ။

၄။ကော်ဖီတစ်ခုချင်းစီးမှာ ကဖင်းဓာတ်ပါဝင်နှုန်းချင်း မတူပါဘူး။

ကော်ဖီအမျိုးအစား ကွဲတဲ့အခါ အရသာကွဲတယ်လို့ ဆိုကြပါတယ်။ ဘယ်ကော်ဖီလေးမှ ကြိုက်တယ်။ ဘယ်တံဆိပ်မှ ကောင်းတယ်ဆိုတာမျိုးဟာ ကော်ဖီထဲမှာပါတဲ့ ကဖင်းဓာတ် မတူညီတာကြောင့်လည်း အများကြီး ဆိုင်ပါတယ်။

၅။ကဖင်းဓာတ်ဟာ အသားအရေကို ခြောက်ခန်းစေပါတယ်။

ကော်ဖီတော်တော် များများမှာ ပါတဲ့ ကဖင်းဓာတ် ၉၈ရာခိုင်နှုန်းကြောင့် သင်ကော်ဖီ သောက်လိုက်တဲ့အခါ အသားအရေ ခြောက်ခန်းတာမျိုး တွေ ဖြစ်လာပါတယ်။ ကဖင်းဓာတ်ဟာ ဆီးရွှင်စေတာ မှန်ပေမယ့် အသားအရေခြောက်စေတယ် ဆိုတာကလည်း အမှန်မို့ ကော်ဖီသောက်တဲ့ သူတွေဟာ ရေများများ သောက်သင့်ပါတယ်။

Credit:santhitsa

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top