iMyanmarHouse.com - Best Property Website for Myanmar
×


သင္ဟာ မၾကာခဏ ႏွာေခါင္းေမႊးႏႈတ္တတ္တဲ့အက်င့္ ရွိသူတစ္ေယာက္လား? ဒါဆိုရင္ေတာ့ သင့္အတြက္ အႏၲရာယ္ရွိပါတယ္။

ဘယ္လိုအႏၲရာယ္မ်ိဳးေတြ ရွိႏိုင္လဲဆိုတာ သိခ်င္ၾကမယ္ထင္ပါတယ္။ ခႏၶာကိုယ္ေပၚမွ အေမႊးအမွ်င္ေတြ ရွင္းလင္းျခင္းဟာ သင္ထင္ထားသေလာက္ မ႐ိုးစင္းပါဘူး။ အထူးသျဖင့္ ႏွာေခါင္းေမႊးေတြက အႏၲရာယ္ အမ်ားဆုံးပါ။ ႏွာေခါင္းေမႊးေတြဟာ အကာအကြယ္ေပးတဲ့ စနစ္တစ္ခုျဖစ္ၿပီး အညစ္အေၾကးေတြကို ညႇစ္ထုတ္ေပးတဲ့အခါမွာလည္း အကူအညီေပးပါတယ္။ သို႔ေသာ္လည္း ႏွာေခါင္းေမႊးေတြဟာ ႏွာေခါင္းဝမွာ ထင္ရွားေပၚလြင္စြာ ထြက္ေပၚေနတာမ်ိဳးက အ႐ုပ္ဆိုး၊ အက်ည္းတန္ေစပါတယ္။

ဒါေၾကာင့္ပင္ လူအေတာ္မ်ားမ်ားက ႏွာေခါင္းေမြးေတြကို ႏႈတ္ပစ္တတ္ၾကတာပါ။ သို႔ေသာ္ ႏွာေခါင္းေမြး ႏႈတ္ျခင္းမွာ သင္မထင္မွတ္ထားတဲ့ အႏၲရာယ္ေတြ ရွိေနပါတယ္။

ပိုးဝင္ႏိုင္ျခင္း

ႏွာေခါင္းေမြးႏႈတ္ျခင္းေၾကာင့္ မ်ားစြားေသာ ပိုးဝင္မႈေတြ ျဖစ္လာေစႏိုင္ပါတယ္။ အေမႊးႏႈတ္လိုက္တဲ့အခါ ေမႊးညႇင္းေပါက္ေတြ ပြင့္သြားၿပီး ပိုးမႊား၊ အညစ္အေၾကး ႏွင့္ အမႈန္အမႊားမ်ားဟာ ပြင့္ဟေနတဲ့ ေမႊးညႇင္းေပါက္ေတြထဲ အလြယ္တကူ ဝင္ေရာက္သြားေစႏို္င္ပါတယ္။

Danger Triangle (အႏၲရာယ္ရွိတဲ့ ႀတိဂံဇုံ)

မ်က္ႏွာရဲ႕ ဒီေနရာတဝိုက္ကို the danger triangle အႏၲရာယ္ရွိတဲ ့ႀတိဂံဇုံလို႔ သတ္မွတ္ထားပါတယ္။ ႏွာေခါင္းထိပ္မွစၿပီး ႏွႈတ္ခမ္းအေပၚ ေထာင့္ႏွစ္ဖက္စီအထိပါ။ ထိုဧရိယာအတြင္းမွ ေသြးေၾကာမ်ား ႏွင့္ အာ႐ုံေၾကာေလးေတြဟာ ဦးေနာက္ဆီသို႔ ေသြးစီးဆင္းေစရန္ ဆက္စပ္ေနပါတယ္။

ဒါေၾကာင့္ ႏွာေခါင္းေမႊးႏႈတ္လိုက္တဲ့အခါ အခန႔္မသင့္လွ်င္ ေသြးေၾကာေတြမွတဆင့္ ဦးေႏွာက္ဆီသို႔ ပိုးဝင္ျခင္းေတြ ျဖစ္လာႏိုင္ပါတယ္။ ျဖစ္ႏိုင္ေျခနည္းေပမယ့္လည္း ေရွာင္ႏိုင္လွ်င္ေတာ့ အေကာင္းဆုံးေပါ့။ ကိုယ္ခံအားနည္းတဲ့သူေတြဆို ပိုၿပီး ျဖစ္လြယ္ပါတယ္။ အကယ္၍ ပိုးကူးစက္ျခင္းဟာ ဦးေႏွာက္သို႔ ေရာက္တာ မ်ားတဲ့အခါ ဦးေႏွာက္မွာ ဖိအားေတြ မ်ားလာၿပီး သြက္ခ်ာပါဒ ျဖစ္လာႏိုင္ျခင္း (သို႔) ေသဆုံးျခင္းအထိ ျဖစ္သြားႏိုင္ပါတယ္။

ဝက္ၿခံညႇစ္ျခင္းကလည္း အလားတူအႏၲရာယ္ရွိ

အထက္မွာေျပာထားတဲ့ danger triangle ေနရာမွာ ဝက္ၿခံေပါက္တဲ့အခါ အတတ္ႏိုင္ဆုံး မညႇစ္ပါနဲ႔။ ထိုေနရာတဝိုက္မွာ ဝက္ၿခံညႇစ္ျခင္းကလည္း ႏွာေခါင္းေမႊးႏႈတ္သကဲ့သို႔ပင္ အလားတူ အႏၲရာယ္မ်ိဳး ရွိႏိုင္ပါတယ္။ အခ်ိဳ႕ႀကဳံဖူးပါလိမ့္မယ္။ ႏွာေခါငး္ထိပ္မွာ ၊ ႏွာေခါင္းေဘးကပ္လ်က္မွာ ဝက္ၿခံညႇစ္တဲ့အခါ တစ္ခါတေလ မူးေမ့လဲခ်င္ေလာက္ေအာင္ နာတတ္တာကို။

ဘယ္လိုလုပ္သင့္လဲ။

သင့္မွာႏွာေခါင္းေမႊးေတြ မၾကာခဏ ရွည္ထြက္တာကို ေျဖရွင္းဖို႔ အေကာငး္ဆုံး နည္းလမး္ကေတာ့ ကပ္ေၾကးျဖင့္ ညႇပ္ေပးတာပါပဲ။ ကပ္ေၾကးေသးေသးသုံးၿပီး ႏွာေခါင္းေမႊးမ်ားကို ညႇပ္ထုတ္ရွင္းပစ္ေပးတာက အႏၲရာယ္အကင္းဆုံး နည္းလမ္းပါပဲ။ မညပ္မိေအာင္ သတိထားၿပီးေတာ့ ညႇပ္ေပါ့ေနာ္။

Credit:CHAN

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

သင်ဟာ မကြာခဏ နှာခေါင်းမွှေးနှုတ်တတ်တဲ့အကျင့် ရှိသူတစ်ယောက်လား? ဒါဆိုရင်တော့ သင့်အတွက် အန္တရာယ်ရှိပါတယ်။

ဘယ်လိုအန္တရာယ်မျိုးတွေ ရှိနိုင်လဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်တွေ ရှင်းလင်းခြင်းဟာ သင်ထင်ထားသလောက် မရိုးစင်းပါဘူး။ အထူးသဖြင့် နှာခေါင်းမွှေးတွေက အန္တရာယ် အများဆုံးပါ။ နှာခေါင်းမွှေးတွေဟာ အကာအကွယ်ပေးတဲ့ စနစ်တစ်ခုဖြစ်ပြီး အညစ်အကြေးတွေကို ညှစ်ထုတ်ပေးတဲ့အခါမှာလည်း အကူအညီပေးပါတယ်။ သို့သော်လည်း နှာခေါင်းမွှေးတွေဟာ နှာခေါင်းဝမှာ ထင်ရှားပေါ်လွင်စွာ ထွက်ပေါ်နေတာမျိုးက အရုပ်ဆိုး၊ အကျည်းတန်စေပါတယ်။

ဒါကြောင့်ပင် လူအတော်များများက နှာခေါင်းမွေးတွေကို နှုတ်ပစ်တတ်ကြတာပါ။ သို့သော် နှာခေါင်းမွေး နှုတ်ခြင်းမှာ သင်မထင်မှတ်ထားတဲ့ အန္တရာယ်တွေ ရှိနေပါတယ်။

ပိုးဝင်နိုင်ခြင်း

နှာခေါင်းမွေးနှုတ်ခြင်းကြောင့် များစွားသော ပိုးဝင်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ အမွှေးနှုတ်လိုက်တဲ့အခါ မွှေးညှင်းပေါက်တွေ ပွင့်သွားပြီး ပိုးမွှား၊ အညစ်အကြေး နှင့် အမှုန်အမွှားများဟာ ပွင့်ဟနေတဲ့ မွှေးညှင်းပေါက်တွေထဲ အလွယ်တကူ ဝင်ရောက်သွားစေနိုင်ပါတယ်။

Danger Triangle (အန္တရာယ်ရှိတဲ့ တြိဂံဇုံ)

မျက်နှာရဲ့ ဒီနေရာတဝိုက်ကို the danger triangle အန္တရာယ်ရှိတဲ့တြိဂံဇုံလို့ သတ်မှတ်ထားပါတယ်။ နှာခေါင်းထိပ်မှစပြီး နှှုတ်ခမ်းအပေါ် ထောင့်နှစ်ဖက်စီအထိပါ။ ထိုဧရိယာအတွင်းမှ သွေးကြောများ နှင့် အာရုံကြောလေးတွေဟာ ဦးနောက်ဆီသို့ သွေးစီးဆင်းစေရန် ဆက်စပ်နေပါတယ်။

ဒါကြောင့် နှာခေါင်းမွှေးနှုတ်လိုက်တဲ့အခါ အခန့်မသင့်လျှင် သွေးကြောတွေမှတဆင့် ဦးနှောက်ဆီသို့ ပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဖြစ်နိုင်ခြေနည်းပေမယ့်လည်း ရှောင်နိုင်လျှင်တော့ အကောင်းဆုံးပေါ့။ ကိုယ်ခံအားနည်းတဲ့သူတွေဆို ပိုပြီး ဖြစ်လွယ်ပါတယ်။ အကယ်၍ ပိုးကူးစက်ခြင်းဟာ ဦးနှောက်သို့ ရောက်တာ များတဲ့အခါ ဦးနှောက်မှာ ဖိအားတွေ များလာပြီး သွက်ချာပါဒ ဖြစ်လာနိုင်ခြင်း (သို့) သေဆုံးခြင်းအထိ ဖြစ်သွားနိုင်ပါတယ်။

ဝက်ခြံညှစ်ခြင်းကလည်း အလားတူအန္တရာယ်ရှိ

အထက်မှာပြောထားတဲ့ danger triangle နေရာမှာ ဝက်ခြံပေါက်တဲ့အခါ အတတ်နိုင်ဆုံး မညှစ်ပါနဲ့။ ထိုနေရာတဝိုက်မှာ ဝက်ခြံညှစ်ခြင်းကလည်း နှာခေါင်းမွှေးနှုတ်သကဲ့သို့ပင် အလားတူ အန္တရာယ်မျိုး ရှိနိုင်ပါတယ်။ အချို့ကြုံဖူးပါလိမ့်မယ်။ နှာခေါင်းထိပ်မှာ ၊ နှာခေါင်းဘေးကပ်လျက်မှာ ဝက်ခြံညှစ်တဲ့အခါ တစ်ခါတလေ မူးမေ့လဲချင်လောက်အောင် နာတတ်တာကို။

ဘယ်လိုလုပ်သင့်လဲ။

သင့်မှာနှာခေါင်းမွှေးတွေ မကြာခဏ ရှည်ထွက်တာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ကပ်ကြေးဖြင့် ညှပ်ပေးတာပါပဲ။ ကပ်ကြေးသေးသေးသုံးပြီး နှာခေါင်းမွှေးများကို ညှပ်ထုတ်ရှင်းပစ်ပေးတာက အန္တရာယ်အကင်းဆုံး နည်းလမ်းပါပဲ။ မညပ်မိအောင် သတိထားပြီးတော့ ညှပ်ပေါ့နော်။

Credit:CHAN

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top