iMyanmarHouse.com - Best Property Website for Myanmar
×




၁. အစစ်အမှန်ဟုတ်မဟုတ်








Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #

FACEBOOK မှာလူလူချင်းအပြင်မှာ မတွေ့မမြင်ရဘဲ ချစ်ကြောင်း၊ကြိုက်ကြောင်း မိန်းကလေးတွေ အပြောခံကြရပါတယ်။ ဒီလိုမျိုး သင်ချစ်ရေးဆိုခံရပြီဆို ဘယ်အချက်တွေကိုကြည့်ပြီး စဉ်းစားပေးသင့်ပါသလဲ …

၂၁ရာစု သမီးရည်းစားတွေ တော်တော်များများက Social media (FACEBOOK) ကနေ တစ်ဆင့် တွေ့ဆုံချစ်ကြိုက်ကြတာပါ။ လူလူချင်းအပြင်မှာ မတွေ့မမြင်ရဘဲ ချစ်ကြောင်း၊ကြိုက်ကြောင်း မိန်းကလေးတွေ အပြောခံကြရပါတယ်။ ဒီလိုမျိုး သင်ချစ်ရေးဆိုခံရပြီဆို ဘယ်အချက်တွေကိုကြည့်ပြီး စဉ်းစားပေးသင့်ပါသလဲ ဆိုတာ ရွေးချယ်မှုမမှားရလေအောင် အကြံပေးဖော်ပြပေးလိုက်ပါတယ်။

၁. အစစ်အမှန်ဟုတ်မဟုတ်

Social media တစ်ခုဖြစ်တဲ့အတွက် အစစ်အမှန် ဟုတ်မဟုတ်မသိနိုင်ပါဘူး။ တစ်ခြားသူရဲ့ရုပ်ပုံတွေသုံးပြီး သင့်ကို လိမ်နိုင်ပါတယ်။ ဒါကိုဖြေရှင်းနိုင်ဖို့ မျက်နှာချင်းမြင်တွေ့ရမယ့် VIDEO CALL ခေါ ်ပါ။ ရုပ်ပုံသီးသန့်မြင်တွေ့ရုံနဲ့ မျက်စိမှိတ် မယုံလိုက်ပါနဲ့။

၂. နောက်ကြောင်းစုံစမ်းပါ။

သူစိမ်းတစ်ယောက်ဖြစ်နေတာမို့ နောက်ကြောင်းမစုံစမ်းဘဲ မချစ်မိပါစေနဲ့။ နောက်ကြောင်းစုံစမ်းတယ်ဆိုတာ သူနဲ့ဆက်စပ်နေတဲ့ သူငယ်ချင်းတွေကို ကြည့်ပါ။ သင့်ကို သူပြောထားတဲ့အချက်တွေ မှန်မမှန်ဆိုတာ ယုံကြည်ရလောက်တဲ့ထိ စုံစမ်းသင့်ပါတယ်။

၃. သည်းခံနိုင်စွမ်းကိုစမ်းသပ်ပါ။

သင့်ကိုအပျော်သဘောနဲ့ ချဉ်းကပ်လာသူဟာ သင့်ကို သည်းခံမှာမဟုတ်ပါဘူး။ စောင့်နေမှာလည်း မဟုတ်ပါဘူး။ ထို့အတူ စိတ်ပူခြင်းလည်း မရှိပါဘူး။ ဒါကြောင့် သည်းခံနိုင်စွမ်းကို စမ်းသပ်ပါ။

သင် စိတ်ချရလောက်တဲ့အခြေအနေတစ်ခု ရှိထားခဲ့လို့ ချစ်သူအဖြစ်စဉ်းစားခဲ့မယ်ဆိုရင်လည်း ချစ်သူဖြစ်စ လိုက်လျောမှုတွေ မများပါစေနဲ့။ လူတိုင်းကို မယုံကြည်ဖို့ သတိပေးခြင်းဖြစ်သော်လည်း အွန်လိုင်းကအချစ်ရေးတိုင်းတော့မဆိုလိုပါ။

Social media (FACEBOOK) တွင်ချစ်ပြီး နှစ်ပေါင်းများစွာ အချစ်သင်္ကေတ စိုက်ထူနိုင်သော ချစ်သူများလည်း တွေ့ခဲ့ဖူးပါတယ်။ Social media (FACEBOOK) အချစ်ရေးကြောင့်ပင် ဒုက္ခများခဲ့သောသူများလည်း တွေ့ခဲ့ဖူးသည်။ အချစ်နဲ့သတိလေး ကပ်ထားရင်း ပျော်ရွှင်စရာ အချစ်ရေးလေး ပိုင်ဆိုင်နိုင်ကြစေရန် ရည်ရွယ်အကြုံပြု ဖော်ပြလိုက်ပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top