iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Gentleman
ပို့သပေးပါတယ်။
#Unicode Version
အိမ်ထောင်ဖက်ကို အိပ်ရာထဲ အကြိမ်များများနေချင်အောင် ဘယ်လိုဆွဲဆောင်မလဲ။ ကိုယ့်ကိုကိုယ်ပြန်မေးမိတိုင်း စိတ်ဓာတ်ကျသွားတတ်ကျတဲ့မေးခွန်းတစ်ခုပါ။အိမ်ထောင်ဖက်နဲ့ လိင်ပိုင်းဆိုင်ရာ ဆက်သွယ်မှုမရှိတာက ဘယ်လောက်စိတ်ညစ်ဖို့ကောင်းလဲဆိုတာကို ဖော်ပြနေချိန်မှာ
 ဒီမေးခွန်းက ပိုက်ဆံပိုပြီးရှာနိုင်အောင် ဘယ်လိုတွေကြိုးစားရမလဲဆိုတဲ့ မေးခွန်းလိုပဲ စိတ်ညစ်ဖို့ကောင်းပါတယ်။ဒီမေးခွန်းကိုယ်တိုင်ကိုကမှားနေတဲ့မေးခွန်းတစ်ခုပါ။ပိုက်ဆံဘယ်လို
ရှာရမလဲဆိုတာထက် တန်ဖိုးဘယ်လိုထားရမလဲ ဘယ်လိုသုံးရမလဲဆိုတာကို စိတ်ဝင်စားပါ။ဘာလို့ ခွန်အားမရှိလဲဆိုတာကို အာရုံထားမနေပဲ ကိုယ်ဘာတွေစားတယ်ဆိုတာကို အာရုံထားပါ။အိမ်ထောင်ဘက်ကို လိင်ကိစ္စမှာ တက်ကြွလာစေဖို့ ဘယ်လိုဆွဲဆောင်မလဲဆိုတာထက် ခုလောလောဆယ် နှစ်ဦးသားဆက်ဆံရေးအခြေအနေက ဘယ်လိုအနေအထားလဲဆိုတာနဲ့ အဲ့ဒါကို ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာကို အာရုံအရင်စိုက်လိုက်ပါ။ကျွန်တော်ပြောချင်တာက အဆုံးသတ်ရလဒ်ထက် လုပ်ရမယ့် လုပ်ငန်းစဉ်ကို အရင်အာရုံစိုက်လိုက်ပါ။ကဲအဲ့တော့ ကိုယ့်အိမ်ထောင်ဖက်ကို လိင်ကိစ္စနဲ့ပတ်သတ်ပြီး ပိုတက်ကြွလာအောင် ဘယ်လ်ုဆွဲဆောင်သင့်တယ်ဆိုတဲ့ အချက်လေးတွေပြောကြည့်ကြရအောင်ပေါ့။
၁။လိင်ကိစ္စပဲ မစဉ်းစားပါနဲ့။
အကယ်၍ ကိုယ့်ရဲ့အိမ်ထောင်ဖက်က ကိုယ့်ဆန္ဒအတိုင်း ကိုယ်လိုချင်တိုင်း လိင်ကိစ္စဖြစ်နေတယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ အဲ့ဒီလိုမဖြစ်နိုင်ဘူးနော်။ဒါပေမယ့် ဖြစ်လာနိုင်အောင် အမြန်ဆုံးပြောင်းလဲတဲ့နည်းကတော့ သူတို့က ကိုယ့်အိမ်ထောင်ဖက်ဆိုတာကို သတိရဖို့ပါပဲ။ချစ်ခြင်းမေတ္တာတရားရှိနေရမယ်ဆိုတာကို သတိရနေဖို့ပါပဲ။ဒါက ကိုယ့်အိမ်ထောင်ဖက်ကို အသေချာဆုံးဆွဲဆောင်နိုင်ဖို့ နည်းလမ်းပါပဲ။အိမ်ထောင်ကျသွားတယ်ဆိုတာနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို ချစ်ခင်ကြင်နာဂရုစိုက်တာ လျော့သွားတာတွေ လေးစားမှုလျော့သွားတာတွေက မဖြစ်သင့်ပါဘူး။အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာ အဲ့ဒီအချက်င်္တေ လိုကိုလိုပါတယ်။ကိုယ့်လုပ်ငန်းကို ကိုယ်တန်ဖိုးမထားရင် ပိုက်ဆံမရနိုင်သလိုပဲ ကိုယ့်အိမ်ထောင်ဖက်ကို အချစ်အခင်အကြင်နာလျော့ရင် အိပ်ရာထဲမှာလည်း သာယာလိမ့်မှာမဟုတ်ပါဘူး။
၂။ကိုယ့်ကိုကိုယ်အကောင်းမြင်ပါ။
ကိုယ်ဖြစ်ချင်တဲ့အခြေအနေအတိုင်းမဖြစ်ဘူးဆိုရင် ကိုယ့်အိမ်ထောင်ဖက်ဖြစ်ကြောင်း သက်သေပြချင်ရုံသက်သက်သာ အပေါ်ယံနဲ့ လိင်ကိစ္စလုပ်ချင်နေတယ်ဆိုရင် ကိုယ်ဘာလုပ်ချင်နေတာလဲဆိုတာ အရိုးသားဆုံးတွေးသင့်ပါတယ်။အိမ်ထောင်ဖက်တွေကနေ ကျွန်တော်တို့ကို ရောင်ပြန်ဟပ်နေတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေရှိနေပါတယ်။အဲ့ဒီအချက်တွေကြောင့် ကိုယ့်အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံတယ်ဆိုတဲ့ကိစ္စ မဖြစ်ဖို့ သတိထားကျပါဦး။
၃။တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးပြေလည်ပါစေ။
လိင်မှုဆက်ဆံရေးကိစ္စနည်းလာတယ်ဆိုတာက အိမ်ထောင်တစ်ခုကြားမှာ အငြင်းအခုံဖြစ်တဲ့ကာလများလာတာနဲ့ တစ်ဦးနဲ့တစ်ဦးကြားမှာ ရိုးသားမှုမရှိတာတွေကြောင့် စိတ်ပျက်စိတ်ကုန်တာတွေက တဖြည်းဖြည်းစုပုံလာတာဖြစ်ပါတယ်။ရေစီးသန်တဲ့မြစ်တစ်ခုရဲ့အလယ်မှာ ကျောက်တုံးကြီးတွေပိတ်
ဆို့နေရင် ရေစီးကောင်းဖို့အတွက် အမြန်ဆုံးဖယ်ရှားရသလိုပါပဲ။လိင်မှုဆက်ဆံရေးမှာ ပြန်ပြီးတက်ကြွအဆင်ပြေစေချင်ရင်တော့ တစ်ဦးနဲ့တစ်ဦးကြားက ဆက်ဆံရေးအဖုအထစ်လေးတွေကို အမြန်ဆုံးဖယ်ရှားရှင်းလင်းပစ်သင့်ပါတယ်။
၄။လိင်နဲ့မပတ်သတ်တဲ့ ခန္ဓာကိုယ်ချင်းထိတွေ့မှုများပါစေ။
လူဆိုတာ လူမှုရေးသတ္တဝါတွေပါ။ဒါကြောင့် လူတွေက ထွေးပွေ့နှုတ်ဆက်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။လိင်ဆက်ဆံမှုအကြိမ်အရေအတွက်များစေချင်တဲ့အတွက် အထိအတွေ့ဆက်ဆံမှုများချင်ရင်
အိမ်ထောင်ဖက်နဲ့တစ်နေ့တာ ရင်းရင်းနှီးနှီးထွေးထွေးပွေ့ပွေ့နေတဲ့ အကြိမ်အရေအတွက် မြင့်တင်တာကနေ စတင်လိုက်ပါ။မနက်ခင်းတွေမှာ ညတိုင်းမှာ ကြင်ကြင်နာနာဆက်ဆံပေးလိုက်ပါ။ခါတိုင်းထွေးပွေ့နေကျအချိန်ထက်တိုးပြီး ဖက်ထားပေးပါ။အလုပ်သွားမယ့်အချိန်မှာ နမ်းခဲ့လိုက်ပါ။ဆံပင်တွေကို လက်ချောင်းလေးတွေနဲ့ ဖွပေးလိုက်ပါ။ကျောလေးကို ပွတ်ပေးလိုက်ပါ။လမ်းတူတူလျှောက်နေချိန်မှာ လက်ကလေးကို ကိုင်ထားပေးလိုက်ပါ။ထွေးပွေ့ကြင်နာလိုက်ပါ။
၅။ကိုယ်ကိုယ်တိုင်က လိင်ကိစ္စကို စတင်တက်ကြွပါ။
ဂန္ဒီကပြောဖူးပါတယ်။ကမ္ဘာကြီးကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံအတိုင်း ပြောင်းလဲလိုက်ပါတဲ့။ဒီစကားကို လိင်မှုရေးရာအတွက် ပြောင်းလဲအသုံးချကြည့်ကျရအောင်။အကယ်၍ ကိုယ်နဲ့ကိုယ့်အိမ်ထောင်ဖက်က ကာလအတော်ကြာ လိင်ဆက်ဆံမှုမရှိခဲ့ဘူးဆိုကျပါစို့။အဲ့ဒီလိုအချိန်မှာ သူက လိင်ကိစ္စစတင်မှာကိုစောင့်နေမယ့်အစား ကိုယ်ကိုယ်တိုင်က စတင်လိုက်ပါ။ကလေးတွေနဲ့ကစားပြီးပဲအချိန်ပေးမနေပါနဲ့။ကိုယ့်အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံမှုမရှိတဲ့ အိမ်ထောင်ရေးဆိုတဲ့ စစ်အေးတိုက်ပွဲကို ကိုယ်က လိင်ဆက်ဆံဖို့ လှုံဆော်ခြင်းနဲ့ ရပ်တန့်လိုက်ပါ။
၆။သူတို့စိတ်ကျေနပ်စေဖို့ အာရုံစိုက်ထားပေးပါ။
ဘယ်အချိန်တုန်းလိင်ဆက်ဆံခဲ့တာပဲဖြစ်ဖြစ်ပေါ့ နောက်ဆုံးဆယ်ကြိမ်လောက်မှာ
သူတို့ကို စိတ်ကျေနပ်စေခဲ့သလား ကိုယ်ကိုယ်တိုင်ပဲစိတ်ကျေနပ်ခဲ့တာလား။ ကိုယ့်အတွက် စိတ်ကျေနပ်စေတဲ့ အံသြဖွယ်ကောင်းတဲ့အရာကို ဘယ်သူမှ မေ့ပစ်ဖို့ ကြိုးစားလိမ့်မှာမဟုတ်ဘူး။ကိုယ့်အိမ်ထောင်ဖက်က ဘယ်လိုအရာမျိုးကို နှစ်သက်လဲဆိုတာ သိအောင်လုပ်ပါ။အချိန်ယူပြီး သူနှစ်သက်တာကို လုပ်ပေးလိုက်ပါ။ဒါဆိုရင် သူကိုယ်တိုင်က လိင်မှုရေးရာမှာ တက်ကြွလာပြီး ဦးဆောင်လာပါလိမ့်မယ်။်
Credit:Gentleman
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top