iMyanmarHouse.com - Best Property Website for Myanmar
×










 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား လီဒုံဂွန်နှင့် T-ara ကေပေါ့ပ်အဖွဲ့ဝင်ဂျီယွန်း တို့ ချစ်ကြိုက်နေသည်ဟု ၎င်းတို့ ၏အေဂျင်စီများက ဇူလိုင် ၄ ရက် တွင်အတည်ပြုပြောကြားသည်။

လီဒုံဂွန်နှင့် ဂျီယွန်းတို့စုံတွဲ တရုတ်နိုင်ငံရှန်ဟိုင်းမြို့ စား သောက်ဆိုင်တစ်ဆိုင်တွင် အပြန် အလှန်တယုတယပြောဆိုဆက် ဆံနေသောဓာတ်ပုံများ အွန်လိုင်း ၌ ပျံ့နှံ့ခဲ့ပြီးနောက်တွင် ၎င်းတို့၏ အေဂျင်စီများက ပတ်သက်မှုကို အတည်ပြုပေးခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးချစ်ကြိုက်နေ သည်မှာ နှစ်လခန့်ရှိပြီဖြစ်သည် ဟု အေဂျင်စီများကပြောသည်။ တရုတ်ပရိသတ်များအကြား နာမည်ကျော်ကြားသော ကေ ပေါ့ပ်အဆိုတော်ဂျီယွန်းနှင့်ကေဒရာမာစတားလီဒုံဂွန်တို့ ချစ်ခင်ယုယနေသည့်ဓာတ်ပုံများ အွန် လိုင်း၌ပျံ့နှံ့ခဲ့ပြီးနောက် ပရိသတ်များစွာသည် ၎င်းတို့၏ ပတ်သက်မှုကို အလွန်စိတ်ဝင်စားလာခဲ့ သည်ဟု အေဂျင်စီများကပြော သည်။

လီဒုံဂွန်နှင့်ဂျီယွန်းတို့သည် ကိုရီးယားနှင့်တရုတ်တို့ပူးပေါင်းတင်ဆက်သော    Encounter ရုပ်ရှင်ဇာတ်ကား၌ ပူးတွဲသရုပ် ဆောင်ရာမှတစ်ဆင့် နီးစပ်ခဲ့ကြ ပြီး ချစ်သူများဖြစ်လာခဲ့သည်ဟု ဂျီယွန်း၏   အေဂျင်စီက   ပြော သည်။ ၎င်းတို့စုံတွဲမှာ အသက် (၁၃)နှစ်ခန့်ကွာနေသောကြောင့် ၎င်းတို့၏ပတ်သက်မှုကို ပရိသတ်များ အလွန်စိတ်ဝင်စားနေကြ သည် ။

Credit: 7 Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top