iMyanmarHouse.com - Best Property Website for Myanmar
×

သင့္မ်က္ႏွာေပၚက ၀က္ျခံေတြအတြက္ အရုိးရွင္းဆုံး၊ အထိေရာက္ဆုံးနဲ႔ က်န္းမာေရးနဲ႔ အကိုက္ညီဆုံး ေျဖရွင္းနည္းေတြက သင့္မီးဖုိေခ်ာင္မွာတင္ ရိွပါတယ္။

ေရခဲ
ေရခဲက နီျမန္္းေရာင္ကုိင္းျခင္းကို လ်င္ျမန္စြာ ေလ်ာ့က်ေစႏုိင္ပါတယ္။ ဒီနည္းက ဝက္ျခံရိွရာေနရာမွာ ေသြးလည္ပတ္မႈ ပိုေကာင္းေစတယ္၊ ေခြ်းေပါက္ေတြ က်ဥ္းေစျပီး အေရျပားက အညစ္အေၾကးေတြ ဖယ္ရွားေပးပါတယ္။ ေရခဲကို ပိတ္စတစ္ခုနဲ႔ ပတ္ျပီး ဝက္ျခံျဖစ္တဲ့ ေနရာမွာ စကၠန္႔အနည္းငယ္ ထားေပးပါ။ မိနစ္အနည္းငယ္ေစာင့္ျပီး အဲဒီအတုိင္းျပန္လုပ္ေပးရပါမယ္။

သံပုယိုသီး
ေနာက္ ဝက္ျခံေျဖရွင္းနည္းတစ္ခု ျဖစ္ပါတယ္။ သံပုယိုကို အရည္ညစ္ျပီး ညမအိပ္ခင္ ဝက္ျခံကို လိမ္းေပးပါ။ သံပုယုိရည္ကို သစ္ၾကံပုိးေခါက္အမႈန္႔နဲ႔လည္း ေရာစပ္ႏုိင္ပါတယ္။ ဝက္ျခံေပၚလိမ္းျပီး တစ္ညထားရပါမယ္။ မနက္ ေရေႏြးေႏြးေလးနဲ႔ ေဆးေၾကာသန္႔စင္ပါ။ ဒီနည္းကို အသားေရထိခုိက္လြယ္ sensitive ျဖစ္သူေတြအတြက္ အားမေပးပါဘူး။

သြားတုိက္ေဆး
ညမအိပ္ခင္ ဝက္ျခံျဖစ္တဲ့ေနရာမွာ သြားတုိက္ေဆး လိမ္းေပးပါ။ မနက္ မ်က္ႏွာကို ေရနဲ႔ ေဆးေၾကာသန္႔စင္ေပးပါ။ တုိးတက္မႈ ျမင္ေတြ႔ပါလိမ့္မယ္။ ဒီနည္းကုိ ေန႔ဘက္မွာလည္း လုပ္ႏုိင္ပါတယ္။ ဒါေပမယ့္ သြားတုိက္္ေဆးကို အနည္းဆုံး နာရီဝက္ ထားရပါမယ္။

ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴကို ႏွစ္ျခမ္းလွီးပါ။ ဝက္ျခံေပၚ ပြတ္ျပီး မိနစ္အနည္းငယ္ၾကာေအာင္ ထားပါ။ ျပီးေနာက္ ေရေႏြးေႏြးေလးနဲ႔ ေဆးေၾကာရပါမယ္။ ဒီနည္းအတုိင္း မၾကာမၾကာလုပ္ေပးပါ။

ပ်ားရည္
ဂြမ္းဖတ္တစ္ခုေပၚ ပ်ားရည္အနည္းငယ္ ထည့္၊ ဝက္ျခံေပၚ လိမ္းျပီး နာရီဝက္ထားပါ။ ျပီးေတာ့ ေရေႏြးေႏြးေလးနဲ႔ ျပန္ေဆးရပါမယ္။  ပ်ားရည္နဲ႔ သစ္ၾကမ္းပိုးေခါက္ အရည္ပ်စ္ပ်စ္ျဖစ္ေအာင္လည္း ေရာစပ္ႏုိင္ပါတယ္။ ညမအိပ္ခင္ အဲဒီအရည္ပ်စ္နဲ႔ ဝက္ျခံကို လိမ္းေပးပါ။ မနက္ေရာက္တဲ့အခ်ိန္ နာက်င္ေရာင္ရမ္းမႈ ေလွ်ာ့နည္းတာ သတိျပဳမိပါလိမ့္မယ္။ ဝက္ျခံတဝုိက္ မ်က္ႏွာေရေအးနဲ႔ ေဆးေပးပါ။

သခြားသီး
လတ္ဆတ္တဲ့ သခြားသီးကို အကြင္းလုိက္ျဖစ္ေအာင္ ၂ ခုေလာက္လွီးျပီး ေရထဲ ၁ နာရီစိမ္ပါ။ သခြားသီးမွာ ပါတဲ့ ဗီတာမင္ A ၊ potassium နဲ႔ chlorophyll စတဲ့ အာဟာရေတြ ေရမွာ ေပ်ာ္ဝင္ပါလိမ့္မယ္။ အဖတ္ေတြဆယ္ယူျပီး အဲဒီေရကို ေသာက္ ဒါမွမဟုတ္ မ်က္ႏွာသစ္ဖုိ႔ အသုံးျပဳရပါမယ္။

Credit: trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင့်မျက်နှာပေါ်က ဝက်ခြံတွေအတွက် အရိုးရှင်းဆုံး၊ အထိရောက်ဆုံးနဲ့ ကျန်းမာရေးနဲ့ အကိုက်ညီဆုံး ဖြေရှင်းနည်းတွေက သင့်မီးဖိုချောင်မှာတင် ရှိပါတယ်။

ရေခဲ
ရေခဲက နီမြန်းရောင်ကိုင်းခြင်းကို လျင်မြန်စွာ လျော့ကျစေနိုင်ပါတယ်။ ဒီနည်းက ဝက်ခြံရှိရာနေရာမှာ သွေးလည်ပတ်မှု ပိုကောင်းစေတယ်၊ ချွေးပေါက်တွေ ကျဉ်းစေပြီး အရေပြားက အညစ်အကြေးတွေ ဖယ်ရှားပေးပါတယ်။ ရေခဲကို ပိတ်စတစ်ခုနဲ့ ပတ်ပြီး ဝက်ခြံဖြစ်တဲ့ နေရာမှာ စက္ကန့်အနည်းငယ် ထားပေးပါ။ မိနစ်အနည်းငယ်စောင့်ပြီး အဲဒီအတိုင်းပြန်လုပ်ပေးရပါမယ်။

သံပုယိုသီး
နောက် ဝက်ခြံဖြေရှင်းနည်းတစ်ခု ဖြစ်ပါတယ်။ သံပုယိုကို အရည်ညစ်ပြီး ညမအိပ်ခင် ဝက်ခြံကို လိမ်းပေးပါ။ သံပုယိုရည်ကို သစ်ကြံပိုးခေါက်အမှုန့်နဲ့လည်း ရောစပ်နိုင်ပါတယ်။ ဝက်ခြံပေါ်လိမ်းပြီး တစ်ညထားရပါမယ်။ မနက် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပါ။ ဒီနည်းကို အသားရေထိခိုက်လွယ် sensitive ဖြစ်သူတွေအတွက် အားမပေးပါဘူး။

သွားတိုက်ဆေး
ညမအိပ်ခင် ဝက်ခြံဖြစ်တဲ့နေရာမှာ သွားတိုက်ဆေး လိမ်းပေးပါ။ မနက် မျက်နှာကို ရေနဲ့ ဆေးကြောသန့်စင်ပေးပါ။ တိုးတက်မှု မြင်တွေ့ပါလိမ့်မယ်။ ဒီနည်းကို နေ့ဘက်မှာလည်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် သွားတိုက်ဆေးကို အနည်းဆုံး နာရီဝက် ထားရပါမယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို နှစ်ခြမ်းလှီးပါ။ ဝက်ခြံပေါ် ပွတ်ပြီး မိနစ်အနည်းငယ်ကြာအောင် ထားပါ။ ပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးကြောရပါမယ်။ ဒီနည်းအတိုင်း မကြာမကြာလုပ်ပေးပါ။

ပျားရည်
ဂွမ်းဖတ်တစ်ခုပေါ် ပျားရည်အနည်းငယ် ထည့်၊ ဝက်ခြံပေါ် လိမ်းပြီး နာရီဝက်ထားပါ။ ပြီးတော့ ရေနွေးနွေးလေးနဲ့ ပြန်ဆေးရပါမယ်။  ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက် အရည်ပျစ်ပျစ်ဖြစ်အောင်လည်း ရောစပ်နိုင်ပါတယ်။ ညမအိပ်ခင် အဲဒီအရည်ပျစ်နဲ့ ဝက်ခြံကို လိမ်းပေးပါ။ မနက်ရောက်တဲ့အချိန် နာကျင်ရောင်ရမ်းမှု လျှော့နည်းတာ သတိပြုမိပါလိမ့်မယ်။ ဝက်ခြံတဝိုက် မျက်နှာရေအေးနဲ့ ဆေးပေးပါ။

သခွားသီး
လတ်ဆတ်တဲ့ သခွားသီးကို အကွင်းလိုက်ဖြစ်အောင် ၂ ခုလောက်လှီးပြီး ရေထဲ ၁ နာရီစိမ်ပါ။ သခွားသီးမှာ ပါတဲ့ ဗီတာမင် A ၊ potassium နဲ့ chlorophyll စတဲ့ အာဟာရတွေ ရေမှာ ပျော်ဝင်ပါလိမ့်မယ်။ အဖတ်တွေဆယ်ယူပြီး အဲဒီရေကို သောက် ဒါမှမဟုတ် မျက်နှာသစ်ဖို့ အသုံးပြုရပါမယ်။

Credit: trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top