iMyanmarHouse.com - Best Property Website for Myanmar
×

မိခင္ဝမ္းထဲက ထြက္လာၿပီးတဲ့အခ်ိန္မွာ ကေလးေလးအဖို႔ ပတ္ဝန္းက်င္နဲ႔ ပထမဆုံးဆက္ဆံတဲ့ စကားက ငိုတာပဲ ျဖစ္ပါတယ္။ေမြးကင္းစကေလးရဲ႕ ငိုသံဟာ သုေတသနအမ်ားအျပားျပဳလုပ္ေနၾကတဲ့ ဦးတည္ခ်က္ေခါင္းစဥ္တခုလည္း ျဖစ္ပါတယ္။

အဆိုပါ သုေတသနေတြအနက္ အခ်ိဳ႕ေသာ ေလ့လာမႈေတြရဲ႕အဆိုအရ ေမြးကင္းစကေလးရဲ႕ ငိုသံနဲ႔ အေမရဲ႕ ပင္ရင္းဘာသာစကားတို႔အၾကားမွာ စိတ္ဝင္စားစရာ ဆက္စပ္မႈတခု ရွိေနတာတယ္လို႔ သိရပါတယ္။

အဆိုပါ ဆက္စပ္မႈကေတာ့ ကေလးငိုသံနဲ႔ အေမ့စကားသံတို႔ဟာ အသံႏႈန္းေတြ၊အသံအနိမ့္အျမင့္ေတြအရ တထပ္တည္းနီးပါး တူေနတာပါပဲ။

ကေလးငယ္ရဲ႕ ငိုသံဟာ မိခင္ရဲ႕ ပင္ရင္းဘာသာစကားနဲ႔ ဘယ္လိုဆက္စပ္ေနသလဲ။
ဘာသာစကားအမ်ိဳးမ်ိဳးမွာ မတူညီတဲ့ အသံေတြ၊စကားတြဲေတြရွိၿပီး ေလသံအဖိအေဖာ့၊အတက္အက်၊ေလယူေလသိမ္းလည္း ကြာျခားပါတယ္ (တခ်ိဳ႕ဘာသာစကားေတြမွာေတာ့ အျခားဘာသာစကားေတြနဲ႔ ႏႈိင္းယွဥ္စရာ ေလသံအတက္အက် အထူးတလည္ မရွိပါဘူး)။

သုေတသီေတြဟာ ပင္ရင္းဘာသာစကားမတူညီတဲ့ ကေလးေတြ ဗိုက္ဆာတဲ့အခါ၊နာက်င္တဲ့အခါ ဒါမွမဟုတ္ စိတ္ဆိုးတဲ့အခါ ငိုတဲ့ ငိုသံေတြကို အသံဖမ္းထားၿပီး အသံအနိမ့္အျမင့္၊အတက္အက်၊အတိုးအက်ယ္ စတာေတြကို ႏႈိင္းယွဥ္ေလ့လာပါတယ္။

ေမြးၿပီးပထမဆုံးရက္သတၱပတ္မွာ ကေလးေတြရဲ႕ ငိုသံပုံစံဟာ မိခင္ရဲ႕ ပင္ရင္းဘာသာစကားရဲ႕ အတက္အက်၊အနိမ့္အျမင့္ပုံစံနဲ႔ သြားၿပီးကိုက္ညီေနတာကို ေတြ႕ရပါတယ္။

မိခင္စကားသံရဲ႕ ပုံစံအေနအထား၊ရစ္သမ္နဲ႔ အတိုးအက်ယ္၊အဖိအေဖာ့ အစရွိတဲ့ အသံပိုင္းဆိုင္ရာ ဝိေသသေတြဟာ ကေလးငယ္ရဲ႕ ဦးေႏွာက္ကို ေရာက္ရွိၿပီး ပင္ရင္းဘာသာစကားကို သင္ယူေလ့လာဖို႔ ကူညီေပးတာျဖစ္ပါတယ္။

ကေလးငယ္ရဲ႕ ငိုသံကို သိပၸံနည္းက် ခ်ဥ္းကပ္ျခင္း
ငိုတယ္ဆိုတာဟာ ကေလးရဲ႕ အသက္ရႈျခင္းနဲ႔ အသံႀကိဳးလႈပ္ရွားျခင္းတို႔ကို ေပါင္းစပ္ထားတာ ျဖစ္ပါတယ္။ဒါေပမယ့္ ကေလးရဲ႕ ငိုသံနဲ႔ မိခင္ရဲ႕ ပင္ရင္းဘာသာစကားသံတို႔ ကိုက္ညီဖို႔ဆိုတာကေတာ့ ပိုမိုရႈပ္ေထြးၿပီး နားလည္ရခက္တဲ့ ႂကြက္သားဆိုင္ရာ ေလ့က်င့္လႈပ္ရွားမႈေတြ လိုအပ္မွာျဖစ္ၿပီး ေမြးၿပီးလအနည္းငယ္ၾကာမွသာ ျဖစ္လာရမွာပါ။ေမြးကင္းစကေလးေတြရဲ႕ ငိုသံဟာ ကေလးရဲ႕ အသက္ရႈတဲ့ပုံစံနဲ႔ အသက္ရႈအဂၤါေတြပူးေပါင္းေဆာင္႐ြက္ရာကေန ျဖစ္ေပၚလာရတာလို႔ အမ်ားစုက ယုံၾကည္လက္ခံထားၾကပါတယ္။

ဒီေနရာမွာ တခ်က္သတိထားသင့္တဲ့အခ်က္က ေမြးကင္းစကေလးေတြအားလုံးဟာ (ဘာသာစကား၊ယဥ္ေက်းမႈ၊လူမ်ိဳး ဒါမွမဟုတ္ မ်ိဳးဗီဇ ဘယ္လိုပင္ ကြာျခားပါေစ) ခႏၶာေဗဒအရ တထပ္တည္းတူညီေနတာမို႔ သူတို႔ေလးေတြရဲ႕ ငိုသံေတြဟာလည္း တေယာက္နဲ႔တေယာက္ ထပ္တူထပ္မွ်တူညီေနရမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ အထက္မွာေဖာ္ျပခဲ့တဲ့ ေလ့လာသုေတသနျပဳလုပ္ခ်က္ေတြအရ ကေလးေတြရဲ႕ ငိုသံဟာ သူတို႔မိခင္ရဲ႕ ပင္ရင္းဘာသာစကားေပၚမူတည္ၿပီး ခြဲျခားႏိုင္တာမို႔ အသံျဖစ္ေပၚရာအဂၤါေတြ (ဥပမာ အဆုတ္၊လည္ေခ်ာင္း၊ပါးစပ္နဲ႔ အသံအိုးစသည္)အျပင္ အသံျဖစ္ေပၚဖို႔အတြက္ အျခားေသာ ထိန္းခ်ဳပ္ေနတဲ့ အခ်က္ေတြလည္း ရွိလိမ့္ဦးမယ္လို႔ ေကာက္ခ်က္ခ်ရပါတယ္။

မိခင္ဗိုက္ထဲမွာ ရွိေနစဥ္ကတည္းက ကေလးေလးဟာ အသံေတြ ၾကားေနရတယ္။
ဒီအခ်က္ဟာလည္း အေၾကာင္းရင္းခံတခု ျဖစ္ပါတယ္။မိခင္ဗိုက္ထဲမွာ ရွိေနစဥ္ကတည္းက ၾကားေနရတဲ့ ဘာသာစကားအသံေတြဟာ သူတို႔ေလးေတြအေပၚ လႊမ္းမိုးမႈရွိေနပါတယ္။အစပိုင္းမွာ သုေတသီေတြအေနနဲ႔ မိခင္ရဲ႕ ေလယူေလသိမ္းစကားသံဟာ တျခားအသံေတြထက္ ကေလးငယ္အေပၚမွာ ပိုၿပီးလႊမ္းမိုးမႈရွိမရွိကို အေသအခ်ာ မေျပာႏိုင္ခဲ့ပါဘူး။

ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ကေလးေတြအေနနဲ႔ အသက္သုံးလေလာက္ ေရာက္တဲ့အခါ လူႀကီးေတြစကားေျပာတဲ့ ပုံစံအတိုင္း တျဖည္းျဖည္း တုပလာႏိုင္တာကို ေလ့လာေတြ႕ရွိခဲ့ရပါတယ္။

ငိုသံကြာျခားခ်က္ေပၚမူတည္ၿပီး ဆန္းစစ္ႏိုင္ဖို႔အတြက္ သုေတသီေတြဟာ က်န္းမာတဲ့ (ငါးရက္သား) ကေလးငယ္ အေယာက္ေျခာက္ဆယ္ရဲ႕ ငိုသံေတြကို အသံဖမ္းၿပီး စနစ္တက် ခြဲျခမ္းစိတ္ျဖာမႈေတြ ျပဳလုပ္ၾကည့္တဲ့အခါ ကေလးတေယာက္နဲ႔တေယာက္ရဲ႕ ငိုသံ ကြာျခားခ်က္ (အသံအနိမ့္အျမင့္၊အဖိအေဖာ့ စသည္)ဟာ သက္ဆိုင္ရာ မိခင္ရဲ႕ စကားေျပာဆိုပုံေလယူေလသိမ္း၊အဖိအေဖာ့ေပၚ မူတည္ေနတာကို ေတြ႕ရွိခဲ့ရပါတယ္။

ဒါေၾကာင့္ ေမြးကင္းစကေလးေတြဟာ မိခင္ဗိုက္ထဲမွာ ရွိေနစဥ္ကတည္းက ၾကားေနရတဲ့ သံစဥ္ေတြ၊စကားသံေတြကို တုံ႔ျပန္မႈရွိတယ္၊သင္ယူေနတယ္လို႔ ေကာက္ခ်က္ဆြဲႏိုင္ပါတယ္။

အျခားေသာ ေလ့လာမႈတခုအရ သုံးလသားအ႐ြယ္ကေလးငယ္ဟာ မိဘေတြရဲ႕ သရသံေျပာဆိုမႈ အသံထြက္ကို တုပႏိုင္စြမ္းရွိေနၿပီလို႔ ယူဆရတဲ့အျပင္ မိခင္ရဲ႕ ေျပာဆိုမႈေလယူေလသိမ္း၊အဖိအေဖာ့၊အနိမ့္အျမင့္ကို တုပေလ့လာသင္ယူမႈကေတာ့ ဒီ့ထက္ေစာၿပီးေတာ့ စတင္ေနၿပီျဖစ္ပါေၾကာင္း။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


မိခင်ဝမ်းထဲက ထွက်လာပြီးတဲ့အချိန်မှာ ကလေးလေးအဖို့ ပတ်ဝန်းကျင်နဲ့ ပထမဆုံးဆက်ဆံတဲ့ စကားက ငိုတာပဲ ဖြစ်ပါတယ်။မွေးကင်းစကလေးရဲ့ ငိုသံဟာ သုတေသနအများအပြားပြုလုပ်နေကြတဲ့ ဦးတည်ချက်ခေါင်းစဉ်တခုလည်း ဖြစ်ပါတယ်။

အဆိုပါ သုတေသနတွေအနက် အချို့သော လေ့လာမှုတွေရဲ့အဆိုအရ မွေးကင်းစကလေးရဲ့ ငိုသံနဲ့ အမေရဲ့ ပင်ရင်းဘာသာစကားတို့အကြားမှာ စိတ်ဝင်စားစရာ ဆက်စပ်မှုတခု ရှိနေတာတယ်လို့ သိရပါတယ်။

အဆိုပါ ဆက်စပ်မှုကတော့ ကလေးငိုသံနဲ့ အမေ့စကားသံတို့ဟာ အသံနှုန်းတွေ၊အသံအနိမ့်အမြင့်တွေအရ တထပ်တည်းနီးပါး တူနေတာပါပဲ။

ကလေးငယ်ရဲ့ ငိုသံဟာ မိခင်ရဲ့ ပင်ရင်းဘာသာစကားနဲ့ ဘယ်လိုဆက်စပ်နေသလဲ။
ဘာသာစကားအမျိုးမျိုးမှာ မတူညီတဲ့ အသံတွေ၊စကားတွဲတွေရှိပြီး လေသံအဖိအဖော့၊အတက်အကျ၊လေယူလေသိမ်းလည်း ကွာခြားပါတယ် (တချို့ဘာသာစကားတွေမှာတော့ အခြားဘာသာစကားတွေနဲ့ နှိုင်းယှဉ်စရာ လေသံအတက်အကျ အထူးတလည် မရှိပါဘူး)။

သုတေသီတွေဟာ ပင်ရင်းဘာသာစကားမတူညီတဲ့ ကလေးတွေ ဗိုက်ဆာတဲ့အခါ၊နာကျင်တဲ့အခါ ဒါမှမဟုတ် စိတ်ဆိုးတဲ့အခါ ငိုတဲ့ ငိုသံတွေကို အသံဖမ်းထားပြီး အသံအနိမ့်အမြင့်၊အတက်အကျ၊အတိုးအကျယ် စတာတွေကို နှိုင်းယှဉ်လေ့လာပါတယ်။

မွေးပြီးပထမဆုံးရက်သတ္တပတ်မှာ ကလေးတွေရဲ့ ငိုသံပုံစံဟာ မိခင်ရဲ့ ပင်ရင်းဘာသာစကားရဲ့ အတက်အကျ၊အနိမ့်အမြင့်ပုံစံနဲ့ သွားပြီးကိုက်ညီနေတာကို တွေ့ရပါတယ်။

မိခင်စကားသံရဲ့ ပုံစံအနေအထား၊ရစ်သမ်နဲ့ အတိုးအကျယ်၊အဖိအဖော့ အစရှိတဲ့ အသံပိုင်းဆိုင်ရာ ဝိသေသတွေဟာ ကလေးငယ်ရဲ့ ဦးနှောက်ကို ရောက်ရှိပြီး ပင်ရင်းဘာသာစကားကို သင်ယူလေ့လာဖို့ ကူညီပေးတာဖြစ်ပါတယ်။

ကလေးငယ်ရဲ့ ငိုသံကို သိပ္ပံနည်းကျ ချဉ်းကပ်ခြင်း
ငိုတယ်ဆိုတာဟာ ကလေးရဲ့ အသက်ရှုခြင်းနဲ့ အသံကြိုးလှုပ်ရှားခြင်းတို့ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ဒါပေမယ့် ကလေးရဲ့ ငိုသံနဲ့ မိခင်ရဲ့ ပင်ရင်းဘာသာစကားသံတို့ ကိုက်ညီဖို့ဆိုတာကတော့ ပိုမိုရှုပ်ထွေးပြီး နားလည်ရခက်တဲ့ ကြွက်သားဆိုင်ရာ လေ့ကျင့်လှုပ်ရှားမှုတွေ လိုအပ်မှာဖြစ်ပြီး မွေးပြီးလအနည်းငယ်ကြာမှသာ ဖြစ်လာရမှာပါ။မွေးကင်းစကလေးတွေရဲ့ ငိုသံဟာ ကလေးရဲ့ အသက်ရှုတဲ့ပုံစံနဲ့ အသက်ရှုအင်္ဂါတွေပူးပေါင်းဆောင်ရွက်ရာကနေ ဖြစ်ပေါ်လာရတာလို့ အများစုက ယုံကြည်လက်ခံထားကြပါတယ်။

ဒီနေရာမှာ တချက်သတိထားသင့်တဲ့အချက်က မွေးကင်းစကလေးတွေအားလုံးဟာ (ဘာသာစကား၊ယဉ်ကျေးမှု၊လူမျိုး ဒါမှမဟုတ် မျိုးဗီဇ ဘယ်လိုပင် ကွာခြားပါစေ) ခန္ဓာဗေဒအရ တထပ်တည်းတူညီနေတာမို့ သူတို့လေးတွေရဲ့ ငိုသံတွေဟာလည်း တယောက်နဲ့တယောက် ထပ်တူထပ်မျှတူညီနေရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ လေ့လာသုတေသနပြုလုပ်ချက်တွေအရ ကလေးတွေရဲ့ ငိုသံဟာ သူတို့မိခင်ရဲ့ ပင်ရင်းဘာသာစကားပေါ်မူတည်ပြီး ခွဲခြားနိုင်တာမို့ အသံဖြစ်ပေါ်ရာအင်္ဂါတွေ (ဥပမာ အဆုတ်၊လည်ချောင်း၊ပါးစပ်နဲ့ အသံအိုးစသည်)အပြင် အသံဖြစ်ပေါ်ဖို့အတွက် အခြားသော ထိန်းချုပ်နေတဲ့ အချက်တွေလည်း ရှိလိမ့်ဦးမယ်လို့ ကောက်ချက်ချရပါတယ်။

မိခင်ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကလေးလေးဟာ အသံတွေ ကြားနေရတယ်။
ဒီအချက်ဟာလည်း အကြောင်းရင်းခံတခု ဖြစ်ပါတယ်။မိခင်ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကြားနေရတဲ့ ဘာသာစကားအသံတွေဟာ သူတို့လေးတွေအပေါ် လွှမ်းမိုးမှုရှိနေပါတယ်။အစပိုင်းမှာ သုတေသီတွေအနေနဲ့ မိခင်ရဲ့ လေယူလေသိမ်းစကားသံဟာ တခြားအသံတွေထက် ကလေးငယ်အပေါ်မှာ ပိုပြီးလွှမ်းမိုးမှုရှိမရှိကို အသေအချာ မပြောနိုင်ခဲ့ပါဘူး။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ကလေးတွေအနေနဲ့ အသက်သုံးလလောက် ရောက်တဲ့အခါ လူကြီးတွေစကားပြောတဲ့ ပုံစံအတိုင်း တဖြည်းဖြည်း တုပလာနိုင်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

ငိုသံကွာခြားချက်ပေါ်မူတည်ပြီး ဆန်းစစ်နိုင်ဖို့အတွက် သုတေသီတွေဟာ ကျန်းမာတဲ့ (ငါးရက်သား) ကလေးငယ် အယောက်ခြောက်ဆယ်ရဲ့ ငိုသံတွေကို အသံဖမ်းပြီး စနစ်တကျ ခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်ကြည့်တဲ့အခါ ကလေးတယောက်နဲ့တယောက်ရဲ့ ငိုသံ ကွာခြားချက် (အသံအနိမ့်အမြင့်၊အဖိအဖော့ စသည်)ဟာ သက်ဆိုင်ရာ မိခင်ရဲ့ စကားပြောဆိုပုံလေယူလေသိမ်း၊အဖိအဖော့ပေါ် မူတည်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် မွေးကင်းစကလေးတွေဟာ မိခင်ဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ကြားနေရတဲ့ သံစဉ်တွေ၊စကားသံတွေကို တုံ့ပြန်မှုရှိတယ်၊သင်ယူနေတယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။

အခြားသော လေ့လာမှုတခုအရ သုံးလသားအရွယ်ကလေးငယ်ဟာ မိဘတွေရဲ့ သရသံပြောဆိုမှု အသံထွက်ကို တုပနိုင်စွမ်းရှိနေပြီလို့ ယူဆရတဲ့အပြင် မိခင်ရဲ့ ပြောဆိုမှုလေယူလေသိမ်း၊အဖိအဖော့၊အနိမ့်အမြင့်ကို တုပလေ့လာသင်ယူမှုကတော့ ဒီ့ထက်စောပြီးတော့ စတင်နေပြီဖြစ်ပါကြောင်း။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top