iMyanmarHouse.com - Best Property Website for Myanmar
×







Credit: Burmese - Asia
# Unicode Version ဖြင့် ဖတ်ပါ #
အနုပညာလောကထဲကနေ ထွက်ခွာသွားပြီဖြစ်တဲ့ မင်းသွေး ရဲ့ နာရေး ဟာတော့ ပရိသတ်တွေ ရုတ်ရုတ်သဲသဲ နဲ့ ကြက်ပျံမကျ စည်ကားခဲ့ပါတယ် ။

အခုလို မင်းသွေးအတွက် အားပေးကြတဲ့ ပရိသတ်တွေ လိုက်ပါပို့ဆောင်ကြတဲ့ မင်းသွေး နောက်ဆုံး လမ်းခရီးမှာ မင်းသွေးအတွက် ပီတိဖြစ်စရာတွေရှိသလို မင်းသွေးရဲ့ မိသားစုဝင်တွေအတွက် အနှောင့်အယှက်ဖြစ်စရာတွေလည်း ရှိခဲ့တာကတော့ မှတ်မှတ်ရရပါဘဲ

မင်းသွေးရဲ့ ကြိတ်ကြိတ်တိုးစည်ကားတဲ့ ဈာပန နဲ့ ပတ်သက်ပြီး ထိရှိစေမယ့် စကားတခွန်းကို ဆိုလိုက် သူကတော့ ဇင်သဲနိုင်ပါ ။ ဇင်သဲနိုင်က “ဒီနေ့ဈာပနမှာ တိုးဝေ့ပြီး အပင်ပန်းခံလာကြတဲ့ပရိတ်သတ်တွေ

“သတ်ကွင်း”ရုံတင်ရင်ဒီ့ထက်မက လူအုပ်နဲ့တိုးဝေ့စီတန်းပြီးအားပေးကြပါလို့” ပြောဆိုလိုက်တာပါ ။ သေသောသူကြာရင်မေ့ဆိုတဲ့ အတိုင်း ပရိသတ်တွေ မင်းသွေးကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားရင်တော့ အဆင်ပြေမှာလည်း မဟုတ်တဲ့အတွက် ဇင်သဲနိုင်က အခုလိုပြောလိုက်တာ လည်းဖြစ်ပါတယ်

သတ်ကွင်း ရုပ်ရှင်ဟာ မင်းသွေးရဲ့ အနုပညာနောက်ဆုံးလက်ရာလည်းဖြစ်ပါတယ် ။ မင်းသွေးအတွက်ထုတ်လုပ်သူအနေနဲ့ရော ခေါင်းဆောင်မင်းသားအနေနဲ့ပါ

သူရဲ့ ပထမဆုံးနဲ့ နောက်ဆုံးဇာတ်ကားဖြစ်လာမဲ့သတ်ကွင်း ကိုမြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာအမြန်ဆုံး တစ်ပြိုင်နက်တည်း ရုံတင်နိုင်ပြီးပရိသတ်ရှေ့မှောက် ရောက်စေဖို့တောင်းဆိုတဲ့ အွန်လိုင်း Campaign တစ်ခုကိုလည်း အနုပညာရှင်တွေမြောက်မြားစွာက မကြာသေးမှီ ကပဲ ပြုလုပ်ထားပါသေးတယ်။

Credit: Burmese - Asia
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top