iMyanmarHouse.com - Best Property Website for Myanmar
×


ပိုက္ဆံ ခ်မ္းသာလာဖို႔ဆိုတာ လူတိုင္းရဲ႕ ဘဝမွာ စိတ္ကူးယဥ္ အိပ္မက္ပါ။ ျမန္မာႏိုင္ငံမွာဆို ခ်မ္းသာဖို႔က ပိုၿပီး ခက္ခဲပါတယ္။ ဒါေပမဲ့ ေခ်ာင္လည္တဲ့ ဘဝကို ျမန္ျမန္ေရာက္ဖို႔အတြက္ သန္းႂကြယ္သူေဌးေတြဆီက သင္ယူႏိုင္မယ့္ နည္းလမ္းေတြ ရွိပါတယ္။ ႏွစ္သစ္ကို ေရာက္ေတာ့မယ္ဆိုေတာ့ ၂၀၁၉ ဟာ ကိုယ့္အတြက္ ေကာင္းမြန္တဲ့ ႏွစ္တႏွစ္ ျဖစ္ဖို႔အတြက္ လွ်ိဳ႕ဝွက္နည္းလမ္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ၅၀၊ ၃၀၊၂၀ စည္းမ်ဥ္း

ဒီစည္းမ်ဥ္းကေတာ့ ေငြေၾကးစုေဆာင္းတဲ့ ေနရာမွာ အသုံးဝင္ပါတယ္။ ပထမဆုံး နည္းလမ္းျဖစ္တဲ့ ၅၀ ဆိုတာက အသက္ရွင္ေနထိုင္ေရး အတြက္ပါ။ ဝင္ေငြရဲ႕ ၅၀ ရာခိုင္ႏႈန္းကို ေန႔စဥ္ စားသုံးမႈအတြက္ သုံးစြဲပါ။ ၃၀ ရာခိုင္ႏႈန္းကိုေတာ့ တကိုယ္ရည္ပစၥည္းေတြ အတြက္ သုံးစြဲရမွာ ျဖစ္ပါတယ္။ သင္ဝါသနာပါရာေတြကို ဝယ္ဖို႔နဲ႔ စိတ္အပန္းေျဖဖို႔အတြက္ သုံးသင့္ပါတယ္။ က်န္တဲ့ ၂၀ ရာခိုင္ႏႈန္းကိုေတာ့ စုျဖစ္ေအာင္ စုပါလို႔ အႀကံေပးခ်င္ပါတယ္။ ဒါမွသာ အေရးကိစၥ တခုခု ေပၚေပါက္လာခဲ့ရင္ သင့္မွာ ေငြရွိေနမွာ ျဖစ္ပါတယ္။

(၂) ေအာင္ျမင္တဲ့သူေတြနဲ႔ အေပါင္းအသင္းလုပ္ပါ

ေအာင္ျမင္တဲ့သူေတြနဲ႔ အေပါင္းအသင္းလုပ္ပါလို႔ ေျပာတာဟာ ေအာင္ျမင္တဲ့သူေတြနားမွာ ကပ္ၿပီး ဖားေနရမယ္လို႔ ဆိုလိုတာ မဟုတ္ဘူးဆိုတာကို ကြဲကြဲျပားျပားသိေနဖို႔ လိုအပ္ပါတယ္။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုတဲ့ အတိုင္းပါပဲ။ သင့္နားမွာ ေအာင္ျမင္တဲ့သူေတြကို ေန႔တိုင္းေတြ႕ေနရတယ္ဆိုရင္ သင့္ရဲ႕ မသိစိတ္ထဲမွာေရာ သိစိတ္ထဲမွာပါ အလုပ္ႀကိဳးစားလိုစိတ္ေတြ ကိန္းေအာင္းေနပါလိမ့္မယ္။

သင့္အနီးအနားက လူေတြဟာ သင့္ကို ပိုျမင့္မားတဲ့ အိပ္မက္ေတြကို မက္ႏိုင္ေအာင္ တြန္းအားေပးျခင္း၊ ကူညီျခင္းေတြ လုပ္ႏိုင္သလို သင့္ေဘးကလူေတြကပဲ သင့္ဘဝကို နိမ့္က်သြားေအာင္အထိ ဆြဲခ်သြားႏိုင္လို႔ အေပါင္းအသင္းကို ဂ႐ုစိုက္ဖို႔ လိုပါတယ္။ အဲဒါေတြထက္ အေရးႀကီးတာကေတာ့ သင္ကိုယ္တိုင္လည္း အေပါင္းအသင္းေကာင္းျဖစ္ေနဖို႔ လိုအပ္ပါတယ္။

(၃) ေငြက အေရးအႀကီးဆုံး မဟုတ္ပါဘူး

ေန႔စဥ္ဘဝမွာ ေငြက အေရးႀကီးတာ မွန္ပါတယ္။ ဒါေပမဲ့ ေငြၿပီးရင္းေငြ ျဖစ္ေနစရာေတာ့ မလိုပါဘူး။ သင္ခ်စ္တဲ့ မိသားစု၊သူငယ္ခ်င္းေတြကို အခ်ိန္ေပးဖို႔ ခ်စ္ခင္တဲ့ စိတ္နဲ႔ ေနႏိုင္ဖို႔ အေရးႀကီးပါေသးတယ္။ ေငြက အေရးႀကီးတယ္ဆိုေပမယ့္ ေငြေနာက္ကို လိုက္ဖို႔ အတြက္ သင့္ရဲ႕ က်န္းမာေရး၊ မိသားစုနဲ႔ သင့္ရဲ႕ ကိုယ္ပိုင္ဘဝကို မစြန႔္လႊတ္လိုက္ပါနဲ႔လို႔ အသက္ ၃၁ ႏွစ္အ႐ြယ္ အေမရိကန္ႏိုင္ငံသား သန္းႂကြယ္သူေဌး တဦးျဖစ္တဲ့ Grant Sabatier က အႀကံေပးထားပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ပိုက်ဆံ ချမ်းသာလာဖို့ဆိုတာ လူတိုင်းရဲ့ ဘဝမှာ စိတ်ကူးယဉ် အိပ်မက်ပါ။ မြန်မာနိုင်ငံမှာဆို ချမ်းသာဖို့က ပိုပြီး ခက်ခဲပါတယ်။ ဒါပေမဲ့ ချောင်လည်တဲ့ ဘဝကို မြန်မြန်ရောက်ဖို့အတွက် သန်းကြွယ်သူဌေးတွေဆီက သင်ယူနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ နှစ်သစ်ကို ရောက်တော့မယ်ဆိုတော့ ၂၀၁၉ ဟာ ကိုယ့်အတွက် ကောင်းမွန်တဲ့ နှစ်တနှစ် ဖြစ်ဖို့အတွက် လျှို့ဝှက်နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ၅၀၊ ၃၀၊၂၀ စည်းမျဉ်း

ဒီစည်းမျဉ်းကတော့ ငွေကြေးစုဆောင်းတဲ့ နေရာမှာ အသုံးဝင်ပါတယ်။ ပထမဆုံး နည်းလမ်းဖြစ်တဲ့ ၅၀ ဆိုတာက အသက်ရှင်နေထိုင်ရေး အတွက်ပါ။ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို နေ့စဉ် စားသုံးမှုအတွက် သုံးစွဲပါ။ ၃၀ ရာခိုင်နှုန်းကိုတော့ တကိုယ်ရည်ပစ္စည်းတွေ အတွက် သုံးစွဲရမှာ ဖြစ်ပါတယ်။ သင်ဝါသနာပါရာတွေကို ဝယ်ဖို့နဲ့ စိတ်အပန်းဖြေဖို့အတွက် သုံးသင့်ပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ စုဖြစ်အောင် စုပါလို့ အကြံပေးချင်ပါတယ်။ ဒါမှသာ အရေးကိစ္စ တခုခု ပေါ်ပေါက်လာခဲ့ရင် သင့်မှာ ငွေရှိနေမှာ ဖြစ်ပါတယ်။

(၂) အောင်မြင်တဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်ပါ

အောင်မြင်တဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်ပါလို့ ပြောတာဟာ အောင်မြင်တဲ့သူတွေနားမှာ ကပ်ပြီး ဖားနေရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးဆိုတာကို ကွဲကွဲပြားပြားသိနေဖို့ လိုအပ်ပါတယ်။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုတဲ့ အတိုင်းပါပဲ။ သင့်နားမှာ အောင်မြင်တဲ့သူတွေကို နေ့တိုင်းတွေ့နေရတယ်ဆိုရင် သင့်ရဲ့ မသိစိတ်ထဲမှာရော သိစိတ်ထဲမှာပါ အလုပ်ကြိုးစားလိုစိတ်တွေ ကိန်းအောင်းနေပါလိမ့်မယ်။

သင့်အနီးအနားက လူတွေဟာ သင့်ကို ပိုမြင့်မားတဲ့ အိပ်မက်တွေကို မက်နိုင်အောင် တွန်းအားပေးခြင်း၊ ကူညီခြင်းတွေ လုပ်နိုင်သလို သင့်ဘေးကလူတွေကပဲ သင့်ဘဝကို နိမ့်ကျသွားအောင်အထိ ဆွဲချသွားနိုင်လို့ အပေါင်းအသင်းကို ဂရုစိုက်ဖို့ လိုပါတယ်။ အဲဒါတွေထက် အရေးကြီးတာကတော့ သင်ကိုယ်တိုင်လည်း အပေါင်းအသင်းကောင်းဖြစ်နေဖို့ လိုအပ်ပါတယ်။

(၃) ငွေက အရေးအကြီးဆုံး မဟုတ်ပါဘူး

နေ့စဉ်ဘဝမှာ ငွေက အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ ငွေပြီးရင်းငွေ ဖြစ်နေစရာတော့ မလိုပါဘူး။ သင်ချစ်တဲ့ မိသားစု၊သူငယ်ချင်းတွေကို အချိန်ပေးဖို့ ချစ်ခင်တဲ့ စိတ်နဲ့ နေနိုင်ဖို့ အရေးကြီးပါသေးတယ်။ ငွေက အရေးကြီးတယ်ဆိုပေမယ့် ငွေနောက်ကို လိုက်ဖို့ အတွက် သင့်ရဲ့ ကျန်းမာရေး၊ မိသားစုနဲ့ သင့်ရဲ့ ကိုယ်ပိုင်ဘဝကို မစွန့်လွှတ်လိုက်ပါနဲ့လို့ အသက် ၃၁ နှစ်အရွယ် အမေရိကန်နိုင်ငံသား သန်းကြွယ်သူဌေး တဦးဖြစ်တဲ့ Grant Sabatier က အကြံပေးထားပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top