iMyanmarHouse.com - Best Property Website for Myanmar
×


ဒီတပတ္ ထုတ္လႊင့္ျပသေတာ့မယ့္ Running Man အစီအစဥ္ကေတာ့ စိတ္လႈပ္ရွား ရင္ခုန္စရာျဖစ္လာမယ္လို႔ ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကပါတယ္။ အေၾကာင္းရင္းကလည္း သစ္ကုလားအုပ္လို႔ ခ်စ္စႏိုးေခၚၾကတဲ့ လီဂြမ္ဆူရဲ႕ အခ်စ္ေရးသတင္းေတြအေၾကာင္းကို ၾကားသိရမယ့္ အထူးစပါရွယ္ ေတြ႕ဆုံပြဲေလးလည္း ပါဝင္လို႔ပါ။

ဇန္နဝါရီလ ၁၃ ရက္ေန႔ (ယေန႔) ထုတ္လႊင့္ျပသေတာ့မယ့္ Running Man အပိုင္းသစ္မွာ မင္းသမီး လီဆူဘင္နဲ႔ ခ်စ္သူေတြ ျဖစ္ေနၾကတဲ့ လီဂြမ္ဆူသတင္းကို တြဲဖက္အဖြဲ႕ဝင္ေတြ အမ်ိဳးမ်ိဳး ထင္ေၾကးေပးၾကေတာ့မွာပါ။ အစီအစဥ္ အဖြင့္မွာတင္ ပရိသတ္ေတြ အံ့ၾသသြားေအာင္ လီဂြမ္ဆူရဲ႕ သတင္းနဲ႔ စတင္မယ့္ ေတြ႕ဆုံပြဲေလး စီစဥ္ထားပါတယ္။

ဒီေတြ႕ဆုံပြဲမွာ လီဂြမ္ဆူဟာ တျခား အဖြဲ႕ဝင္ေတြ ေမးမယ့္ ေမးခြန္းေတြကို ေျဖဆိုေပးရေတာ့မွာပါ။ ဒါေၾကာင့္လည္း သူက “Dating သတင္းထြက္ၿပီး အေၾကာက္ဆုံးအခ်ိန္ကေတာ့ ဒီတပတ္ ေသာၾကာေန႔ပါပဲ။ တခါေမးရင္ တေယာက္ကို တခုစီပဲေမးၾကပါ”လို႔ ဆိုပါတယ္။

ေတြ႕ဆုံပြဲမွာ ယူဂ်ယ္ေဆာ့ကေတာ့ လီဂြမ္ဆူတို႔ စုံတြဲအတြက္ ခ်စ္စႏိုးနာမည္ေျပာင္ေလး ေပးခဲ့ပါေသးတယ္။ ၂ ေယာက္လုံးရဲ႕ မ်ိဳး႐ိုးနာမည္ေတြက Lee ျဖစ္တာေၾကာင့္ “Ri-Ri Couple” ကိုရီးယားလို ထာဝရအခ်စ္မ်ားစြာ အဓိပၸာယ္နဲ႔ ေပးခဲ့တာလို႔ ရွင္းျပေနခ်ိန္မွာ လီဂြမ္ဆူကေတာ့ ရွက္ၿပဳံးၿပဳံးၿပီး ေခါင္းေတာင္ မေဖာ္ႏိုင္ပါဘူး။

ဆက္ၿပီး ယူဂ်ယ္ေဆာ့က လီဂြမ္ဆူရဲ႕ အရင္းႏွီးဆုံးသူငယ္ခ်င္း ေဆာင္ဂြၽန္ကီနဲ႔ ေဆာင္ေဟဂို (song song couple) စုံတြဲနဲ႔အၿပိဳင္ Ri Ri Couple ေပၚထြက္လာၿပီလို႔ မွတ္ခ်က္ျပဳလိုက္တဲ့ စကားကို အကုန္လုံးက သေဘာက် ရယ္ေမာခဲ့ၾကပါတယ္။

လီဂြမ္ဆူနဲ႔ လီဆူဘင္းတို႔ရဲ႕ Dating သတင္းကို ၂၀၁၈ ခုႏွစ္ေနာက္ဆုံးရက္ ဒီဇင္ဘာ ၃၁ ရက္က တရားဝင္ထုတ္ ျပန္ခဲ့တာပါ။ Running Man အစီအစဥ္ကတဆင့္ ခင္မင္သြားရာက ၂၀၁၈ ခုႏွစ္ထဲမွာ ခ်စ္သူေတြျဖစ္သြားခဲ့ၾကၿပီး ခ်စ္သူသက္တမ္း ၅ လရွိၿပီလို႔ ဆိုပါတယ္။

ႀကိဳတင္႐ိုက္ကူးထားတဲ့ လီဂြမ္ဆူသတင္းေတြနဲ႔ ရယ္ေမာေပ်ာ္႐ႊင္ရမယ့္ Running Man အပိုင္းသစ္ကို SBS ႐ုပ္သံလိုင္းကေန ဇန္နဝါရီလ ၁၃ ရက္ေန႔(ယေန႔)မွာ  ထုတ္လႊင့္ျပသေပးသြားမွာ ျဖစ္ပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ဒီတပတ် ထုတ်လွှင့်ပြသတော့မယ့် Running Man အစီအစဉ်ကတော့ စိတ်လှုပ်ရှား ရင်ခုန်စရာဖြစ်လာမယ်လို့ ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။ အကြောင်းရင်းကလည်း သစ်ကုလားအုပ်လို့ ချစ်စနိုးခေါ်ကြတဲ့ လီဂွမ်ဆူရဲ့ အချစ်ရေးသတင်းတွေအကြောင်းကို ကြားသိရမယ့် အထူးစပါရှယ် တွေ့ဆုံပွဲလေးလည်း ပါဝင်လို့ပါ။

ဇန်နဝါရီလ ၁၃ ရက်နေ့ (ယနေ့) ထုတ်လွှင့်ပြသတော့မယ့် Running Man အပိုင်းသစ်မှာ မင်းသမီး လီဆူဘင်နဲ့ ချစ်သူတွေ ဖြစ်နေကြတဲ့ လီဂွမ်ဆူသတင်းကို တွဲဖက်အဖွဲ့ဝင်တွေ အမျိုးမျိုး ထင်ကြေးပေးကြတော့မှာပါ။ အစီအစဉ် အဖွင့်မှာတင် ပရိသတ်တွေ အံ့သြသွားအောင် လီဂွမ်ဆူရဲ့ သတင်းနဲ့ စတင်မယ့် တွေ့ဆုံပွဲလေး စီစဉ်ထားပါတယ်။

ဒီတွေ့ဆုံပွဲမှာ လီဂွမ်ဆူဟာ တခြား အဖွဲ့ဝင်တွေ မေးမယ့် မေးခွန်းတွေကို ဖြေဆိုပေးရတော့မှာပါ။ ဒါကြောင့်လည်း သူက “Dating သတင်းထွက်ပြီး အကြောက်ဆုံးအချိန်ကတော့ ဒီတပတ် သောကြာနေ့ပါပဲ။ တခါမေးရင် တယောက်ကို တခုစီပဲမေးကြပါ”လို့ ဆိုပါတယ်။

တွေ့ဆုံပွဲမှာ ယူဂျယ်ဆော့ကတော့ လီဂွမ်ဆူတို့ စုံတွဲအတွက် ချစ်စနိုးနာမည်ပြောင်လေး ပေးခဲ့ပါသေးတယ်။ ၂ ယောက်လုံးရဲ့ မျိုးရိုးနာမည်တွေက Lee ဖြစ်တာကြောင့် “Ri-Ri Couple” ကိုရီးယားလို ထာဝရအချစ်များစွာ အဓိပ္ပာယ်နဲ့ ပေးခဲ့တာလို့ ရှင်းပြနေချိန်မှာ လီဂွမ်ဆူကတော့ ရှက်ပြုံးပြုံးပြီး ခေါင်းတောင် မဖော်နိုင်ပါဘူး။

ဆက်ပြီး ယူဂျယ်ဆော့က လီဂွမ်ဆူရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ဆောင်ဂျွန်ကီနဲ့ ဆောင်ဟေဂို (song song couple) စုံတွဲနဲ့အပြိုင် Ri Ri Couple ပေါ်ထွက်လာပြီလို့ မှတ်ချက်ပြုလိုက်တဲ့ စကားကို အကုန်လုံးက သဘောကျ ရယ်မောခဲ့ကြပါတယ်။

လီဂွမ်ဆူနဲ့ လီဆူဘင်းတို့ရဲ့ Dating သတင်းကို ၂၀၁၈ ခုနှစ်နောက်ဆုံးရက် ဒီဇင်ဘာ ၃၁ ရက်က တရားဝင်ထုတ် ပြန်ခဲ့တာပါ။ Running Man အစီအစဉ်ကတဆင့် ခင်မင်သွားရာက ၂၀၁၈ ခုနှစ်ထဲမှာ ချစ်သူတွေဖြစ်သွားခဲ့ကြပြီး ချစ်သူသက်တမ်း ၅ လရှိပြီလို့ ဆိုပါတယ်။

ကြိုတင်ရိုက်ကူးထားတဲ့ လီဂွမ်ဆူသတင်းတွေနဲ့ ရယ်မောပျော်ရွှင်ရမယ့် Running Man အပိုင်းသစ်ကို SBS ရုပ်သံလိုင်းကနေ ဇန်နဝါရီလ ၁၃ ရက်နေ့(ယနေ့)မှာ  ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top