iMyanmarHouse.com - Best Property Website for Myanmar
×


နာက်င္မႈဆုိတာ တစ္ေနရာရာမွာ ေရာဂါတစ္ခုခုျဖစ္ေနျပီဆုိတာကုိ သိသိသာသာ အျပႏုိင္ဆုံး နည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဒါေပမဲ့ ေနရာတစ္ခုမွာ နာက်င္ေနတုိင္း အဲ့ဒီေနရာမွာ ေရာဂါျဖစ္ေနတယ္လုိ႔ မဆုိႏုိင္ပါဘူး။ တျခားေနရာမွာ ျဖစ္ေနတဲ့ေရာဂါက ုိ ဒီေနရာမွာျပတတ္တဲ့အတြက္ လူေတြက မသိရွိဘဲ ေက်ာ္သြားတတ္ၾကပါတယ္။ ဒါကုိလ်စ္လ်ဴရႈမိရင္ အသက္အႏၱရာယ္ ျဖစ္ေစႏုိင္တဲ့ အျဖစ္ၾကံဳရႏုိင္တာေၾကာင့္ ဘယ္ေနရာကနာရင္ ဘယ္ကုိယ္တြင္း အဂၤါမွာေရာဂါျဖစ္ေနလဲဆုိတာ သိထားသင့္ပါတယ္။

ႏွလုံး

အမ်ားအားျဖင့္ ရင္ဘတ္တ၀ုိက္မွာနာက်င္တတ္ပါတယ္။ ဒါေပမဲ့တခါတေလ ညာလက္ေမာင္းနဲ႔ ေက်ာအေပၚဘက္လည္း နာက်င္ႏုိင္ပါတယ္။ ခႏၶာကုိ္ယ္ရဲ႔ ဘယ္ဘက္အျခမ္းနာက်င္ရင္ ႏွလုံးနဲ႔ ပတ္သက္ႏုိင္တာေၾကာင့္ သတိျပဳသင့္ပါတယ္။

အဆုတ္နဲ႔ ဝမ္းဗုိက္ကာၾကြက္သား

လည္ပင္းနဲ႕ ပခုံးအေပၚဘက္နာက်င္တတ္ပါတယ္။

အသည္းနဲ႔ သည္းေျခအိတ္

ပထမဆုံးသေကၤတအျဖစ္ လည္ပင္းနဲ႔ ပခုံးအေပၚဘက္ နာက်င္ျပီးေနာက္မွာ ခႏၶာကုိ္ယ္ရဲ႔ ညာဘက္အျခမ္း နာက်င္လာတတ္ပါတယ္။

အစာအိမ္နဲ႔ သရက္ရြက္

၀မ္းဗုိက္နဲ႔ ေက်ာတ၀ိုက္ နာက်င္တတ္ပါတယ္။ နာတာရွည္ သရက္ရြက္ေရာင္ရမ္းနာေရာဂါဆုိရင္ ေက်ာဘက္မွာ ဆုိးဆုိးရြားရြားနာက်င္မႈ ခံစားရတတ္ပါတယ္။

အူသိမ္

ခ်က္တ၀ုိ္က္ နာက်င္မႈ ခံစားရတတ္ပါတယ္။ ဒီလုိနာက်င္မႈမ်ဳိးခံစားရရင္ ဆရာ၀န္နဲ႔ေသခ်ာစြာ စစ္ေဆးၾကည့္ဖုိ႔ လုိပါတယ္။

အူမၾကီး

အူအတက္ေပါက္ျခင္းျဖစ္လွ်င္ ၀မ္းဗိုက္ညာဘက္ ေအာက္တျပင္လုံး စူးစူးရွရွနာက်င္တတ္ပါတယ္။ ၀မ္းဗုိက္ေအာက္ အလယ္ပုိင္းနား တ၀ိုက္နာက်င္ရင္ အူမၾကီးနဲ႔ အစာေဟာင္းအိမ္ေရာဂါ ခံစားေနရ တာ ျဖစ္ႏုိင္ပါတယ္။

 ေက်ာက္ကပ္

 ေက်ာက္ကပ္ေရာဂါက ေရာဂါရွာေဖြရ ခက္ခဲတတ္ပါတယ္။ လမ္းေလွ်ာက္တဲ့အခါ ေက်ာေအာက္ပုိင္း၊၀မ္းဗုိက္ေအာက္ပို္င္းနဲ႔ ေပါင္တ၀ိုက္နာက်င္မႈ ခံစားရတတ္ပါတယ္။

ဆီးအိတ္

ဆီးခုံ ေအာက္ပုိင္းနာက်င္မႈ ခံစားရတတ္ပါတယ္။

Credit:Popolay

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

နာကျင်မှုဆိုတာ တစ်နေရာရာမှာ ရောဂါတစ်ခုခုဖြစ်နေပြီဆိုတာကို သိသိသာသာ အပြနိုင်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ နေရာတစ်ခုမှာ နာကျင်နေတိုင်း အဲ့ဒီနေရာမှာ ရောဂါဖြစ်နေတယ်လို့ မဆိုနိုင်ပါဘူး။ တခြားနေရာမှာ ဖြစ်နေတဲ့ရောဂါက ို ဒီနေရာမှာပြတတ်တဲ့အတွက် လူတွေက မသိရှိဘဲ ကျော်သွားတတ်ကြပါတယ်။ ဒါကိုလျစ်လျူရှုမိရင် အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ အဖြစ်ကြုံရနိုင်တာကြောင့် ဘယ်နေရာကနာရင် ဘယ်ကိုယ်တွင်း အင်္ဂါမှာရောဂါဖြစ်နေလဲဆိုတာ သိထားသင့်ပါတယ်။

နှလုံး

အများအားဖြင့် ရင်ဘတ်တဝိုက်မှာနာကျင်တတ်ပါတယ်။ ဒါပေမဲ့တခါတလေ ညာလက်မောင်းနဲ့ ကျောအပေါ်ဘက်လည်း နာကျင်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အခြမ်းနာကျင်ရင် နှလုံးနဲ့ ပတ်သက်နိုင်တာကြောင့် သတိပြုသင့်ပါတယ်။

အဆုတ်နဲ့ ဝမ်းဗိုက်ကာကြွက်သား

လည်ပင်းနဲ့ ပခုံးအပေါ်ဘက်နာကျင်တတ်ပါတယ်။

အသည်းနဲ့ သည်းခြေအိတ်

ပထမဆုံးသင်္ကေတအဖြစ် လည်ပင်းနဲ့ ပခုံးအပေါ်ဘက် နာကျင်ပြီးနောက်မှာ ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်း နာကျင်လာတတ်ပါတယ်။

အစာအိမ်နဲ့ သရက်ရွက်

ဝမ်းဗိုက်နဲ့ ကျောတဝိုက် နာကျင်တတ်ပါတယ်။ နာတာရှည် သရက်ရွက်ရောင်ရမ်းနာရောဂါဆိုရင် ကျောဘက်မှာ ဆိုးဆိုးရွားရွားနာကျင်မှု ခံစားရတတ်ပါတယ်။

အူသိမ်

ချက်တဝိုက် နာကျင်မှု ခံစားရတတ်ပါတယ်။ ဒီလိုနာကျင်မှုမျိုးခံစားရရင် ဆရာဝန်နဲ့သေချာစွာ စစ်ဆေးကြည့်ဖို့ လိုပါတယ်။

အူမကြီး

အူအတက်ပေါက်ခြင်းဖြစ်လျှင် ဝမ်းဗိုက်ညာဘက် အောက်တပြင်လုံး စူးစူးရှရှနာကျင်တတ်ပါတယ်။ ဝမ်းဗိုက်အောက် အလယ်ပိုင်းနား တဝိုက်နာကျင်ရင် အူမကြီးနဲ့ အစာဟောင်းအိမ်ရောဂါ ခံစားနေရ တာ ဖြစ်နိုင်ပါတယ်။

 ကျောက်ကပ်

 ကျောက်ကပ်ရောဂါက ရောဂါရှာဖွေရ ခက်ခဲတတ်ပါတယ်။ လမ်းလျှောက်တဲ့အခါ ကျောအောက်ပိုင်း၊ဝမ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်တဝိုက်နာကျင်မှု ခံစားရတတ်ပါတယ်။

ဆီးအိတ်

ဆီးခုံ အောက်ပိုင်းနာကျင်မှု ခံစားရတတ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top