iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါ ပ်ိဳေမေလးတို႔ေရ။ မိန္းကေလးသဘာဝလွခ်င္ၾကတာေပါ့ေနာ္။ ဒါေပမယ့္ ဝက္ၿခံေလးေတြေပါက္ခဲ့တဲ့ေနရာကေန အမာရြတ္ေလးေတြက်န္ခဲ့ရင္ အႀကီးအက်ယ္စိတ္ညစ္ရတာေပါ့။ အဲ့ဒီအတြက္ေတာ့လံုးဝမပူပါနဲ႔ေနာ္။

ဒီေန႔မွာေတာ့ ပ်ိဳေမေလးတို႔အတြက္ ဝက္ျခံအမာရြတ္ေတြကို အိမ္တြင္းသံုးပစၥည္းေလးေတြနဲ႔ ဘယ္လိုေပါင္းတင္ၿပီး သက္သာေအာင္လုပ္လို႔ရတယ္ဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္႐ွင္။

1.႐ွားေစာင္းလပတ္

႐ွားေစာင္းကေတာ့အသားအေရေကာင္းေစတဲ့ေနရာမွာ ဆရာတစ္ဆူဆိုတာပ်ိဳေမတို႔သိၿပီးသားျဖစ္မွာပါေနာ္ ၿပီးေတာ့ ဗီတာမင္ဒီ ဗီတာမင္အီး ဇင့္ဓာတ္တို႔ပါဝင္တဲ့အတြက္ ပ်က္စီးေနတဲ့အသားအေရအတြက္အသင့္ေလ်ာ္ဆံုးပဲျဖစ္ပါတယ္

လုပ္နည္းအၫႊန္း

1. ႐ွားေစာင္း ကို သံပုရာရည္ (စားပြဲတင္ဇြန္း၁ဇြန္း)ႏွင့္ေရာေမႊပါ။

2. ရလာသည့္အရည္ျဖင့္ အမာရြတ္႐ွိသည့္ေနရာကို ၁၀မိနစ္ခန္႔လိမ္းသုတ္ေပးပါ။

3. ထို႔ေနာက္ေရစင္စင္ျဖင့္ေဆးေၾကာပါ။

2. သခြားသီး

ကဲ… သခြားသီးေလးနဲ႔ေပါင္းတင္တာကေတာ့ ကိုရီးယားကားေတြမွာ ျမင္ဖူးေနၾကမို႔ မစိမ္းေလာက္ပါဘူးေနာ္။ ဒါေပမဲ့ ဒီနည္းေလးမွာေတာ့ ဒိန္ခ်ဥ္ေလးပါထည့္ၿပီးျပဳလုပ္ေပးရမွာပဲျဖစ္ပါတယ္။ သခြားသီးကေရဓာတ္လည္းျပည့္ဝေစတဲ့အတြက္ မ်က္ႏွာေလးကၾကည္ၾကည္ေအးေအးေလးျဖစ္ေနမွာပါ။

လုပ္နည္းအဆင့္ဆင့္

1. အခြံခြာထားသည့္ သခြားသီးတစ္လံုးႏွင့္ ဒိန္ခ်ဥ္ (စားပြဲတင္ဇြန္း၁ဇြန္း) ကို ေရာေမႊၿပီးႀကိတ္ပါ။

2. ထို႔ေနာက္ မ်က္ႏွာေပၚတြင္လိမ္းေပးၿပီး ၁၀မိနစ္ၾကာသည့္အခါ ေရေဆးေၾကာေပးပါ။

3. အာလူး , ခရမ္းခ်ဥ္သီး

အားလူးနဲ႔ခရမ္းခ်ဥ္သီးကေတာ့ က်န္းမာေရးေကာင္းေစရံုသာမက အသားအေရေကာင္းေစဖို႔အတြက္လည္း နံပါတ္တစ္ေျပးေနတဲ့ အိမ္တြင္းသံုးအလွအပေရးရာအသီးအႏွံေတြဆိုလည္းမမွားဘူးေနာ္။ ဝက္ျခံအမာရြတ္ေပ်ာက္ေအာင္လည္း လုပ္ေပးႏိုင္တဲ့အက်ိဳးအာနိသင္ေတြ႐ွိလို႔ စမ္းလုပ္ၾကည့္ေစခ်င္ပါတယ္။

လုပ္နည္းအဆင့္ဆင့္

1. သန္႔စင္ထားေသာအာလူးတစ္လံုးႏွင့္ ခရမ္းခ်ဥ္သီးတစ္လံုး ( အေစ့ပါေသာ)အား ေဖ်ာ္ရည္စက္ထဲသို႔ထည့္ႀကိတ္ပါ။

2. ရလာသည့္အရည္ကို သံလြင္ဆီ အနည္းငယ္ေရာကာ မ်က္ႏွာေပၚတြင္သုတ္လိမ္းပါ။

3. မိနစ္၂၀ၾကာၿပီးေနာက္ေရစင္စင္ျဖင့္ေဆးေၾကာပါ။

4. ပ်ားရည္ ႏွင့္ သံပရိုသီး

ပ်ားရည္နဲ႔လီမြန္တို႔ကေတာ့ ဝက္ျခံအမာရြတ္ေတြကို ေပ်ာက္ကင္းေအာင္သံုးတဲ့ေနရာမွာ ေရပန္းစားဆံုးဆိုတာ သိမယ္လို႔ထင္ပါတယ္။ ဒီနည္းေလးကေတာ့ ျပဳလုပ္ရလြယ္ကူၿပီး အက်ိဳးသက္ေရာက္မႈအားလည္းေကာင္းပါတယ္ေနာ္။

လုပ္နည္းအဆင့္ဆင့္

1. လီမြန္(အရည္ညႇစ္ၿပီး) ႏွင့္ ပ်ားရည္ကိုေရာပါ။

2. မ်က္ႏွာကိုေဆးေၾကာသန္႔စင္ၿပီးပါက အရည္ကိုမ်က္ႏွာေပၚသို႔မိနစ္၃၀ခန္႔သုတ္လိမ္းေပးပါ။

ကဲ ဒီနည္းေလးေတြကို တစ္ပတ္ကိုႏွစ္ႀကိမ္ျပဳလုပ္ေပးရင္ေတာ့ ဝက္ျခံအမာရြတ္ေလးေပ်ာက္ကင္းၿပီး ၾကည္လင္ဝင္းပတဲ့အသားအေရေလးရ႐ွိမွာပါ။ တစ္ခုသတိထားရမွာေတာ့ အသားအေရေကာင္းမြန္ဖို႔အတြက္ဆိုရင္ေတာ့ Suncream ကို မျဖစ္မေနသံုးေပးဖို႔နဲ႔ Cleansing Step ေလးေတြကို ေသခ်ာလုပ္ေပးဖို႔ေတာ့ မေမ့ပါနဲ႔ေနာ္။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unocode Version#
မင်္ဂလာပါ ပျိုမေလေးတို့ရေ။ မိန်းကလေးသဘာဝလှချင်ကြတာပေါ့နော်။ ဒါပေမယ့် ဝက်ခြံလေးတွေပေါက်ခဲ့တဲ့နေရာကနေ အမာရွတ်လေးတွေကျန်ခဲ့ရင် အကြီးအကျယ်စိတ်ညစ်ရတာပေါ့။ အဲ့ဒီအတွက်တော့လုံးဝမပူပါနဲ့နော်။

ဒီနေ့မှာတော့ ပျိုမေလေးတို့အတွက် ဝက်ခြံအမာရွတ်တွေကို အိမ်တွင်းသုံးပစ္စည်းလေးတွေနဲ့ ဘယ်လိုပေါင်းတင်ပြီး သက်သာအောင်လုပ်လို့ရတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်ရှင်။

1.ရှားစောင်းလပတ်

ရှားစောင်းကတော့အသားအရေကောင်းစေတဲ့နေရာမှာ ဆရာတစ်ဆူဆိုတာပျိုမေတို့သိပြီးသားဖြစ်မှာပါနော် ပြီးတော့ ဗီတာမင်ဒီ ဗီတာမင်အီး ဇင့်ဓာတ်တို့ပါဝင်တဲ့အတွက် ပျက်စီးနေတဲ့အသားအရေအတွက်အသင့်လျော်ဆုံးပဲဖြစ်ပါတယ်

လုပ်နည်းအညွှန်း

1. ရှားစောင်း ကို သံပုရာရည် (စားပွဲတင်ဇွန်း၁ဇွန်း)နှင့်ရောမွှေပါ။

2. ရလာသည့်အရည်ဖြင့် အမာရွတ်ရှိသည့်နေရာကို ၁၀မိနစ်ခန့်လိမ်းသုတ်ပေးပါ။

3. ထို့နောက်ရေစင်စင်ဖြင့်ဆေးကြောပါ။

2. သခွားသီး

ကဲ… သခွားသီးလေးနဲ့ပေါင်းတင်တာကတော့ ကိုရီးယားကားတွေမှာ မြင်ဖူးနေကြမို့ မစိမ်းလောက်ပါဘူးနော်။ ဒါပေမဲ့ ဒီနည်းလေးမှာတော့ ဒိန်ချဉ်လေးပါထည့်ပြီးပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ သခွားသီးကရေဓာတ်လည်းပြည့်ဝစေတဲ့အတွက် မျက်နှာလေးကကြည်ကြည်အေးအေးလေးဖြစ်နေမှာပါ။

လုပ်နည်းအဆင့်ဆင့်

1. အခွံခွာထားသည့် သခွားသီးတစ်လုံးနှင့် ဒိန်ချဉ် (စားပွဲတင်ဇွန်း၁ဇွန်း) ကို ရောမွှေပြီးကြိတ်ပါ။

2. ထို့နောက် မျက်နှာပေါ်တွင်လိမ်းပေးပြီး ၁၀မိနစ်ကြာသည့်အခါ ရေဆေးကြောပေးပါ။

3. အာလူး , ခရမ်းချဉ်သီး

အားလူးနဲ့ခရမ်းချဉ်သီးကတော့ ကျန်းမာရေးကောင်းစေရုံသာမက အသားအရေကောင်းစေဖို့အတွက်လည်း နံပါတ်တစ်ပြေးနေတဲ့ အိမ်တွင်းသုံးအလှအပရေးရာအသီးအနှံတွေဆိုလည်းမမှားဘူးနော်။ ဝက်ခြံအမာရွတ်ပျောက်အောင်လည်း လုပ်ပေးနိုင်တဲ့အကျိုးအာနိသင်တွေရှိလို့ စမ်းလုပ်ကြည့်စေချင်ပါတယ်။

လုပ်နည်းအဆင့်ဆင့်

1. သန့်စင်ထားသောအာလူးတစ်လုံးနှင့် ခရမ်းချဉ်သီးတစ်လုံး ( အစေ့ပါသော)အား ဖျော်ရည်စက်ထဲသို့ထည့်ကြိတ်ပါ။

2. ရလာသည့်အရည်ကို သံလွင်ဆီ အနည်းငယ်ရောကာ မျက်နှာပေါ်တွင်သုတ်လိမ်းပါ။

3. မိနစ်၂၀ကြာပြီးနောက်ရေစင်စင်ဖြင့်ဆေးကြောပါ။

4. ပျားရည် နှင့် သံပရိုသီး

ပျားရည်နဲ့လီမွန်တို့ကတော့ ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းအောင်သုံးတဲ့နေရာမှာ ရေပန်းစားဆုံးဆိုတာ သိမယ်လို့ထင်ပါတယ်။ ဒီနည်းလေးကတော့ ပြုလုပ်ရလွယ်ကူပြီး အကျိုးသက်ရောက်မှုအားလည်းကောင်းပါတယ်နော်။

လုပ်နည်းအဆင့်ဆင့်

1. လီမွန်(အရည်ညှစ်ပြီး) နှင့် ပျားရည်ကိုရောပါ။

2. မျက်နှာကိုဆေးကြောသန့်စင်ပြီးပါက အရည်ကိုမျက်နှာပေါ်သို့မိနစ်၃၀ခန့်သုတ်လိမ်းပေးပါ။

ကဲ ဒီနည်းလေးတွေကို တစ်ပတ်ကိုနှစ်ကြိမ်ပြုလုပ်ပေးရင်တော့ ဝက်ခြံအမာရွတ်လေးပျောက်ကင်းပြီး ကြည်လင်ဝင်းပတဲ့အသားအရေလေးရရှိမှာပါ။ တစ်ခုသတိထားရမှာတော့ အသားအရေကောင်းမွန်ဖို့အတွက်ဆိုရင်တော့ Suncream ကို မဖြစ်မနေသုံးပေးဖို့နဲ့ Cleansing Step လေးတွေကို သေချာလုပ်ပေးဖို့တော့ မမေ့ပါနဲ့နော်။


Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top