iMyanmarHouse.com - Best Property Website for Myanmar
×
ဖရဲသီး
fruit1
သခွားမွှေး
fruit2
သရက်သီး
fruit3
နာနတ်သီး
fruit4
လိုင်ချီသီး
fruit5
မက်မန်းသီး
fruit6
Credit: MM
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
နွေရာသီက ဝိတ်ချလို့အဆင်ပြေဆုံး အချိန်ဖြစ်ပြီး ဝိတ်ချတဲ့ရာသီလို့လဲသိကြပါတယ်။ ဒီအချိန်မျိုးက နေလို့ကောင်းပြီး ဝိတ်ချချင်စိတ်တတ်ကြွစေပါတယ်။ ဝိတ်ချတဲ့အခါ အရောင်အသွေးစုံလင်တဲ့ သစ်သီးများနှင့် ဝိတ်ချမယ်ဆိုရင် ကောင်းမွန်ပါတယ်။ အာဟာရဓာတ်နှင့် အကျိူးရလဒ်များစွာပါဝင်တဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ သဘာဝသစ်သီးများက ဝိတ်ချတဲ့နေရာတွင် အသုံးဝင်ရုံသာမက အသားအရေကိုလဲ ကောင်းမွန်စေပါတယ်။ အသားအရေလဲ ကောင်းစေပြီး ဝိတ်လဲကျစေတဲ့ သစ်သီးများကို ဖော်ပြပေးလိုက်ရပါတယ်။
ဖရဲသီး
fruit1
ဖရဲသီးက ရေဓာတ် ၉၂ရာခိုင်နှုန်းပါဝင်ပြီး ဗီတာမင်အေ၊ ဘီစစ်၊ စီ၊ အမီနိုအက်စစ်၊ အမျှင်ဓာတ်အစရှိတဲ့ အရေးပါတဲ့ အာဟာရဓာတ်များပါဝင်ပါတယ်။
သခွားမွှေး
fruit2
ဒီအသီးတွင် ဗီတာမင်အေ များစွာပါဝင်ပြီး ဝိတ်ချဖို့အတွက် စားလို့ အဆင်ပြေတဲ့ အသီးဖြစ်ပါတယ်။ ကျန်းမာရေးကောင်းစေတဲ့ အစားအစာအဖြစ် မှတ်ယူလို့ရပါတယ်။ ချိုတဲ့အရသာပါဝင်တဲ့အတွက်ကြာင့် အချိုကြိုက်တဲ့ သူများအတွက် ကောင်းမွန်ပါတယ်။ နေ့တိုင်း ဒီအသီးကို စားကြည့်ပါ။
သရက်သီး
fruit3
သရက်သီးကလဲ ဝိတ်ချဖို့အတွက် ကောင်းမွန်ပါတယ်။ သစ်သီးတွင်ပါဝင်တဲ့ သကြားဒြပ် မြင့်မားစွာပါဝင်ပြီး ဝမ်းချုပ်တတ်သူများအတွက် ကောင်းမွန်စေတဲ့ ဗီတာမင်စီ၊ အေ၊ ဒီ နှင့် အမျှင်ဓာတ်များလဲ ပါဝင်ပါတယ်။
နာနတ်သီး
fruit4
နာနတ်သီးက တခါတရံ လျစ်လျူရှုခံရတဲ့ အသစ်ဖြစ်ပါတယ်။ ဒီအသီးတွင် ဝိတ်ချသူများအတွက် အဆင်ပြေစေတဲ့ အကျိုးအာနိသင်များစွာပါဝင်ပါတယ်။
လိုင်ချီသီး
fruit5
ဒီ အရသာရှိတဲ့ အသီးက အန်တီအောက်စီဒန့်အာနိသင်များစွာပါဝင်တဲ့အတွက်ကြောင့် ဝိတ်ချသူများအတွက် အဆင်ပြေပါတယ်။ အချိုပွဲအဖြစ် စားသုံးလို့ရပါတယ်။ ဒါပေမဲ့ ညစာစားပြီး ၁နာရီကြာမှသာ စားပါ။
မက်မန်းသီး
fruit6
မက်မန်းသီးက ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့အသီးဖြစ်ပါတယ်။ ထိုအသီးတွင် ပါဝင်တဲ့ အာဟာရဓာတ်များက သွေးဖိအားကို ထိန်းချုပ်ပေးပြိး ဝမ်းချုပ်ခြင်းကဲ့သို့ အစာအိမ်ပြဿနာများကို ဖြေလျော့စေပါတယ်။ ဆီးချိုရောဂါသမားများ နှင့် ဝိတ်ချသူများအတွက် သင့်တော်ပါတယ်။
Credit: MM
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top