iMyanmarHouse.com - Best Property Website for Myanmar
×





Credit: MM

ကျန်းမာရေး


#Unicode Version# ဖြင့်ဖတ်ပါ ။

ဆီဆိုတာက ချက်ပြုတ်၊ကြော်လှော်တဲ့နေရာမှာ အရေးပါပါတယ်။ ဟင်းလျာတွေကို အရသာပေးစွမ်းနိုင်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ အိမ်ထောင်စုတော်တော်များများက ချက်ပြီးသားဆီကို အလဟဿဖြစ်မှာကို လျော့ချဖို့အတွက် ထပ်ခါထပ်ခါ ပြန်သုံးကြပါတယ်။ ဒါပေမဲ့ ဒီလိုပြန်သုံးချင်တာ ကောင်းလား မကောင်းဘူးလားဆိုတာကို အောက်မှာ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြနော်။

ဆီကို ပြန်သုံးခြင်းက နီမြန်းခြင်းကို ဖြစ်စေတဲ့ free radicalတွေကို ဖန်တီးတဲ့အတွက် ရောဂါဖြစ်ပွားစေပါတယ်။ Free radicalတွေက ခန္ဓာကိုယ်အတွင်းမှ ကျန်းမာသန်စွမ်းတဲ့ဆဲလ်တွေကို တွဲကပ်ပြီး တိကျသေချာတဲ့ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ တစ်ခါတရံ Free radicalတွေက ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ ဆီကိုပြန်သုံးခြင်းက သွေးကြောပိတ်ခြင်းကို ဖြစ်စေနိုင်တဲ့ ဆိုးရွားတဲ့ကိုလက်စထရောတွေတိုးလာစေနိုင်ပါတယ်။ ဒါအပြင့် အချဉ်ပေါက်ခြင်း၊ နှလုံးရောဂါ၊ အယ်ဇိုင်မားရောဂါ၊ ပါကင်ဆန်ရောဂါ၊ အားခေါင်စေးကပ်ခြင်းအပါအဝင် ကျန်းမာရေးပြဿနာများစွာဖြစ်စေနိုင်ပါတယ်။

ကြော်လှော်ဖို့အတွက် တစ်ခါသုံးပြီးသားဆီကို နောက်ထပ် အသုံးမပြုသင့်ပါဘူး။ ဒါပေမဲ့ တစ်ချို့အကြောင်းအရာတွေမှာ အသုံးပြုခဲ့တဲ့ ဆီအမျိုးအစား၊ ဘယ်လောက်ကြာကြာအပူပေးခဲ့တာလဲ၊ ချက်ပြုတ်ခဲ့တဲ့အစားအစာအမျိုးအစားပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။
ချက်ပြုတ်ကြော်လှော်ပြီးလို့ ကျန်ခဲ့တဲ့ဆီတွေကို အအေးခံလိုက်ပြီး အဲဒီနောက် လေလုံတဲ့ဘူးထဲသို့ ပြောင်းထည့်သင့်ပါတယ်။ ထိုကဲ့သို့လုပ်ခြင်းက မျှော်မှန်းထားတာထက် ပိုပြီး ဆီတွေကို ပျက်စီးသွားနိုင်တဲ့ အစားအစာအပိုင်းအစလေးတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ ဆီကို ပြန်သုံးတဲ့အခါတိုင်း ဆီရဲ့အရောင်အသွေးတို့ကို စစ်ပါ။ ဆီက အနက်ရောင်ပြောင်းလာပြီး ချွဲကျိလာတာ၊ ပုံမှန်ထက် ဆီပျစ်လာပြီဆိုရင်တော့ လွှတ်ပစ်လိုက်ဖို့ အချိန်ကျပါပြီ။ ဆီက မီးခိုးအနံ့ထွက်နေပြီးဆိုရင်လဲ လွှတ်ပစ်လိုက်ပါ။ ရောဂါတော်တော်များများကို ဖြစ်ပွားစေနိုင်တဲ့ အဆိပ်ဖြစ်စေနိုင်တဲ့ဓာတ်တွေ ပါဝင်ပါတယ်။

ဆီတွေအားလုံးက ကွဲပြားကြပါတယ်။ ကြော်လှော်ဖို့အတွက် အဆင်ပြေတဲ့ ဆီတွေရှိသလို ကြော်လှော်တဲ့နေရာမှာ အသုံးမပြုသင့်တဲ့ဆီတွေလဲရှိပါတယ်။ သံလွင်ဆီကိုတော့ ကြော်လှော်ဖို့အတွက် အသုံးမပြုသင့်ပါဘူးနော်။

Credit: MM

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top