iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ေခတ္က နည္းပညာတိုးတက္လာတဲ့ အင္တာနက္ေခတ္ဆိုေတာ့ ဖုန္းေတြကို ညနက္တဲ့အထိသံုးၿပီး ေနာက္က်မွ အိပ္ရာဝင္ၾကတာက ထူးဆန္းတဲ့အရာမဟုတ္ေတာ့ပါဘူး။ လူတိုင္းနီးပါး ညနက္သန္းေခါင္မွ အိပ္ရာဝင္လာၾကပါၿပီ။ ဒါေပမဲ့ အိပ္ေရးပ်က္ျခင္းက လူကို အိုစာေစတဲ့အခ်က္ကိုေတာ့ သူတို႔ေတြ သတိမထားမိၾကပါဘူး။

လူတစ္ေယာက္မွာ အိပ္စက္ခ်ိန္ ၇ နာရီ၊ ၈ နာရီခန္႔ ႐ွိသင့္ပါတယ္။ ဒါမွ ေနာက္တစ္ေန႔ႏိုးထတဲ့အခါ ရႊင္လန္းတက္ၾကြေနမွာျဖစ္ၿပီး အသားအေရေလးကလည္း ၾကည္လင္ေနမွာျဖစ္ပါတယ္။ သင္ အိပ္စက္အနားယူေနတဲ့အခ်ိန္မွာ အေရျပားဆဲလ္ေတြက အားအင္ျပန္လည္ျဖည့္တင္းေပးရတာေၾကာင့္ ၂ နာရီ၊ ၃ နာရီေလာက္ပဲ အိပ္စက္ခ်ိန္႐ွိမယ္ဆိုရင္ ဆဲလ္ေလးေတြရဲ႕အားျဖည့္ခ်ိန္ နည္းပါးသြားတဲ့အတြက္ေၾကာင့္ အေရးအေၾကာင္းမ်ား၊ ဝက္ၿခံမ်ား၊ အသားအေရညစ္ႏြမ္းျခင္းမ်ား ျဖစ္ေပၚေနမွာပဲျဖစ္ပါတယ္။

အိပ္ေရးဝဝအိပ္တဲ့အခါ အလွအပအတြက္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ခံစားရ႐ွိမလဲ။

အေရးအေၾကာင္းမ်ား ကင္းစင္ျခင္း

အိပ္စက္ျခင္းက ႀကီးထြားမႈေဟာ္မုန္းကို ထုတ္လုပ္ေပးႏိုင္ဖို႔အတြက္ ခႏၶာကိုယ္ကို ကူညီအားျဖည့္ေပးပါတယ္။ အထူးသျဖင့္ ၈ နာရီၾကာ ျပည့္ျပည့္ဝဝ အိပ္စက္မယ္ဆိုရင္ ပိုမိုအားျဖည့္ေပးႏိုင္ပါတယ္။ ထိုေဟာ္မုန္းက အသားအေရ တင္းတင္းရင္းရင္းေလးျဖစ္ေစတာေၾကာင့္ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြကို ဖယ္႐ွားေပးမွာပဲျဖစ္ပါတယ္။

အသားအေရ ၾကည္လင္ေတာက္ပျခင္း

ေန႔ဘက္အခ်ိန္မွာ ဖုန္မႈန္႔နဲ႔ အညစ္အေၾကးဒဏ္၊ ခရမ္းလြန္ေနေရာင္ျခည္ဒဏ္တို႔ကို အေရျပားဆဲလ္က အလူးအလဲခံေနရတာပါ။ ထိုဆဲလ္ေလးေတြက ေန႔ဘက္မွာ ခံစားရတဲ့ဒဏ္ေတြကို ညဘက္အိပ္စက္အနားယူခ်ိန္မွာ ျပန္လည္အားျဖည့္ၿပီး အသစ္ျပဳျပင္ေပးၾကတာပါ။ ဒါ့ေၾကာင့္ ေနာက္တစ္ေန႔ မနက္လင္းတဲ့အခါ အသားအေရေလးက Glow ေနခ်င္တယ္ဆိုရင္ အိပ္ေရးဝဝအိပ္စက္ရပါမယ္။

မ်က္ကြင္းညိဳျခင္းမွ ကာကြယ္ေပးၿပီး မ်က္ဝန္းမ်ား ၾကည္လင္ေတာက္ပေစျခင္း

“ဟယ္… သူ႔မ်က္လံုးေလးက လွလိုက္တာ၊ သမင္မ်က္လံုးေလး က်ေနတာပဲ” လို႔ လူတိုင္းခ်ီးမြမ္းခံခ်င္ၾကပါတယ္။ ဒါေပမဲ့ အိပ္ေရးမဝဘူးဆိုရင္ေတာ့ မ်က္လံုးက ပင္ပန္းႏြမ္းနယ္တဲ့ပံုေပါက္ေနမွာျဖစ္ၿပီး ပန္ဒါမ်က္လံုးလို မ်က္ကြင္းညိဳေနမွာပဲျဖစ္ပါတယ္။ လွပတဲ့ မ်က္ဝန္းတစ္စံုပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ အိပ္ေရးဝဝ အိပ္စက္လိုက္ပါ။

ဝက္ၿခံမ်ားရန္မွ ကာကြယ္ေပးျခင္း

ေရာင္ရမ္းျခင္းနဲ႔ အင္ဆူလင္ ခုခံစြမ္းအား တိုးျမွင့္လာတဲ့အခ်ိန္မွာ ဝက္ၿခံျဖစ္ေပၚလာပါတယ္။ ဒီလိုတိုးျမွင့္လာျခင္းက အိပ္စက္လို႔မရတဲ့အခ်ိန္မွာ ျဖစ္ေပၚေလ့႐ွိပါတယ္။ ဝက္ၿခံမ်ား ပိုမိုဆိုးရြားမလာခ်င္ဘူးဆိုရင္ေတာ့ အိပ္ေရးဝဝ အိပ္ရပါမယ္။ ဒါ့အျပင္ အိပ္စက္ျခင္းက ခႏၶာကိုယ္ရဲ႕ ခုခံစြမ္းအားကို ျမွင့္တင္ေပးတာေၾကာင့္ လူလည္း က်န္းမာေနမွာျဖစ္ပါတယ္။

အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းမွ ကာကြယ္ေပးျခင္း

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ျခင္းက စိတ္ဖိစီးမႈကို ေျဖေဖ်ာက္ေပးတဲ့ သဘာဝေဆးစြမ္းေကာင္းတစ္လက္ပါ။ သင္ လွဲေလ်ာင္းအိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ ကမာၻေျမႀကီးရဲ႕ဆြဲအားက အေရးအေၾကာင္းနဲ႔ ပါးေရတြန္႔ျခင္းတို႔ကို ညီညာျပန္႔ျပဴးသြားေစတာေၾကာင့္ အရြယ္မတိုင္ခင္ အိုစာလာျခင္းတုိ႔ကို တားဆီးေပးပါလိမ့္မယ္။

က်န္းမာေရး ေကာင္းမြန္ေစၿပီး ကိုယ္အေလးခ်ိန္ ထိန္းညွိေပးျခင္း
အိပ္ေရးပ်က္တဲ့အခါ ခႏၶာကိုယ္တြင္း႐ွိ အဂၤါအစိတ္အပိုင္းေလးမ်ားက တျဖည္းျဖည္းပ်က္ယြင္းလာပါတယ္။ အသက္႐ွင္ေနထိုင္ဖို႔အတြက္ အေရးႀကီးတဲ့ ေက်ာက္ကပ္၊ အသည္း၊ ႏွလံုး စတဲ့ အဂၤါအစိတ္အပိုင္းေလးမ်ား အားနည္းလာၿပီး ေရာဂါေတြ တစ္ခုၿပီးတစ္ခု ဝင္လာပါလိမ့္မယ္။ ဒါ့အျပင္ ကိုယ္အေလးခ်ိန္ တျဖည္းျဖည္းတက္လာၿပီး အဝလြန္ျခင္းကို ခံစားရပါလိမ့္မယ္။ ဒီဆိုးက်ိဳးေတြရန္မွ ကင္းေဝးခ်င္တယ္ဆိုရင္ေတာ့ အိပ္ေရးဝဝ အိပ္စက္ဖို႔ လိုပါတယ္။

Credit:mystylemyanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ယနေ့ခေတ်က နည်းပညာတိုးတက်လာတဲ့ အင်တာနက်ခေတ်ဆိုတော့ ဖုန်းတွေကို ညနက်တဲ့အထိသုံးပြီး နောက်ကျမှ အိပ်ရာဝင်ကြတာက ထူးဆန်းတဲ့အရာမဟုတ်တော့ပါဘူး။ လူတိုင်းနီးပါး ညနက်သန်းခေါင်မှ အိပ်ရာဝင်လာကြပါပြီ။ ဒါပေမဲ့ အိပ်ရေးပျက်ခြင်းက လူကို အိုစာစေတဲ့အချက်ကိုတော့ သူတို့တွေ သတိမထားမိကြပါဘူး။

လူတစ်ယောက်မှာ အိပ်စက်ချိန် ၇ နာရီ၊ ၈ နာရီခန့် ရှိသင့်ပါတယ်။ ဒါမှ နောက်တစ်နေ့နိုးထတဲ့အခါ ရွှင်လန်းတက်ကြွနေမှာဖြစ်ပြီး အသားအရေလေးကလည်း ကြည်လင်နေမှာဖြစ်ပါတယ်။ သင် အိပ်စက်အနားယူနေတဲ့အချိန်မှာ အရေပြားဆဲလ်တွေက အားအင်ပြန်လည်ဖြည့်တင်းပေးရတာကြောင့် ၂ နာရီ၊ ၃ နာရီလောက်ပဲ အိပ်စက်ချိန်ရှိမယ်ဆိုရင် ဆဲလ်လေးတွေရဲ့အားဖြည့်ချိန် နည်းပါးသွားတဲ့အတွက်ကြောင့် အရေးအကြောင်းများ၊ ဝက်ခြံများ၊ အသားအရေညစ်နွမ်းခြင်းများ ဖြစ်ပေါ်နေမှာပဲဖြစ်ပါတယ်။

အိပ်ရေးဝဝအိပ်တဲ့အခါ အလှအပအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရရှိမလဲ။

အရေးအကြောင်းများ ကင်းစင်ခြင်း

အိပ်စက်ခြင်းက ကြီးထွားမှုဟော်မုန်းကို ထုတ်လုပ်ပေးနိုင်ဖို့အတွက် ခန္ဓာကိုယ်ကို ကူညီအားဖြည့်ပေးပါတယ်။ အထူးသဖြင့် ၈ နာရီကြာ ပြည့်ပြည့်ဝဝ အိပ်စက်မယ်ဆိုရင် ပိုမိုအားဖြည့်ပေးနိုင်ပါတယ်။ ထိုဟော်မုန်းက အသားအရေ တင်းတင်းရင်းရင်းလေးဖြစ်စေတာကြောင့် မျက်နှာပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။

အသားအရေ ကြည်လင်တောက်ပခြင်း

နေ့ဘက်အချိန်မှာ ဖုန်မှုန့်နဲ့ အညစ်အကြေးဒဏ်၊ ခရမ်းလွန်နေရောင်ခြည်ဒဏ်တို့ကို အရေပြားဆဲလ်က အလူးအလဲခံနေရတာပါ။ ထိုဆဲလ်လေးတွေက နေ့ဘက်မှာ ခံစားရတဲ့ဒဏ်တွေကို ညဘက်အိပ်စက်အနားယူချိန်မှာ ပြန်လည်အားဖြည့်ပြီး အသစ်ပြုပြင်ပေးကြတာပါ။ ဒါ့ကြောင့် နောက်တစ်နေ့ မနက်လင်းတဲ့အခါ အသားအရေလေးက Glow နေချင်တယ်ဆိုရင် အိပ်ရေးဝဝအိပ်စက်ရပါမယ်။

မျက်ကွင်းညိုခြင်းမှ ကာကွယ်ပေးပြီး မျက်ဝန်းများ ကြည်လင်တောက်ပစေခြင်း

“ဟယ်… သူ့မျက်လုံးလေးက လှလိုက်တာ၊ သမင်မျက်လုံးလေး ကျနေတာပဲ” လို့ လူတိုင်းချီးမွမ်းခံချင်ကြပါတယ်။ ဒါပေမဲ့ အိပ်ရေးမဝဘူးဆိုရင်တော့ မျက်လုံးက ပင်ပန်းနွမ်းနယ်တဲ့ပုံပေါက်နေမှာဖြစ်ပြီး ပန်ဒါမျက်လုံးလို မျက်ကွင်းညိုနေမှာပဲဖြစ်ပါတယ်။ လှပတဲ့ မျက်ဝန်းတစ်စုံပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အိပ်ရေးဝဝ အိပ်စက်လိုက်ပါ။

ဝက်ခြံများရန်မှ ကာကွယ်ပေးခြင်း

ရောင်ရမ်းခြင်းနဲ့ အင်ဆူလင် ခုခံစွမ်းအား တိုးမြှင့်လာတဲ့အချိန်မှာ ဝက်ခြံဖြစ်ပေါ်လာပါတယ်။ ဒီလိုတိုးမြှင့်လာခြင်းက အိပ်စက်လို့မရတဲ့အချိန်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဝက်ခြံများ ပိုမိုဆိုးရွားမလာချင်ဘူးဆိုရင်တော့ အိပ်ရေးဝဝ အိပ်ရပါမယ်။ ဒါ့အပြင် အိပ်စက်ခြင်းက ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို မြှင့်တင်ပေးတာကြောင့် လူလည်း ကျန်းမာနေမှာဖြစ်ပါတယ်။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းက စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပါ။ သင် လှဲလျောင်းအိပ်ပျော်နေတဲ့အချိန်မှာ ကမ္ဘာမြေကြီးရဲ့ဆွဲအားက အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းတို့ကို ညီညာပြန့်ပြူးသွားစေတာကြောင့် အရွယ်မတိုင်ခင် အိုစာလာခြင်းတို့ကို တားဆီးပေးပါလိမ့်မယ်။

ကျန်းမာရေး ကောင်းမွန်စေပြီး ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း
အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းလေးများက တဖြည်းဖြည်းပျက်ယွင်းလာပါတယ်။ အသက်ရှင်နေထိုင်ဖို့အတွက် အရေးကြီးတဲ့ ကျောက်ကပ်၊ အသည်း၊ နှလုံး စတဲ့ အင်္ဂါအစိတ်အပိုင်းလေးများ အားနည်းလာပြီး ရောဂါတွေ တစ်ခုပြီးတစ်ခု ဝင်လာပါလိမ့်မယ်။ ဒါ့အပြင် ကိုယ်အလေးချိန် တဖြည်းဖြည်းတက်လာပြီး အဝလွန်ခြင်းကို ခံစားရပါလိမ့်မယ်။ ဒီဆိုးကျိုးတွေရန်မှ ကင်းဝေးချင်တယ်ဆိုရင်တော့ အိပ်ရေးဝဝ အိပ်စက်ဖို့ လိုပါတယ်။

Credit:mystylemyanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top