iMyanmarHouse.com - Best Property Website for Myanmar
×



(၁) ဝစေတယ်


(၂) ရေငတ်မပြေဘူး


(၄) ခေါင်းကိုက်စေတယ်



Credit:lwinpyin

ကျန်းမာရေး

# Unicode Version # ဖြင့် ဖတ်ပါ #


ပူအိုက်တဲ့ ရာသီဥတုတွေမှာ ရေခဲရေ အေးအေးလေးကို သောက်လိုက်ရတာလောက် ကောင်းတဲ့အရသာ မရှိပါဘူး။ သောက်ပြီးခါစမှာတော့ လန်းဆန်းသလိုလို ဖြစ်သွားပေမယ့် နောက်ဆက်တွဲဘယ်လို ဆိုးကျိုးတွေဖြစ်လာနိုင်လဲဆိုတာ သင်သိပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်လေးတွေကိုဖတ်ပြီး တတ်နိုင်သမျှရေခဲရေကို ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

(၁) ဝစေတယ်

တစ်ချို့ကတော့ ရေခဲရေသောက်ခြင်းဟာ ဝိတ်ကျစေတယ်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းတော့ လုံးဝမှားပါတယ်။ ရေခဲရေဟာ သင့်ရဲ့ခန္ဓာကိုယ် အပူချိန်ကိုသွားပြီး သက်ရောက်နိုင်တာကြောင့် အစာချေစနစ်ကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ရေခဲရေသောက်သူတွေဟာ ဝကြသလို၊ တော်တော်နဲ့လည်း အဆီမကျနိုင်ပါဘူး။

(၂) ရေငတ်မပြေဘူး
ပူအိုက်တဲ့ရာသီဥတုတွေမှာ ရေခဲရေဘယ်လောက်ပဲ သောက်သောက် ရေငတ်ပြေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ရေခဲရေဟာ သွေးကြောတွေကိုလည်း ကျဉ်းမြောင်းစေနိုင်တဲ့အပြင် ရေဓာတ်လည်း လုံလောက်စွာ မဖြည့်ပေးနိုင်တာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ အရမ်းများပါတယ်။
(၃) အားအင်ကုန်ခမ်းစေတယ်

ရေခဲရေ သောက်ပြီးပြီးချင်းမှာတော့ အရမ်းနေသာထိုင်သာ ရှိသွားပေမယ့် မိနစ်အနည်းငယ်အကြာမှာတော့ ပင်ပန်းနွမ်းနယ်လာမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ရေခဲရေသောက်လိုက်လို့ အေးသွားတဲ့ သင့်ရဲ့ခန္ဓာကိုယ်ဟာ အပူချိန်ကို ပြန်တက်လာအောင်လို့ အင်အားတွေ ပိုသုံးလိုက်ရလို့ပါ။ ဒါကြောင့် ရေဆာတဲ့အခါ ရေနွေးကို သောက်တာ အကောင်းဆုံးပါပဲ။

(၄) ခေါင်းကိုက်စေတယ်

ရေခဲရေသောက်သုံးခြင်းဟာ ခေါင်းကိုက်စေတတ်သလို၊ အခန့်မသင့်ရင် ပြင်းထန်တဲ့အာရုံကြောဝေဒနာတွေကိုတောင် ခံစားရနိုင်ပါတယ်။

(၅) နှလုံးခုန်နှေးစေတယ်
ရေခဲရေသောက်ပြီးလို့ ခန္ဓာကိုယ်အတွင်း အေးသွားတဲ့အချိန်ကနေ ပုံမှန်အပူချိန်ပြန်မဖြစ်ခင်အထိ နှလုံးခုန်နှုန်းကို နှေးစေပါတယ်။ ဒါဟာလည်း နှလုံးကျန်းမာရေးအတွက် ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။

Credit:lwinpyin

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top