iMyanmarHouse.com - Best Property Website for Myanmar
×














အိန္ဒြာကျော်ဇင်ကဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူး တဲ့ ‘မင်းရဲကျော်စွာဗိုလ်နေတိုး’ ဇာတ်ကားမှာ အောင်ရဲလင်းနဲ့ သရုပ်ဆောင်နေပါတယ်။ တီဗီကြော်ငြာတွေသာ ရိုက်ကူးမှုများ နေပြီး ဇာတ်ကားရိုက်ကူးမှုကျဲသွားတဲ့ အိန္ဒြာကျော်ဇင်က ဒီဇာတ်လမ်းကိုကြိုက်လို့ ရိုက်ကူးတာဖြစ်ပြီး ပရိသတ်လည်း ကြိုက်မယ်ထင်တဲ့အတွက် ရိုက်ကူး ရခြင်းဖြစ်ကြောင်း ပြော ပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး အိန္ဒြာကျော်ဇင် က “ဒီဇာတ်ကားကမင်းသမီးလုပ်ကွက်လည်းရှိ တယ်။ မင်းသားလည်းလုပ်ကွက်ရှိတယ်။

မျှပါတယ်။ တစ် ဇာတ်လုံးအနေနဲ့ဆိုရင်လည်း ထူးထူးခြားခြား ကွဲ ထွက်တဲ့ဇာတ်လမ်းမျိုး၊ ပရိသတ်လည်းကြိုက်မယ့် ဇာတ်လမ်းမျိုးပါ။နှစ်ဘဝသရုပ်ဆောင်ရတယ်။ အရင် ဘဝကဗိုလ်အောင်ဒင်တို့၊မမြဝင်းတို့ ခေတ်က တစ်ဘဝပါတယ်။ အခုလက်ရှိခေတ်က တစ်ဘဝပါတယ်။အခက်အခဲက ကျွတ်ကြောက် တာပဲ။ အခု ရိုက်တဲ့နေရာမှာ ကျွတ်တွေအများ ကြီးပဲ။ ဇာတ်လမ်းအရကျတော့ဓားပြ စခန်းကို ဆက်တင်ဆင်ပြီးရိုက်လို့ရ တာကဒီလိုနေရာပဲရှိ တယ်။ ကြောက်ကြောက်နဲ့ပဲရိုက်ရတာပဲ။

 ဓားပြ ဗိုလ်က ကိုယ့်ကိုသဘောကျပြီးခေါ်သွားတဲ့ဇာတ်ဝင် ခန်းရိုက်နေတာပါ။ထူးခြားတာကအခုလွှမ်းပိုင်ရဲ့ ပေါက်နေတဲ့သီချင်းကိုအဓိ့သုံးမှာပါ။ ဒီတစ်ကား လုံးအနေနဲ့ အဲဒီသီချင်းကို သုံးတယ်။ အဲဒီသီချင်း ရဲ့Title  ကိုပါ ဇာတ်ကားရဲ့Title အဖြစ်ယူထား တယ်။
ပေါက်ထားပြီး သားသီချင်းဖြစ်တဲ့အတွက် ပရိသတ်ကြိုက်မယ်လို့ထင်ပါတယ်”လို့ပြောပါ တယ်။ 
 
အိန္ဒြာကျော် ဇင်ကအချိန်ပေးပြီး ရိုက်ချင်တဲ့ ဇာတ်လမ်းတွေကို ပရိသတ် လည်းကြိုက်မယ့် ဇာတ် မျိုးတွေပဲရိုက်ချင်တာကြောင့် ဇာတ်လမ်းတွေကို အဓိကထား ရွေးချယ်ဖြစ် နေကြောင်း ပြောပါတယ်။ အောက်တိုဘာလမှာ လက်ခံ ရိုက်ကူးမယ့် ဇာတ်လမ်းက လည်း တကယ့် ဟဲဗီးဒရာမာ ဇာတ်လမ်းဖြစ်ကြောင်း သိရ ပြီး ပြေတီဦး၊ စိုးမြတ်သူဇာတို့ ပါဝင်ကာ ဒါရိုက်တာ မောင်မျိုး မင်း (ရင်တွင်းဖြစ်) က ရိုက်ကူး မှာဖြစ် ကြောင်း သိရပါတယ်။
 
Credit : popular myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top