iMyanmarHouse.com - Best Property Website for Myanmar
×













၁) အကန့်အသတ်မရှိတဲ့ ငွေကြေးကိုရှာဖွေဖို့အတွက် အကန့်အသတ်ရှိတဲ့ ဘဝကိုအသုံးပြုနေရတာ အဓိပ္ပာယ်မရှိဘူး...

၂) ပြန်ပြီးသုံးစွဲနိုင်လောက်တဲ့အထိ အသက်ရှည်ဖို့မသေချာတာတောင် ပိုက်ဆံတွေများသထက်များအောင် ရှာနေကြရတာဟာ အဓိပ္ပာယ်မရှိဘူး...

၃) မသုံးရသေးသမျှ သင့်ကိုယ်ပိုင်ငွေကြေးမဖြစ်နိုင်ဘူး...

၎) ငယ်တုန်းမှာ ငွေကြေးချမ်းသာဖို့အတွက် ကျန်းမာရေးကို ရင်းနှီးခဲ့ရတယ်...
အသက်ကြီးလာတော့ ကျန်းမာရေးပြန်ကောင်းဖို့အတွက် ငွေကြေးတွေကို ပြန်ရင်းနှီးရတယ်...
ကွာခြားမှုကတော့.... အရမ်းနောက်ကျသွားတာပါပဲ...

၅) လူတစ်ယောက် ဘယ်လောက်ပျော်ရွှင်သလဲဆိုတာ သူဘယ်လောက်ရှိသလဲဆိုတဲ့အပေါ် မမူတည်ဘူး... သူ့လိုအပ်ချက် ဘယ်လောက်နည်းသလဲဆိုတဲ့အပေါ် မူတည်တယ်...

၆) အတူနေဖို့အချိန်လေးတောင် မပေးနိုင်တဲ့သူတွေကို ထောက်ပံ့ဖို့အတွက် ကြိုးစားရှာဖွေပေးနေတာဟာ အဓိပ္ပာယ်မရှိဘူး...

၇) ဒီကမ္ဘာလောကကြီးထဲကို ဝင်လာတုန်းက ဘာမှမပါလာခဲ့သလို ပြန်ထွက်သွားရမယ့်အချိန်မှာလည်း ဘာမှပါမသွားဘူးဆိုတာကို သတိပြုပါ...


Credit : နှိုင်းရင့်နွေ

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top