ယုသန္တတင် ပြောတဲ့ အောင်မြင်မှု
အနုပညာ အလုပ်ကို လုပ်ကိုင်နေရင်း နေရာတစ်ခုကို ဆုပ်ကိုင်နိုင်သည့် ယုသန္တတင်က အနုပညာသမား အတွက် အောင်မြင်မှု ရရှိခြင်းသည် အများကပြောမှ သာလျှင် အောင်မြင်မှု အဖြစ် သတ်မှတ်နိုင်မည် ဖြစ်ကြောင်း ပြောသည်။ အောင်မြင်မှု အတိုင်းအတာ ဆိုတာက ကိုယ်က ကြိုးစားရမယ့် အပိုင်းပါ။ အောင်မြင်တယ်။ မအောင်မြင်ဘူး ဆိုတာက ကိုယ်တိုင် သတ်မှတ်လို့ မရဘူး။ ငါအောင်မြင် နေပြီ။ ငါ ဘယ်လောက်ထိ ရောက်နေပြီ လဲလို့ သတ်မှတ်လို့ မရဘူး။ ကိုယ့်ရဲ့ ဘေးပတ်ဝန်းကျင်နဲ့ ပရိသတ်ကပဲ သတ်မှတ်လို့ ရမယ်။
ကိုယ်တိုင်ကတော့ အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ ကိုယ်ကတော့ ကြိုးစားနေရမှာပေါ့။ လူတစ်ယောက် အောင်မြင်ဖို့ ဆိုတာ ကလည်း ပေါင်းသင်း ဆက်ဆံရေးလည်း လိုမယ် ထင်ပါတယ်။ လူတစ်ယောက် ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ဘယ်လောက်ပဲ ထက်မြက်နေပါစေ၊ အဲဒီလူက ပေါင်းသင်း ဆက်ဆံရေး မကောင်းဘူးဆိုရင် နောက်တစ်ခါ ဆက်ဆံမှာ မဟုတ်တော့ဘူး။ ယုတင် ကတော့ ပေါင်းသင်း ဆက်ဆံရေးလို့ ထင်တယ်။ လူတိုင်းနဲ့ အဆင်ပြေအောင်နေ တတ်ဖို့ လိုမယ်လို့ ထင်ပါတယ် ဟု ယုသန္တတင်က ပြောသည်။ လတ်တလောတွင် ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးနေသည့် “တစ္ဆေ FM” ဗီဒီယို ဇာတ်ကားတွင် သရုပ်ဆောင်နေကြောင်း ပြောသည်။
Credit : The Messenger
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...