iMyanmarHouse.com - Best Property Website for Myanmar
×









ကိုယ်အလေးချိန်လျှော့ချဖို့ ဆောင်ရွက်ပါက ဘာတွေကို မလုပ်သင့်ဘူးဆိုတာ တိတိကျကျ သိဖို့ လိုပါတယ်။ ကျွမ်းကျင်ပညာရှင်များက ဒီအချက် (၅) ချက်ကို အကြံပြုထားပါတယ်။

၁။ လေ့ကျင့်ခန်းလုပ်ခြင်းကို ဝတ္တရားတစ်ခုအဖြစ်သာ သဘောထားခြင်း

လေ့ကျင့်ခန်းကို စိတ်အားထက်သန်မှုနဲ့ တက်တက်ကြွကြွ မလုပ်ပဲ စိတ်မပါတဲ့အရာ တစ်ခုဖြစ်လို့ တာဝန်အရ လုပ်နေတာမျိုးဆိုရင် ခဏအတွင်း ငြီးငွေ့ပြီး ဘာမှ အကျိုးမပြုဘဲ ပင်ပန်းမှုသာအဖတ်တင်ပါလိမ့်မယ်။ အဲ့ဒီလိုသာလုပ်မယ်ဆိုရင် ကိုယ်ရောစိတ်ပါ ချွတ်ခြုံကျသွားပါလိမ့်မယ်။

၂။ ညနေစာ အလျှံအပယ်စားခြင်း

ညနေစာကို နည်းနည်းလေးသာစားသင့်တယ်။ ဒါမှမဟုတ် အသုပ်၊ ကြက်သားနဲ့ စွပ်ပြုတ်စတဲ့ အစာကြေလွယ်တဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။

၃။ နေ့တိုင်း လေ့ကျင့်ခန်းတစ်မျိုးတည်း ပြုလုပ်ခြင်း

နေတိုင်း ပုံစံတူလေ့ကျင့်ခန်းတွေလုပ်တာ ငြီးငွေ့ဖွယ်ဖြစ်နိုင်ပြီး လေ့ကျင့်ခန်းလုပ်လိုစိတ် ပျောက်သွားပါလိမ့်မယ်။ ဒါ့ကြောင့် တစ်နေ့တစ်မျိုးမရိုးအောင် အမျိုးမျိုးပြောင်းလုပ်ပေးသင့်ပါတယ်။

၎။ အစာရှောင်ခြင်း

အစာမစားတာ ကိုယ်အလေးချိန်ကျစေမယ်လို့ ထင်ကောင်း ထင်မိပါလိမ့်မယ်။ ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တွေက အဲ့ဒီလို ပြောမထားပါဘူး။ အစာငတ်ခံမယ့်အစား အားရှိတဲ့အစာ သို့မဟုတ် ဝအီသွားစေမယ့် ပြောင်းဖူးမုန့်လိုဟာမျိုး စားပေးရပါမယ်။

၅။ လွယ်ကူတဲ့လေ့ကျင့်ခန်းတွေကို အထင်သေးလျော့တွက်ခြင်း

လွယ်ကူတဲ့ လေ့ကျင့်ခန်းတွေ အရေးမကြီးဘူး မဟုတ်ပါဘူး။ သေသေချာချာနဲ့ အဆက်မပြတ် လုပ်မယ်ဆိုပါက အားလုံးက ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေချည်းဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top