iMyanmarHouse.com - Best Property Website for Myanmar
×

 ဒီနည္းေတြကို သံုးၿပီးတည္းက အဝတ္အစားကေန အနံ႔ေတြမထြက္ေတာ့ဘူး။

ကိုယ့္ခႏၶာကိုယ္မွာ ဝတ္ဆင္ထားတဲ့ အဝတ္အစားေတြကေန အနံ႔ေတြထြက္ေနရင္ ကိုယ္တုိင္လည္း စိတ္ညစ္ရတယ္။ ေဘးလူေတြလည္း ႏွာေခါင္း႐ႈံ႕တာ ခံရဦးမယ္။ အသန္႔ႀကိဳက္သူဆုိေတာ့ ဒီလိုမ်ိဳး ကိုယ့္ဆီက အနံ႔ထြက္ေနတာ အေတာ္ကို စိတ္ညစ္ခဲ့ရတာ။ ဒါေပမဲ့ ဒီနည္းေတြကို သံုးၿပီးတည္းက အဝတ္အစားကေန အနံ႔ေတြမထြက္ေတာ့ဘူး။

၁။ ေလွ်ာ္ပါ

အဝတ္အစားေတြကို တစ္ႀကိမ္ဝတ္ၿပီးတိုင္း ျပန္ေလွ်ာ္ပါ။ ဒါက အေရးမႀကီးဘူးလို႔ ထင္ရေပမဲ့ တကယ္အေရးႀကီးတဲ့အခ်က္ ျဖစ္ပါတယ္။ ခၽြင္းခ်က္အေနနဲ႔ေတာ့ ဂ်င္းထည္ေတြက တစ္ႀကိမ္ဝတ္တိုင္း တစ္ႀကိမ္မေလွ်ာ္လည္း ရပါတယ္။ ဘာလို႔ဆို ဂ်င္းေတြက ခဏခဏေလွ်ာ္ရင္ ပ်က္စီးလြယ္တယ္ေလ။ ေလွ်ာ္မယ္ဆုိရင္လည္း ခၽြတ္ၿပီး မၾကာခင္ ျမန္ျမန္ေလွ်ာ္တာ အေကာင္းဆံုးပဲ။ ေခၽြးေတြမစြန္းေတာ့ေအာင္ေပါ့။

၂။ အနံ႔ပါတဲ့ဆပ္ျပာ

အဝတ္ေလွ်ာ္ဆပ္ျပာေတြမွာ မတူညီတဲ့ အနံ႕ေတြ ႐ွိတယ္။ တခ်ိဳ႕ဆပ္ျပာေတြက အနံ႔ကို ပိုစြဲေစမယ့္ နည္းပညာနဲ႔ ေဖာ္စပ္ထားလို႔ ကိုယ့္စိတ္ႀကိဳက္ ေ႐ြးခ်ယ္ႏိုင္ပါတယ္။

၃။ သီးသန္႔အနံ႔ေလး

ကိုယ္အႀကိဳက္ဆံုး ေရေမႊးတစ္မ်ိဳးတည္းကိုပဲ စြဲစြဲၿမဲၿမဲဆြတ္ပါ။ အဲ့ဒီေတာ့ အဝတ္ေတြက အၿမဲတမ္း အနံ႔တစ္မ်ိဳးတည္း စြဲေနလိမ့္မယ္။ ၿပီးေတာ့ ကိုယ္နဲ႔ အဲ့ဒီအနံ႔ကိုလည္း တြဲၿပီး မွတ္မိေနၾကလိမ့္မယ္။

၄။ ေရေမႊးထဲကျဖတ္ေလွ်ာက္ပါ

ဘယ္လိုႀကီးပါလိမ့္ဆုိၿပီး မအံ့ၾသပါနဲ႔။ ဒီနည္းကို မထင္မွတ္ဘဲ သိလိုက္ရတာပါ။ ေရေမႊးကို ေလထုထဲ ျဖန္းလိုက္ပါ။ ၿပီးရင္ ေရေမႊးအမႈန္ေလးေတြ ႐ွိတဲ့ေနရာကို ခ်က္ျခင္းေလွ်ာက္သြားလိုက္။ အဲ့လိုဆုိရင္ ေရေမႊးအနံ႔က ခႏၶာကိုယ္တစ္ခုလံုးကို စြဲသြားမွာ။ လက္ေကာက္ဝတ္တို႔ ပုခံုးတို႔လို တစ္ေနရာတည္းကေန အနံ႔ထြက္တာထက္ တစ္ကိုယ္လံုးေမႊးႀကိဳင္ေနတာက ပိုၿပီးဆြဲေဆာင္မႈရွိပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 ဒီနည်းတွေကို သုံးပြီးတည်းက အဝတ်အစားကနေ အနံ့တွေမထွက်တော့ဘူး။

ကိုယ့်ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကနေ အနံ့တွေထွက်နေရင် ကိုယ်တိုင်လည်း စိတ်ညစ်ရတယ်။ ဘေးလူတွေလည်း နှာခေါင်းရှုံ့တာ ခံရဦးမယ်။ အသန့်ကြိုက်သူဆိုတော့ ဒီလိုမျိုး ကိုယ့်ဆီက အနံ့ထွက်နေတာ အတော်ကို စိတ်ညစ်ခဲ့ရတာ။ ဒါပေမဲ့ ဒီနည်းတွေကို သုံးပြီးတည်းက အဝတ်အစားကနေ အနံ့တွေမထွက်တော့ဘူး။

၁။ လျှော်ပါ

အဝတ်အစားတွေကို တစ်ကြိမ်ဝတ်ပြီးတိုင်း ပြန်လျှော်ပါ။ ဒါက အရေးမကြီးဘူးလို့ ထင်ရပေမဲ့ တကယ်အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့တော့ ဂျင်းထည်တွေက တစ်ကြိမ်ဝတ်တိုင်း တစ်ကြိမ်မလျှော်လည်း ရပါတယ်။ ဘာလို့ဆို ဂျင်းတွေက ခဏခဏလျှော်ရင် ပျက်စီးလွယ်တယ်လေ။ လျှော်မယ်ဆိုရင်လည်း ချွတ်ပြီး မကြာခင် မြန်မြန်လျှော်တာ အကောင်းဆုံးပဲ။ ချွေးတွေမစွန်းတော့အောင်ပေါ့။

၂။ အနံ့ပါတဲ့ဆပ်ပြာ

အဝတ်လျှော်ဆပ်ပြာတွေမှာ မတူညီတဲ့ အနံ့တွေ ရှိတယ်။ တချို့ဆပ်ပြာတွေက အနံ့ကို ပိုစွဲစေမယ့် နည်းပညာနဲ့ ဖော်စပ်ထားလို့ ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

၃။ သီးသန့်အနံ့လေး

ကိုယ်အကြိုက်ဆုံး ရေမွှေးတစ်မျိုးတည်းကိုပဲ စွဲစွဲမြဲမြဲဆွတ်ပါ။ အဲ့ဒီတော့ အဝတ်တွေက အမြဲတမ်း အနံ့တစ်မျိုးတည်း စွဲနေလိမ့်မယ်။ ပြီးတော့ ကိုယ်နဲ့ အဲ့ဒီအနံ့ကိုလည်း တွဲပြီး မှတ်မိနေကြလိမ့်မယ်။

၄။ ရေမွှေးထဲကဖြတ်လျှောက်ပါ

ဘယ်လိုကြီးပါလိမ့်ဆိုပြီး မအံ့သြပါနဲ့။ ဒီနည်းကို မထင်မှတ်ဘဲ သိလိုက်ရတာပါ။ ရေမွှေးကို လေထုထဲ ဖြန်းလိုက်ပါ။ ပြီးရင် ရေမွှေးအမှုန်လေးတွေ ရှိတဲ့နေရာကို ချက်ခြင်းလျှောက်သွားလိုက်။ အဲ့လိုဆိုရင် ရေမွှေးအနံ့က ခန္ဓာကိုယ်တစ်ခုလုံးကို စွဲသွားမှာ။ လက်ကောက်ဝတ်တို့ ပုခုံးတို့လို တစ်နေရာတည်းကနေ အနံ့ထွက်တာထက် တစ်ကိုယ်လုံးမွှေးကြိုင်နေတာက ပိုပြီးဆွဲဆောင်မှုရှိပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top