iMyanmarHouse.com - Best Property Website for Myanmar
×
၆။ အဖုလေးတွေပေါက်နေမယ်
Soure: prevention
Credit : Duwun
 လျှာပေါ်မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုကြည့်ပြီး မိမိကျန်းမာရေးကို ပြန်လည်စမ်းစစ်နိုင်ပါတယ်။
မနက်အိပ်ယာထ မျက်နှာသစ်သွားတိုက်ပြီဆိုရင် ရေချိုးခန်းထဲက မှန်ရှေှ့မှာပဲ သွားတိုက်ကြမှာပါ။ အဲဒီလို သွားတိုက်နေရင်း လျှာကိုထုတ်ပြီး သွားပွတ်တံနဲ့ ပွတ်ပေးမိကြလား။
တကယ်တော့ လျှာဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်တဲ့ အစာလမ်းကြောင်းမှာ အရသာခံအင်္ဂါ အစိတ်အပိုင်း တစ်ခုအဖြစ် လုပ်ဆောင်ပေးပြီး လျှာပေါ်မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုကြည့်ပြီး မိမိကျန်းမာရေးကို ပြန်လည်စမ်းစစ်နိုင်ပါတယ်။
၁။ အဖြူကွက်တွေပေါ်နေမယ်
လျှာပေါ်မှာ အဖြူကွက်လေးတွေပေါ်နေမယ်ဆိုရင် မှိုရောဂါတစ်မျိုး (သို့) မှက္ခရုစွဲနေတာလို့ သိနိုင်ပါတယ်။ မှိုရောဂါတိုက်ဖျက်နိုင်တဲ့ anti-fungal ပလုတ်ကျင်းဆေးတစ်မျိုးနဲ့ဖြစ်ဖြစ်၊ anti-fungal ဆေးဝါးတစ်မျိုးနဲ့ဖြစ်ဖြစ် ပြန်လည်ကုသပေးနိုင်ပါတယ်။
၂။ အမဲရောင်အကွက်လေးတွေဖြစ်နေမယ်
လျှာပေါ်မှာမဲနေပြီဆိုရင်တော့ မှိုရောဂါဖြစ်နိုင်သလို ဆီးချိုရောဂါလက္ခဏာတစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ ကင်ဆာကုထုံးတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် သိပ်အစိုးရိမ်တော့လည်း မလွန်ပါနဲ့ဦး။ ခံတွင်းကျန်းမာရေး ဂရုမစိုက်ရင်လည်း ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် ပုံမှန်သွားတိုက်ပေးခြင်း၊ လျှာခြစ်ပေးခြင်းတို့ကို လုပ်ကြည့်သင့်ပါတယ်။
၃။ အနီစက်နဲ့ အဖြူစက်တွေပေါ်နေမယ်
လျှာပေါ်က အရသာခံဖုလေးတွေရှိတဲ့နေရာမှာ အနီစက်လေးတွေ၊ အဖြူစက်လေးတွေပေါ်နေပြီဆိုပြီး စိတ်ပူနေပါသလား။ ဒါဆိုရင်တော့ ဘာမှမပူပါနဲ့။ ဒါဟာ အပူကန်တဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး ကြီးကြီးမားမားစိုးရိမ်စရာမရှိပါဘူး။
သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တဲ့ ဉာဏ်ရည် ပိုကောင်းစေမယ့် အလေ့အထ (၆) မျိုး: ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဦးနှောက်လှိုင်းတွေနဲ့ ခံစားချက်တွေကို ထိန်းချုပ်ပေးနိုင်တယ်။ ကျွန်တော်တို့တွေရဲ့ ဆန္ဒတွေကအစ ဘယ်လို ခံစားမှုမျိုးတွေကိုမဆို ကောင်းကောင်း ပဲ့ထိန်းပေးနိုင်တယ်။
သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တဲ့ ဉာဏ်ရည် ပိုကောင်းစေမယ့် အလေ့အထ (၆) မျိုး
ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဦးနှောက်လှိုင်းတွေနဲ့ ခံစားချက်တွေကို ထိန်းချုပ်ပေးနိုင်တယ်။ ကျွန်တော်တို့တွေရဲ့ ဆန္ဒတွေကအစ ဘယ်လို ခံစားမှုမျိုးတွေကိုမဆို ကောင်းကောင်း ပဲ့ထိန်းပေးနိုင်တယ်။
၄။ လျှာမျက်နှာပြင်တစ်ခုလုံး နီရဲနေမယ်
လျှာမျက်နှာပြင်တစ်ခုလုံး နီရဲနေမယ်ဆိုရင်တော့ ဒါဟာ folic acid ၊ ဗိုက်တာမင် ဘီတွဲ (B12) နဲ့ သံဓာတ်တို့ ချို့တဲ့ တဲ့ လက္ခဏာဖြစ်ပါတယ်။ ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ အာသီးယောင်ခြင်းတို့နဲ့ ဆက်စပ်နေနိုင်ပါတယ်။
၅။ အစင်းကြောင်းတွေပေါ်နေမယ်
လျှာပေါ်မှာအဖြူရောင်အစင်းကြောင်းတွေ ပေါ်နေပြီဆိုရင်တော့ ဒါဟာ oral lichen planus လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်နေနိုင်ပါတယ်။ အဲဒီရောဂါဟာ ခန္ဓာကိုယ်ခုခံအားစနစ်က ဆဲလ်တွေနဲ့ တိုက်ခိုက်မိရာမှ ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပါ။ ကျွမ်းကျင်သူဆရာဝန်နဲ့ ပြသတိုင်ပင်ကြည့်သင့်ပါတယ်။
၆။ အဖုလေးတွေပေါက်နေမယ်
လျှာပေါ်မှာ အဖုအချိုင့်လေးတွေဖြစ်နေမယ်ဆိုရင်တော့ ပါးစပ်နာရောဂါနဲ့ ရေယုန်ရောဂါ လက္ခဏာတွေပဲ ဖြစ်နိုင်ပါတယ်။ မပေါ့ဆသင့်ဘဲ ဆရာဝန်ကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။
Soure: prevention
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top