iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ခႏၶာကိုယ္အေလးခ်ိန္

မနက္စာမစားျခင္းဟာ ခႏၶာကိုယ္အေလးခ်ိန္ ပိုတက္လာေစပါတယ္။ မနက္စာမစားျခင္းေၾကာင့္ သၾကားနဲ႔ အဆီမ်ားတဲ့အစားအေသာက္ေတြကို စားခ်င္စိတ္လည္း ျမင့္တက္ေစပါတယ္။ ေန႔လယ္ပိုင္းမွာ ပိုစားလာျပီး ကယ္လိုရီ ပမာဏလည္း ျမင့္မားလာပါတယ္။

၂ - စိတ္အေျခအေန

မနက္စာ မစားျခင္းဟာ စိတ္အေျခအေနေပၚကိုလည္း သက္ေရာက္ပါတယ္။ မနက္စာမစားျခင္းေၾကာင့္ အားအင္ကုန္ခမ္းလာျပီး မွတ္ညဏ္ပိုင္းကိုပါ ထိခိုက္ကာ စိတ္လက္ၾကည္သာမႈမရွိေတာ့ပါဘူး။

၃ - ဆံပင္ကၽြတ္

မနက္စာဟာ ဆံပင္ေမႊးညႇင္းေပါက္ေတြကို အားအင္ျဖည့္တင္းေပးရာမွာ အဓိကက်ပါတယ္။ မနက္စာလြတ္ျခင္းဟာ သင့္ဆံပင္ေတြသန္မာမႈေပၚ သက္ေရာက္လာႏုိင္ပါတယ္။ ဆံပင္ေတြသန္မာဖို႔အတြက္ မနက္စာ စားရမွာ ပရိုတင္းဓာတ္ၾကြယ္ဝတာကို ထည့္သြင္းစားသံုးေပးဖို႔လည္း လိုပါတယ္။

၄ - အမူးလြန္

မေန႔ကညက အမူးလြန္ေအာင္ ေသာက္ထားတာေၾကာင့္ ဒီေန႔ မနက္စာလြတ္တယ္ဆုိတာ မေကာင္းပါဘူး။ မနက္စာမစားျခင္းဟာ အမူးလြန္မႈေၾကာင့္ျဖစ္လာတဲ့ ေခါင္းကိုက္မႈေတြကို ပိုဆိုးေစပါတယ္။

၅ - ဆီးခ်ိဳေသြးခ်ိဳ

ဟားဗတ္တကၠသိုလ္က ၆ ႏွစ္ၾကာ ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုအရ မနက္စာ မစားတဲ့အမ်ိဳးသမီးေတြဟာ ေသြးခ်ိဳဆီးခ်ိဳျဖစ္ႏုိင္ေျခ ၅၄ ရာခိုင္ႏႈန္းေလာက္ ပိုမိုျမင့္မားတယ္လို႔ ဆုိပါတယ္။ အဆုိပါ သုေတသနဟာ အစားအေသာက္အေလ့အက်င့္နဲ႔ က်န္းမာေရးၾကားဆက္ႏြယ္မႈကို အမ်ိဳးသမီးေပါင္း ၄၆၂၈၉ ေယာက္ေပၚ အေျခခံကာ ေလ့လာခဲ့တာ ျဖစ္ပါတယ္။

Photos & Source: Craze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁ - ခန္ဓာကိုယ်အလေးချိန်

မနက်စာမစားခြင်းဟာ ခန္ဓာကိုယ်အလေးချိန် ပိုတက်လာစေပါတယ်။ မနက်စာမစားခြင်းကြောင့် သကြားနဲ့ အဆီများတဲ့အစားအသောက်တွေကို စားချင်စိတ်လည်း မြင့်တက်စေပါတယ်။ နေ့လယ်ပိုင်းမှာ ပိုစားလာပြီး ကယ်လိုရီ ပမာဏလည်း မြင့်မားလာပါတယ်။

၂ - စိတ်အခြေအနေ

မနက်စာ မစားခြင်းဟာ စိတ်အခြေအနေပေါ်ကိုလည်း သက်ရောက်ပါတယ်။ မနက်စာမစားခြင်းကြောင့် အားအင်ကုန်ခမ်းလာပြီး မှတ်ညဏ်ပိုင်းကိုပါ ထိခိုက်ကာ စိတ်လက်ကြည်သာမှုမရှိတော့ပါဘူး။

၃ - ဆံပင်ကျွတ်

မနက်စာဟာ ဆံပင်မွှေးညှင်းပေါက်တွေကို အားအင်ဖြည့်တင်းပေးရာမှာ အဓိကကျပါတယ်။ မနက်စာလွတ်ခြင်းဟာ သင့်ဆံပင်တွေသန်မာမှုပေါ် သက်ရောက်လာနိုင်ပါတယ်။ ဆံပင်တွေသန်မာဖို့အတွက် မနက်စာ စားရမှာ ပရိုတင်းဓာတ်ကြွယ်ဝတာကို ထည့်သွင်းစားသုံးပေးဖို့လည်း လိုပါတယ်။

၄ - အမူးလွန်

မနေ့ကညက အမူးလွန်အောင် သောက်ထားတာကြောင့် ဒီနေ့ မနက်စာလွတ်တယ်ဆိုတာ မကောင်းပါဘူး။ မနက်စာမစားခြင်းဟာ အမူးလွန်မှုကြောင့်ဖြစ်လာတဲ့ ခေါင်းကိုက်မှုတွေကို ပိုဆိုးစေပါတယ်။

၅ - ဆီးချိုသွေးချို

ဟားဗတ်တက္ကသိုလ်က ၆ နှစ်ကြာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ မနက်စာ မစားတဲ့အမျိုးသမီးတွေဟာ သွေးချိုဆီးချိုဖြစ်နိုင်ခြေ ၅၄ ရာခိုင်နှုန်းလောက် ပိုမိုမြင့်မားတယ်လို့ ဆိုပါတယ်။ အဆိုပါ သုတေသနဟာ အစားအသောက်အလေ့အကျင့်နဲ့ ကျန်းမာရေးကြားဆက်နွယ်မှုကို အမျိုးသမီးပေါင်း ၄၆၂၈၉ ယောက်ပေါ် အခြေခံကာ လေ့လာခဲ့တာ ဖြစ်ပါတယ်။

Photos & Source: Craze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top