iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အေရျပားထဲကုိ သစ္သားစ၊ သတၱဳစ ဒါမွမဟုတ္ ဖန္ကြဲစေတြ စူး၀င္သြားတဲ့အခါမွာ အလြန္အမင္း နာက်င္ႏုိင္ၿပီး ဆူးေၾကာင့္ ေရာဂါပုိး၀င္ၿပီး ျပည္တည္ႏုိင္တဲ့အတြက္ ၀င္သြားတဲ့ဆူးကုိ ထုတ္ေပးဖုိ႔ လုိအပ္ပါတယ္။

လူအမ်ားစုကေတာ့ အပ္ ဒါမွမဟုတ္ ဇာဂနာနဲ႔ တူးဆြၿပီး ဆူးထုတ္ေလ့ရွိပါတယ္။ ဒီနည္းလမ္းကေတာ့ အလြန္အမင္း နာက်င္မႈရွိႏုိင္ၿပီး ေရာဂါပုိးလည္း အလြယ္တကူ ၀င္ေရာက္ႏုိင္တဲ့အတြက္ မသံုး သင့္ပါဘူး။ ေအာက္ပါနည္းလမ္းေတြက နာက်င္မႈမရွိဘဲ ဆူးကုိ အလြယ္တကူ ထုတ္ေပးႏုိင္တဲ့ နည္းလမ္းေတြပါ။

၁။ မီးတိပ္ျဖင္႕ ဆူးထုတ္နည္း
ဒီနည္းလမ္းကေတာ့ အလြယ္ကူဆံုးနည္းလမ္းပါပဲ။ အတြင္းနက္နက္၀င္ေနတဲ့ ဆူးေတြအတြက္ကေတာ့ အသံုးမ၀င္ပါဘူး။

#ျပဳလုပ္ပံု
ဆူးစူးေနတဲ့ေနရာကို ေရေႏြး၊ ဆပ္ျပာနဲ႔ ေဆးၿပီး အေျခာက္ခံပါ။
အဲဒီေနရာကို မီးတိပ္စနဲ႔ ကပ္ထားေပးပါ။မီးတိပ္ေပၚကုိ သင့္လက္ဖ်ားထိပ္နဲ႔ ငါးႀကိမ္ေလာက္ အသာအယာပြတ္ေပးပါ။ငါးမိနစ္ခန္႔ေစာင့္ၿပီး တိပ္စကုိ ခပ္ဆတ္ဆတ္ေလး ဆြဲထုတ္လုိက္ပါ။ တိပ္နဲ႔အတူ ဆူးထြက္လာပါလိမ့္မယ္။ၿပီးရင္ အနာကုိ ေရေႏြးနဲ႔ ျပန္လည္ေဆးေၾကာပါ။

၂။ ရွလကာရည္ျဖင္႕ ဆူးထုတ္နည္း
ရွလကာရည္ရဲ႕ အက္စစ္ဓာတ္ေၾကာင့္ အေရျပားေပၚကုိ ဆူးစထြက္လာႏုိင္တာေၾကာင့္ ဇာဂနာနဲ႔ အလြယ္တကူ ဆြဲထုတ္ႏုိင္ပါတယ္။

#ျပဳလုပ္ပံု
ခြက္တစ္ခုထဲကုိ ရွလကာရည္အနည္းငယ္ေလာင္းထည့္ပါ။ဆူးစူးတဲ့ေနရာကို ရွလကာရည္နဲ႔ ၁၅-၂၀ မိနစ္ခန္႔ စိမ္ထားပါ။အေရျပားမ်က္ႏွာျပင္ေပၚကုိ ဆူးစထြက္လာမႈ ရွိ မရွိ ေစာင့္ၾကည့္ၿပီး ထြက္လာပါက ဇာဂနာနဲ႔ ဆြဲထုတ္ပါ။ထြက္မလာေသးပါက ရွလကာရည္နဲ႔ ဆက္စိမ္ပါ။ဆူးစထြက္ၿပီးေနာက္ပုိင္း အနာကုိ ေရေႏြးနဲ႔ ျပန္လည္ေဆးေၾကာပါ။

၃။ ဆားခါးျဖင္႕ ဆူးထုတ္နည္း
ဆားခါးက အတြင္းနက္နက္ထဲ ၀င္ေနတဲ့ ဆူးေတြကို ထုတ္ဖုိ႔အတြက္ အလြန္အသံုး၀င္ပါတယ္။ သူက အေရျပားဆဲလ္ေတြထဲက အရည္ေတြကုိ ဆြဲထုတ္ႏုိင္တဲ့အတြက္ ဆူးေတြက မ်က္ႏွာျပင္ေပၚ ႂကြတက္လာတာပါ။

#ျပဳလုပ္ပံု
ပတ္တီးစတစ္ခုေပၚမွာ ဆားခါးအနည္းငယ္ပံုလုိက္ပါ။အဲဒီပတ္တီးစကုိ ဆူးရွိတဲ့အေရျပားေပၚ စည္းေပးပါ။တစ္ေန႔တာလံုး စည္းထားၿပီးမွ ညေနမွာ ပတ္တီးစကုိ ဖယ္ရွားေပးပါ။ဆူးစထြက္လာတာကုိ ျမင္ရရင္ ဇာဂနာနဲ႔ ဆြဲႏုတ္ပါ။

၄။ အာလူးျဖင္႕ ဆူးထုတ္နည္း
ျမင္ေနရတဲ့ဆူးေတြကုိ ထုတ္ဖုိ႔အတြက္ အာလူးက အသံုး၀င္ပါတယ္။

#ျပဳလုပ္ပံု
အာလူးကုိ ခပ္ထူထူ၀ုိင္း၀ုိင္းေလး လွီးျဖတ္ပါ။ၿပီးရင္ အဲဒီျဖတ္ထားတဲ့ အာလူးအပုိင္းကုိ ဆူးရွိတဲ့ေနရာေပၚ တင္ပါ။အာလူးပုိင္းကုိ အသာအယာ ဖိေပးပါ။ ဆူးက အာလူးထဲကို ေဖာက္၀င္ လာပါလိမ့္မယ္။ဆူးနဲ႔အတူ အာလူး၀ုိင္းကုိ ဖယ္ရွားလုိက္ပါ။

၅။ ငွက္ေပ်ာသီးအခြံျဖင္႕ ဆူးထုတ္နည္း
ငွက္ေပ်ာသီးအခြံမွ ပါ၀င္တဲ့ အင္ဇုိင္းေတြက အေရျပားကို ေပ်ာ့ေပ်ာင္းေစႏုိင္တဲ့အတြက္ ဆူးစက မ်က္ႏွာျပင္ေပၚကုိ ႂကြတက္လာႏုိင္ပါတယ္။ ဒါ့အျပင္ ငွက္ေပ်ာသီးအခြံရဲ႕ အစုိဓာတ္ထိန္းႏုိင္စြမ္းနဲ႔ ပုိးသတ္ေစတဲ့ ဂုဏ္သတ္ၱိေၾကာင့္ ေရာဂါပုိး မ၀င္ေရာက္ေအာင္လည္း ကာကြယ္ၿပီးသား ျဖစ္သြားပါတယ္။

#ျပဳလုပ္ပံု
ငွက္ေပ်ာသီးအခြံကုိ ဆူးနဲ႔ အေနေတာ္အရြယ္ ပုိင္းျဖတ္ပါ။အဲဒီအပုိင္းကုိ ဆူးစရွိတဲ့ေနရာေပၚ အုပ္ၿပီး ပတ္တီးနဲ႔ ထိန္းထားပါ။တစ္ညသိပ္ၿပီး ေနာက္ေန႔ မနက္မွာ ဆူးကုိ ဇာဂနာနဲ႔ ဆြဲထုတ္ႏုိင္ပါၿပီ။

၆။ ဟုိက္ဒ႐ုိဂ်င္ပါေအာက္ဆုိက္ျဖင္႕ ဆူးထုတ္နည္း
ဟုိက္ဒ႐ုိဂ်င္ပါေအာက္ဆုိက္က ဆူးဒဏ္ရာကို ပုိးမႊားသန္႔စင္ႏုိင္ၿပီး ေရာင္ရမ္းမႈကုိ ေလ်ာ့က်ေစႏုိင္တဲ့အတြက္ ဆူးကို အလြယ္တကူ ျမင္ရေအာင္ တြန္းထုတ္ေပးႏုိင္ပါတယ္။

#ျပဳလုပ္ပံု
နားၾကပ္ဂြမ္းတံကုိ ဟုိက္ဒ႐ုိဂ်င္ပါေအာက္ဆုိက္အရည္ထဲ စိမ္ပါ။

စိမ္ထားတဲ့ ဂြမ္းလံုးကုိ ဆူးေပၚတင္ၿပီး ထြက္မက်ေအာင္ တိပ္နဲ႔ ကပ္ထားပါ။
နာရီအနည္းငယ္ခန္႔ ထားၿပီးေနာက္ ဂြမ္းတံုးကို ဖယ္ရွားၿပီး ဆူးစကုိ ဇာဂနာနဲ႔ ဆြဲႏုတ္လုိက္ပါ။အနာကုိ ေရေႏြးနဲ႔ ျပန္လည္ေဆးေၾကာပါ။

၇။ မုန့္ဖုတ္ေဆာ္ဒါျဖင္႕ ဆူးထုတ္နည္း
ဒီနည္းလမ္းကေတာ့ အလြန္ေသးငယ္တဲ့ဆူးနဲ႔ အေရျပားအတြင္းနက္နက္၀င္ ေရာက္တဲ့ဆူးေတြအတြက္ အလြန္အသံုး၀င္ပါတယ္။ ေဆာ္ဒါက ဆူးကုိ အျပင္ထြက္ေအာင္ တြန္းထုတ္ေပးႏုိင္တဲ့အတြက္ ဇာဂနာနဲ႔ အလြယ္တကူ ထုတ္ယူႏုိင္ပါတယ္။

#ျပဳလုပ္ပံု
လက္ဖက္ရည္ဇြန္း ေလးပံုတစ္ပံုစာ မုန္႔ဖုတ္ေဆာ္ဒါကုိ ေရနည္းနည္းနဲ႔ ပ်စ္ေအာင္ ေဖ်ာ္ပါ။ေဆာ္ဒါရည္ပ်စ္ပ်စ္ကုိ ပတ္တီးေပၚ တင္ၿပီး အဲဒီပတ္တီးနဲ႔ ဆူးကုိ ပတ္ေပးပါ။၂၄ နာရီေလာက္ ထားၿပီးမွ ပတ္တီးစကုိ ဖယ္လုိက္ပါ။အေရျပားေပၚ ဆူးစထြက္လာတာ ျမင္ရၿပီဆုိရင္ ဇာဂနာနဲ႔ ဆြဲႏုတ္ပါ။ မျမင္ရေသးရင္ ေဆာ္ဒါရည္ပ်စ္ပ်စ္ပတ္တီးနဲ႔ ထပ္စည္းပါ။အနာကုိ ေရေႏြးနဲ႔ ျပန္လည္ေဆးေၾကာပါ။

၈။ ပ်ားရည္ျဖင္႕ ဆူးထုတ္နည္း
ပ်ားရည္ရဲ႕ အစုိဓာတ္ထိန္းႏုိင္စြမ္းနဲ႔ ပုိးမႊားေသေစတဲ့ ဂုဏ္သတ္ၱိေၾကာင့္ အေရျပားေပ်ာ့ေပ်ာင္း ႏူးညံ့ၿပီး ေရာဂါပုိး မ၀င္ေရာက္ေအာင္ ကာကြယ္ႏုိင္ပါတယ္။

#ျပဳလုပ္ပံု
ဆူးစူးေနတဲ့ ေနရာေပၚကုိ ပ်ားရည္သုတ္လိမ္းပါ။ၿပီးရင္ ပတ္တီးစည္းၿပီး တစ္ည ထားထားပါ။ေနာက္ေန႔ မနက္မွာ ဆူးစထြက္လာတာ ျမင္ရရင္ ဇာဂနာနဲ႔ ဆြဲထုတ္ပါ။ဆူးစထြက္သြားရင္ အနာကုိ ေရေႏြးနဲ႔ ေဆးေၾကာၿပီး အနာ ျမန္ျမန္ က်က္ေအာင္ ပ်ားရည္ ျပန္လိမ္းေပးပါ။

၉။ ေပါင္မုန့္ႏွင္႕ႏုိ့ျဖင္႕ ဆူးထုတ္နည္း
ဒီနည္းလမ္းက လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက အသံုးျပဳခဲ့တဲ့ ဆူးထုတ္နည္းပါ။

#ျပဳလုပ္ပံု
ေပါင္မုန္႔ကုိ ႏုိ႔ထဲမွာ စိမ္ေပးပါ။ႏုိ႔စိမ္ထားတဲ့ ေပါင္မုန္႔ကုိ ဆူးစေပၚမွာတင္ၿပီး ထြက္မက်ေအာင္ ပတ္တီးနဲ႔ စည္းေပးပါ။တစ္ည သိပ္ေပးၿပီး ေနာက္ေန႔မနက္မွာ ေပါင္မုန္႔ကို ဖယ္ရွားလုိက္ပါ။ ဆူးစက ေပါင္မုန္႔နဲ႔အတူ ထြက္လာတာကုိ ေတြ႕ရပါလိမ့္မယ္။အနာကုိ ေရေႏြးနဲ႔ ျပန္လည္ေဆးေၾကာပါ။

ဇာဂနာကို အသံုးမျပဳခင္မွာ ပုိးသန္႔စင္ေအာင္ အရက္ျပန္နဲ႔ ပြတ္ေပးပါ။
ဆူးစကို ဖယ္ရွားႏုိင္ၿပီးေနာက္ပုိင္း အနာက်က္တဲ့အထိ အရက္ျပန္နဲ႔ သန္႔စင္ေပးပါ။ဆူးထြက္လာေအာင္ ဆူးရွိတဲ့ေနရာကို ညစ္တာမ်ဳိး မျပဳလုပ္ပါနဲ႔။ ဆူးစေတြ ျပတ္ထြက္ၿပီး အေရျပားထဲ က်န္ရစ္ႏုိင္တာေၾကာင့္ ဖယ္ရွားရခက္ခဲသြားႏုိင္ပါတယ္။

ေဒါက္တာခင္မုိးမုိး
ဖိုးသူေတာ္ (www.phothutaw.com)
Credit:စိုက္​ပ်ိဳး​ေရး ႏွင္​့ အ​ေထြ​ေထြဗဟုသုတ
# Unicode Version ျဖင့္ ဖတ္ပါ #
သင့်အရေပြားထဲကို သစ်သားစ၊ သတ္တုစ ဒါမှမဟုတ် ဖန်ကွဲစတွေ စူးဝင်သွားတဲ့အခါမှာ အလွန်အမင်း နာကျင်နိုင်ပြီး ဆူးကြောင့် ရောဂါပိုးဝင်ပြီး ပြည်တည်နိုင်တဲ့အတွက် ဝင်သွားတဲ့ဆူးကို ထုတ်ပေးဖို့ လိုအပ်ပါတယ်။

လူအများစုကတော့ အပ် ဒါမှမဟုတ် ဇာဂနာနဲ့ တူးဆွပြီး ဆူးထုတ်လေ့ရှိပါတယ်။ ဒီနည်းလမ်းကတော့ အလွန်အမင်း နာကျင်မှုရှိနိုင်ပြီး ရောဂါပိုးလည်း အလွယ်တကူ ဝင်ရောက်နိုင်တဲ့အတွက် မသုံး သင့်ပါဘူး။ အောက်ပါနည်းလမ်းတွေက နာကျင်မှုမရှိဘဲ ဆူးကို အလွယ်တကူ ထုတ်ပေးနိုင်တဲ့ နည်းလမ်းတွေပါ။

၁။ မီးတိပ်ဖြင့် ဆူးထုတ်နည်း
ဒီနည်းလမ်းကတော့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။ အတွင်းနက်နက်ဝင်နေတဲ့ ဆူးတွေအတွက်ကတော့ အသုံးမဝင်ပါဘူး။

#ပြုလုပ်ပုံ
ဆူးစူးနေတဲ့နေရာကို ရေနွေး၊ ဆပ်ပြာနဲ့ ဆေးပြီး အခြောက်ခံပါ။
အဲဒီနေရာကို မီးတိပ်စနဲ့ ကပ်ထားပေးပါ။မီးတိပ်ပေါ်ကို သင့်လက်ဖျားထိပ်နဲ့ ငါးကြိမ်လောက် အသာအယာပွတ်ပေးပါ။ငါးမိနစ်ခန့်စောင့်ပြီး တိပ်စကို ခပ်ဆတ်ဆတ်လေး ဆွဲထုတ်လိုက်ပါ။ တိပ်နဲ့အတူ ဆူးထွက်လာပါလိမ့်မယ်။ပြီးရင် အနာကို ရေနွေးနဲ့ ပြန်လည်ဆေးကြောပါ။

၂။ ရှလကာရည်ဖြင့် ဆူးထုတ်နည်း
ရှလကာရည်ရဲ့ အက်စစ်ဓာတ်ကြောင့် အရေပြားပေါ်ကို ဆူးစထွက်လာနိုင်တာကြောင့် ဇာဂနာနဲ့ အလွယ်တကူ ဆွဲထုတ်နိုင်ပါတယ်။

#ပြုလုပ်ပုံ
ခွက်တစ်ခုထဲကို ရှလကာရည်အနည်းငယ်လောင်းထည့်ပါ။ဆူးစူးတဲ့နေရာကို ရှလကာရည်နဲ့ ၁၅-၂၀ မိနစ်ခန့် စိမ်ထားပါ။အရေပြားမျက်နှာပြင်ပေါ်ကို ဆူးစထွက်လာမှု ရှိ မရှိ စောင့်ကြည့်ပြီး ထွက်လာပါက ဇာဂနာနဲ့ ဆွဲထုတ်ပါ။ထွက်မလာသေးပါက ရှလကာရည်နဲ့ ဆက်စိမ်ပါ။ဆူးစထွက်ပြီးနောက်ပိုင်း အနာကို ရေနွေးနဲ့ ပြန်လည်ဆေးကြောပါ။

၃။ ဆားခါးဖြင့် ဆူးထုတ်နည်း
ဆားခါးက အတွင်းနက်နက်ထဲ ဝင်နေတဲ့ ဆူးတွေကို ထုတ်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ သူက အရေပြားဆဲလ်တွေထဲက အရည်တွေကို ဆွဲထုတ်နိုင်တဲ့အတွက် ဆူးတွေက မျက်နှာပြင်ပေါ် ကြွတက်လာတာပါ။

#ပြုလုပ်ပုံ
ပတ်တီးစတစ်ခုပေါ်မှာ ဆားခါးအနည်းငယ်ပုံလိုက်ပါ။အဲဒီပတ်တီးစကို ဆူးရှိတဲ့အရေပြားပေါ် စည်းပေးပါ။တစ်နေ့တာလုံး စည်းထားပြီးမှ ညနေမှာ ပတ်တီးစကို ဖယ်ရှားပေးပါ။ဆူးစထွက်လာတာကို မြင်ရရင် ဇာဂနာနဲ့ ဆွဲနုတ်ပါ။

၄။ အာလူးဖြင့် ဆူးထုတ်နည်း
မြင်နေရတဲ့ဆူးတွေကို ထုတ်ဖို့အတွက် အာလူးက အသုံးဝင်ပါတယ်။

#ပြုလုပ်ပုံ
အာလူးကို ခပ်ထူထူဝိုင်းဝိုင်းလေး လှီးဖြတ်ပါ။ပြီးရင် အဲဒီဖြတ်ထားတဲ့ အာလူးအပိုင်းကို ဆူးရှိတဲ့နေရာပေါ် တင်ပါ။အာလူးပိုင်းကို အသာအယာ ဖိပေးပါ။ ဆူးက အာလူးထဲကို ဖောက်ဝင် လာပါလိမ့်မယ်။ဆူးနဲ့အတူ အာလူးဝိုင်းကို ဖယ်ရှားလိုက်ပါ။

၅။ ငှက်ပျောသီးအခွံဖြင့် ဆူးထုတ်နည်း
ငှက်ပျောသီးအခွံမှ ပါဝင်တဲ့ အင်ဇိုင်းတွေက အရေပြားကို ပျော့ပျောင်းစေနိုင်တဲ့အတွက် ဆူးစက မျက်နှာပြင်ပေါ်ကို ကြွတက်လာနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးအခွံရဲ့ အစိုဓာတ်ထိန်းနိုင်စွမ်းနဲ့ ပိုးသတ်စေတဲ့ ဂုဏ်သတ်္တိကြောင့် ရောဂါပိုး မဝင်ရောက်အောင်လည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

#ပြုလုပ်ပုံ
ငှက်ပျောသီးအခွံကို ဆူးနဲ့ အနေတော်အရွယ် ပိုင်းဖြတ်ပါ။အဲဒီအပိုင်းကို ဆူးစရှိတဲ့နေရာပေါ် အုပ်ပြီး ပတ်တီးနဲ့ ထိန်းထားပါ။တစ်ညသိပ်ပြီး နောက်နေ့ မနက်မှာ ဆူးကို ဇာဂနာနဲ့ ဆွဲထုတ်နိုင်ပါပြီ။

၆။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဖြင့် ဆူးထုတ်နည်း
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်က ဆူးဒဏ်ရာကို ပိုးမွှားသန့်စင်နိုင်ပြီး ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့အတွက် ဆူးကို အလွယ်တကူ မြင်ရအောင် တွန်းထုတ်ပေးနိုင်ပါတယ်။

#ပြုလုပ်ပုံ
နားကြပ်ဂွမ်းတံကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည်ထဲ စိမ်ပါ။

စိမ်ထားတဲ့ ဂွမ်းလုံးကို ဆူးပေါ်တင်ပြီး ထွက်မကျအောင် တိပ်နဲ့ ကပ်ထားပါ။
နာရီအနည်းငယ်ခန့် ထားပြီးနောက် ဂွမ်းတုံးကို ဖယ်ရှားပြီး ဆူးစကို ဇာဂနာနဲ့ ဆွဲနုတ်လိုက်ပါ။အနာကို ရေနွေးနဲ့ ပြန်လည်ဆေးကြောပါ။

၇။ မုန့်ဖုတ်ဆော်ဒါဖြင့် ဆူးထုတ်နည်း
ဒီနည်းလမ်းကတော့ အလွန်သေးငယ်တဲ့ဆူးနဲ့ အရေပြားအတွင်းနက်နက်ဝင် ရောက်တဲ့ဆူးတွေအတွက် အလွန်အသုံးဝင်ပါတယ်။ ဆော်ဒါက ဆူးကို အပြင်ထွက်အောင် တွန်းထုတ်ပေးနိုင်တဲ့အတွက် ဇာဂနာနဲ့ အလွယ်တကူ ထုတ်ယူနိုင်ပါတယ်။

#ပြုလုပ်ပုံ
လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာ မုန့်ဖုတ်ဆော်ဒါကို ရေနည်းနည်းနဲ့ ပျစ်အောင် ဖျော်ပါ။ဆော်ဒါရည်ပျစ်ပျစ်ကို ပတ်တီးပေါ် တင်ပြီး အဲဒီပတ်တီးနဲ့ ဆူးကို ပတ်ပေးပါ။၂၄ နာရီလောက် ထားပြီးမှ ပတ်တီးစကို ဖယ်လိုက်ပါ။အရေပြားပေါ် ဆူးစထွက်လာတာ မြင်ရပြီဆိုရင် ဇာဂနာနဲ့ ဆွဲနုတ်ပါ။ မမြင်ရသေးရင် ဆော်ဒါရည်ပျစ်ပျစ်ပတ်တီးနဲ့ ထပ်စည်းပါ။အနာကို ရေနွေးနဲ့ ပြန်လည်ဆေးကြောပါ။

၈။ ပျားရည်ဖြင့် ဆူးထုတ်နည်း
ပျားရည်ရဲ့ အစိုဓာတ်ထိန်းနိုင်စွမ်းနဲ့ ပိုးမွှားသေစေတဲ့ ဂုဏ်သတ်္တိကြောင့် အရေပြားပျော့ပျောင်း နူးညံ့ပြီး ရောဂါပိုး မဝင်ရောက်အောင် ကာကွယ်နိုင်ပါတယ်။

#ပြုလုပ်ပုံ
ဆူးစူးနေတဲ့ နေရာပေါ်ကို ပျားရည်သုတ်လိမ်းပါ။ပြီးရင် ပတ်တီးစည်းပြီး တစ်ည ထားထားပါ။နောက်နေ့ မနက်မှာ ဆူးစထွက်လာတာ မြင်ရရင် ဇာဂနာနဲ့ ဆွဲထုတ်ပါ။ဆူးစထွက်သွားရင် အနာကို ရေနွေးနဲ့ ဆေးကြောပြီး အနာ မြန်မြန် ကျက်အောင် ပျားရည် ပြန်လိမ်းပေးပါ။

၉။ ပေါင်မုန့်နှင့်နို့ဖြင့် ဆူးထုတ်နည်း
ဒီနည်းလမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ ဆူးထုတ်နည်းပါ။

#ပြုလုပ်ပုံ
ပေါင်မုန့်ကို နို့ထဲမှာ စိမ်ပေးပါ။နို့စိမ်ထားတဲ့ ပေါင်မုန့်ကို ဆူးစပေါ်မှာတင်ပြီး ထွက်မကျအောင် ပတ်တီးနဲ့ စည်းပေးပါ။တစ်ည သိပ်ပေးပြီး နောက်နေ့မနက်မှာ ပေါင်မုန့်ကို ဖယ်ရှားလိုက်ပါ။ ဆူးစက ပေါင်မုန့်နဲ့အတူ ထွက်လာတာကို တွေ့ရပါလိမ့်မယ်။အနာကို ရေနွေးနဲ့ ပြန်လည်ဆေးကြောပါ။

ဇာဂနာကို အသုံးမပြုခင်မှာ ပိုးသန့်စင်အောင် အရက်ပြန်နဲ့ ပွတ်ပေးပါ။
ဆူးစကို ဖယ်ရှားနိုင်ပြီးနောက်ပိုင်း အနာကျက်တဲ့အထိ အရက်ပြန်နဲ့ သန့်စင်ပေးပါ။ဆူးထွက်လာအောင် ဆူးရှိတဲ့နေရာကို ညစ်တာမျိုး မပြုလုပ်ပါနဲ့။ ဆူးစတွေ ပြတ်ထွက်ပြီး အရေပြားထဲ ကျန်ရစ်နိုင်တာကြောင့် ဖယ်ရှားရခက်ခဲသွားနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး
ဖိုးသူတော် (www.phothutaw.com)
Credit:စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top