iMyanmarHouse.com - Best Property Website for Myanmar
×


shutterstock




shutterstock


http://www.auntymay.com/wp-content/uploads/oily-skin-woman-e1537184625206.jpg
shutterstock

shutterstock



အလှအပကြိုက်တဲ့ပျိုမေတို့အတွက် လက်ရှိအသားအရေက လုံးဝပြောင်းလဲသွားပြီး နုပျိုလှပသွားစေမယ့် အလွယ်ဆုံး၊ အကောင်းဆုံး မျက်နှာပေါင်းတင်နည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဖောင်းနေတဲ့မျက်နှာကို ကျစ်လျစ်စေမယ့်ပေါင်းတင်နည်း
shutterstock

ငှက်ပျောသီးတစ်လုံး၊ ဒိန်ချဉ်အသန့်အနည်းငယ် နဲ့ ဆိုဒါမှုန့်အနည်းငယ်တို့ကို ခွက်တစ်ခုထဲထည့်ပြီး အနှစ်ရအောင်မွှေပါ။ ပြီးရင် သန့်စင်ခြောက်သွေ့တဲ့မျက်နှာပေါ်မှာ ခပ်ထူထူလေးလိမ်းပေးပြီး မိနစ်နှစ်ဆယ်ကြာရင် ရေပြန်ဆေးချပေးလိုက်ရုံနဲ့ မျက်နှာ ပွယောင်းယောင်းဖြစ်နေတာကို ကျစ်လျစ်သွားစေမှာပါ။
(၂) ကျယ်နေတဲ့ခွေးပေါက်တွေကိုအမြန်ဆုံးကျဉ်းသွားစေမယ့်ပေါင်းတင်နည်း


ဒိန်ချဉ်အသန့် ၂ ဇွန်း၊ အလှအပအတွက်သုံးတဲ့ ရွှံ့ ၁ ဇွန်း၊ ပျားရည် ၁ ဇွန်းတို့ကို ခွက်တစ်ခုတည်းမှာ ရောမွှေပြီး ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ ထူထူလေးလိမ်းပေးပါ။ ဆယ့်ငါးမိနစ်လောက်ကြာရင် ရေဆေးချပေးလိုက်ရုံပါပဲ။ ချွေးပေါက်တွေကို ကျဉ်းစေရုံမကဘဲ ဒိန်ချဉ်နဲ့ပျားရည်က အသားအရောင်ညီညာအောင်ပြုပြင်ပေးပါတယ်။
(၃) ခြောက်သွေ့တဲ့အသားအရည်ကိုစိုပြေစေမယ့်ပေါင်းတင်နည်း
shutterstock

ထောပတ်သီးတစ်ခြမ်း၊ နွားနို့တစ်ဇွန်း နဲ့ ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပေးပါ။ ဆယ့်ငါးမိနစ်လောက်ထားပြီးရင် ရေနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။ ဒီနည်းလမ်းက ခြောက်သွေ့တဲ့အသားအရေကိုစိုပြေစေရုံမက သင့်အသားအရေကိုနေရောင်ခြည်ဒဏ်ကနေခံနိုင်ရည်ရှိအောင်အားဖြည့်ပေးပါတယ်။

(၄) အဆီပြန်တာကိုသက်သာစေမယ့်အကောင်းဆုံးပေါင်းတင်နည်း
shutterstock

အာလူးကိုတစ်ခြမ်းခြမ်းပြီး အဆီပြန်တဲ့နေရာတွေကိုပွတ်တိုက်ပေးပြီး ဆယ်မိနစ်လောက်ထားပြီးရင် မျက်နှာသစ်ပေးလိုက်ပါ။ အာလူးတစ်ခြမ်းကိုကြိတ်ချေပြီးသံပရိုရည်တစ်ဇွန်းနဲ့ရောလိုက်ပါ။ အဲ့ဒီအရောကိုအဆီပြန်တဲ့နေရာတွေမှာ လိမ်းပေးပြီး ဆယ့်ငါးမိနစ်အကြာမှာ ရေဆေးချလိုက်ပါ။ အာလူးက အဆီပြန်တာကိုသက်သာစေတဲ့အကောင်းဆုံးအရာပဲဖြစ်ပါတယ်။
(၅) ဆားဝက်ခြံ တွေကို အမြစ်ကနေကျွတ်ထွက်သွားစေမယ့်နည်းလမ်း
shutterstock

သံပရိုရည်တစ်ဇွန်းနဲ့ပျားရည်တစ်ဇွန်းကိုရောပြီး ဆားဝက်ခြံရှိတဲ့နေရာတွေကိုလိမ်းပေးပါ။ မိနစ်နှစ်ဆယ်အကြာမှာရေဆေးချပေးလိုက်မယ်ဆိုရင် ဆားဝက်ခြံတွေလျော့နည်းသွားပြီး ချွေးပေါက်အတွင်းပိုင်းအထိသန့်စင်ပြီးသားလည်းဖြစ်သွားပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
Credict:MAY THAZINHTOO
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top