iMyanmarHouse.com - Best Property Website for Myanmar
×

သေႏၶတားေဆးေတြက ကိုယ္ဝန္မရေအာင္တားေပးနိုင္တယ္လို႔ သိထားၾကျပီးျဖစ္ပါတယ္။ ထိုးေဆးနဲ႔ေသာက္ေဆးရွိၾကတဲ့အထဲမွာ ေသာက္ေဆးေတြက တျခားက်န္းမာေရးအက်ိဳးေက်းဇူးေတြ ရွိေနနိုင္ေသးတယ္ဆိုတာ သင္သိရဲ႕လား။

သေႏၶတားျခင္းထက္ ကုသေရးလိုမ်ိဳး တျခားအေၾကာင္းရင္းေတြအတြက္လည္း သေႏၶတားေဆးေတြကို အသံုးျပဳၾကပါတယ္။

ဒါဆို စိတ္ခ်လံုျခံဳရတဲ့လိင္ဆက္ဆံမႈအတြက္ အျပင္ သေႏၶတားေဆးကို ဘာလို႔ေသာက္ၾကတာလဲ။

အဓိကအားျဖင့္ အက္စထရိုဂ်င္နဲ႔ ပရိုတက္စတင္ ေဟာ္မုန္းေတြပါဝင္တဲ့ ႏွစ္မ်ိဳးစပ္ေသာက္ေဆးနဲ႔ ေဟာ္မုန္းတစ္မ်ိဳးတည္းပါတဲ့ ပရိုဂ်က္စတင္သီးသန္႔ေသာက္ေဆး ဆိုျပီးသေႏၶတားေဆးအမ်ိဳးအစားႏွစ္မ်ိဳးရွိပါတယ္။ သေႏၶတားေဆးေတြက အမ်ိဳးသမီးရဲ႕သားဥအိမ္ကေန မမ်ိဳးဥထြက္မလာေအာင္ တားဆီးေပးတာျဖစ္ျပီး သားအိမ္နံရံကအက်ိအခြ်ဲေတြကို ထူေစတဲ့နည္းနဲ႔ ကိုယ္ဝန္မရေအာင္ ကာကြယ္ေပးပါတယ္။

ဓမၼတာလာခ်ိန္နာက်င္ကိုက္ခဲမႈသက္သာေစဖို႔ ဆရာဝန္ေဆးညႊန္းေပးတာရွိသလို ရာသီေသြးေပၚခ်ိန္မွန္ေစဖုိ႔လည္းသံုးၾကပါတယ္။ တားေဆးမွာ တျခားက်န္းမာေရးအက်ိဳးေက်းဇူးေတြရွိေနလို႔ပါ။ ေပါင္းစပ္သေႏၶတားေဆးနဲ႔ ပရိုဂ်က္စတင္သေႏၶတားေဆးႏွစ္မ်ိဳးလံုးက ရာသီလာစဥ္နာက်င္ကိုက္ခဲမႈေတြကိုေလ်ာ့ပါးေစျပီးေသြးဆင္းမ်ားျခင္းကို ထိန္းေပးနိုင္သလို သားအိမ္ျပင္ပသေႏၶတည္ျခင္း(ectopic pregnancy)ျဖစ္နုိင္ေျခေလ်ာ့နည္းေစပါတယ္။ ဒါ့အျပင္ –

        ဝက္ျခံ
        အရိုးပါးျခင္း
        ရင္သားနဲ႔သားအိမ္အတြင္းအက်ိတ္ျဖစ္ျခင္း
        မ်ိဳးဥအိမ္ကင္ဆာ
        သားအိမ္၊သားဥျပြန္၊မ်ိဳးဥအိမ္တို႔မွာ ျပင္းထန္တဲ့ေရာဂါပိုးဝင္ျခင္း
        သံဓာတ္အားနည္းျခင္း(ေသြးအားနည္းျခင္း)
        PMS ( ရာသီမလာခင္ ခံစားရတဲ့လကၡဏာမ်ား) ကို ကာကြယ္တားဆီးေပးပါတယ္။

သေႏၶတားေဆးေတြက ဘယ္လိုေရာဂါအေျခအေနေတြအတြက္ အက်ိဳးအာနိသင္ရွိသလဲ

သေႏၶတားေဆးေတြကို ေရာဂါအေျခအေနအေတာ္မ်ားမ်ားကိုကုသရာမွာအသံုးျပဳၾကပါတယ္ –

(၁) Polycystic Ovary Syndrome (မ်ိဳးဥအိမ္အတြင္းအရည္အိတ္တည္ျခင္း )ဟာ ဓမၼတာမမွန္ျခင္း၊ဝက္ျခံထြက္ျခင္းနဲ႔ အေမြးအမွ်င္ေတြပိုထြက္လာျခင္းတို႔ကိုုျဖစ္ေစတဲ့ ေဟာ္မုန္းမညီမွ်မႈျဖစ္ပါတယ္။ ရာသီလာခ်ိန္မမွန္တဲ့မိန္းကေလးေတြ(အရမ္းနည္းတာ၊ လံုးဝမလာတာ)အတြက္ ရာသီမွန္ေစဖို႔ ေဟာ္မုန္းပမာဏကို ေလ်ာ့နည္းေအာင္ သေႏၶတားေဆးေတြက စြမ္းေဆာင္ေပးပါတယ္။ ေဟာ္မုန္းေတြက ပံုမွန္ပမာဏရွိေနတယ္ဆိုရင္ ဝက္ျခံနဲ႔အေမြးအမွ်င္ထြက္ျခင္းတို႔ သက္သာသြားေစနိုင္ပါတယ္။

(၂) Endometriosis(သားအိမ္တြင္းတစ္ရွဴးမ်ားသားအိမ္ျပင္ပေရာက္ျခင္း) – ဒီအေျခအေနရွိေနတဲ့ အမ်ိဳးသမီးအမ်ားစုဟာ ရာသီလာခ်ိန္မွာ ကိုက္ခဲမႈ၊ ခါးေအာက္ပိုင္းကိုက္ျခင္းကိုခံစားရတတ္ပါတယ္။  Endometriosis ကိုကုသရာမွာ သေႏၶတားေဆးေတြကို ေဆးညႊန္းေပးေလ့ရွိျပီး တားေဆးက ဓမၼတာမလာေအာင္ယာယီတားဆီးေပးထားပါတယ္။ Endometriosis ရွိတဲ့ မိန္းကေလးငယ္ေတြဟာ ရာသီလာရင္ နာက်င္ကိုက္ခဲမႈကိုခံစားရနုိင္တာေၾကာင့္ ရာသီေသြးမဆင္းေအာင္တားဆီးတာက ေဝဒနာကို သက္သာေစနိုင္ပါလိမ့္မယ္။

(၃) ေခါင္းတစ္ျခမ္းကိုက္ျခင္း (Migraines)  -သေႏၶတားေဆးက ေဟာ္မုန္းေျပာင္းလဲမႈေၾကာင့္ျဖစ္လာတဲ့ ရာသီလာခ်ိန္ ေခါင္းတစ္ျခမ္းကိုက္ျခင္းကို သက္သာေစနိူုင္ပါတယ္။

(၄) ကိုယ္အေလးခ်ိန္က်ဆင္းျခင္း၊စိတ္ဖိစီးျခင္း၊ကုိယ္လက္လႈပ္ရွားမႈလြန္ကဲျခင္းေၾကာင့္ ရာသီထိန္ျခင္း (amenorrhea) –  ရာသီစက္ဝန္းမွန္ေစဖို႔ အက္စထရိုဂ်င္ျပန္ျဖည့္ေပးနိုင္မယ့္ သေႏၶတားေဆးေတြကို ဆရာဝန္က ညႊန္းေပးနိုင္ပါတယ္။ အရိုးက်န္းမာေရးအတြက္ အက္စထရိုဂ်င္ပံုမွန္ပမာဏရွိဖို႔နဲ႔ သင့္တင့္တဲ့ ကိုယ္အေလးခ်ိန္ရွိဖို႔အေရးၾကီးပါတယ္။ ကိုယ္အေလးခ်ိန္က်ဆင္းမႈ ဒါမွမဟုတ္ စားေသာက္ပံုမူမမွန္ျခင္းတို႔ေၾကာင့္ ရာသီထိန္ခဲ့ရင္ ပံုမွန္ကိုယ္အေလးခ်ိန္ျပန္ရေအာင္ ကုသေစာင့္ေရွာက္မႈခံယူတာအေကာင္းဆံုးပါပဲ။

(၅) Menstrual Cramps – ရာသီလာခ်ိန္ကိုက္ခဲမႈျပင္းထန္တဲ့အခါ  ေဆးညႊန္းမလိုတဲ့ေဆးဝါးေတြေလာက္နဲ႔ မသက္သာခဲ့ရင္  သေႏၶတားေဆးေတြက အေထာက္အကူေပးနုိင္ပါတယ္။  တားေဆးေတြက မ်ိဳးဥေၾကြျခင္းကိုတားဆီးေပးျပီး ေသြးဆင္းနည္းေစပါတယ္။dysmenorrhea လို႔ေခၚတဲ့ဒီအေျခအေနေၾကာင့္ျဖစ္တဲ့ နာက်င္ကိုက္ခဲမႈကို ဒီေဆးေတြကသက္သာေလ်ာ့ပါးေစပါတယ္။

(၆) ရာသီမလာခင္ခံစားရတဲ့လကၡဏာမ်ား(PMS) –  စိတ္အေျပာင္းအလဲျမန္ျခင္း၊ရင္သားနာက်င္ျခင္း၊ ကိုယ္အေလးခ်ိန္တက္ျခင္း၊ ဗိုက္ပူလာျခင္း၊ ဝက္ျခံထြက္ျခင္းတို႔လို  PMS လကၡဏာေတြက မိန္းကေလးတစ္ေယာက္ရာသီမလာခင္ ၂ ပတ္ေလာက္အလိုမွာ ျဖစ္ေလ့ရွိပါတယ္။ မ်ိဳးဥေၾကြျခင္းကိုတားဆီးေပးျပီး ေဟာ္မုန္းပမာဏကို ထိန္းညွိေပးဖို႔ သေႏၶတားေဆးေတြကို ညႊန္းေပးၾကပါတယ္။ သေႏၶတားေသာက္ေဆးေတြကို ဆက္တိုက္ေပးျပီးေနာက္ ဒီလကၡဏာေတြသက္သာလာနိုင္ပါတယ္။

(၇) Primary Ovarian Insufficiency (POI) – ဓာတ္ကင္ကုထံုး၊ ဓာတုကုထံုး သို႔မဟုတ္ မ်ိဳးဗီဇေရာဂါတစ္ခုခုေၾကာင့္ မ်ိဳးဥအိမ္က အက္စထရုိဂ်င္အလံုအေလာက္မထုတ္ေပးနိုင္တဲ့ ဒီအေျခအေနမွာ သေႏၶတားေဆးေတြက အက်ိဳးျပဳေပးနိူင္ပါတယ္။ ဒီကုသမႈရဲ႕ ရည္ရြယ္ခ်က္က ရာသီစက္ဝန္းပံုမွန္ျပန္ျဖစ္ဖို႔နဲ႔ အရိုးက်န္းမာေရးထိန္းသိမ္းဖို႔အတြက္ျဖစ္ပါတယ္။

(၈) ရာသီေသြးဆင္းမ်ားျခင္း – ရာသီလာခ်ိန္ေသြးဆင္းတဲ့ပမာဏမ်ားေနရင္၊ ရက္ပိုၾကာေနရင္ သေႏၶတားေဆးေတြက သက္သာေစနိုင္ပါတယ္။ တခ်ိဳ႕မိန္းကေလးေတြမွာ ေသြးဆင္းတာအရမ္းမ်ားျပီး ေသြးအားနည္းတဲ့အေျခအေနျဖစ္ေစနိုင္ပါတယ္။ ဒီေဆးေတြက ရာသီေသြးဆင္းနည္းေစတာေၾကာင့္ ေသြးအားနည္းျခင္းမျဖစ္ေအာင္ ကာကြယ္ေပးနုိင္ပါတယ္။

(၉) ဝက္ျခံျဖစ္ျခင္း  –  ပံုမွန္ေဆးဝါးေတြနဲ႔ကုသလို႔မရတဲ့ ဝက္ျခံ အၾကီးအေသးအားလံုးကို သေႏၶတားေဆးေတြနဲ႔ကုသနုိ္င္ပါတယ္။ သေႏၶတားေဆးမွာပါတဲ့ ေဟာ္မုန္းေတြက ဝက္ျခံျဖစ္ျခင္းကိုတားဆီးေပးနိုင္ပါတယ္။ ဒါေပမယ့္ အာနိသင္ထိေရာက္ဖို႔က လနဲ႔ခ်ီျပီး ၾကာတတ္တာေၾကာင့္ စိတ္ရွည္ဖို႔ေတာ့လိုပါတယ္။

ေရာဂါအေၾကာင္းရင္းေၾကာင့္ သေႏၶတားေဆးေတြကိုေသာက္ေနရတယ္ဆိုရင္ ဘာအက်ိဳးေက်းဇူးေတြရွိနိင္လဲ

သေႏၶတားေဆးေတြကို ေရာဂါကုသေရးအတြက္ေသာက္သံုးေနတယ္ဆိုရင္ေတာင္ ကိုယ္ဝန္မရေအာင္လည္း အကာအကြယ္ျဖစ္ေစပါတယ္။ ဒါေပမယ့္ တားေဆးေတြက လိင္မွတဆင့္ကူးစက္တတ္တဲ့ေရာဂါေတြကို မကာကြယ္ေပးနိင္ပါဘူး။ ဒါ့ေၾကာင့္ ကိုယ့္အေဖာ္မွာ ေရာဂါရွိမရွိကို မသိတဲ့အေျခအေနဆိုရင္ လိင္ဆက္ဆံခ်ိန္မွာ ကြန္ဒံုးသံုးတာ ေကာင္းပါတယ္။

Credit: Dr. Thiha Phyo Myint
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 သန္ဓေတားဆေးတွေက ကိုယ်ဝန်မရအောင်တားပေးနိုင်တယ်လို့ သိထားကြပြီးဖြစ်ပါတယ်။ ထိုးဆေးနဲ့သောက်ဆေးရှိကြတဲ့အထဲမှာ သောက်ဆေးတွေက တခြားကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိနေနိုင်သေးတယ်ဆိုတာ သင်သိရဲ့လား။

သန္ဓေတားခြင်းထက် ကုသရေးလိုမျိုး တခြားအကြောင်းရင်းတွေအတွက်လည်း သန္ဓေတားဆေးတွေကို အသုံးပြုကြပါတယ်။

ဒါဆို စိတ်ချလုံခြုံရတဲ့လိင်ဆက်ဆံမှုအတွက် အပြင် သန္ဓေတားဆေးကို ဘာလို့သောက်ကြတာလဲ။

အဓိကအားဖြင့် အက်စထရိုဂျင်နဲ့ ပရိုတက်စတင် ဟော်မုန်းတွေပါဝင်တဲ့ နှစ်မျိုးစပ်သောက်ဆေးနဲ့ ဟော်မုန်းတစ်မျိုးတည်းပါတဲ့ ပရိုဂျက်စတင်သီးသန့်သောက်ဆေး ဆိုပြီးသန္ဓေတားဆေးအမျိုးအစားနှစ်မျိုးရှိပါတယ်။ သန္ဓေတားဆေးတွေက အမျိုးသမီးရဲ့သားဥအိမ်ကနေ မမျိုးဥထွက်မလာအောင် တားဆီးပေးတာဖြစ်ပြီး သားအိမ်နံရံကအကျိအချွဲတွေကို ထူစေတဲ့နည်းနဲ့ ကိုယ်ဝန်မရအောင် ကာကွယ်ပေးပါတယ်။

ဓမ္မတာလာချိန်နာကျင်ကိုက်ခဲမှုသက်သာစေဖို့ ဆရာဝန်ဆေးညွှန်းပေးတာရှိသလို ရာသီသွေးပေါ်ချိန်မှန်စေဖို့လည်းသုံးကြပါတယ်။ တားဆေးမှာ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေလို့ပါ။ ပေါင်းစပ်သန္ဓေတားဆေးနဲ့ ပရိုဂျက်စတင်သန္ဓေတားဆေးနှစ်မျိုးလုံးက ရာသီလာစဉ်နာကျင်ကိုက်ခဲမှုတွေကိုလျော့ပါးစေပြီးသွေးဆင်းများခြင်းကို ထိန်းပေးနိုင်သလို သားအိမ်ပြင်ပသန္ဓေတည်ခြင်း(ectopic pregnancy)ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။ ဒါ့အပြင် –

        ဝက်ခြံ
        အရိုးပါးခြင်း
        ရင်သားနဲ့သားအိမ်အတွင်းအကျိတ်ဖြစ်ခြင်း
        မျိုးဥအိမ်ကင်ဆာ
        သားအိမ်၊သားဥပြွန်၊မျိုးဥအိမ်တို့မှာ ပြင်းထန်တဲ့ရောဂါပိုးဝင်ခြင်း
        သံဓာတ်အားနည်းခြင်း(သွေးအားနည်းခြင်း)
        PMS ( ရာသီမလာခင် ခံစားရတဲ့လက္ခဏာများ) ကို ကာကွယ်တားဆီးပေးပါတယ်။

သန္ဓေတားဆေးတွေက ဘယ်လိုရောဂါအခြေအနေတွေအတွက် အကျိုးအာနိသင်ရှိသလဲ

သန္ဓေတားဆေးတွေကို ရောဂါအခြေအနေအတော်များများကိုကုသရာမှာအသုံးပြုကြပါတယ် –

(၁) Polycystic Ovary Syndrome (မျိုးဥအိမ်အတွင်းအရည်အိတ်တည်ခြင်း )ဟာ ဓမ္မတာမမှန်ခြင်း၊ဝက်ခြံထွက်ခြင်းနဲ့ အမွေးအမျှင်တွေပိုထွက်လာခြင်းတို့ကိုဖြစ်စေတဲ့ ဟော်မုန်းမညီမျှမှုဖြစ်ပါတယ်။ ရာသီလာချိန်မမှန်တဲ့မိန်းကလေးတွေ(အရမ်းနည်းတာ၊ လုံးဝမလာတာ)အတွက် ရာသီမှန်စေဖို့ ဟော်မုန်းပမာဏကို လျော့နည်းအောင် သန္ဓေတားဆေးတွေက စွမ်းဆောင်ပေးပါတယ်။ ဟော်မုန်းတွေက ပုံမှန်ပမာဏရှိနေတယ်ဆိုရင် ဝက်ခြံနဲ့အမွေးအမျှင်ထွက်ခြင်းတို့ သက်သာသွားစေနိုင်ပါတယ်။

(၂) Endometriosis(သားအိမ်တွင်းတစ်ရှူးများသားအိမ်ပြင်ပရောက်ခြင်း) – ဒီအခြေအနေရှိနေတဲ့ အမျိုးသမီးအများစုဟာ ရာသီလာချိန်မှာ ကိုက်ခဲမှု၊ ခါးအောက်ပိုင်းကိုက်ခြင်းကိုခံစားရတတ်ပါတယ်။  Endometriosis ကိုကုသရာမှာ သန္ဓေတားဆေးတွေကို ဆေးညွှန်းပေးလေ့ရှိပြီး တားဆေးက ဓမ္မတာမလာအောင်ယာယီတားဆီးပေးထားပါတယ်။ Endometriosis ရှိတဲ့ မိန်းကလေးငယ်တွေဟာ ရာသီလာရင် နာကျင်ကိုက်ခဲမှုကိုခံစားရနိုင်တာကြောင့် ရာသီသွေးမဆင်းအောင်တားဆီးတာက ဝေဒနာကို သက်သာစေနိုင်ပါလိမ့်မယ်။

(၃) ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraines)  -သန္ဓေတားဆေးက ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့ ရာသီလာချိန် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေနိူုင်ပါတယ်။

(၄) ကိုယ်အလေးချိန်ကျဆင်းခြင်း၊စိတ်ဖိစီးခြင်း၊ကိုယ်လက်လှုပ်ရှားမှုလွန်ကဲခြင်းကြောင့် ရာသီထိန်ခြင်း (amenorrhea) –  ရာသီစက်ဝန်းမှန်စေဖို့ အက်စထရိုဂျင်ပြန်ဖြည့်ပေးနိုင်မယ့် သန္ဓေတားဆေးတွေကို ဆရာဝန်က ညွှန်းပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးအတွက် အက်စထရိုဂျင်ပုံမှန်ပမာဏရှိဖို့နဲ့ သင့်တင့်တဲ့ ကိုယ်အလေးချိန်ရှိဖို့အရေးကြီးပါတယ်။ ကိုယ်အလေးချိန်ကျဆင်းမှု ဒါမှမဟုတ် စားသောက်ပုံမူမမှန်ခြင်းတို့ကြောင့် ရာသီထိန်ခဲ့ရင် ပုံမှန်ကိုယ်အလေးချိန်ပြန်ရအောင် ကုသစောင့်ရှောက်မှုခံယူတာအကောင်းဆုံးပါပဲ။

(၅) Menstrual Cramps – ရာသီလာချိန်ကိုက်ခဲမှုပြင်းထန်တဲ့အခါ  ဆေးညွှန်းမလိုတဲ့ဆေးဝါးတွေလောက်နဲ့ မသက်သာခဲ့ရင်  သန္ဓေတားဆေးတွေက အထောက်အကူပေးနိုင်ပါတယ်။  တားဆေးတွေက မျိုးဥကြွေခြင်းကိုတားဆီးပေးပြီး သွေးဆင်းနည်းစေပါတယ်။dysmenorrhea လို့ခေါ်တဲ့ဒီအခြေအနေကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုကို ဒီဆေးတွေကသက်သာလျော့ပါးစေပါတယ်။

(၆) ရာသီမလာခင်ခံစားရတဲ့လက္ခဏာများ(PMS) –  စိတ်အပြောင်းအလဲမြန်ခြင်း၊ရင်သားနာကျင်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဗိုက်ပူလာခြင်း၊ ဝက်ခြံထွက်ခြင်းတို့လို  PMS လက္ခဏာတွေက မိန်းကလေးတစ်ယောက်ရာသီမလာခင် ၂ ပတ်လောက်အလိုမှာ ဖြစ်လေ့ရှိပါတယ်။ မျိုးဥကြွေခြင်းကိုတားဆီးပေးပြီး ဟော်မုန်းပမာဏကို ထိန်းညှိပေးဖို့ သန္ဓေတားဆေးတွေကို ညွှန်းပေးကြပါတယ်။ သန္ဓေတားသောက်ဆေးတွေကို ဆက်တိုက်ပေးပြီးနောက် ဒီလက္ခဏာတွေသက်သာလာနိုင်ပါတယ်။

(၇) Primary Ovarian Insufficiency (POI) – ဓာတ်ကင်ကုထုံး၊ ဓာတုကုထုံး သို့မဟုတ် မျိုးဗီဇရောဂါတစ်ခုခုကြောင့် မျိုးဥအိမ်က အက်စထရိုဂျင်အလုံအလောက်မထုတ်ပေးနိုင်တဲ့ ဒီအခြေအနေမှာ သန္ဓေတားဆေးတွေက အကျိုးပြုပေးနိူင်ပါတယ်။ ဒီကုသမှုရဲ့ ရည်ရွယ်ချက်က ရာသီစက်ဝန်းပုံမှန်ပြန်ဖြစ်ဖို့နဲ့ အရိုးကျန်းမာရေးထိန်းသိမ်းဖို့အတွက်ဖြစ်ပါတယ်။

(၈) ရာသီသွေးဆင်းများခြင်း – ရာသီလာချိန်သွေးဆင်းတဲ့ပမာဏများနေရင်၊ ရက်ပိုကြာနေရင် သန္ဓေတားဆေးတွေက သက်သာစေနိုင်ပါတယ်။ တချို့မိန်းကလေးတွေမှာ သွေးဆင်းတာအရမ်းများပြီး သွေးအားနည်းတဲ့အခြေအနေဖြစ်စေနိုင်ပါတယ်။ ဒီဆေးတွေက ရာသီသွေးဆင်းနည်းစေတာကြောင့် သွေးအားနည်းခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၉) ဝက်ခြံဖြစ်ခြင်း  –  ပုံမှန်ဆေးဝါးတွေနဲ့ကုသလို့မရတဲ့ ဝက်ခြံ အကြီးအသေးအားလုံးကို သန္ဓေတားဆေးတွေနဲ့ကုသနိုင်ပါတယ်။ သန္ဓေတားဆေးမှာပါတဲ့ ဟော်မုန်းတွေက ဝက်ခြံဖြစ်ခြင်းကိုတားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့် အာနိသင်ထိရောက်ဖို့က လနဲ့ချီပြီး ကြာတတ်တာကြောင့် စိတ်ရှည်ဖို့တော့လိုပါတယ်။

ရောဂါအကြောင်းရင်းကြောင့် သန္ဓေတားဆေးတွေကိုသောက်နေရတယ်ဆိုရင် ဘာအကျိုးကျေးဇူးတွေရှိနိင်လဲ

သန္ဓေတားဆေးတွေကို ရောဂါကုသရေးအတွက်သောက်သုံးနေတယ်ဆိုရင်တောင် ကိုယ်ဝန်မရအောင်လည်း အကာအကွယ်ဖြစ်စေပါတယ်။ ဒါပေမယ့် တားဆေးတွေက လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို မကာကွယ်ပေးနိင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်အဖော်မှာ ရောဂါရှိမရှိကို မသိတဲ့အခြေအနေဆိုရင် လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးသုံးတာ ကောင်းပါတယ်။

Credit: Dr. Thiha Phyo Myint

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top