iMyanmarHouse.com - Best Property Website for Myanmar
×


ဘာေၾကာင့္ သူတို႔အတြက္ အႏၱရာယ္ျဖစ္ေစရတာလဲ …


EXO အဖဲြ႔ဝင္ D.O နဲ႔ မင္းသမီး Park Hye Soo တို႔ရဲ႕အသစ္ထြက္႐ွိလာမယ့္ ”Swing Kids” ဇာတ္ကားအတြက္ သတင္းစာ႐ွင္းလင္းပဲြလုပ္ရင္း Kiss Scene န႔ဲ ပတ္သတ္ျပီး ေနာက္ကြယ္ အေသးစိတ္ေတြကို သတင္းသမားမ်ားက သိခ်င္လာၾကပါတယ္။


အံ့ၾသစရာေကာင္းတာက သူတို႔ရဲ႕kissing scene က အႏၱရာယ္႐ွိေစခဲ့တယ္လို႔ D.O ကေျပာလာပါတယ္။

D.O ရဲ႕ဇာတ္႐ုပ္က မင္းသမီးကို အတင္းဖက္နမ္းလိုက္ရတာျဖစ္တာေၾကာင့္ အားသံုးတာမ်ားျပီး သြားခ်င္းတိုက္ကာ ေတာ္ေတာ္နာသြားတယ္လို႔ ရယ္ေမာရင္းေျပာလာပါတယ္။ ဒါေလးကေတာ့ သူတို႔ႏွစ္ေယာက္အတြက္ အမွတ္တရပါပဲ။

Park Hye Soo ကလည္း ဒီဇာတ္ဝင္ခန္းက သူမ ထင္ထားတာထက္ ပိုအႏၱရာယ္႐ွိျပီီး နာက်င္သြားေၾကာင္းေျပာလာပါတယ္။ နမ္းခန္းကိုလည္း ခဏခဏ ျပန္႐ုိက္ရေၾကာင္းေျပာပါတယ္။
Park Hye Soo ဟာ D.O အတြက္ ညီမေလးတစ္ေယာက္လိုပဲမို႔လို႔ သူမနဲ႔အတူ အလုပ္တဲြလုပ္ရတာ စိတ္ခ်မ္းသာရတယ္လို႔ ဆိုပါတယ္။ စစခ်င္းမွာေတာ့ ႏွစ္ေယာက္လံုး မေနတတ္သလိုျဖစ္ေနေပမယ့္ေနာက္ပုိင္းေတာ့ အသားက်ျပီး ကိုယ့္အစြမ္းစကိုယ္ ထုတ္သံုးကာ ဒီဇာတ္ကားမွာ အေကာင္းဆံုးသ႐ုပ္ေဆာင္ထားၾကပါတယ္တဲ့။

“Swing Kids” ဇာတ္ကားဟာ ဒီဇင္ဘာ ၁၉ရက္ေန႔ဆို ထြက္႐ွိေတာ့မွာျဖစ္ပါတယ္။


Credit:Trend

# Unicode Version ျဖင့္ ဖတ္ပါ #

ဘာကြောင့် သူတို့အတွက် အန္တရာယ်ဖြစ်စေရတာလဲ …

EXO အဖွဲ့ဝင် D.O နဲ့ မင်းသမီး Park Hye Soo တို့ရဲ့အသစ်ထွက်ရှိလာမယ့် ”Swing Kids” ဇာတ်ကားအတွက် သတင်းစာရှင်းလင်းပွဲလုပ်ရင်း Kiss Scene နဲ့ ပတ်သတ်ပြီး နောက်ကွယ် အသေးစိတ်တွေကို သတင်းသမားများက သိချင်လာကြပါတယ်။

အံ့သြစရာကောင်းတာက သူတို့ရဲ့kissing scene က အန္တရာယ်ရှိစေခဲ့တယ်လို့ D.O ကပြောလာပါတယ်။

D.O ရဲ့ဇာတ်ရုပ်က မင်းသမီးကို အတင်းဖက်နမ်းလိုက်ရတာဖြစ်တာကြောင့် အားသုံးတာများပြီး သွားချင်းတိုက်ကာ တော်တော်နာသွားတယ်လို့ ရယ်မောရင်းပြောလာပါတယ်။ ဒါလေးကတော့ သူတို့နှစ်ယောက်အတွက် အမှတ်တရပါပဲ။

Park Hye Soo ကလည်း ဒီဇာတ်ဝင်ခန်းက သူမ ထင်ထားတာထက် ပိုအန္တရာယ်ရှိပြီး နာကျင်သွားကြောင်းပြောလာပါတယ်။ နမ်းခန်းကိုလည်း ခဏခဏ ပြန်ရိုက်ရကြောင်းပြောပါတယ်။

Park Hye Soo ဟာ D.O အတွက် ညီမလေးတစ်ယောက်လိုပဲမို့လို့ သူမနဲ့အတူ အလုပ်တွဲလုပ်ရတာ စိတ်ချမ်းသာရတယ်လို့ ဆိုပါတယ်။ စစချင်းမှာတော့ နှစ်ယောက်လုံး မနေတတ်သလိုဖြစ်နေပေမယ့်နောက်ပိုင်းတော့ အသားကျပြီး ကိုယ့်အစွမ်းစကိုယ် ထုတ်သုံးကာ ဒီဇာတ်ကားမှာ အကောင်းဆုံးသရုပ်ဆောင်ထားကြပါတယ်တဲ့။

“Swing Kids” ဇာတ်ကားဟာ ဒီဇင်ဘာ ၁၉ရက်နေ့ဆို ထွက်ရှိတော့မှာဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top