iMyanmarHouse.com - Best Property Website for Myanmar
×

ပိန္္းဥက သဘာဝကေပးတဲ့ ေဆးဖက္ဝင္ပိန္းဥျဖစ္ပါတယ္။ ကမၻာအႏွံ႕မွာ ေနရာေတာ္ေတာ္မ်ားမ်ားကုိ စုိက္ပ်ိဳးထားၾကပါတယ္္။ အမ်ားအားျဖင့္ ပိန္းဥကုိ ျပဳတ္စား၊ ဟင္းခ်က္စားၾကတာမ်ားပါတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဟင္းခ်ိဳးခ်က္ၿပီး စားတာကုိ ပုိၿပီး ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္ အစာလဲေဆး ေဆးလဲ အစာဆိုတာေၾကာင့္ ပိန္းဥမွာ ဘယ္လို အက်ိဳးေက်းဇူးေတြ ရရွိႏိုင္မလဲဆုိတာကုိ ေျပာျပလိုက္ပါတယ္ေနာ္။

အစာေခ်ဖ်က္အား ပုိေကာင္းေစျခင္း

ပိန္းဥမွာ အမွ်င္ဓာတ္မ်ားစြာ ပါတာေၾကာင့္ အစာအိမ္နဲ႔ အူလမ္းေၾကာင္း က်န္းမာေရးကုိ မ်ားစြာ အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။ အမွ်င္ဓာတ္က အူတြင္းလႈပ္ရွားမႈကုိ ေကာင္းမြန္ေစတဲ့အတြက္ အစာေခ်ဖ်က္ႏိုင္စြမ္းကုိ ပုိေကာင္းေစတာေၾကာင့္ ဝမ္းမွန္ေစႏိုင္ပါတယ္္။ ေလပြျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ ဝမ္းပ်က္ဝမ္းေလွ်ာျခင္း၊ ေလေအာင့္ျခင္းေတြကုိ မျဖစ္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။

ကင္ဆာ ကာကြယ္ေပးႏုိင္ျခင္း

ပိန္းဥမွာ ကင္ဆာကုိ ကာကြယ္ႏိုင္တဲ့ ဓာတ္တိုးဆန္႔က်င္လုပ္ေဆာင္ခ်က္ေတြ ပါဝင္ပါတယ္။ ဗီတာမင္ ေအ၊ စီတို႔ ပါဝင္တာေၾကာင့္ ကုိယ္ခံစြမ္းအားကုိ ျမႇင့္တင္ေပးၿပီး အႏၱရာယ္ရွိတဲ့ free radicals ကုိ ဖယ္ရွားေပးႏုိင္ပါတယ္။ ပိန္းဥမွာပါရွိတဲ့ Cryptoxanthin က အဆုတ္ကင္ဆာနဲ႔ ခံတြင္းကင္ဆာျဖစ္ႏုိင္ေျခကုိ ေလ်ာ့က်ေစနိုင္ပါတယ္။

အျမင္အာရံုကုိ ပုိမိုေကာင္းမြန္ေစျခင္း

ပိန္းဥမွာ beta-carotene နဲ႔ cryptoxanthin အပါအဝင္ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ပါဝင္တာေၾကာင့္ အျမင္အာရံုဆဲလ္ေတြကုိ ပုိမိုေကာင္းမြန္ေစႏိုုင္ပါတယ္။

ေသြးလည္ပတ္မႈကုိ ပုိမိုေကာင္းမြန္ေစျခင္း

ပိန္းဥမွာပါတဲ့ သတၱဳဓာတ္ေတြက က်န္းမာေရးကုိ အက်ိဳးျပဳေစႏိုင္ပါတယ္။ သံဓာတ္နဲ႔ ေကာ့ပါးက ေသြးအားနည္းျခင္းကုိ ကာကြယ္ေပးၿပီး ေသြးလည္ပတ္မႈကုိလည္း ပုိမိုေကာင္းမြန္ေစဖို႔ အဓိက အက်ိဳးျပဳပါတယ္။ ဒီဓာတ္ႏွစ္မ်ိဳးစလံုးက ေသြးနီဥဆဲလ္ေတြ ထုတ္လုပ္မႈအတြက္ အေရးပါတာေၾကာင့္ ေသြးအားကုိလည္း ပုိမိုေကာင္းမြန္ေစပါတယ္။

ႏွလံုးေရာဂါနဲ႔ ဆီးခ်ိဳကုိ သက္သာေစျခင္း

ပိန္းဥမွာ ပါဝင္တဲ့ ပုိတက္ဆီယမ္ဓာတ္ကေသြးေၾကာနဲ႔ ႏွလံုးေသြးေၾကာေတြကုိ ဖိစီးမႈေျပေလ်ာ့ေစၿပီး ေသြးဖိအားကုိေလ်ာ့ေက်စၿပီး အာရံုေၾကာစနစ္ရဲ့ လုပ္ေဆာင္ခ်က္ကုိ ျမႇင့္တင္ေပးတာေၾကာင့္ ဦးေႏွာက္ရဲ့ လုပ္ေဆာင္ခ်က္ကုိလည္း ပုိေကာင္းေစႏိုင္ပါတယ္။ အမွ်င္ဓာတ္က အင္ဆူလင္နဲ႔ ဂလူးကုိ႔စ္ဓာတ္ေတြ ထြက္ရွိမႈကုိ ထိန္းညႇိေပးတာေၾကာင့္ ဆီးခ်ိဳျဖစ္နိုင္ေခ်ကုိ ေလ်ာ့ခ်ေပးႏုိင္ပါတယ္။ ပိန္းဥက ဆီးခ်ိဳးရွိၿပီးသားျဖစ္ေနရင္လည္း သၾကားဓာတ္ျမင့္တတ္ျခင္း၊ ထိုးက်ျခင္းမျဖစ္ေအာင္ ကာကြယ္ယေပးႏုိင္ပါတယ္။

Credit: myanmaplatform

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ပိန်းဥက သဘာဝကပေးတဲ့ ဆေးဖက်ဝင်ပိန်းဥဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာ နေရာတော်တော်များများကို စိုက်ပျိုးထားကြပါတယ်။ အများအားဖြင့် ပိန်းဥကို ပြုတ်စား၊ ဟင်းချက်စားကြတာများပါတယ်။ တော်တော်များများကတော့ ဟင်းချိုးချက်ပြီး စားတာကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့် အစာလဲဆေး ဆေးလဲ အစာဆိုတာကြောင့် ပိန်းဥမှာ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြလိုက်ပါတယ်နော်။

အစာချေဖျက်အား ပိုကောင်းစေခြင်း

ပိန်းဥမှာ အမျှင်ဓာတ်များစွာ ပါတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ အမျှင်ဓာတ်က အူတွင်းလှုပ်ရှားမှုကို ကောင်းမွန်စေတဲ့အတွက် အစာချေဖျက်နိုင်စွမ်းကို ပိုကောင်းစေတာကြောင့် ဝမ်းမှန်စေနိုင်ပါတယ်။ လေပွခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ လေအောင့်ခြင်းတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်ခြင်း

ပိန်းဥမှာ ကင်ဆာကို ကာကွယ်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ဗီတာမင် အေ၊ စီတို့ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အန္တရာယ်ရှိတဲ့ free radicals ကို ဖယ်ရှားပေးနိုင်ပါတယ်။ ပိန်းဥမှာပါရှိတဲ့ Cryptoxanthin က အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

အမြင်အာရုံကို ပိုမိုကောင်းမွန်စေခြင်း

ပိန်းဥမှာ beta-carotene နဲ့ cryptoxanthin အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် အမြင်အာရုံဆဲလ်တွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေခြင်း

ပိန်းဥမှာပါတဲ့ သတ္တုဓာတ်တွေက ကျန်းမာရေးကို အကျိုးပြုစေနိုင်ပါတယ်။ သံဓာတ်နဲ့ ကော့ပါးက သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်စေဖို့ အဓိက အကျိုးပြုပါတယ်။ ဒီဓာတ်နှစ်မျိုးစလုံးက သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုအတွက် အရေးပါတာကြောင့် သွေးအားကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

နှလုံးရောဂါနဲ့ ဆီးချိုကို သက်သာစေခြင်း

ပိန်းဥမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ကသွေးကြောနဲ့ နှလုံးသွေးကြောတွေကို ဖိစီးမှုပြေလျော့စေပြီး သွေးဖိအားကိုလျော့ကျေစပြီး အာရုံကြောစနစ်ရဲ့ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးတာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကိုလည်း ပိုကောင်းစေနိုင်ပါတယ်။ အမျှင်ဓာတ်က အင်ဆူလင်နဲ့ ဂလူးကို့စ်ဓာတ်တွေ ထွက်ရှိမှုကို ထိန်းညှိပေးတာကြောင့် ဆီးချိုဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ ပိန်းဥက ဆီးချိုးရှိပြီးသားဖြစ်နေရင်လည်း သကြားဓာတ်မြင့်တတ်ခြင်း၊ ထိုးကျခြင်းမဖြစ်အောင် ကာကွယ်ယပေးနိုင်ပါတယ်။

Credit: myanmaplatform

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top