iMyanmarHouse.com - Best Property Website for Myanmar
×

သင္မထင္မွတ္ဘဲ ျပဳလုပ္မိတဲ့ အရာေလးေတြ၊ ထူးဆန္းတဲ့ အျပဳအမူေတြက သူတို႔အတြက္ေတာ့ ဆြဲေဆာင္မႈ ရွိေနတတ္ပါတယ္တဲ့။ သင္က ဒီအခ်က္ေတြေၾကာင့္ ဆြဲေဆာင္မႈရွိတယ္လို႔ ထုတ္မေျပာေပမယ့္လည္း သူတို႔စိတ္ထဲမွာ ႀကိတ္ေၾကြေနတတ္တဲ့ အမူအရာတခ်ိဳ႕ကို ေျပာျပခ်င္ပါတယ္။ ဒီေတာ့.. အခုေဖာ္ျပေပးတဲ့ အခ်က္ေတြ သင့္ဆီမွာရွိေနတယ္ ဆိုရင္ ေကာင္ေလးေတြအျမင္မွာ သင္ကဆြဲေဆာင္မႈရွိတဲ့သူ တစ္ဦးပါပဲ။

(၁) ဂရုစိုက္ၾကင္နာတတ္သူ

သူတုိ႔ကို ဂရုစိုက္ၾကင္နာတတ္တဲ့ ေကာင္မေလးေတြကိုလည္း ႀကိတ္ေၾကြတတ္ၾကပါေသးတယ္။ ဘယ္သူမဆို ဂရုစိုက္ခံခ်င္ၾကပါတယ္။ အေသးအဖြဲကိစၥေလးကအစ သူတို႔ကို သတိထား ေစာင့္ၾကည့္မယ္၊ ဂရုစိုက္ေပး တယ္ဆိုရင္ သင္ဟာ သူ႔အတြက္ ဆြဲေဆာင္မႈရွိလြန္းသူ တစ္ေယာက္ပါပဲ။

(၂) စကားေျပာရာမွာခ်စ္စရာေကာင္းသူ

စကားေျပာတဲ့အခါမွာ လက္ဟန္ေျခဟန္ေတြနဲ႔ စိတ္ပါလက္ပါနဲ႔ စကားေျပာတဲ့ ေကာင္မေလးေတြကို ေကာင္ေလးေတြက ေၾကြၾကပါတယ္တဲ့။ စကားေျပာတဲ့အခါ တစ္ဖက္လူကို ဆြဲေဆာင္ႏိုင္ဖို႔အတြက္ စကားေျပာဟန္ဆိုဟန္၊ ေလယူေလသိမ္းကအစ သတိထားဖို႔ အေရးႀကီးပါတယ္။ သင္ေျပာသမွ် စကားတုိင္းကို ပ်င္းမေနေစဖို႔ ဟာသေလးေတြ ထည့္ေျပာတာ၊ ရယ္ရယ္ေမာေမာနဲ႔ စကားေျပာ တာေတြက ေကာင္ေလးေတြအတြက္ တကယ့္ကို ခ်စ္စရာေကာင္းတဲ့ ဟန္ပန္ေတြပါပဲ။

(၃) ရည္မွန္းခ်က္ႀကီးမားသူ

လူတုိင္းမွာေတာ့ ရည္မွန္းခ်က္ကိုယ္စီရွိၾကပါတယ္။ ေရွ႕ေလွ်ာက္ရမယ့္ အနာဂတ္ကို အမ်ားႀကီးေမွ်ာ္လင့္ထားသူ၊ ရည္မွန္းခ်က္ႀကီးမားတဲ့ မိန္းကေလးေတြကို ေကာင္ေလးေတြက သေဘာက်ၾကပါတယ္။ စိတ္ဓာတ္ႀကံ႕ခုိင္ၿပီး စိန္ေခၚမႈမ်ားနဲ႔ ထက္ျမတ္တဲ့ မိန္းကေလးမ်ိဳးကို ႀကိတ္ေၾကြတတ္ၾကပါတယ္။

(၄) အားကစားလိုက္စားသူ

ဒါကေတာ့ ေျပာေနစရာမလိုပါဘူး။ ေယာက်္ားေလး သဘာဝအရ ခႏၶာကိုယ္ေျပျပစ္လွပတဲ့မိန္းကေလး ဆိုရင္ သေဘာက်တာေတြခ်ည္းပါပဲ။ အထူးသျဖင့္ အားကစားလုိက္စားတဲ့ မိန္းကေလးနဲ႔ Gym ေဆာ့တဲ့ မိန္းကေလးေတြကို ပိုသေဘာက်ပါတယ္တဲ့။ ဒါေပမယ့္ သင္က Gym ေဆာ့စရာမလိုဘဲ ခႏၶာကိုယ္အခ်ိိဳးအစား ေျပျပစ္သူဆိုရင္လည္း သူတို႔အတြက္ ပိုလို႔ဆြဲေဆာင္မႈရွိေနတတ္ပါတယ္။ ခႏၶာကိုယ္အလွကို ထိန္းသိမ္းထားႏုိင္သူဆိုၿပီး ခ်ီးက်ဴးပါလိမ့္မယ္။

(၅) အစားအေသာက္မက္ေမာသူ

အစားအေသာက္ေကာင္းေတြ ႀကိဳက္ႏွစ္သက္တဲ့ ေကာင္မေလးေတြကိုလည္း ေကာင္ေလးေတြက ထူးထူးဆန္းဆန္း ႀကိတ္ေၾကြတတ္ပါေသးတယ္။ အစားအေသာက္ကို ဟန္ေဆာင္မႈမရွိဘဲ စားေသာက္တတ္သူကို သေဘာက်တတ္ၾကပါတယ္။

Credit: myanmaplatform

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

သင်မထင်မှတ်ဘဲ ပြုလုပ်မိတဲ့ အရာလေးတွေ၊ ထူးဆန်းတဲ့ အပြုအမူတွေက သူတို့အတွက်တော့ ဆွဲဆောင်မှု ရှိနေတတ်ပါတယ်တဲ့။ သင်က ဒီအချက်တွေကြောင့် ဆွဲဆောင်မှုရှိတယ်လို့ ထုတ်မပြောပေမယ့်လည်း သူတို့စိတ်ထဲမှာ ကြိတ်ကြွေနေတတ်တဲ့ အမူအရာတချို့ကို ပြောပြချင်ပါတယ်။ ဒီတော့.. အခုဖော်ပြပေးတဲ့ အချက်တွေ သင့်ဆီမှာရှိနေတယ် ဆိုရင် ကောင်လေးတွေအမြင်မှာ သင်ကဆွဲဆောင်မှုရှိတဲ့သူ တစ်ဦးပါပဲ။

(၁) ဂရုစိုက်ကြင်နာတတ်သူ

သူတို့ကို ဂရုစိုက်ကြင်နာတတ်တဲ့ ကောင်မလေးတွေကိုလည်း ကြိတ်ကြွေတတ်ကြပါသေးတယ်။ ဘယ်သူမဆို ဂရုစိုက်ခံချင်ကြပါတယ်။ အသေးအဖွဲကိစ္စလေးကအစ သူတို့ကို သတိထား စောင့်ကြည့်မယ်၊ ဂရုစိုက်ပေး တယ်ဆိုရင် သင်ဟာ သူ့အတွက် ဆွဲဆောင်မှုရှိလွန်းသူ တစ်ယောက်ပါပဲ။

(၂) စကားပြောရာမှာချစ်စရာကောင်းသူ

စကားပြောတဲ့အခါမှာ လက်ဟန်ခြေဟန်တွေနဲ့ စိတ်ပါလက်ပါနဲ့ စကားပြောတဲ့ ကောင်မလေးတွေကို ကောင်လေးတွေက ကြွေကြပါတယ်တဲ့။ စကားပြောတဲ့အခါ တစ်ဖက်လူကို ဆွဲဆောင်နိုင်ဖို့အတွက် စကားပြောဟန်ဆိုဟန်၊ လေယူလေသိမ်းကအစ သတိထားဖို့ အရေးကြီးပါတယ်။ သင်ပြောသမျှ စကားတိုင်းကို ပျင်းမနေစေဖို့ ဟာသလေးတွေ ထည့်ပြောတာ၊ ရယ်ရယ်မောမောနဲ့ စကားပြော တာတွေက ကောင်လေးတွေအတွက် တကယ့်ကို ချစ်စရာကောင်းတဲ့ ဟန်ပန်တွေပါပဲ။

(၃) ရည်မှန်းချက်ကြီးမားသူ

လူတိုင်းမှာတော့ ရည်မှန်းချက်ကိုယ်စီရှိကြပါတယ်။ ရှေ့လျှောက်ရမယ့် အနာဂတ်ကို အများကြီးမျှော်လင့်ထားသူ၊ ရည်မှန်းချက်ကြီးမားတဲ့ မိန်းကလေးတွေကို ကောင်လေးတွေက သဘောကျကြပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ပြီး စိန်ခေါ်မှုများနဲ့ ထက်မြတ်တဲ့ မိန်းကလေးမျိုးကို ကြိတ်ကြွေတတ်ကြပါတယ်။

(၄) အားကစားလိုက်စားသူ

ဒါကတော့ ပြောနေစရာမလိုပါဘူး။ ယောကျ်ားလေး သဘာဝအရ ခန္ဓာကိုယ်ပြေပြစ်လှပတဲ့မိန်းကလေး ဆိုရင် သဘောကျတာတွေချည်းပါပဲ။ အထူးသဖြင့် အားကစားလိုက်စားတဲ့ မိန်းကလေးနဲ့ Gym ဆော့တဲ့ မိန်းကလေးတွေကို ပိုသဘောကျပါတယ်တဲ့။ ဒါပေမယ့် သင်က Gym ဆော့စရာမလိုဘဲ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သူဆိုရင်လည်း သူတို့အတွက် ပိုလို့ဆွဲဆောင်မှုရှိနေတတ်ပါတယ်။ ခန္ဓာကိုယ်အလှကို ထိန်းသိမ်းထားနိုင်သူဆိုပြီး ချီးကျူးပါလိမ့်မယ်။

(၅) အစားအသောက်မက်မောသူ

အစားအသောက်ကောင်းတွေ ကြိုက်နှစ်သက်တဲ့ ကောင်မလေးတွေကိုလည်း ကောင်လေးတွေက ထူးထူးဆန်းဆန်း ကြိတ်ကြွေတတ်ပါသေးတယ်။ အစားအသောက်ကို ဟန်ဆောင်မှုမရှိဘဲ စားသောက်တတ်သူကို သဘောကျတတ်ကြပါတယ်။

Credit: myanmaplatform

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top