iMyanmarHouse.com - Best Property Website for Myanmar
×












Lady Gaga ရဲ့ ပေါင်မှာ Unicorn ရုပ်တင်ပေးခဲ့တဲ့ North Star Tattoo စတူဒီယိုက နယူးယောခ့်မြို့ အခြေစိုက် တက်တူးဆရာမ Becca Roach က တက်တူးတစ်ခု မထိုးခင်သိထားသင့်တဲ့ အရေးကြီးအချက်တွေကို မျှဝေပေးခဲ့ပါတယ်။ ( ဒုတိယပိုင်း )

၁၁။ နံရိုး၊ခြေထောက်နဲ့ တင်ပါးတို့ က အနာဆုံးနေရာတွေ

ဒါကြောင့် ဒီနေရာတွေမှာ တက်တူးတင်ဖို့ အစီအစဉ်ရှိတယ်ဆိုရင်တော့ ပြန်စဉ်းစားသင့်ဖို့ လိုမယ်ထင်တယ်။ ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေး ယူလာရင်ကောင်းမယ်။ ဒီဆေးတွေကို တက်တူးမထိုးခင် သောက်တာက သွေးကျဲစေပြီး ထိုးနေတုန်းမှာလည်း သွေးထွက်များစေပါတယ်။

၁၂။ ခြေထောက်နဲ့ လက် က တက်တူးတွေက မှေးမှိန်အမြန်ဆုံး

ခြေထောက်နဲ့ လက်ကို တစ်နေ့ မှာအသုံးချတာအများဆုံးဖြစ်ပြီး အရေပြားဆဲလ်တွေ ပြန်လည်ဖြစ်ပေါ်နှုန်းက တခြားနေရာတွေထက် ပိုမိုမြန်ပါတယ်။ ဒါကြောင့် ဆေးမှင်က အကြာကြီးမခံနိုင်ဘူး။

၁၃။ တစ်ကိုယ်လုံးရဲ့ ဘယ်အပိုင်းမှာမဆို တက်တူးထိုးနိုင်ပါတယ်။

ဟုတ်ပါ့။ အဲ့နေရာမှာတောင် ထိုးလို့ ရတယ်။

၁၄။ သင့်ကိုယ်မှာ တက်တူးထိုးဖို့ အခက်ဆုံးနေရာက ပခုံး ကနေ တင်ပါးဆုံ အကြား

ရင်ပိုင်း၊ကျောပိုင်းမှာ တက်တူးထိုးတာက တက်တူးဆရာကော ထိုးတဲ့လူကော နားချိန်အများကြီး လိုပါတယ်။ ဒီနေရာဟာ အရမ်းခံစားမှုလွယ်တဲ့အတွက် နာကျင်မှုကို တော်တော်ခံရမှာပါ။ သတိမလစ်သွားအောင်လို့  အသက်ကို မှန်မှန်လေးရှူနေပါ။

၁၅။ တက်တူးမထိုးခင် အိပ်ရေး၀၀အိပ်၊ အစာ၀၀စား၊ အရက် အလွန်အကျွံမသောက်နဲ့ 

စာမေးပွဲမဖြေခင် ဆရာမတွေ ဆုံးမသလိုပေါ့။ တက်တူးထိုးတဲ့ နာကျင်မှုကို ခံနိုင်အောင်လို့ အားရှိဖို့ လိုတယ်။ ပြီးတော့ အရက်ကိုလည်း ရှောင်သင့်တယ်။ အရက်က သွေးကို ကျဲစေပြီး ထိုးနေတုန်း သွေးပိုထွက်လိမ့်မယ်။

၁၆။ တက်တူးထိုးတာခံရတာက သေနတ်အပစ်ခံရသလောက် မဟုတ်ပါဘူး။

တကယ်လို့ သင်ဟာ အပ် ကို တော်တော်ကြောက်တယ်ဆိုရင်တော့ တက်တူးထိုးချင်စိတ် ပျောက်နေအုန်းမှာပဲ။ ဒါပေမယ့် တက်တူးထိုးတာဟာ သူနာပြုမလေးက သွေးဖောက်သလောက်ပဲ ခံစားရတယ်လို့  တွေးမယ်ဆိုရင်တော့ ဒါက ပြဿနာမဟုတ်ပါဘူး။ တက်တူး ထိုးတဲ့အပ်ဟာ အရေပြားထဲကို အနက်ကြီး မ၀င်ပါဘူး။ ဒါပေမယ့် လုံးဝမနာဘူးလို့ လည်း ပြောတာမဟုတ်ဘူးနော်။ တက်တူးထိုးခံရတာဟာ နာတာကော၊ စိတ်ရှုပ်စရာ စက်ရဲ့ တုန်ခါမှုကော၊ တစ်ယောက်ယောက်က သင့်ရဲ့ အရေပြားကို အပ်နဲ့ခြစ်ဆွဲနေသလိုမျိုး ခံစားရပါတယ်။ အိုး ဟုတ်သားပဲ တကယ်လည်း အပ်နဲ့ ခြစ်ဆွဲခံနေရတာလေ။

၁၇။ ၁၅ မိနစ်လောက်ကြာပြီးရင်တော့ နာကျင်မှုက နည်းလာဖို့ များပါတယ်။

တက်တူးဆရာအများစုဟာ နှစ်နာရီဆက်ရှင်တစ်ခု ပဲ အလုပ်လုပ်လိမ့်မယ်။ ဒါကြောင့် အရမ်းကြီးတဲ့ တက်တူးဒီဇိုင်း ထိုးမယ်ဆိုရင်တော့ နှစ်ပတ်ခြား ရက်ချိန်းတွေ အများကြီး ယူရလိမ့်မယ်။ ပထမဦးဆုံး outline ဆွဲတာ နောက် shading ဖြည့်တာတွေ အထိပေါ့။

၁၈။ တက်တူးတစ်ခု အနာကျက်နေတုန်းမှာ အနာဖေးတွေတက်မယ်။ ပြီးတော့ နေလောင်ကွက်လို ခံစားရလွယ်မယ်။

တက်တူးထိုးပြီးပြီးချင်း တက်တူးက အပျံစားလို့ ထင်ရလိမ့်မယ်။ ရက်အနည်းငယ်အကြာမှာတော့ အနာက ခြောက်လာပြီး နေလောင်ဒဏ်လို ခံစားရမယ်။ အနာဖေးတွေ နည်းနည်းတက်မယ်။ ဒါပေမယ့် အရေးကြီးတာက အနာဖေးကို မခွာဖို့ ဒါမှမဟုတ် သူတို့ ကောင်းကောင်းကျက်မှာမဟုတ်ဘူး။ သန့် သန့် ရှင်းရှင်းထားမယ်။ အနံ့  မပါတဲ့လိုးရှင်းလိမ်းပေးမယ် ဆိုရင်တော့ နှစ်ပတ်ကြာပြီးရင် အနာက လုံးဝ ကျက်သွားသင့်ပါပြီ။

၁၉။ တက်တူးထိုးပြီးသွားရင် ရေကူးကန် နဲ့ နေပြင်းပြင်းကို ရှောင်သင့်တယ်။

တက်တူးတစ်ခု လုံးဝကျက်ဖို့ နှစ်ပတ်အချိန်ယူရတယ်ဆိုတော့ အဲဒီအချိန်အတွင်းမှာ ရောဂါပိုးမကူးစက် အောင်လို့ ရေကူးကန်တို့ ရေကန်တို့ ရှောင်သင့်ပါတယ်။ ပြီးတော့ တက်တူးလုံးဝကျက်သွားပြီးရင် တက်တူး အရောင်ကျသွားတာတို့ မှိန်ဖျော့သွားတာတို့ မဖြစ်အောင်လို့ နေလောင်ခံလိမ်းဆေး လိမ်းပေးသင့်ပါတယ်။

၂၀။ တက်တူးထိုးတာထက် လေဆာနဲ့ တက်တူးဖျက်တာက ပိုနာတယ်။

တက်တူးထိုးရင် ကောင်းမလား၊မကောင်းဘူးလား ဆုံးဖြတ်လို့ မရသေးဘူးဆိုရင် အေးဆေးစောင့်။ နောက် ဘယ်အချိန်မဆို ထိုးလို့ ရတယ်။ ချက် တစ်ဝိုက်မှာ ဒိုးနတ်မုန့် ပုံထိုးပြီး နောက် ဆယ်နှစ်လောက်နေတော့မှ တော်တော်ဆိုးတာပဲ ဆိုပြီး ဖျက်ချင်ရင်တော့ ရွေးချယ်စရာတစ်ခုပဲရှိပါတယ်။ လေဆာနဲ့ တက်တူးဖျက်တာပါ။ လေဆာနဲ့ ဖျက်တာဟာ ငရဲကျနေသလား ခံစားရပြီး အနက်ရောင်မှင်တက်တူးတွေကို ဖျက်ရင်တော့ ဘုရားသာ တပေတော့။

၂၁။ တက်တူးဆရာအများစုက သင့်ရဲ့ တက်တူးကို ဖြည့်ပေးတတ်ပါတယ်။

တကယ်လို့ တက်တူး တစ်ချို့ တစ်ပိုင်းက ကောင်းကောင်းမကျက်ဘူး ဒါမှမဟုတ် ထိုးပြီး အရောင်ကျသွားတယ် ဆိုရင်တော့ ထပ်ဖြည့်ဖို့ လိုပါတယ်။ တက်တူးဆရာဆီ ပြန်သွားပါ။ တက်တူးဆရာဟာ သူ့ ရဲ့ မပြည့်စုံတဲ့ လက်ရာကို ပြင်ပေးရတာ ပိုပျော်ပါလိမ့်မယ်။ အလကားသက်သက်ကို ပြင်ပေးမှာ။ ဒါမှမဟုတ် ဆေးဖိုး၊လက်ခ လောက်ပဲ တောင်းလိမ့်မယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top