iMyanmarHouse.com - Best Property Website for Myanmar
×

လိပ္ေခါင္းထြက္တယ္ဆိုတဲ့ ျပႆနာဟာ တစ္ကယ္ကို ေနရထုိင္ရ ခက္ျပီး သက္ေတာင့္သက္တာ မရွိေစတဲ့ ေရာဂါတစ္ခုပါ။ လိပ္ေခါင္းထြက္ရတဲ့ အေၾကာင္းအရင္းကေတာ့ အားလံုးသိၾကတဲ့အတိုင္း ဝမ္းခ်ဳပ္တာေၾကာင့္ အမ်ားအားျဖင့္ ျဖစ္ရတာပါ။ ဒီေတာ့ ဝမ္းခ်ဳပ္ေစတဲ့ အေၾကာင္းအရာ အာလံုးဟာ လိပ္ေခါင္းထြက္ေစတဲ့ အေၾကာင္းအရာေတြပဲ ျဖစ္ပါတယ္။ ဒီအထဲမွာ အစားအေသာက္က အေရးၾကီးဆံုးပါ။

ဝမ္းမွန္ေစတဲ့ စားေသာက္မႈပံုစံမ်ိဳး ကိုယ့္မွာ မရွိတာေၾကာင့္ ဝမ္းခ်ဳပ္သြားခဲ့ရင္ လိပ္ေခါင္းအျပင္ ေနာက္ဆက္တြဲျဖစ္ႏုိင္တဲ့ ေရာဂါေတြက အမ်ားၾကီးပါ။ ကိုယ့္ရဲ႕ ေနထုိင္ စားေသာက္မႈ ပံုစံက လိပ္ေခါင္းမျဖစ္ေအာင္ ကာကြယ္တဲ့ေနရာမွာ အေရးၾကီးသလို လိပ္ေခါင္းျဖစ္ေနတဲ့သူေတြမွာလည္း ျဖစ္ေနတဲ့ လိပ္ေခါင္းပိုဆိုး မသြားေအာင္ ေရွာင္သင့္တဲ့ အစားအေသာက္ေတြ ရွိပါတယ္။
လိပ္ေခါင္းေရာဂါျဖစ္ေနတဲ့သူေတြ ေရွာင္သင့္တဲ့ အစားအစာမ်ား ။ ။

ကဖင္းပါတဲ့ အစားအေသာက္ေတြ – ေကာ္ဖီတို႕ လက္ဖက္ရည္တုိ႕၊ အားျဖည့္အခ်ိဳရည္တို႕မွာပါတဲ့ ကဖင္းဓာတ္ဟာ ဝမ္းခ်ဳပ္ေစျပီး ဝမ္းကိုေျခာက္ေစတဲ့ အာနိသင္ရွိတာေၾကာင့္ လိပ္ေခါင္းေရာဂါကို ပိုဆိုးသြားေစတတ္ပါတယ္။

တာရွည္ခံေအာင္ လုပ္ထားတဲ့ အစားအေသာက္ေတြ – တာရွည္ခံေအာင္ လုပ္ထားတဲ့  အသားေတြ၊ ငါးေတြ၊ အသင့္စား အစားအစာေတြမွာပါတဲ့ ဓာတုပစၥည္းေတြက သင့္အစာေျခစနစ္ပို ပုိဆိုးသြားေအာင္လုပ္တဲ့ အရာေတြ ျဖစ္လို႕ ဒီလို အစားအေသာက္ေတြကို လိပ္ေခါင္းျဖစ္ေနတဲ့ သူတုိင္းေရွာင္သင့္ပါတယ္။

ဖုတ္ထားတဲ့ မုန္႕ေတြ – ကိတ္မုန္႕ ေပါင္မုန္႔တုိ႕လိုမ်ိဳး သၾကားေတြ ၊ ဂ်ံဳမႈန္႕ေတြနဲ႔ ဖုတ္ထားတဲ့ မုန္႕ေတြမွာ အမွ်င္ဓာတ္ပါဝင္မႈက သုညျဖစ္လို႕ ဝမ္းပိုခ်ဳပ္ေစျပီး လိပ္ေခါင္းကိုပုိးဆိုးေစမွာပါ။

ႏုိ႕နဲ႕ႏို႕ထြက္ပစၥည္းေတြ- ႏုိ႕နဲ႔ႏုိ႕ထြက္ပစၥည္းေတြက လိပ္ေခါင္းေရာဂါကို ပိုဆိုးသြားေစတာေတာ့မဟုတ္ေပမယ့္ အဆီထုတ္ထားတဲ့ ႏို႕ေတြကေတာ့ ဝမ္းခ်ဳပ္ျခင္းကို ပိုဆိုးေစမွာပါ။

ဆီေၾကာ္မုန္႕ေတြ – ဆီေၾကာ္မုန္႕ေတြကို အစာအိမ္က ေခ်ဖ်က္ရခက္တဲ့အတြက ္အစာမေၾကျခင္းကို ျဖစ္ေစႏုိင္သလို အမွ်င္ဓာတ္ပါဝင္မႈလည္း နည္းတဲ့အတြက္ ဝမ္းခ်ဳပ္ေစျပီး လိပ္ေခါင္းေရာဂါကို ပိုဆိုးေစပါတယ္။

အစပ္မ်ားတဲ့  အစားအေသာက္ေတြ- ပူစပ္လြန္းတဲ့ အစားအစာေတြ စားျပီးေနာက္သြားတဲ့ ဝမ္းဟာလည္း ပူေနတတ္တာေၾကာင့္ နဂိုတည္းကမွ သူ႕ဟာသူေနရင္ေတာင္ နာေနတဲ့ လိပ္ေခါင္း ပိုနာသြားတတ္ပါတယ္။

သံဓာတ္ျဖည့္အားေဆး – သံဓာတ္ျဖည့္အားေဆးေတြဟာ ဝမ္းခ်ဳပ္ေစတတ္တာေၾကာင့္ လိပ္ေခါင္းရွိေနတဲ့သူေတြ သံဓာတ္ျဖည့္အားေဆး ေသာက္ျခင္းကို ေရွာင္သင့္ပါတယ္။
ဒါေတြကို ေရွာင္သင့္တယ္ဆိုေတာ့ ဘယ္လို အစားအေသာက္ေတြ စားေပးရမွာလဲ ။

    အေရးၾကီးဆံုးကေတာ့ အမွ်င္ဓာတ္ပါတဲ့ အစားအေသာက္ေတြ မ်ားမ်ားစားပါ။ ဝမ္းခ်ဳပ္ျခင္းကို ႏုိ္င္တာ အမွ်င္ဓာတ္ပဲ ျဖစ္တာေၾကာင့္ အမွ်င္ဓာတ္ၾကြယ္ဝတဲ့ အစားအေသာက္ေတြ ျဖစ္တဲ့ အသီးအႏွံေတြ ၊ ဟင္းသီးဟင္းရြက္ေတြ မ်ားမ်ားစားပါ။
    အမွ်င္ဓာတ္ၾကြယ္ဝတဲ့ ပဲအမ်ိဳးမ်ိဳးလည္း စားေပးလို႕ရပါတယ္။
    ေရမ်ားမ်ားေသာက္ပါ။ အရည္မ်ားမ်ားေသာက္ရမယ္ဆုိျပီး ေကာ္ဖီတုိ႕ အခ်ိဳရည္တုိ႕ေသာက္ရမယ္လို႔ ေျပာတာမဟုတ္ပါဘူး။ အဓိက လုိခ်င္တာက ဝမ္းသြားခ်င္ေအာင္ အူမၾကီးကို လႈံ႕ေဆာ္ေပးဖို႕နဲ႔ ဝမ္းေပ်ာ့သြားေအာင္ လုပ္ခ်င္တာေၾကာင့္ ေရလိုအပ္တာေၾကာင့္ တတ္ႏုိ္င္သမွ် ရိုးရိုးေရပဲ ေသာက္ေပးပါ။

အစားအေသာက္ေတြနဲ႔တင္ မျပီးေသးပါဘူး။ လိပ္ေခါင္းရွိသူေတြ လိုက္နာရမယ့္ အခ်ိဳ႕အခ်က္ေတြ က်န္ပါေသးတယ္။

အေလးအပင္မ ရင္ သတိထားပါ။ အေလးအပင္မ ရင္ အသက္ရွဴမေအာင့္ထားပါနဲ႔။ ပံုမွန္အသက္ရွဴထုတ္ပါ။

ေအာင့္မထားပါနဲ႔။ အႏၱရာယ္မလြယ္ထားသင့္ပါဘူး။ ဆီးျဖစ္ေစ၊ ဝမ္းျဖစ္ေစ ေအာင့္ထားရင္ေကာင္းက်ိဳးမရွိပါဘူး။ ဝမ္းသြားခ်င္ေနတဲ့အခ်ိန္ ေအာင့္ထားလိုက္ရင္ ဝမ္းခ်ဳပ္ျခင္းကိုအားေပးသလိုျဖစ္ျပီး လိပ္ေခါင္းရွိျပီးသားလူတစ္ေယာက္ဆိုရင္ ပိုဆိုးေစနိုင္ပါတယ္။ အိမ္သာသြားခ်င္လာျပီိဆိုတာနဲ႔ ခ်က္ခ်င္းသြားပါ၊ အလုပ္အားမွ ထသြားမယ္ဆိုတာမ်ိဳး ခဏေတာင္ေအာင့္မထားပါနဲ႔။

ဘိုထိုင္အိမ္သာနဲ႔ဆို ပိုသင့္ေတာ္ပါတယ္။ ေဆာင့္ေၾကာင့္ထိုင္ရတဲ့ ရိုးရိုးအိမ္သာေတြနဲ႔ဆို လိပ္ေခါင္းပိုထြက္ေစနုိင္တယ္၊ ပိုညွစ္ထုတ္သလိုျဖစ္ေစနိုင္လို႔ ဘိုထိုင္နဲ႔သြားတာ ဒါမွမဟုတ္ အိမ္သာခံုနဲ႔ဆို ပိုအဆင္ေျပနိုင္ပါတယ္။

Credit:Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 လိပ်ခေါင်းထွက်တယ်ဆိုတဲ့ ပြဿနာဟာ တစ်ကယ်ကို နေရထိုင်ရ ခက်ပြီး သက်တောင့်သက်တာ မရှိစေတဲ့ ရောဂါတစ်ခုပါ။ လိပ်ခေါင်းထွက်ရတဲ့ အကြောင်းအရင်းကတော့ အားလုံးသိကြတဲ့အတိုင်း ဝမ်းချုပ်တာကြောင့် အများအားဖြင့် ဖြစ်ရတာပါ။ ဒီတော့ ဝမ်းချုပ်စေတဲ့ အကြောင်းအရာ အာလုံးဟာ လိပ်ခေါင်းထွက်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ အစားအသောက်က အရေးကြီးဆုံးပါ။

ဝမ်းမှန်စေတဲ့ စားသောက်မှုပုံစံမျိုး ကိုယ့်မှာ မရှိတာကြောင့် ဝမ်းချုပ်သွားခဲ့ရင် လိပ်ခေါင်းအပြင် နောက်ဆက်တွဲဖြစ်နိုင်တဲ့ ရောဂါတွေက အများကြီးပါ။ ကိုယ့်ရဲ့ နေထိုင် စားသောက်မှု ပုံစံက လိပ်ခေါင်းမဖြစ်အောင် ကာကွယ်တဲ့နေရာမှာ အရေးကြီးသလို လိပ်ခေါင်းဖြစ်နေတဲ့သူတွေမှာလည်း ဖြစ်နေတဲ့ လိပ်ခေါင်းပိုဆိုး မသွားအောင် ရှောင်သင့်တဲ့ အစားအသောက်တွေ ရှိပါတယ်။
လိပ်ခေါင်းရောဂါဖြစ်နေတဲ့သူတွေ ရှောင်သင့်တဲ့ အစားအစာများ ။ ။

ကဖင်းပါတဲ့ အစားအသောက်တွေ – ကော်ဖီတို့ လက်ဖက်ရည်တို့၊ အားဖြည့်အချိုရည်တို့မှာပါတဲ့ ကဖင်းဓာတ်ဟာ ဝမ်းချုပ်စေပြီး ဝမ်းကိုခြောက်စေတဲ့ အာနိသင်ရှိတာကြောင့် လိပ်ခေါင်းရောဂါကို ပိုဆိုးသွားစေတတ်ပါတယ်။

တာရှည်ခံအောင် လုပ်ထားတဲ့ အစားအသောက်တွေ – တာရှည်ခံအောင် လုပ်ထားတဲ့  အသားတွေ၊ ငါးတွေ၊ အသင့်စား အစားအစာတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက သင့်အစာခြေစနစ်ပို ပိုဆိုးသွားအောင်လုပ်တဲ့ အရာတွေ ဖြစ်လို့ ဒီလို အစားအသောက်တွေကို လိပ်ခေါင်းဖြစ်နေတဲ့ သူတိုင်းရှောင်သင့်ပါတယ်။

ဖုတ်ထားတဲ့ မုန့်တွေ – ကိတ်မုန့် ပေါင်မုန့်တို့လိုမျိုး သကြားတွေ ၊ ဂျုံမှုန့်တွေနဲ့ ဖုတ်ထားတဲ့ မုန့်တွေမှာ အမျှင်ဓာတ်ပါဝင်မှုက သုညဖြစ်လို့ ဝမ်းပိုချုပ်စေပြီး လိပ်ခေါင်းကိုပိုးဆိုးစေမှာပါ။

နို့နဲ့နို့ထွက်ပစ္စည်းတွေ- နို့နဲ့နို့ထွက်ပစ္စည်းတွေက လိပ်ခေါင်းရောဂါကို ပိုဆိုးသွားစေတာတော့မဟုတ်ပေမယ့် အဆီထုတ်ထားတဲ့ နို့တွေကတော့ ဝမ်းချုပ်ခြင်းကို ပိုဆိုးစေမှာပါ။

ဆီကြော်မုန့်တွေ – ဆီကြော်မုန့်တွေကို အစာအိမ်က ချေဖျက်ရခက်တဲ့အတွက ်အစာမကြေခြင်းကို ဖြစ်စေနိုင်သလို အမျှင်ဓာတ်ပါဝင်မှုလည်း နည်းတဲ့အတွက် ဝမ်းချုပ်စေပြီး လိပ်ခေါင်းရောဂါကို ပိုဆိုးစေပါတယ်။

အစပ်များတဲ့  အစားအသောက်တွေ- ပူစပ်လွန်းတဲ့ အစားအစာတွေ စားပြီးနောက်သွားတဲ့ ဝမ်းဟာလည်း ပူနေတတ်တာကြောင့် နဂိုတည်းကမှ သူ့ဟာသူနေရင်တောင် နာနေတဲ့ လိပ်ခေါင်း ပိုနာသွားတတ်ပါတယ်။

သံဓာတ်ဖြည့်အားဆေး – သံဓာတ်ဖြည့်အားဆေးတွေဟာ ဝမ်းချုပ်စေတတ်တာကြောင့် လိပ်ခေါင်းရှိနေတဲ့သူတွေ သံဓာတ်ဖြည့်အားဆေး သောက်ခြင်းကို ရှောင်သင့်ပါတယ်။
ဒါတွေကို ရှောင်သင့်တယ်ဆိုတော့ ဘယ်လို အစားအသောက်တွေ စားပေးရမှာလဲ ။

    အရေးကြီးဆုံးကတော့ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေ များများစားပါ။ ဝမ်းချုပ်ခြင်းကို နိုင်တာ အမျှင်ဓာတ်ပဲ ဖြစ်တာကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်တဲ့ အသီးအနှံတွေ ၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ။
    အမျှင်ဓာတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုးလည်း စားပေးလို့ရပါတယ်။
    ရေများများသောက်ပါ။ အရည်များများသောက်ရမယ်ဆိုပြီး ကော်ဖီတို့ အချိုရည်တို့သောက်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ အဓိက လိုချင်တာက ဝမ်းသွားချင်အောင် အူမကြီးကို လှုံ့ဆော်ပေးဖို့နဲ့ ဝမ်းပျော့သွားအောင် လုပ်ချင်တာကြောင့် ရေလိုအပ်တာကြောင့် တတ်နိုင်သမျှ ရိုးရိုးရေပဲ သောက်ပေးပါ။

အစားအသောက်တွေနဲ့တင် မပြီးသေးပါဘူး။ လိပ်ခေါင်းရှိသူတွေ လိုက်နာရမယ့် အချို့အချက်တွေ ကျန်ပါသေးတယ်။

အလေးအပင်မ ရင် သတိထားပါ။ အလေးအပင်မ ရင် အသက်ရှူမအောင့်ထားပါနဲ့။ ပုံမှန်အသက်ရှူထုတ်ပါ။

အောင့်မထားပါနဲ့။ အန္တရာယ်မလွယ်ထားသင့်ပါဘူး။ ဆီးဖြစ်စေ၊ ဝမ်းဖြစ်စေ အောင့်ထားရင်ကောင်းကျိုးမရှိပါဘူး။ ဝမ်းသွားချင်နေတဲ့အချိန် အောင့်ထားလိုက်ရင် ဝမ်းချုပ်ခြင်းကိုအားပေးသလိုဖြစ်ပြီး လိပ်ခေါင်းရှိပြီးသားလူတစ်ယောက်ဆိုရင် ပိုဆိုးစေနိုင်ပါတယ်။ အိမ်သာသွားချင်လာပြီဆိုတာနဲ့ ချက်ချင်းသွားပါ၊ အလုပ်အားမှ ထသွားမယ်ဆိုတာမျိုး ခဏတောင်အောင့်မထားပါနဲ့။

ဘိုထိုင်အိမ်သာနဲ့ဆို ပိုသင့်တော်ပါတယ်။ ဆောင့်ကြောင့်ထိုင်ရတဲ့ ရိုးရိုးအိမ်သာတွေနဲ့ဆို လိပ်ခေါင်းပိုထွက်စေနိုင်တယ်၊ ပိုညှစ်ထုတ်သလိုဖြစ်စေနိုင်လို့ ဘိုထိုင်နဲ့သွားတာ ဒါမှမဟုတ် အိမ်သာခုံနဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ်။

Credit:Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top