iMyanmarHouse.com - Best Property Website for Myanmar
×

ကဆုန္လျပည့္ေန႔သည္ ဗုဒၶဘာသာ၀င္တို႔၏ ေန႔ထူးေန႔ျမတ္ ႀကီး ျဖစ္ေပသည္။

(၁) ဘုရားအေလာင္းေတာ္ သုေမဓာရွင္ရေသ့သည္ ဤဘဒၵကမၻာ၌ ေလးဆူေျမာက္ျဖစ္ေသာ ေဂါတမအမည္ျဖင့္ ဘုရားစင္စစ္ ဧကန္ျဖစ္လိမ့္မည္ဟု ဒီပကၤရာ ျမတ္စြာဘုရားထံမွ နိယတဗ်ာဒိတ္ကို ကဆုန္လျပည့္ေန႔တြင္ ခံယူခဲ့သည္။

(၂) မဟာသကၠရာဇ္ ၆၈-ခု ကဆုန္လျပည့္ေန႔တြင္ ေဂါတမဘုရားအေလာင္းေတာ္ သိဒၶတၳမင္းသားအား ဖြားျမင္ေတာ္မူခဲ့သည္။

(၃) မဟာသကၠရာဇ္ ၁၀၃-ခု ကဆုန္လျပည့္ေန႔ အရုဏ္တက္ခ် ိန္တြင္ ေဂါတမဘုရားအေလာင္းေတာ္သည္ သဗၺညဳတဉာဏ္ေတာ္ကို ရရွိ၍ ဘုရားျဖစ္ေတာ္မူခဲ့သည္။

(၄) မဟာသကၠရာဇ္ ၁၄၈-ခု ကဆုန္လျပည့္ေန႔တြင္ မလႅာမင္းတို႔၏ အင္ၾကင္းဥယ်ဥ္၌ဘုရားရွင္ ပရိနိဗၺာန္ စံ၀င္ေတာ္မူခဲ့သည္။

 ဤသို႔ ထူးျခားခ်က္ ၄-ရပ္ႏွင့္ ျပည့္စံုသျဖင့္ ဗုဒၶဘာသာ၀င္အေပါင္းတို႔က ကဆုန္လျပည့္ေန႔အား ဘုရားေန႔ဟု သတ္မွတ္ခဲ့ၾကသည္။ ဘုရားရွင္သည္ ဤေန႔ဤအခါ၌သဗၺညဳတေရႊဉာဏ္ေတာ္ကို ရေတာ္မူရန္အတြက္ ေဗာဓိပင္အား အမွီျပဳ၍ တရားအားထုတ္ေတာ္မူခဲ့သည္။ထို႔ေၾကာင့္ ဗုဒၶဘာသာ၀င္တို႔သည္ ေဗာဓိပင္အား ေရသြန္းေလာင္းျခင္းစေသာ ကုသိုလ္ေကာင္းမႈတို႔ကို ျပဳလုပ္ၾကသည္။ ေရသြန္းေလာင္းၾကသည္မွာ ကဆုန္လတြင္ ေရရွားျပတ္လပ္၍ ညႇိဳးေလ်ာ္အံ႔ဆဲျဖစ္ေသာ ေဗာဓိပင္ကို လန္းဆန္းစိုေျပေစရန္အတြက္ ျဖစ္ေပသည္။

ထိုအေလ့အထသည္ ဗုဒၶဘာသာ၀င္တို႔တြင္ ေပ်ာက္ကြယ္သြားျခင္းမရွိဘဲ ယေန႔ထက္တိုင္ ရွင္သန္ဆဲျဖစ္သည္။ ႏွစ္စဥ္အျမဲပင္ ကဆုန္လျပည့္ေန႔တြင္ ေညာင္ေရသြန္းပြဲမ်ား ျပဳလုပ္လ်က္ရွိၾကသည္။

ဗုဒၶဘာသာ၀င္တို႔၏ ေကာင္းျမတ္ေသာ အစဥ္အလာျဖစ္၍ ကၽြႏ္ုပ္တို႔ ၀မ္းေျမာက္၀မ္းသာႀကိဳဆိုပါသည္။ဤသို႔ႀကိဳဆိုရာမွ ဗုဒၶေန႔ကို အေၾကာင္းျပဳ၍ ဗုဒၶဘုရားရွင္၏ဂုဏ္ေတာ္ကို အထူးေအာက္ေမ့ ႏွလံုးသြင္းလ်က္ ဗုဒၶတရားေတာ္ကို ထာ၀စဥ္ ပိုမိုက်င့္ၾကံအားထုတ္သင့္ေၾကာင္း တိုက္တြန္းႏႈိးေဆာ္အပ္ပါသည္။

Credit: Original Uploader
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ကြီး ဖြစ်ပေသည်။

(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချ ိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျဉ်၌ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမြတ်သော အစဉ်အလာဖြစ်၍ ကျွန်ုပ်တို့ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါသည်။ဤသို့ကြိုဆိုရာမှ ဗုဒ္ဓနေ့ကို အကြောင်းပြု၍ ဗုဒ္ဓဘုရားရှင်၏ဂုဏ်တော်ကို အထူးအောက်မေ့ နှလုံးသွင်းလျက် ဗုဒ္ဓတရားတော်ကို ထာဝစဉ် ပိုမိုကျင့်ကြံအားထုတ်သင့်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Credit: Original Uploader
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top