iMyanmarHouse.com - Best Property Website for Myanmar
×

ပါးစပ္နာလို႔ လူသိမ်းၾကတဲ့ ဒီအနာဟာ Cold Sore လို႔ ေခၚၾကသလို Fever Blister လို႔လည္းေခၚပါတယ္။ အေအးစာေတြစားလို႔ ၀မ္းခ်ဳပ္လို႔ အပူကန္လို႔ျဖစ္တာဆိုၿပီး အပူဖုလို႔လည္းေခၚၾကပါတယ္။

တခါတေလ သတိမထားမိဘဲ ပူစပ္စပ္ခံစားရမွ ၾကည့္လိုက္ေတာ့ ဒီလိုအနာမ်ိဳးျဖစ္ေနတတ္ပါတယ္။

ဒီလိုအနားမ်ိဳးျဖစ္တတ္တဲ့ ဗိုင္းရပ္ပိုးကေတာ့ Herpes Simplex (HSV) ေခၚၿပီး  အနာအမ်ိဳးအစား ၂ မ်ိဳးရွိပါတယ္။ ဒုတိယအမ်ိဳးအစားကေတာ့ လိင္အဂၤါနဲ႔ပတ္သတ္တဲ့အနာေတြပါ။ ဒါေပမယ့္ အျဖစ္နည္းပါတယ္။ ႏႈတ္ခမ္းနဲ႕ ပါးစပ္ေတြမွာအျဖစ္မ်ားၿပီး လက္ေခ်ာင္း၊ ပါး၊ လ်ွာ၊ ႏွာေခါင္းေတြမွာလည္းျဖစ္တတ္ေပမယ့္ နည္းပါတယ္။

အရင္းဆံုး အရည္ၾကည္ဖုေလးေပါက္ၿပီး ေနာက္ပိုင္းအဲဒီအရည္ၾကည္ဖုေလးေပါက္သြားမွ အျဖဴေရာ္ငအနာေသးေသးေလးျဖစ္က်န္ခဲ့ၿပီး နာပါတယ္။

မပ်ံ႕ေအာင္ဘယ္လိုကာကြယ္မလဲ

အနာကေန ထြက္တဲ့ အရည္က ေရာဂါပိုးကူးစက္ျမန္ပါတယ္။

လက္နဲ႔မထိပါနဲ႔။ ထိမိၿပီဆိုရင္လည္းခ်က္ခ်င္းေဆးပစ္ပါ။

အနာကိုလက္နဲ႔ထိၿပီး တျခားသူေတြကိုမထိပါနဲ႔ ကူးတတ္ပါတယ္။

ကေလးေတြဆိုပိုၿပီးကူးစက္တာျမန္လို႔ ကေလးေတြကို မနမ္းပါနဲ႔။

ခြက္အတူတူမွ်ေ၀သံုးတာ ဇြန္းကိုတစ္ခုတည္းစားတာေတြကို ေရွာင္သင့္ပါတယ္။

လက္နဲ႔ကိုင္ၿပီး မ်က္ႏွာတျပင္လံုးကိုေလွ်ာက္ကိုင္ရင္ အနာကေနထြက္တဲ့အရည္ကကူးစက္လြယ္တာေၾကာင့္ အျမန္ကူးႏိုင္ပါတယ္။ မ်က္လံုးကိုထိမိမယ္ဆိုရင္ေတာ့ မ်က္လံုးထိခိုက္ႏိုင္ပါတယ္။

ဘာ့ေၾကာင့္ျဖစ္သလဲ

စိတ္ဖိစီးမႈမ်ားလို႔ ပင္ပန္းႏြမ္းနယ္လို႔

ေနေရာင္ခ်ည္ကထြက္တဲ့ UV ထိေတြ႔မႈမ်ားလို႔

ေအးၿပီး ေျခာက္ေသြ႕တဲ့ေလထုေၾကာင့္

ရာသီစက္၀န္း နဲ႔ ကိုယ္၀န္ေဆာင္ခ်ိန္ ေဟာ္မုန္းအေျပာင္းအလဲေၾကာင္း

ကိုယ္ခံအားစနစ္အားနည္းလို႔

အအအက္ဆစ္ပါတဲ့အစားအစာေတြစားမိလို႔

ေဆးနည္း

ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴအစိမ္းက ဗိုင္းရပ္ပိုးကို ထိထိေရာက္ေရာက္ ကာကြယ္ႏွိမ္ႏွင္းႏုိင္ပါတယ္။ ၾကက္သြန္ျဖဴ ၂ မႊာ ၃ မႊာေလာက္ကို ႀကိတ္ၿပီး အဲဒီကေန ထြက္လာတဲ့အရည္ကို အနာဖုမွာ လိမ္းေပးပါ။ လိမ္းေပးတဲ့ေနရာမွာ နားက်က္တံက ၀ါးဂြမ္းနဲ႔တို႔ၿပီး လိမ္းေပးရမွာပါ။ ၿပီးရ္ ၁၅ မိနစ္ေလာက္ထားပါ။ တစ္ေန႔ကို ၂ ႀကိမ္ ၃ ႀကိမ္လိမ္းေပးပါ။

ေရခဲတံုး

ေရခဲတံုးကို နာက်င္တာသက္သာေစဖို႔အတြက္ အသံုးျပဳႏိုင္ပါတယ္။ ေရခဲတံုးကို အဲဒီအဖုနားမွာကပ္ေပးရင္ နာက်င္တာသက္သာေစမွာပါ။ ၿပီးရင္ အဖုပိုၿပီးႀကီးမလာဖို႔လည္းကာကြယ္ေပးပါတယ္။ ေရခဲတံုးကိုပိတ္စအသန္႔နဲ႔အုပ္ၿပီး တစ္ေန႔ကို အႀကိမ္ေပါင္းမ်ားစြာ ကပ္ေပးႏိုင္ပါတယ္။

Credit:mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 ပါးစပ်နာလို့ လူသိမျးကြတဲ့ ဒီအနာဟာ Cold Sore လို့ ခေါ်ကြသလို Fever Blister လို့လည်းခေါ်ပါတယ်။ အအေးစာတွေစားလို့ ဝမ်းချုပ်လို့ အပူကန်လို့ဖြစ်တာဆိုပြီး အပူဖုလို့လည်းခေါ်ကြပါတယ်။

တခါတလေ သတိမထားမိဘဲ ပူစပ်စပ်ခံစားရမှ ကြည့်လိုက်တော့ ဒီလိုအနာမျိုးဖြစ်နေတတ်ပါတယ်။

ဒီလိုအနားမျိုးဖြစ်တတ်တဲ့ ဗိုင်းရပ်ပိုးကတော့ Herpes Simplex (HSV) ခေါ်ပြီး  အနာအမျိုးအစား ၂ မျိုးရှိပါတယ်။ ဒုတိယအမျိုးအစားကတော့ လိင်အင်္ဂါနဲ့ပတ်သတ်တဲ့အနာတွေပါ။ ဒါပေမယ့် အဖြစ်နည်းပါတယ်။ နှုတ်ခမ်းနဲ့ ပါးစပ်တွေမှာအဖြစ်များပြီး လက်ချောင်း၊ ပါး၊ လျှာ၊ နှာခေါင်းတွေမှာလည်းဖြစ်တတ်ပေမယ့် နည်းပါတယ်။

အရင်းဆုံး အရည်ကြည်ဖုလေးပေါက်ပြီး နောက်ပိုင်းအဲဒီအရည်ကြည်ဖုလေးပေါက်သွားမှ အဖြူရော်ငအနာသေးသေးလေးဖြစ်ကျန်ခဲ့ပြီး နာပါတယ်။

မပျံ့အောင်ဘယ်လိုကာကွယ်မလဲ

အနာကနေ ထွက်တဲ့ အရည်က ရောဂါပိုးကူးစက်မြန်ပါတယ်။

လက်နဲ့မထိပါနဲ့။ ထိမိပြီဆိုရင်လည်းချက်ချင်းဆေးပစ်ပါ။

အနာကိုလက်နဲ့ထိပြီး တခြားသူတွေကိုမထိပါနဲ့ ကူးတတ်ပါတယ်။

ကလေးတွေဆိုပိုပြီးကူးစက်တာမြန်လို့ ကလေးတွေကို မနမ်းပါနဲ့။

ခွက်အတူတူမျှဝေသုံးတာ ဇွန်းကိုတစ်ခုတည်းစားတာတွေကို ရှောင်သင့်ပါတယ်။

လက်နဲ့ကိုင်ပြီး မျက်နှာတပြင်လုံးကိုလျှောက်ကိုင်ရင် အနာကနေထွက်တဲ့အရည်ကကူးစက်လွယ်တာကြောင့် အမြန်ကူးနိုင်ပါတယ်။ မျက်လုံးကိုထိမိမယ်ဆိုရင်တော့ မျက်လုံးထိခိုက်နိုင်ပါတယ်။

ဘာ့ကြောင့်ဖြစ်သလဲ

စိတ်ဖိစီးမှုများလို့ ပင်ပန်းနွမ်းနယ်လို့

နေရောင်ချည်ကထွက်တဲ့ UV ထိတွေ့မှုများလို့

အေးပြီး ခြောက်သွေ့တဲ့လေထုကြောင့်

ရာသီစက်ဝန်း နဲ့ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲကြောင်း

ကိုယ်ခံအားစနစ်အားနည်းလို့

အအအက်ဆစ်ပါတဲ့အစားအစာတွေစားမိလို့

ဆေးနည်း

ကြက်သွန်ဖြူ

ကြက်သွန်ဖြူအစိမ်းက ဗိုင်းရပ်ပိုးကို ထိထိရောက်ရောက် ကာကွယ်နှိမ်နှင်းနိုင်ပါတယ်။ ကြက်သွန်ဖြူ ၂ မွှာ ၃ မွှာလောက်ကို ကြိတ်ပြီး အဲဒီကနေ ထွက်လာတဲ့အရည်ကို အနာဖုမှာ လိမ်းပေးပါ။ လိမ်းပေးတဲ့နေရာမှာ နားကျက်တံက ဝါးဂွမ်းနဲ့တို့ပြီး လိမ်းပေးရမှာပါ။ ပြီးရ် ၁၅ မိနစ်လောက်ထားပါ။ တစ်နေ့ကို ၂ ကြိမ် ၃ ကြိမ်လိမ်းပေးပါ။

ရေခဲတုံး

ရေခဲတုံးကို နာကျင်တာသက်သာစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ရေခဲတုံးကို အဲဒီအဖုနားမှာကပ်ပေးရင် နာကျင်တာသက်သာစေမှာပါ။ ပြီးရင် အဖုပိုပြီးကြီးမလာဖို့လည်းကာကွယ်ပေးပါတယ်။ ရေခဲတုံးကိုပိတ်စအသန့်နဲ့အုပ်ပြီး တစ်နေ့ကို အကြိမ်ပေါင်းများစွာ ကပ်ပေးနိုင်ပါတယ်။


Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top