iMyanmarHouse.com - Best Property Website for Myanmar
×

လူပ်ဳိ အပ်ဳိ တကယ္စစ္တယ္ဆုိတာ ၁၈ နွစ္ျပည့္သူဆိုရင္ ပုံကုိနွိပ္ျပီးေလ့လာလုိက္ပါ။ BaHuThuTa 2 months ago ဗဟုသုတအစံု, ေခတ္သစ္လူငယ္အၾကဳိက္ ဆရာေရးတဲ့ (လူပ်ိဳျဖစ္ျပီ) မွာ ေရးထားတဲ့ ႏို႔သီးဝိုင္းဟာ ပန္းေရာင္၊ အညိဳေရာင္ မတူၾကဘူး။ အပ်ိဳစစ္ ေနသ၍ (ကိုယ္ဝန္ မေဆာင္ဘူး ေသးခ်ိန္အထိ) ထိပ္ဖ်ားမွာ ပန္းေရာင္ေလး ရွိေနရမယ္။ အဲဒါ မိန္းကေလး အကုန္လံုးကို ေျပာတာပါလား။ ထိပ္ဖ်ားမွာ ပန္းေရာင္မရွိတဲ့ မိန္းမတိုင္းဟာ အပ်ိဳ မစစ္တာလား ဆရာ။ အညိဳျဖစ္ေနရင္ အပ်ိဳမဟုတ္ေတာ့ဘူးလား။ အဲဒါေလး ေသခ်ာေအာင္ သိခ်င္လို႔ပါ။ ရင္သား အေရာင္ကို ေျပာရင္ ႏွစ္ေနရာမွာ ေျပာဘို႔ လိုတယ္။ Areola ႏို႔အေရာင္ရင့္အဝိုင္း နဲ႔ Nipple ႏို႔ထိပ္ဖ်ား။ ႏွစ္ခုလံုးက Virginity အပ်ိဳရည္နဲ႔ ဘယ္လို ဆက္စပ္သလဲ။ အပ်ိဳစစ္တယ္ဆိုတာ ဘာလဲ။ ခႏၡာေဗဒက “In the virgin the areola is of a delicate rosy hue” လို႔ ဆိုပါတယ္။ ဘာသာျပန္ရင္ “အပ်ိဳဘဝမွာ ႏို႔အလည္ဝိုင္း (ေအရီယိုလာ) ဟာ ႏွင္းဆီေသြး အေရာင္ရွိတယ္” လို႔ ေျပာတာပါ။ ကိုယ္ဝန္ ၂ လရွိတာနဲ႔ အေရာင္က ရင့္လာျပီး၊ Dark brown or even black color ညိဳမဲမဲကေန အနက္ေရာင္အထိ ျဖစ္တယ္။ ကေလး ႏို႔ျဖတ္ခ်ိန္ ေနာက္ပိုင္းမွာ အေရာင္ ျပန္ေလွ်ာ့ က်လာတယ္။ ဒီလို အေရာင္အေျပာင္းအလဲဟာ ပဌမဆံုး-ကိုယ္ဝန္ ရွိတယ္-ရွိဘူးတယ္ ဆိုတာကို ဆံုးျဖတ္ရာမွာ အသံုးဝင္ပါတယ္။ အပ်ိဳစစ္စစ္ေရာ လူပ်ိဳစစ္စစ္ပါ Virgin လို႔ဘဲ ေခၚတယ္။ အဓိပၸါယ္ ဖြင့္တာ မတူၾကပါ။ အမ်ားစုကေတာ့ “မိန္းကေလး တေယာက္ သူ႔ဘဝမွာ ပဌမဆံုးအၾကိမ္ မိန္းမအဂၤါ (ဗဂ်ိဳင္းနား) ထဲကို က်ားအဂၤါ (လိင္တံ) ထိုးသြင္းျပီး၊ လိင္ဆက္ဆံတာ ေတြ႔ၾကံဳဘူးလိုက္တာနဲ႔၊ အပ်ိဳ မစစ္ေတာ့ဘူး။” “ေယာက္်ားလည္း အဲလို အေတြ႔အၾကံဳရွိဘူးတာနဲ႔ လူပ်ိဳ မစစ္ေတာ့ဘူး။” လို႔ နားလည္၊ လက္ခံထားၾကတယ္။ (လိင္တူ-ဆက္ဆံတာကို ဒီေနရာမွာ ခ်န္ထားပါရေစ။) ဘယ္လို ေခၚေခၚပါ၊ အေျခအေန အမ်ိဳးေပါင္း မ်ားစြာ ျဖစ္ေနႏိုင္တယ္။ အပ်ိဳစစ္စစ္၊ လိင္ဆက္ဆံဘူးေပမဲ့ အိမ္ေထာင္ မက်ေသးသူ၊ လိင္ဆက္ဆံတာ မ်ားလွေပမဲ့ ကုိယ္ဝန္မရဘူးသူ၊ ကေလး မေမြးဘူးသူ၊ ကုိယ္ဝန္ရွိလို႔ ပ်က္-ဖ်က္ဘူးျပီး၊ အိမ္ေထာင္မရွိ၊ ကေလးမရွိသူ၊ ဗမာေတြက တခုလပ္၊ တလင္ကြာ၊ မုဆိုးမ ေခၚၾကေပမဲ့ သူမ်ားဆီမွာ ေယာက္်ား မရွိရင္လဲ (ဆင္ဂယ္လ္) ဘဲ၊ ေယာက္်ား မယူဘဲ ကေလးရသူကို (ဆင္ဂယ္လ္-မားသား)။ ဦးစားေပးေတာင္ ခံရမယ္။ ရွိေသးပါတယ္ အအိုေပမဲ့ ပ်ိဳေအာင္ လုပ္ထားသူဆိုတာ ကေလးေမြးျပီး မ-အဂၤါကို ခြဲစိတ္ ျပဳျပင္ထားသူ၊ အပ်ိဳေျမွး အသစ္ျပဳျပင္ထားသူ၊ ဒါ့အျပင္လဲ ရွိခ်င္ ရွိအံုးမွာ။ Virginity ပ်က္ယြင္းတာကို ေဆးပညာအရ စစ္လို႔ ရႏိုင္ပါတယ္။ Rape အဓမၼျပဳက်င့္လို႔ ရာဇဝတ္မႈ ျဖစ္ရင္ ဆရာဝန္ဆီ ေခၚလာရတယ္။ ေဆးစစ္ရာမွာ (၁) Rape အထေျမာက္-မေျမာက္၊ ေယာက္်ား သုတ္ပိုး ေပက်န္ေနတာ လိုက္ရွာျပီး၊ ဓါတ္ခြဲအတည္ျ႔ပဳခ်က္ ယူေပးရတယ္။ (၂) အသက္ငယ္ရင္ အသက္ ျပည့္-မျပည့္ပါ စစ္ရေသးတယ္။ (၃) ထိခိုက္ ဒဏ္ရာေတြ ရွိ-မရွိ ၾကည့္ရတယ္။ (၄) တကယ္လို႔ ခံရသူဟာ အပ်ိဳျဖစ္ခဲ့ရင္ အပ်ိဳရည္ ပ်က္တဲ့ အခ်က္ပါ ၾကည့္ရတယ္။ လိင္ဆက္ဆံဘူးတာနဲ႔ ရင္သားအေရာင္ မေျပာင္းလဲေသးပါ။ ရာသီျဖစ္စဥ္က ရင္သားကို တစံုတရာ သက္ေရာက္ေစတယ္။ တင္းတာ၊ နာတာမ်ိဳး ျဖစ္တတ္တယ္။ အသက္ရလာရင္ အဝိုင္းေရာ ထိပ္ဖ်ားပါ အေရာင္ ရင့္လာတယ္။ ကိုယ္ဝန္ရွိတယ္ ဆိုတာနဲ႔ ေျပာင္းလဲတာေတြ တေလွၾကီးထဲမယ္ ရင္သား ေျပာင္းလဲတာလဲ ပါတယ္။ ရင္သား ထိပ္ဝိုင္း အေရာင္ ရင့္လာျပီး၊ ႏို႔သီး-ထိပ္ဖ်ားက အေရာင္လဲ ေျပာင္းတယ္။ “အသားအေရာင္ ျဖဴျဖဴ၊ ညိဳညိဳ၊ ႏို႔သီး-ထိပ္ဖ်ား အလည္ေလာက္မွာ ပန္းေရာင္ စက္ကေလး ရွိေနရင္ ကုိယ္ဝန္ မေဆာင္ဘူးေသးသူ” လို႔ ေျပာႏိုင္ေပမဲ့၊ ပန္းေရာင္ မေတြ႔ရရင္ အပ်ိဳ မဟုတ္ဘူးလို႔ အရင္ထုတ္ ေဆးစာအုပ္ေတြက ဆိုေပမဲ့ ရာႏွဳန္းျပည့္ မမွန္ပါဘူးတဲ့။ ေယာက္်ားေတြမွာ အသက္ၾကီးလာလို႔ ေဟာ္မုန္း အခ်ိဳးအစား ေျပာင္းခ်ိန္မွာ ႏို႔အံုက မိန္းမေတြလို ၾကီးလာရင္ Gynecomastia လို႔ ေခၚတယ္။ Testosterone ေဟာ္မုန္း နည္းလာလို႔ပါ။ “ႏို႔” ဟာ Mammals ႏို႔တိုက္သတၲဝါ အထီးမွာ ပါတယ္ ဆိုယံုသာ ျမင္ရျပီး၊ အမမွာေတာ့ သိသိသာသာ၊ ထူးထူးျခားျခား၊ မရွိမျဖစ္ အသံုးဝင္လွတဲ့ မ်ိဳးပြားျခင္းဆိုင္ရာ အဂၤါတခု ျဖစ္ပါတယ္။ Breasts ကို Mammary Gland လို႔ေခၚတာက Milk ႏို႔ရည္ ထုတ္ေပးတဲ့ အိတ္လို႔ ေျပာတာပါ။ ဘယ္ေလာက္ ေလးတယ္၊ တင္းတယ္၊ ေျပာ့တယ္၊ ဘယ္ပံုပန္း ရွိတယ္ဆိုတာ အေတာ္ၾကီး မတူၾကပါ။ အစက ကမၻာလံုးျခမ္း လိုရွိရာကေန ၾကာရင္ ေခါင္ေလာင္းပံု ျဖစ္လာတယ္။ ကိုယ္ဝန္ေဆာင္ရင္ သိသိသာသာ ပိုၾကီးျပီး၊ ကေလး ႏို႔တိုက္ေနခ်ိန္မွာ အၾကီးဆံုး။ မ်ားေသာအားျဖင့္ ဘယ္ဘက္က ပိုၾကီးတယ္ ဆိုတာကို ေဆးပညာကေရာ အရပ္စကားပါ ထပ္တူၾကတယ္။ ႏို႔အဂၤါဟာ လံုးဝန္းတယ္ ဆိုေပမဲ့ တိတိက်က် ေျပာရင္ အထက္-ေဘးဘက္၊ ခ်ိဳင္းဘက္ဆီ နဲနဲ ပိုရွည္ထြက္ေနတယ္။ ေဆးစာမွာ Tail of breast အျမီးလို႔ ေခၚတယ္။ Nipple ႏို႔သီးမွာ ျပြန္ေပါက္ေလးေတြ ၁၅-၂ဝ ရွိတယ္။ Nipple piercing လုပ္ရင္ အဲဒါေတြ ပ်က္စီးေစတယ္။ Nipple ဟာ ဆလင္ဒါပံု၊ ကေတာ့ပံုနဲ႔၊ ၁ဝ မီလီမီတာ ျမင့္တယ္။ သူ႔ကို ဆြေပးရင္ သန္မာမႈ Erection ျဖစ္ႏိုင္တယ္။ ႏို႔သီးထိပ္ကို ဆြလို႔ သန္မာမႈ ျဖစ္ရတာက Erectile tissue ေၾကာင့္ မဟုတ္ပါ။ ၾကြက္သားႏု Smooth muscle ေၾကာင့္ ျဖစ္ရတာပါ။ ၾကက္သီး-ေမြးညင္းထတာမ်ိဳး၊ ရာသီဥတု ေအးရင္ ျဖစ္ရတာမ်ိဳးလိုပါဘဲ။ လိင္စိတ္ေၾကာင့္လည္း ျဖစ္ပါတယ္။ မင္းသမီးကို အဲဒီ ေနရာကို ေရခဲ အကပ္ခိုင္းျပီး ခ်စ္ခန္း-ၾကိဳက္ခန္း ရိုက္ရတယ္။ ႏို႔စို႔ေနရင္လည္း ျဖစ္တယ္။ ဒီႏွစ္မ်ိဳးလံုးက Oxytocin ေဟာ္မုန္းေၾကာင့္ပါ။ တခ်ိဳ႕မွာ ဒီလို ဆြေပးတာနဲ႔ဘဲ Orgasm လိင္စိတ္ျပည့္ဝျခင္း ျဖစ္ႏိုင္တယ္လို႔ ေျပာတယ္။ ႏို႔သီးအေျခ အေရာင္အရင့္ အဝိုင္းကို Areola ေခၚတယ္။ သူ႔အေပၚမွာ တျခားေနရာက ေခြ်းထြက္ အိတ္ေတြထက္ ပိုၾကီးတဲ့ အိတ္ေလးေတြ ရွိျပီး၊ အဆီထုတ္ေပးတာမို႔ ကေလးႏို႔စိုေနတံုး အကာကြယ္ ေပးရာက်တယ္။ Nipple က Pink ပန္းေရာင္ ဒါမွမဟုတ္ Brownish hue ခပ္ညိဳညိဳ အေရာင္ ျဖစ္တယ္။ ပန္းေရာင္က ပိုလွတယ္ ေျပာရင္ "မဟူရာ" မေလးေတြက ကေလာတယ္။ "ပန္းေရာင္ဘဲ ၾကိဳက္ရင္ ဝက္မၾကီးဆီ သြားပါလား" တဲ့။ (ေအရီယိုလာ) က အေရာင္ မတူၾကသလို အရြယ္အစား သာမက ပံုပန္းလဲ မတူၾကပါ။ အမ်ားဆံုးက စက္ဝိုင္းလို ရွိၾကေပမဲ့ Elliptical ဘဲဥပံုလည္း ရွိေသးတယ္။ ေယာက္်ားေတြမွာ အခ်င္း ၁ လကၼရွိၾကျပီး၊ မိန္းမေတြက ၁႕၂ ကေန ၄ လကၼအထိ ရွိၾကတယ္။ ဒီအဝိုင္းက ဘာလို႔ပါတာလဲကို မွန္းေျပာတခုရွိတယ္။ ႏို႔ဆာတဲ့ကေလး ရွာရတာ လြယ္ေအာင္တဲ့။ မဟုတ္ႏိုင္ပါ။ ကေလးဆိုတာ ေမြးကတည္းက သူ႔ပါးကေလးကို တခုခုနဲ႔ ထိလိုက္တာနဲ႔ ႏို႔မွတ္ျပီး၊ ေခါင္း လွည့္လာမယ္။ ႏို႔ရွာရာမွာ မ်က္စိ မလိုပါ။ ကိုယ္ဝန္ မေဆာင္ဘူးသူ တခ်ိဳ႕မွာ Breast နဲ႔ Areola အေရာင္ အေတာ္နီးစပ္ေအာင္ တူေနတတ္တယ္။ အိမ္ေထာင္ရွိေပမဲ့ ကိုယ္ဝန္ မေဆာင္ဘူးသူနဲ႔ အပ်ိဳဘဝမွာ အခန္႔မသင့္လို႔ မွားယြင္းမိတာမို႔ ဖ်က္ေဆးေသာက္ရသူတို႔ ရင္သား အေရာင္ မတူၾကပါ။ သူငယ္ခ်င္းေတြ ေျပာၾက-ျငင္းၾကတာတခု ရွိတယ္။ မိန္းကေလး တေယာက္မွာ ႏႈတ္ခမ္း အေရာင္နဲ႔ ႏို႔သီးဖ်ား အေရာင္က တူၾကသတဲ့။ “မေရႊတိက်” က လာေသးတယ္၊ အေပၚ ႏုတ္ခမ္း အေရာင္နဲ႔သာ တူတာပါတဲ့။ ေမြးကာစ ေယာက္်ားေလးျဖစ္ျဖစ္၊ မိန္းကေလးျဖစ္ျဖစ္ ႏို႔ရည္ထြတ္တာ မ-ေဟာ္မုန္း သတၴိအရ ျဖစ္တယ္။ ႏို႔ဆိုတာ ၂ ခုထဲလို႔ သိၾကေပမဲ့၊ တခ်ိဳ႕မွာ ၂ ခုမက ရွိတတ္တယ္။ ဗိုက္ထဲ ေနတံုးကတည္းက ရွိခဲ့တာပါ။ မင္းသား Mark Wahlberg တို႔ အဲလီဇဗက္ (၁) ရဲ႕မယ္ေတာ္ Anne Boleyn တို႔မွာ တတိယႏို႔ ရွိၾကတယ္။ ဂ်မ္းစ္-ဘြန္း ရုပ္ရွင္ “ေရႊသနတ္နဲ႔လူ” ထဲက လူဆိုးဆရာၾကီး Francisco Scaramanga မွာလည္း အဲလို အပိုရွိတာကို ျပေသးတယ္။ လမ္းေလွ်ာက္ရင္း၊ ေျပးရင္းကေနျဖစ္တဲ့ အေျခအေနတခုကို Jogger's nipple လို႔ ေခၚတယ္။ ႏို႔သီးအဖ်ား နာ၊ ေျခာက္၊ အေနရခက္၊ ေသြးထြက္တာမ်ိဳး ေျပာတာပါ။ ဝတ္ထားတဲ့ အဝတ္အစားနဲ႔ ပြတ္တိုက္မႈေၾကာင့္ ျဖစ္ရတယ္။ ဒါ့ေၾကာင့္ အတြင္းခံ မပါဘဲ ေျပးပါတဲ့။ ရွက္တတ္ရင္ေတာ့ တထပ္ထဲ ခပ္ေခ်ာင္ေခ်ာင္သာ ဝတ္ပါတဲ့။ ျမင္ၾကရင္လဲ က်န္းမာေရးအရ ဝတ္ၾကတာလို႔ သိထားလိုက္ေပါ့။ ယဥ္ေက်းမႈ မတူရင္ တန္ဘိုးထားမႈ ကြဲျပားတယ္။ အံ့ၾသရေလာက္ေအာက္ မတူတာေတြ ရွိတယ္။ ေဟာလိဝုဒ္ ရုပ္ရွင္ တခုမွာ အသက္ ၁၈ ႏွစ္လဲ ျပည့္ျပီ၊ ေကာလိပ္ သြားရေတာ့မယ္၊ Virgin ဘဝနဲ႔ မသြားခ်င္ဘူးလို႔ မင္းသမီးေလးကို အေျပာခိုင္းတယ္။ သူ႔စရိုက္နဲ႔သူ ကိုက္ပါတယ္။ သတို႔သမီးကို စစ္သလား ဘယ္သူကမွ မေမးဘူး။ တေထာင့္တည ပံုျပင္ တခုထဲမွာ သမီးရဲ႕ မဂၤလာဦးမွာ ဖေအ လုပ္သူက ေအာ္တဲ့အသံကို နားစြန္႔ေနသတဲ့။ မေအက မနက္က်ရင္ အိပ္ရာခင္း ေသြးစြန္းတာ လိုက္ရွာသတဲ့။ သူမ်ားေတြ လက္ညွိဳး ထိုးမေနနဲ႔ ပုဂံေခတ္မွာ ပန္းဦးလႊတ္ထာ မလုပ္ မေနရတဲ့။ ေယာက္်ားနဲ႔ ပဌမဆံုး ဆက္ဆံခ်ိန္မွာ ေသြးထြက္တာျဖစ္ရင္ အပိ်ဳစစ္တယ္။ ေသြးမထြက္ရင္ အပ်ိဳမဟုတ္ဘူးလို႔ မေျပာဘဲ အပ်ိဳေျမွး မရွိသူျဖစ္တယ္လို႔ ေျပာလာၾကတယ္။ အဲဒီေသြးက အပ်ိဳေျမွး စုတ္ျပဲသြားလို႔ ထြက္တာကိုး။ တျခားေၾကာင့္ ေသြးထြက္တာေတြလဲ ရွိပါတယ္။ Endometritis, Yeast, Infections, Cervical Dysplasia, Vaginitis, Cervical Polyps, Chlamydia, Gonorrhea & other STDs ေရာဂါတခုခု ရွိေနရင္လဲ ေသြးထြက္ႏိုင္တယ္။ လိင္ဆက္ဆံလို႔ မဟုတ္ဘဲ အပ်ိဳေျမွး စုတ္ျပဲေစႏိုင္တဲ့ အေၾကာင္းေတြလဲ ရွိတယ္။ စက္ဘီးစီး၊ ျမင္းစီး၊ ထိခိုက္ဒဏ္ရာရ၊ (မာစတာေဘးရွင္း) လုပ္၊ ေဆးစစ္တံုးက ကရိယာထည့္လို႔။ အပ်ိဳစစ္ လကၡဏာဆိုတာေတြကို ေဆးပညာအရ ေျပာပါဆိုရင္ - • ရင္သား၊ တင္းေနမယ္၊ လံုးဝန္းျပီး ဆန္႔ႏိုင္-ၾကံဳ႕ႏိုင္တယ္၊ ႏို႔သီးထိပ္က မာတင္းတင္း၊ ေအာက္ေျခ အဝိုင္းက ပင္ကိုယ္အသားအေရာင္ လိုက္ျပီး ပန္းေရာင္ကေန ညိဳမဲမဲေနမယ္၊ ႏိုးသီးအဖ်ားမွာ ပန္းေရာင္အစက္ရွိမယ္၊ • မိန္းမကိုယ္ အျပင္ႏုတ္ခမ္းသား လံုးဝန္းျပီး၊ ဆန္႔ႏိုင္-ၾကံဳ႕ႏိုင္တယ္၊ ႏုတ္ခမ္းသား ႏွစ္ဖက္ ထိကပ္ေနမယ္၊ အတြင္းႏုတ္ခမ္းသား နဲ႔ မ-အစိေတြကို လံုးဝ ဖံုးအုပ္ေနမယ္၊ • မိန္းမကိုယ္ အတြင္း-ႏုတ္ခမ္းသား ပန္းေရာင္ရွိမယ္၊ ထိရင္ သိလြန္းတယ္၊ • မ-အစိ Clitoris ေသးငယ္တယ္၊ • အတြင္း-ႏုတ္ခမ္းသားႏွစ္ခုကို ေဘးဖယ္ကား ၾကည့္တဲ့အခါ ျမင္ႏိုင္တဲ့ေနရာ Vestibule က်ဥ္းတယ္၊ • မိန္းမကိုယ္ ေအာက္ဖ်ား အလယ္ေနရာ Fourchette အေကာင္းပကတိ ရွိေနတယ္၊ • မိန္းမကိုယ္ ေအာက္ဖ်ား အလယ္ေနရာရဲ႕ဆံုခ်က္ Posterior commissure အေကာင္းပကတိ ရွိေနတယ္၊ • ဗဂ်ိဳင္းနား Vagina က်ဥ္းတယ္၊ • ဗဂ်ိဳင္းနားကို ဖံုးထားတဲ့အလႊာ အေရာင္က နီတယ္၊ ထိရင္ သိလြန္းတယ္၊ ေဘးႏွစ္ဖက္ ထိကပ္ေနတယ္၊ • အပ်ိဳေျမွး Hymen အေကာင္း ပကတိ ရွိေနတယ္၊ လက္ေခ်ာင္း တေခ်ာင္းစာထက္ ပိုမဆံ့ဘူး၊ ႏုတ္ခမ္းသားက စုတ္ျပဲသလို မဟုတ္ရဘူး၊ တိတိက်က် ျဖစ္ေနရမယ္။ ဆရာဝန္ေျပာတာထက္ ကိုယ့္ကိုယ္ကို အသိဆံုး ျဖစ္ၾကမွာပါ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Dr. တင့္ေဆြ
Unicode Version

 လူပျို အပျို တကယ်စစ်တယ်ဆိုတာ ၁၈ နှစ်ပြည့်သူဆိုရင် ပုံကိုနှိပ်ပြီးလေ့လာလိုက်ပါ။ BaHuThuTa 2 months ago ဗဟုသုတအစုံ, ခေတ်သစ်လူငယ်အကြိုက် ဆရာရေးတဲ့ (လူပျိုဖြစ်ပြီ) မှာ ရေးထားတဲ့ နို့သီးဝိုင်းဟာ ပန်းရောင်၊ အညိုရောင် မတူကြဘူး။ အပျိုစစ် နေသ၍ (ကိုယ်ဝန် မဆောင်ဘူး သေးချိန်အထိ) ထိပ်ဖျားမှာ ပန်းရောင်လေး ရှိနေရမယ်။ အဲဒါ မိန်းကလေး အကုန်လုံးကို ပြောတာပါလား။ ထိပ်ဖျားမှာ ပန်းရောင်မရှိတဲ့ မိန်းမတိုင်းဟာ အပျို မစစ်တာလား ဆရာ။ အညိုဖြစ်နေရင် အပျိုမဟုတ်တော့ဘူးလား။ အဲဒါလေး သေချာအောင် သိချင်လို့ပါ။ ရင်သား အရောင်ကို ပြောရင် နှစ်နေရာမှာ ပြောဘို့ လိုတယ်။ Areola နို့အရောင်ရင့်အဝိုင်း နဲ့ Nipple နို့ထိပ်ဖျား။ နှစ်ခုလုံးက Virginity အပျိုရည်နဲ့ ဘယ်လို ဆက်စပ်သလဲ။ အပျိုစစ်တယ်ဆိုတာ ဘာလဲ။ ခန္ခာဗေဒက “In the virgin the areola is of a delicate rosy hue” လို့ ဆိုပါတယ်။ ဘာသာပြန်ရင် “အပျိုဘဝမှာ နို့အလည်ဝိုင်း (အေရီယိုလာ) ဟာ နှင်းဆီသွေး အရောင်ရှိတယ်” လို့ ပြောတာပါ။ ကိုယ်ဝန် ၂ လရှိတာနဲ့ အရောင်က ရင့်လာပြီး၊ Dark brown or even black color ညိုမဲမဲကနေ အနက်ရောင်အထိ ဖြစ်တယ်။ ကလေး နို့ဖြတ်ချိန် နောက်ပိုင်းမှာ အရောင် ပြန်လျှော့ ကျလာတယ်။ ဒီလို အရောင်အပြောင်းအလဲဟာ ပဌမဆုံး-ကိုယ်ဝန် ရှိတယ်-ရှိဘူးတယ် ဆိုတာကို ဆုံးဖြတ်ရာမှာ အသုံးဝင်ပါတယ်။ အပျိုစစ်စစ်ရော လူပျိုစစ်စစ်ပါ Virgin လို့ဘဲ ခေါ်တယ်။ အဓိပ္ပါယ် ဖွင့်တာ မတူကြပါ။ အများစုကတော့ “မိန်းကလေး တယောက် သူ့ဘဝမှာ ပဌမဆုံးအကြိမ် မိန်းမအင်္ဂါ (ဗဂျိုင်းနား) ထဲကို ကျားအင်္ဂါ (လိင်တံ) ထိုးသွင်းပြီး၊ လိင်ဆက်ဆံတာ တွေ့ကြုံဘူးလိုက်တာနဲ့၊ အပျို မစစ်တော့ဘူး။” “ယောက်ျားလည်း အဲလို အတွေ့အကြုံရှိဘူးတာနဲ့ လူပျို မစစ်တော့ဘူး။” လို့ နားလည်၊ လက်ခံထားကြတယ်။ (လိင်တူ-ဆက်ဆံတာကို ဒီနေရာမှာ ချန်ထားပါရစေ။) ဘယ်လို ခေါ်ခေါ်ပါ၊ အခြေအနေ အမျိုးပေါင်း များစွာ ဖြစ်နေနိုင်တယ်။ အပျိုစစ်စစ်၊ လိင်ဆက်ဆံဘူးပေမဲ့ အိမ်ထောင် မကျသေးသူ၊ လိင်ဆက်ဆံတာ များလှပေမဲ့ ကိုယ်ဝန်မရဘူးသူ၊ ကလေး မမွေးဘူးသူ၊ ကိုယ်ဝန်ရှိလို့ ပျက်-ဖျက်ဘူးပြီး၊ အိမ်ထောင်မရှိ၊ ကလေးမရှိသူ၊ ဗမာတွေက တခုလပ်၊ တလင်ကွာ၊ မုဆိုးမ ခေါ်ကြပေမဲ့ သူများဆီမှာ ယောက်ျား မရှိရင်လဲ (ဆင်ဂယ်လ်) ဘဲ၊ ယောက်ျား မယူဘဲ ကလေးရသူကို (ဆင်ဂယ်လ်-မားသား)။ ဦးစားပေးတောင် ခံရမယ်။ ရှိသေးပါတယ် အအိုပေမဲ့ ပျိုအောင် လုပ်ထားသူဆိုတာ ကလေးမွေးပြီး မ-အင်္ဂါကို ခွဲစိတ် ပြုပြင်ထားသူ၊ အပျိုမြှေး အသစ်ပြုပြင်ထားသူ၊ ဒါ့အပြင်လဲ ရှိချင် ရှိအုံးမှာ။ Virginity ပျက်ယွင်းတာကို ဆေးပညာအရ စစ်လို့ ရနိုင်ပါတယ်။ Rape အဓမ္မပြုကျင့်လို့ ရာဇဝတ်မှု ဖြစ်ရင် ဆရာဝန်ဆီ ခေါ်လာရတယ်။ ဆေးစစ်ရာမှာ (၁) Rape အထမြောက်-မမြောက်၊ ယောက်ျား သုတ်ပိုး ပေကျန်နေတာ လိုက်ရှာပြီး၊ ဓါတ်ခွဲအတည်ြ့ပုချက် ယူပေးရတယ်။ (၂) အသက်ငယ်ရင် အသက် ပြည့်-မပြည့်ပါ စစ်ရသေးတယ်။ (၃) ထိခိုက် ဒဏ်ရာတွေ ရှိ-မရှိ ကြည့်ရတယ်။ (၄) တကယ်လို့ ခံရသူဟာ အပျိုဖြစ်ခဲ့ရင် အပျိုရည် ပျက်တဲ့ အချက်ပါ ကြည့်ရတယ်။ လိင်ဆက်ဆံဘူးတာနဲ့ ရင်သားအရောင် မပြောင်းလဲသေးပါ။ ရာသီဖြစ်စဉ်က ရင်သားကို တစုံတရာ သက်ရောက်စေတယ်။ တင်းတာ၊ နာတာမျိုး ဖြစ်တတ်တယ်။ အသက်ရလာရင် အဝိုင်းရော ထိပ်ဖျားပါ အရောင် ရင့်လာတယ်။ ကိုယ်ဝန်ရှိတယ် ဆိုတာနဲ့ ပြောင်းလဲတာတွေ တလှေကြီးထဲမယ် ရင်သား ပြောင်းလဲတာလဲ ပါတယ်။ ရင်သား ထိပ်ဝိုင်း အရောင် ရင့်လာပြီး၊ နို့သီး-ထိပ်ဖျားက အရောင်လဲ ပြောင်းတယ်။ “အသားအရောင် ဖြူဖြူ၊ ညိုညို၊ နို့သီး-ထိပ်ဖျား အလည်လောက်မှာ ပန်းရောင် စက်ကလေး ရှိနေရင် ကိုယ်ဝန် မဆောင်ဘူးသေးသူ” လို့ ပြောနိုင်ပေမဲ့၊ ပန်းရောင် မတွေ့ရရင် အပျို မဟုတ်ဘူးလို့ အရင်ထုတ် ဆေးစာအုပ်တွေက ဆိုပေမဲ့ ရာနှုန်းပြည့် မမှန်ပါဘူးတဲ့။ ယောက်ျားတွေမှာ အသက်ကြီးလာလို့ ဟော်မုန်း အချိုးအစား ပြောင်းချိန်မှာ နို့အုံက မိန်းမတွေလို ကြီးလာရင် Gynecomastia လို့ ခေါ်တယ်။ Testosterone ဟော်မုန်း နည်းလာလို့ပါ။ “နို့” ဟာ Mammals နို့တိုက်သတ္တဝါ အထီးမှာ ပါတယ် ဆိုယုံသာ မြင်ရပြီး၊ အမမှာတော့ သိသိသာသာ၊ ထူးထူးခြားခြား၊ မရှိမဖြစ် အသုံးဝင်လှတဲ့ မျိုးပွားခြင်းဆိုင်ရာ အင်္ဂါတခု ဖြစ်ပါတယ်။ Breasts ကို Mammary Gland လို့ခေါ်တာက Milk နို့ရည် ထုတ်ပေးတဲ့ အိတ်လို့ ပြောတာပါ။ ဘယ်လောက် လေးတယ်၊ တင်းတယ်၊ ပြော့တယ်၊ ဘယ်ပုံပန်း ရှိတယ်ဆိုတာ အတော်ကြီး မတူကြပါ။ အစက ကမ္ဘာလုံးခြမ်း လိုရှိရာကနေ ကြာရင် ခေါင်လောင်းပုံ ဖြစ်လာတယ်။ ကိုယ်ဝန်ဆောင်ရင် သိသိသာသာ ပိုကြီးပြီး၊ ကလေး နို့တိုက်နေချိန်မှာ အကြီးဆုံး။ များသောအားဖြင့် ဘယ်ဘက်က ပိုကြီးတယ် ဆိုတာကို ဆေးပညာကရော အရပ်စကားပါ ထပ်တူကြတယ်။ နို့အင်္ဂါဟာ လုံးဝန်းတယ် ဆိုပေမဲ့ တိတိကျကျ ပြောရင် အထက်-ဘေးဘက်၊ ချိုင်းဘက်ဆီ နဲနဲ ပိုရှည်ထွက်နေတယ်။ ဆေးစာမှာ Tail of breast အမြီးလို့ ခေါ်တယ်။ Nipple နို့သီးမှာ ပြွန်ပေါက်လေးတွေ ၁၅-၂ဝ ရှိတယ်။ Nipple piercing လုပ်ရင် အဲဒါတွေ ပျက်စီးစေတယ်။ Nipple ဟာ ဆလင်ဒါပုံ၊ ကတော့ပုံနဲ့၊ ၁ဝ မီလီမီတာ မြင့်တယ်။ သူ့ကို ဆွပေးရင် သန်မာမှု Erection ဖြစ်နိုင်တယ်။ နို့သီးထိပ်ကို ဆွလို့ သန်မာမှု ဖြစ်ရတာက Erectile tissue ကြောင့် မဟုတ်ပါ။ ကြွက်သားနု Smooth muscle ကြောင့် ဖြစ်ရတာပါ။ ကြက်သီး-မွေးညင်းထတာမျိုး၊ ရာသီဥတု အေးရင် ဖြစ်ရတာမျိုးလိုပါဘဲ။ လိင်စိတ်ကြောင့်လည်း ဖြစ်ပါတယ်။ မင်းသမီးကို အဲဒီ နေရာကို ရေခဲ အကပ်ခိုင်းပြီး ချစ်ခန်း-ကြိုက်ခန်း ရိုက်ရတယ်။ နို့စို့နေရင်လည်း ဖြစ်တယ်။ ဒီနှစ်မျိုးလုံးက Oxytocin ဟော်မုန်းကြောင့်ပါ။ တချို့မှာ ဒီလို ဆွပေးတာနဲ့ဘဲ Orgasm လိင်စိတ်ပြည့်ဝခြင်း ဖြစ်နိုင်တယ်လို့ ပြောတယ်။ နို့သီးအခြေ အရောင်အရင့် အဝိုင်းကို Areola ခေါ်တယ်။ သူ့အပေါ်မှာ တခြားနေရာက ချွေးထွက် အိတ်တွေထက် ပိုကြီးတဲ့ အိတ်လေးတွေ ရှိပြီး၊ အဆီထုတ်ပေးတာမို့ ကလေးနို့စိုနေတုံး အကာကွယ် ပေးရာကျတယ်။ Nipple က Pink ပန်းရောင် ဒါမှမဟုတ် Brownish hue ခပ်ညိုညို အရောင် ဖြစ်တယ်။ ပန်းရောင်က ပိုလှတယ် ပြောရင် "မဟူရာ" မလေးတွေက ကလောတယ်။ "ပန်းရောင်ဘဲ ကြိုက်ရင် ဝက်မကြီးဆီ သွားပါလား" တဲ့။ (အေရီယိုလာ) က အရောင် မတူကြသလို အရွယ်အစား သာမက ပုံပန်းလဲ မတူကြပါ။ အများဆုံးက စက်ဝိုင်းလို ရှိကြပေမဲ့ Elliptical ဘဲဥပုံလည်း ရှိသေးတယ်။ ယောက်ျားတွေမှာ အချင်း ၁ လက္မရှိကြပြီး၊ မိန်းမတွေက ၁့၂ ကနေ ၄ လက္မအထိ ရှိကြတယ်။ ဒီအဝိုင်းက ဘာလို့ပါတာလဲကို မှန်းပြောတခုရှိတယ်။ နို့ဆာတဲ့ကလေး ရှာရတာ လွယ်အောင်တဲ့။ မဟုတ်နိုင်ပါ။ ကလေးဆိုတာ မွေးကတည်းက သူ့ပါးကလေးကို တခုခုနဲ့ ထိလိုက်တာနဲ့ နို့မှတ်ပြီး၊ ခေါင်း လှည့်လာမယ်။ နို့ရှာရာမှာ မျက်စိ မလိုပါ။ ကိုယ်ဝန် မဆောင်ဘူးသူ တချို့မှာ Breast နဲ့ Areola အရောင် အတော်နီးစပ်အောင် တူနေတတ်တယ်။ အိမ်ထောင်ရှိပေမဲ့ ကိုယ်ဝန် မဆောင်ဘူးသူနဲ့ အပျိုဘဝမှာ အခန့်မသင့်လို့ မှားယွင်းမိတာမို့ ဖျက်ဆေးသောက်ရသူတို့ ရင်သား အရောင် မတူကြပါ။ သူငယ်ချင်းတွေ ပြောကြ-ငြင်းကြတာတခု ရှိတယ်။ မိန်းကလေး တယောက်မှာ နှုတ်ခမ်း အရောင်နဲ့ နို့သီးဖျား အရောင်က တူကြသတဲ့။ “မရွှေတိကျ” က လာသေးတယ်၊ အပေါ် နုတ်ခမ်း အရောင်နဲ့သာ တူတာပါတဲ့။ မွေးကာစ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် နို့ရည်ထွတ်တာ မ-ဟော်မုန်း သတ္ထိအရ ဖြစ်တယ်။ နို့ဆိုတာ ၂ ခုထဲလို့ သိကြပေမဲ့၊ တချို့မှာ ၂ ခုမက ရှိတတ်တယ်။ ဗိုက်ထဲ နေတုံးကတည်းက ရှိခဲ့တာပါ။ မင်းသား Mark Wahlberg တို့ အဲလီဇဗက် (၁) ရဲ့မယ်တော် Anne Boleyn တို့မှာ တတိယနို့ ရှိကြတယ်။ ဂျမ်းစ်-ဘွန်း ရုပ်ရှင် “ရွှေသနတ်နဲ့လူ” ထဲက လူဆိုးဆရာကြီး Francisco Scaramanga မှာလည်း အဲလို အပိုရှိတာကို ပြသေးတယ်။ လမ်းလျှောက်ရင်း၊ ပြေးရင်းကနေဖြစ်တဲ့ အခြေအနေတခုကို Jogger's nipple လို့ ခေါ်တယ်။ နို့သီးအဖျား နာ၊ ခြောက်၊ အနေရခက်၊ သွေးထွက်တာမျိုး ပြောတာပါ။ ဝတ်ထားတဲ့ အဝတ်အစားနဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်ရတယ်။ ဒါ့ကြောင့် အတွင်းခံ မပါဘဲ ပြေးပါတဲ့။ ရှက်တတ်ရင်တော့ တထပ်ထဲ ခပ်ချောင်ချောင်သာ ဝတ်ပါတဲ့။ မြင်ကြရင်လဲ ကျန်းမာရေးအရ ဝတ်ကြတာလို့ သိထားလိုက်ပေါ့။ ယဉ်ကျေးမှု မတူရင် တန်ဘိုးထားမှု ကွဲပြားတယ်။ အံ့သြရလောက်အောက် မတူတာတွေ ရှိတယ်။ ဟောလိဝုဒ် ရုပ်ရှင် တခုမှာ အသက် ၁၈ နှစ်လဲ ပြည့်ပြီ၊ ကောလိပ် သွားရတော့မယ်၊ Virgin ဘဝနဲ့ မသွားချင်ဘူးလို့ မင်းသမီးလေးကို အပြောခိုင်းတယ်။ သူ့စရိုက်နဲ့သူ ကိုက်ပါတယ်။ သတို့သမီးကို စစ်သလား ဘယ်သူကမှ မမေးဘူး။ တထောင့်တည ပုံပြင် တခုထဲမှာ သမီးရဲ့ မင်္ဂလာဦးမှာ ဖအေ လုပ်သူက အော်တဲ့အသံကို နားစွန့်နေသတဲ့။ မအေက မနက်ကျရင် အိပ်ရာခင်း သွေးစွန်းတာ လိုက်ရှာသတဲ့။ သူများတွေ လက်ညှိုး ထိုးမနေနဲ့ ပုဂံခေတ်မှာ ပန်းဦးလွှတ်ထာ မလုပ် မနေရတဲ့။ ယောက်ျားနဲ့ ပဌမဆုံး ဆက်ဆံချိန်မှာ သွေးထွက်တာဖြစ်ရင် အပျိုစစ်တယ်။ သွေးမထွက်ရင် အပျိုမဟုတ်ဘူးလို့ မပြောဘဲ အပျိုမြှေး မရှိသူဖြစ်တယ်လို့ ပြောလာကြတယ်။ အဲဒီသွေးက အပျိုမြှေး စုတ်ပြဲသွားလို့ ထွက်တာကိုး။ တခြားကြောင့် သွေးထွက်တာတွေလဲ ရှိပါတယ်။ Endometritis, Yeast, Infections, Cervical Dysplasia, Vaginitis, Cervical Polyps, Chlamydia, Gonorrhea & other STDs ရောဂါတခုခု ရှိနေရင်လဲ သွေးထွက်နိုင်တယ်။ လိင်ဆက်ဆံလို့ မဟုတ်ဘဲ အပျိုမြှေး စုတ်ပြဲစေနိုင်တဲ့ အကြောင်းတွေလဲ ရှိတယ်။ စက်ဘီးစီး၊ မြင်းစီး၊ ထိခိုက်ဒဏ်ရာရ၊ (မာစတာဘေးရှင်း) လုပ်၊ ဆေးစစ်တုံးက ကရိယာထည့်လို့။ အပျိုစစ် လက္ခဏာဆိုတာတွေကို ဆေးပညာအရ ပြောပါဆိုရင် - • ရင်သား၊ တင်းနေမယ်၊ လုံးဝန်းပြီး ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နို့သီးထိပ်က မာတင်းတင်း၊ အောက်ခြေ အဝိုင်းက ပင်ကိုယ်အသားအရောင် လိုက်ပြီး ပန်းရောင်ကနေ ညိုမဲမဲနေမယ်၊ နိုးသီးအဖျားမှာ ပန်းရောင်အစက်ရှိမယ်၊ • မိန်းမကိုယ် အပြင်နုတ်ခမ်းသား လုံးဝန်းပြီး၊ ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နုတ်ခမ်းသား နှစ်ဖက် ထိကပ်နေမယ်၊ အတွင်းနုတ်ခမ်းသား နဲ့ မ-အစိတွေကို လုံးဝ ဖုံးအုပ်နေမယ်၊ • မိန်းမကိုယ် အတွင်း-နုတ်ခမ်းသား ပန်းရောင်ရှိမယ်၊ ထိရင် သိလွန်းတယ်၊ • မ-အစိ Clitoris သေးငယ်တယ်၊ • အတွင်း-နုတ်ခမ်းသားနှစ်ခုကို ဘေးဖယ်ကား ကြည့်တဲ့အခါ မြင်နိုင်တဲ့နေရာ Vestibule ကျဉ်းတယ်၊ • မိန်းမကိုယ် အောက်ဖျား အလယ်နေရာ Fourchette အကောင်းပကတိ ရှိနေတယ်၊ • မိန်းမကိုယ် အောက်ဖျား အလယ်နေရာရဲ့ဆုံချက် Posterior commissure အကောင်းပကတိ ရှိနေတယ်၊ • ဗဂျိုင်းနား Vagina ကျဉ်းတယ်၊ • ဗဂျိုင်းနားကို ဖုံးထားတဲ့အလွှာ အရောင်က နီတယ်၊ ထိရင် သိလွန်းတယ်၊ ဘေးနှစ်ဖက် ထိကပ်နေတယ်၊ • အပျိုမြှေး Hymen အကောင်း ပကတိ ရှိနေတယ်၊ လက်ချောင်း တချောင်းစာထက် ပိုမဆံ့ဘူး၊ နုတ်ခမ်းသားက စုတ်ပြဲသလို မဟုတ်ရဘူး၊ တိတိကျကျ ဖြစ်နေရမယ်။ ဆရာဝန်ပြောတာထက် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်ကြမှာပါ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Dr. တင့်ဆွေ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top