iMyanmarHouse.com - Best Property Website for Myanmar
×

သင်ဟာ ပြီးပြည့်စုံတဲ့ ဖိနပ် တစ်စုံ ကို ၀ယ်ထားပြီး အဲဒီဖိနပ် တစ်စုံကို ၀ယ်လာတဲ့ ဗူးထဲကနေ ထုတ်စီးဖို့အတွက် စောင့်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီဖိနပ်တွေကို တူညီတဲ့ ဗူးထဲကိုပဲ ပြန်ထည့်ပြီး သိမ်းဆည်းထားခြင်းက မှန်ကန်တဲ့နည်းလမ်းလို့ သင်ထင်ပါသလား။ ဒါဟာ သင်ဒီဖိနပ်တွေကို ဘယ်လိုအချိန်တွေမှာ စီးလေ့ရှိသလဲ ပေါ် မူတည်သွားပါပြီ။

သင်ဟာ ဒီ ဖိနပ်တွေကို ခဏခဏ စီးဖြစ်နေရင်

အဲဒီဖိနပ်တွေကို ဗူးထဲမှာ မသိမ်းတာ အကောင်းဆုံးပါပဲ။ အဲဒါမှသာ ဖိနပ်တွေကို ခြောက်သွေ့ဖို့အတွက် လုံလောက်တဲ့ အချိန်ရစေမှာပါ။ (သင့်ခြေထောက်ဟာ ခြေဆီ ထွက်တဲ့အတွက် ဖိနပ်တွေဟာ အစို ဓါတ်ရှိနေတတ်ပါတယ်) ပြီးတော့ ဖိနပ်တွေကိုလည်း သစ်လွင်နေစေမှာပါ။ ဖိနပ်စင် ၊ ဖိနပ် ဗီရို စတာတွေဟာ သိမ်းဆည်းဖို့ အကောင်းဆုံးနေရာတွေ ဖြစ်ပါတယ်။

သင်ဟာ ဒီဖိနပ်တွေကို ရာသီအလိုက် (သို့) ပွဲလမ်း သဘင်ရှိမှာ ထုတ်ဝတ်တယ်ဆိုရင်

ဒီ အနေအထားမှာတော့ ဖိနပ် ဗူး တွေဟာ အကောင်းဆုံး နည်းလမ်းပါပဲ။ ဖိနပ်ဗူးတွေဟာ ဖိနပ်တွေကို ဖုန်တင်ခြင်း ၊ နေရောင်ခြည် ထိခြင်း နဲ့ အပူဒဏ် ခံရခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း ဖိနပ်ဝယ် တုန်းကရတဲ့ အော်ရီဂျင်နယ် ဗူးတွေထဲမှာ ပြန်ထည့်ထားဖို့တော့ မလိုအပ်ပါဘူး။ တစ်ချို့ လူတွေဟာ ပလတ်စတစ် ဗူး တွေကို အသုံးပြုကြပါတယ်။ ပလတ်စတစ် ဗူးတွေ အသုံးပြုခြင်းဟာ အတွင်းမှာ ရှိတဲ့ ဖိနပ်ကို မြင်နေရပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ ဖိနပ်တွေကို အက်ဆစ် မပါဝင်တဲ့ စာရွက်တွေနဲ့ ထုတ်ပိုးထားသင့်ပါတယ်။ အဲဒီလို ထုတ်ပိုးထားခြင်းက ဖိနပ် ရဲ့  ပုံပန်းသဏ္ဍန်ကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။(တစ်လထက်ပိုပြီး ထုတ်မစီးပဲ သိမ်းထားမယ်ဆိုရင်တော့ အက်ဆစ်မပါတဲ့ စာရွက်တွေနဲ့ ထုတ်ပိုးထားသင့်ပါတယ်) ဒါပေမယ့် စာရွက်ဟာ အက်ဆစ် မပါဖို့တော့ သတိပြုပါ။ အက်ဆစ်တွေဟာ ဖိနပ်ပေါ်က ကုန်ကြမ်းပစ္စည်းတွေကို ထိခိုက်စေနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top