iMyanmarHouse.com - Best Property Website for Myanmar
×

ေခါင္းေလွ်ာ္တာပဲ ဒီလိုပဲေလွ်ာ္မွာေပါ့လို႔ ေတြးမိၾကပါလိမ့္မယ္။ ဆံပင္ကၽြတ္တာဟာ ေခါင္းေလွ်ာ္ပံုမမွန္တာေၾကာင့္လည္းပါပါတယ္။

ေခါင္းေလွ်ာ္ရည္နဲ႔ ေပ်ာ့ေဆး (သို႔) ေပါင္းေဆးမ်ားမ်ားသံုးျခင္း

ေခါင္းေလွ်ာ္ရည္နဲ႔ ေပ်ာ့ေဆး (သို႔) ေပါင္းေဆး မ်ားမ်ားသံုးတာဟာ ဆံသားအတြက္ေကာင္းမြန္တယ္လို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္။ ဒါေပမဲ့ ဒါဟာမမွန္ပါဘူး။ အတန္အသင့္ပဲသံုးပါ။

ေရေႏြးနဲ႔ေခါင္းေလွ်ာ္ျခင္း

ေရေႏြးနဲ႔ အၿမဲတမ္းလိုလိုေခါင္းေလွ်ာ္တာက ေခါင္းေလွ်ာ္ၿပီး မၾကာခင္မွာ လူကို အိပ္ေပ်ာ္ေစပါတယ္။ ဒါ့အျပင္ ေရေႏြးဟာ ဆံပင္ေပါက္တဲ့ Follicle ေလးေတြကို ထိခိုက္ေစလို႔ ဆံပင္ကၽြတ္ေစပါတယ္။ ေရေႏြးအစား ေရ ေအးနဲ႔ စပ္ၿပီးေလွ်ာ္ေပးပါ။

တဘက္နဲ႔ ဆံပင္သုတ္ျခင္း

တဘက္နဲ႔ ဆံပင္သုတ္တာကို လူတိုင္းလုပ္ၾကပါတယ္။ တဘက္နဲ႔ ဆံပင္ကို ခပ္ၾကမ္းၾကမ္းသုတ္မဲ့အစား ရွပ္အိက်ီ ၤအေဟာင္းကို သံုးေပးပါ။ ဆံပင္ကၽြတ္တာ သက္သာပါလိမ့္မယ္။

ေခါင္းေလွ်ာ္ေနစဥ္အတြင္း ႏွိပ္နယ္ျခင္း

ေခါင္းေလွ်ာ္ေနစဥ္မွာ ႏွိပ္နယ္ေပးတာမ်ိဳး လုပ္တတ္တဲ့အက်င့္ရွိပါသလား။ ဒါဆိ ရပ္လိုက္ပါေနာ္။ ဒီလိုလုပ္တာက ေခါင္းေလွ်ာ္ရည္ကို ပိုၿပီးထိေရာက္ေစတယ္လို႔ ေတြးမိေကာင္းေတြးမိပါလိမ့္မယ္။ ဒါဟာ ဆံသားေတြကို အားနည္းေစၿပီး ဆံပင္ပိုကၽြတ္ေစပါတယ္။ ႏွိပ္နယ္မယ္ဆိုရင္လည္း ခပ္ဖြဖြ ႏွိပ္ေပးသင့္ပါတယ္။

ေခါင္းေရစိုေနစဥ္ ေခါင္းဖီးျခင္း

ေရစိုေနစဥ္မွာ ေခါင္းဖီးတာက ဆံပင္ကို သိသိသာသာ ပိုကၽြတ္ေစပါတယ္။ ေခါင္းေလွ်ာ္ေနစဥ္မွာလညး္ တခ်ိဳ႕က ေခါင္းဘီးသံုးတတ္ပါတယ္။ ေခါင္းဘီးအစား လက္နဲ႔သာ ဆံပင္ကို သပ္ခ်ေပးပါ။

 Credit:mystylemyanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

unicode Version

ခေါင်းလျှော်တာပဲ ဒီလိုပဲလျှော်မှာပေါ့လို့ တွေးမိကြပါလိမ့်မယ်။ ဆံပင်ကျွတ်တာဟာ ခေါင်းလျှော်ပုံမမှန်တာကြောင့်လည်းပါပါတယ်။

ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး (သို့) ပေါင်းဆေးများများသုံးခြင်း

ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး (သို့) ပေါင်းဆေး များများသုံးတာဟာ ဆံသားအတွက်ကောင်းမွန်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာမမှန်ပါဘူး။ အတန်အသင့်ပဲသုံးပါ။

ရေနွေးနဲ့ခေါင်းလျှော်ခြင်း

ရေနွေးနဲ့ အမြဲတမ်းလိုလိုခေါင်းလျှော်တာက ခေါင်းလျှော်ပြီး မကြာခင်မှာ လူကို အိပ်ပျော်စေပါတယ်။ ဒါ့အပြင် ရေနွေးဟာ ဆံပင်ပေါက်တဲ့ Follicle လေးတွေကို ထိခိုက်စေလို့ ဆံပင်ကျွတ်စေပါတယ်။ ရေနွေးအစား ရေ အေးနဲ့ စပ်ပြီးလျှော်ပေးပါ။

တဘက်နဲ့ ဆံပင်သုတ်ခြင်း

တဘက်နဲ့ ဆံပင်သုတ်တာကို လူတိုင်းလုပ်ကြပါတယ်။ တဘက်နဲ့ ဆံပင်ကို ခပ်ကြမ်းကြမ်းသုတ်မဲ့အစား ရှပ်အိကျီ ၤအဟောင်းကို သုံးပေးပါ။ ဆံပင်ကျွတ်တာ သက်သာပါလိမ့်မယ်။

ခေါင်းလျှော်နေစဉ်အတွင်း နှိပ်နယ်ခြင်း

ခေါင်းလျှော်နေစဉ်မှာ နှိပ်နယ်ပေးတာမျိုး လုပ်တတ်တဲ့အကျင့်ရှိပါသလား။ ဒါဆိ ရပ်လိုက်ပါနော်။ ဒီလိုလုပ်တာက ခေါင်းလျှော်ရည်ကို ပိုပြီးထိရောက်စေတယ်လို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ဒါဟာ ဆံသားတွေကို အားနည်းစေပြီး ဆံပင်ပိုကျွတ်စေပါတယ်။ နှိပ်နယ်မယ်ဆိုရင်လည်း ခပ်ဖွဖွ နှိပ်ပေးသင့်ပါတယ်။

ခေါင်းရေစိုနေစဉ် ခေါင်းဖီးခြင်း

ရေစိုနေစဉ်မှာ ခေါင်းဖီးတာက ဆံပင်ကို သိသိသာသာ ပိုကျွတ်စေပါတယ်။ ခေါင်းလျှော်နေစဉ်မှာလည်း တချို့က ခေါင်းဘီးသုံးတတ်ပါတယ်။ ခေါင်းဘီးအစား လက်နဲ့သာ ဆံပင်ကို သပ်ချပေးပါ။


 Credit:mystylemyanmar



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top