iMyanmarHouse.com - Myanmar's No. 1 Property Website
×

အမ်ိဳးသမီးတစ္ေယာက္အတြက္ အလွအပနဲ ့ဆြဲေဆာင္မႈ အဂၤါရပ္ေတြထဲမွာရင္သားတစ္စံုလည္း ပါ၀င္တာမို ့
ရင္းသားေတြသ ဘာ၀အတိုင္း ဖြံ့ထြားေတာင့္တင္းမေနဘဲ ေပ်ာ့အိတြဲက်လာတဲ့အခါမွာ
မိမိကိုယ္ကိုဆြဲေဆာင္မႈမရွိေတာ့ဘူးလို ့ခံစားလာရျပီး၊လြန္စြာစိတ္ကသိကေအာင့္ ျဖစ္ရပါတယ္။ အသက္အရြယ္ၾကီးရင့္လာျခင္းကအဓိကအေၾကာင္းရင္းျဖစ္ေသာ္လည္း၊ အခ်ိုဳ ့့သူ ေတြမွာ
ေအာက္ပါအေၾကာင္းမ်ားေၾကာင့္ အရြယ္မလြန္ခင္ကတည္းကရင္သားေတြေပ်ာ့တြဲလာၾကရပါတယ္။

• ႏို ့တိုက္မိခင္မ်ား။
• ရုတ္တရက္ကို္ယ္အေလးခ်ိန္ထိုးက်သြားသူမ်ား။
• အာဟာရခ်ိဳ ့တဲ့သူမ်ား။
• မိမိရင္သား အရြယ္အစားနဲ ့့မကိုက္ညီတဲ့ ဘရာဇီယာ(သို ့မဟုတ္)ေဘာ္လီ၀တ္ဆင္သူမ်ား။
• ႏို ့အံုထဲရွိ က်ဳ ံ ့/ဆန္ ့ႏိုင္ေသာတစ္ရႈးမ်ား
ေျပေလ်ာ့ႏိုင္စြမ္းအားနည္းသြားျခင္း။
• ေသြးဆံုးျပီးေနာက္ ဟိုမုန္းေျပာင္းလဲသြားျခင္း။
• ဘရာဇီယာ(သို ့မဟုတ္)ေဘာ္လီမပါဘဲ
ေျပးျခင္း/ၾကိဳးခုန္ျခင္း/ေလ့က်င့္ခဏ္းျပင္းျပင္းလုပ္ျခင္း။

ေအာက္ပါ ရိုးရွင္းလြယ္ကူတဲ့ နည္းလမ္း(၇)သြယ္က ရင္သားေတြကို
ေဘးဥပါသ္လံုး၀မျဖစ္ေစဘဲ တင္းရင္းလာေစမယ့္ နည္းလမ္း ေကာင္းေလးေတြပါ။

(၁) ႏို ့သီေခါင္းကိုခ်န္ျပီး၊ ရင္သားတစ္စံုကို တေန ့၂-ၾကိမ္သံလြင္ဆီျဖင့္ အသာအယာလူးနယ္ေပးပါ။ သံလြင္ဆီရဲ ့အစြမ္းေၾကာင့္ရင္သားအတြင္းပိုင္းရွိ ဆဲလ္နဲ ့ေသြးလည္ပတ္မႈအားေကာင္းလာျပီး
တစ္ရႈးမ်ားေတာင့္တင္းလာေစတဲ့အျပင္၊ ရင္သားအေပၚယံ အလႊာအေရျပားမ်ားလည္း
တင္းရင္းလာေစပါတယ္။ (သံလြင္ဆီနဲ ့ႏို့အံုကိုခပ္ၾကမ္းၾကမ္းဆြဲ၍လိမ္းျခင္းက ရင္သားမ်ားပိုမိုတြဲက်
သြားေစနိုင္လို ့ ခပ္ဖြဖြဆုပ္နယ္လိမ္းေပးပါ)

(၂) fenugreek(ေခၚ)ကုလားဟင္းခ်က္ရာတြင္သံုးသည့္ ပဲနံ ့သာပင္ကႏူးညံ့တ့ဲအေရျပားမ်ားကို သူမတူေအာင္ တင္းရင္းေစတဲ့အစြမ္းသတၱိမ်ားရွိၾကပါတယ္။(အိႏိၵယရိုးရာပရေဆးဆိုင္မ်ားနဲ ့ အခ်ိဳ ့city
mart မ်ားတြင္ fenugreek(ေခၚ)ပဲနံ ့သာပင္အမႈန ့္ေျခာက္ဗူးေတြ၀ယ္ယူရရွိနို္င္၏) ပဲနံ ့သာပင္အမႈန္ ့
ကို ေရနဲခပ္ပ်စ္ပ်စ္ေဖ်ာ္စပ္လိမ္းေပးျပီးေနာက္ ၁၅-မိနစ္ခန္ ့့အၾကာေရေအး ျဖင့္သန့္စင္ေဆးေၾကာပါ။

(၃) ေထာပတ္ဆီအႏွစ္မ်ားက ရင္သားကိုတင္းရင္းေစတဲ့အျပင္္ ျဖဴ၀င္းလွပလာေစလို့၊ ၄င္းဆီအႏွစ္ျဖင့္ ၃-မိနစ္ေလာက္ အသာ အယာလူးနယ္ေပးပါ။ နာရီ၀က္ခန ့္အၾကာ
ေရေအးျဖင့္ ေရခ်ိဳးသန္ ့စင္နိုင္ပါတယ္။

(၄) ၾကက္ဥအႏွစ္ကိုဖယ္၍ အကာအျဖဴရည္ကိုအျမွဳပ္ထေအာင္ေခါက္ပါ။ထိုအျမွဳပ္ရည္ျဖင့္ ရင္သားကိုအသာအယာ လူးနယ္ ေပးျပီး၊နာရီ၀က္ေလာက္အေျခာက္ခံထားပါ။ ထိုသို ့အေျခာက္ခံေနစဥ္အတြင္း ၾကက္သြန္နီဥၾကီးၾကီး ၁-လံုးကိုအခြံႏႊာ က်ိတ္ ေခ်ျပီး ရလာေသာၾကက္သြန္နီသတၱဳရည္ကို
ေရေအး ၁-ဖန္ခြက္ေရာစပ္ပါ။ ျပီးရင္ ရင္သားေပၚရိွ ေျခာက္သြားေသာ ၾကက္ဥအ
ကာရည္ကို ေစာေစာကၾကက္သြန္နီရည္ျဖင့္ ေဆးေၾကာေပးပါ။

(၅) သခြားသီးကို အခြံႏႊာအေစ့ဖယ္၍ အသားကိုျခစ္ပါ။ သခြားသီးအသားထမင္းစားဇြန္း ၁-ဇြန္းစာကို ၾကက္ဥအႏွစ္ ၁-လံုး(အ ကာမသံုးပါနဲ ့)၊ေထာပတ္လၻက္ရည္ဇြန္း ၁-ဇြန္းတို ့ျဖင့္ သမေအာင္ေရာေမႊျပီး ႏို ့အံုအႏွံ ့
အခ်ိန္ ၃-မိန္နစ္ခန္ ့ၾကာေအာင္ အ သာအယာ ပြတ္နယ္လိမ္းေပးပါ။အသားထဲစိမ့္၀င္သြားေအာင္ မိနစ္ ၂၀-ခန္ ့ထားျပီးေနာက္ ေရခ်ိဳးနိုင္ပါတယ္။ထိုအေရာအေႏွာ ၃-မိ်ဳးရဲ ့အစြမ္းေၾကာင့္ ရင္သားထဲရွိ တစ္ရႈးမ်ား သိသိသာသာေတာင့္တင္းသန္မာလာေစပါတယ္။

(၆) ဒိန္ခ်ဥ္ လၻက္ရည္ဇြန္း ၁-ဇြန္း၊ ၾကက္ဥ ၁-လံုး(အႏွစ္အကာအားလံုးသံုးပါ)၊ ဗီတာမင္အီး ၂လံုး ကိုေဖာက္ပါ။ (ဗီတာမင္အီးေဆးလံုးေလးမ်ားကို အလွကုန္ဆိုင္မ်ားတြင္ရ၏) ထိုအေရာအေႏွာ ၃-မ်ိဳးကို
သမေအာင္အခ်ိန္ၾကာၾကာ ေခါက္နယ္ျပီး၊ ႏို ့အံုအ ႏွံ ့ ၃-မိနစ္ခန္ ့ၾကာေအာင္အသာအယာႏွိပ္ေပးပါ။ ၁၅-မိနစ္ခန ့္အၾကာ ေရခ်ိဳးေပးနိုင္ပါျပီ။

(၇) ေရကူးျခင္း၊ ၾကြက္သားတက္ေစတဲ့အေလးျပား(ခပ္ေပါ့ေပါ့) ဆြဲ၍အေလးမျခင္း၊ဗိုက္ကိုခ်ပ္၍
ရင္သားတစ္စံုကိုလက္ႏွစ္ ဖက္ျဖင့္ကိုင္၍့ ေအာက္ကပင့္ကာအေပၚဘက္သို ့အသာအယာမတင္ျခင္း
စတဲေလ့က်င္းခဏ္းေလးေတြက ရင္သားစိုင္မ်ားကိုတင္းမာလာေစပါတယ္။

ၾကိဳတင္ကာကြယ္ျခင္းနဲ ့အျခားနည္းလမ္းေကာင္းမ်ား။
(၁) ေဆးလိပ္က ရင္သားထဲရွိၾကြက္သား က်ံဳ ့/ဆန္ ့နိုင္အားကိုေလ်ာ့ပါးေစတာေၾကာင့္
 ေဆးလိပ္မေသာက္ပါနဲ ့။

(၂) အယ္လ္ကိုေဟာနဲ ့ ကဖိန္းဓာတ္ပါေသာ အရက္ေသစာအေဖ်ာ္ယမကာအမ်ိဳးမ်ိဳး၊ အျမွဳပ္ထ၍
ဆူလာေစေအာင္ ကာဗြန္ဒိုင္ ေအာက္ဆိုဒ္ထဲ့ထားေသာ အခ်ိဳရည္ဗူးမ်ားက အေရျပားမ်ားကို အရြယ္မတိုင္မီ အိုမင္းေစျပီး ရင္သားမ်ားလည္းတြဲက်ေစပါတယ္။

(၃) ၾကိဳးေလ်ာ့ေနေသာ ဘရာဇီယာ(သို ့မဟုတ္)ေဘာ္လီ ေတြမ၀တ္ပါနဲ ့၊ အိပ္ခ်ိန္မွလႊဲ၍ ဘရာဇီယာ(သို ့မဟုတ္)ေဘာ္လီကို ၀တ္ထားပါ။(ကမၻာပထ၀ီေျမၾကီးရဲ ့ ဆြဲအားကလည္း သင့္ရင္သားစိုင္ေတြေအာက္ကိုတြဲက်ေစတယ္ဆိုတာ မယံုမရွိနဲ ့ေနာ္)

(၄) ရင္သားေပ်ာ့အိတြဲက်ျခင္းကလည္း အာဟာရခ်ိဳ ့တဲ့မႈနဲ ့ဆက္စပ္ေနပါတယ္။ရင္သားစိုင္တြင္းရွိ တစ္ရႈးမ်ားနဲ ့
 အသားအေရ တင္းရင္းမႈကိုအားေပးေသာဗီတာမင၊္ သတၱဳဓာတ္ နဲ ့ကစီဓာတ္ၾကြယ္၀တဲ့ အစားအစာမ်ားမွာ ၾကက္သား၊သိုးသား၊ ပင္လယ္ငါး မ်ား၊ ၾကက္ဥ၊ အဆီနဲေသာခ်ိစ္၊ ဒိန္ခ်ဥ္၊ ႏြားႏို ့၊အေစ့အဆန္မ်ား၊ ၾကက္သြန္နီ၊
 ၾကက္သြန္ျုဖဴ၊ ပန္းေဂၚဖီစိမ္း၊ မုန္လာဥနီ၊ပန္းေဂၚ ဖီအျဖဴ၊ ေဂၚဖီထုပ္၊ ပဲနံ ့သာရြက္၊ ခရမ္းခ်ဥ္သီး..စသည္တို့ျဖစ္ၾကပါတယ္။

Credit:ေပါက္ေပါက္


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode


အမျိုးသမီးတစ်ယောက်အတွက် အလှအပနဲ့ဆွဲဆောင်မှု အင်္ဂါရပ်တွေထဲမှာရင်သားတစ်စုံလည်း ပါဝင်တာမို့

ရင်းသားတွေသ ဘာဝအတိုင်း ဖွံ့ထွားတောင့်တင်းမနေဘဲ ပျော့အိတွဲကျလာတဲ့အခါမှာ
မိမိကိုယ်ကိုဆွဲဆောင်မှုမရှိတော့ဘူးလို့ခံစားလာရပြီး၊လွန်စွာစိတ်ကသိကအောင့် ဖြစ်ရပါတယ်။ အသက်အရွယ်ကြီးရင့်လာခြင်းကအဓိကအကြောင်းရင်းဖြစ်သော်လည်း၊ အချို့သူ တွေမှာ
အောက်ပါအကြောင်းများကြောင့် အရွယ်မလွန်ခင်ကတည်းကရင်သားတွေပျော့တွဲလာကြရပါတယ်။

• နို့တိုက်မိခင်များ။
• ရုတ်တရက်ကိုယ်အလေးချိန်ထိုးကျသွားသူများ။
• အာဟာရချို့တဲ့သူများ။
• မိမိရင်သား အရွယ်အစားနဲ့မကိုက်ညီတဲ့ ဘရာဇီယာ(သို့မဟုတ်)ဘော်လီဝတ်ဆင်သူများ။
• နို့အုံထဲရှိ ကျု ံ့/ဆန့်နိုင်သောတစ်ရှုးများ
ပြေလျော့နိုင်စွမ်းအားနည်းသွားခြင်း။
• သွေးဆုံးပြီးနောက် ဟိုမုန်းပြောင်းလဲသွားခြင်း။
• ဘရာဇီယာ(သို့မဟုတ်)ဘော်လီမပါဘဲ
ပြေးခြင်း/ကြိုးခုန်ခြင်း/လေ့ကျင့်ခဏ်းပြင်းပြင်းလုပ်ခြင်း။

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း(၇)သွယ်က ရင်သားတွေကို
ဘေးဥပါသ်လုံးဝမဖြစ်စေဘဲ တင်းရင်းလာစေမယ့် နည်းလမ်း ကောင်းလေးတွေပါ။

(၁) နို့သီခေါင်းကိုချန်ပြီး၊ ရင်သားတစ်စုံကို တနေ့၂-ကြိမ်သံလွင်ဆီဖြင့် အသာအယာလူးနယ်ပေးပါ။ သံလွင်ဆီရဲ့အစွမ်းကြောင့်ရင်သားအတွင်းပိုင်းရှိ ဆဲလ်နဲ့သွေးလည်ပတ်မှုအားကောင်းလာပြီး
တစ်ရှုးများတောင့်တင်းလာစေတဲ့အပြင်၊ ရင်သားအပေါ်ယံ အလွှာအရေပြားများလည်း
တင်းရင်းလာစေပါတယ်။ (သံလွင်ဆီနဲ့နို့အုံကိုခပ်ကြမ်းကြမ်းဆွဲ၍လိမ်းခြင်းက ရင်သားများပိုမိုတွဲကျ
သွားစေနိုင်လို့ ခပ်ဖွဖွဆုပ်နယ်လိမ်းပေးပါ)


(၂) fenugreek(ခေါ်)ကုလားဟင်းချက်ရာတွင်သုံးသည့် ပဲနံ့သာပင်ကနူးညံ့တဲ့အရေပြားများကို သူမတူအောင် တင်းရင်းစေတဲ့အစွမ်းသတ္တိများရှိကြပါတယ်။(အိနိ္ဒယရိုးရာပရဆေးဆိုင်များနဲ့ အချို့city
mart များတွင် fenugreek(ခေါ်)ပဲနံ့သာပင်အမှုန့်ခြောက်ဗူးတွေဝယ်ယူရရှိနိုင်၏) ပဲနံ့သာပင်အမှုန့်

ကို ရေနဲခပ်ပျစ်ပျစ်ဖျော်စပ်လိမ်းပေးပြီးနောက် ၁၅-မိနစ်ခန့်အကြာရေအေး ဖြင့်သန့်စင်ဆေးကြောပါ။


(၃) ထောပတ်ဆီအနှစ်များက ရင်သားကိုတင်းရင်းစေတဲ့အပြင် ဖြူဝင်းလှပလာစေလို့၊ ၎င်းဆီအနှစ်ဖြင့် ၃-မိနစ်လောက် အသာ အယာလူးနယ်ပေးပါ။ နာရီဝက်ခန့်အကြာ
ရေအေးဖြင့် ရေချိုးသန့်စင်နိုင်ပါတယ်။


(၄) ကြက်ဥအနှစ်ကိုဖယ်၍ အကာအဖြူရည်ကိုအမြှုပ်ထအောင်ခေါက်ပါ။ထိုအမြှုပ်ရည်ဖြင့် ရင်သားကိုအသာအယာ လူးနယ် ပေးပြီး၊နာရီဝက်လောက်အခြောက်ခံထားပါ။ ထိုသို့အခြောက်ခံနေစဉ်အတွင်း ကြက်သွန်နီဥကြီးကြီး ၁-လုံးကိုအခွံနွှာ ကျိတ် ချေပြီး ရလာသောကြက်သွန်နီသတ္တုရည်ကို
ရေအေး ၁-ဖန်ခွက်ရောစပ်ပါ။ ပြီးရင် ရင်သားပေါ်ရှိ ခြောက်သွားသော ကြက်ဥအ
ကာရည်ကို စောစောကကြက်သွန်နီရည်ဖြင့် ဆေးကြောပေးပါ။


(၅) သခွားသီးကို အခွံနွှာအစေ့ဖယ်၍ အသားကိုခြစ်ပါ။ သခွားသီးအသားထမင်းစားဇွန်း ၁-ဇွန်းစာကို ကြက်ဥအနှစ် ၁-လုံး(အ ကာမသုံးပါနဲ့)၊ထောပတ်လ္ဘက်ရည်ဇွန်း ၁-ဇွန်းတို့ဖြင့် သမအောင်ရောမွှေပြီး နို့အုံအနှံ့
အချိန် ၃-မိန်နစ်ခန့်ကြာအောင် အ သာအယာ ပွတ်နယ်လိမ်းပေးပါ။အသားထဲစိမ့်ဝင်သွားအောင် မိနစ် ၂၀-ခန့်ထားပြီးနောက် ရေချိုးနိုင်ပါတယ်။ထိုအရောအနှော ၃-မျိုးရဲ့အစွမ်းကြောင့် ရင်သားထဲရှိ တစ်ရှုးများ သိသိသာသာတောင့်တင်းသန်မာလာစေပါတယ်။

(၆) ဒိန်ချဉ် လ္ဘက်ရည်ဇွန်း ၁-ဇွန်း၊ ကြက်ဥ ၁-လုံး(အနှစ်အကာအားလုံးသုံးပါ)၊ ဗီတာမင်အီး ၂လုံး ကိုဖောက်ပါ။ (ဗီတာမင်အီးဆေးလုံးလေးများကို အလှကုန်ဆိုင်များတွင်ရ၏) ထိုအရောအနှော ၃-မျိုးကို
သမအောင်အချိန်ကြာကြာ ခေါက်နယ်ပြီး၊ နို့အုံအ နှံ့ ၃-မိနစ်ခန့်ကြာအောင်အသာအယာနှိပ်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေချိုးပေးနိုင်ပါပြီ။

 (၇) ရေကူးခြင်း၊ ကြွက်သားတက်စေတဲ့အလေးပြား(ခပ်ပေါ့ပေါ့) ဆွဲ၍အလေးမခြင်း၊ဗိုက်ကိုချပ်၍

ရင်သားတစ်စုံကိုလက်နှစ် ဖက်ဖြင့်ကိုင်၍့ အောက်ကပင့်ကာအပေါ်ဘက်သို့အသာအယာမတင်ခြင်း

စတဲလေ့ကျင်းခဏ်းလေးတွေက ရင်သားစိုင်များကိုတင်းမာလာစေပါတယ်။

ကြိုတင်ကာကွယ်ခြင်းနဲ့အခြားနည်းလမ်းကောင်းများ။
(၁) ဆေးလိပ်က ရင်သားထဲရှိကြွက်သား ကျုံ့/ဆန့်နိုင်အားကိုလျော့ပါးစေတာကြောင့် ဆေးလိပ်မသောက်ပါနဲ့။

(၂) အယ်လ်ကိုဟောနဲ့ ကဖိန်းဓာတ်ပါသော အရက်သေစာအဖျော်ယမကာအမျိုးမျိုး၊ အမြှုပ်ထ၍

ဆူလာစေအောင် ကာဗွန်ဒိုင် အောက်ဆိုဒ်ထဲ့ထားသော အချိုရည်ဗူးများက အရေပြားများကို အရွယ်မတိုင်မီ အိုမင်းစေပြီး ရင်သားများလည်းတွဲကျစေပါတယ်။


(၃) ကြိုးလျော့နေသော ဘရာဇီယာ(သို့မဟုတ်)ဘော်လီ တွေမဝတ်ပါနဲ့၊ အိပ်ချိန်မှလွှဲ၍ ဘရာဇီယာ(သို့မဟုတ်)ဘော်လီကို ဝတ်ထားပါ။(ကမ္ဘာပထဝီမြေကြီးရဲ့ ဆွဲအားကလည်း သင့်ရင်သားစိုင်တွေအောက်ကိုတွဲကျစေတယ်ဆိုတာ မယုံမရှိနဲ့နော်)

(၄) ရင်သားပျော့အိတွဲကျခြင်းကလည်း အာဟာရချို့တဲ့မှုနဲ့ဆက်စပ်နေပါတယ်။ရင်သားစိုင်တွင်းရှိ တစ်ရှုးများနဲ့

 အသားအရေ တင်းရင်းမှုကိုအားပေးသောဗီတာမင၊် သတ္တုဓာတ် နဲ့ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာများမှာ ကြက်သား၊သိုးသား၊ ပင်လယ်ငါး များ၊ ကြက်ဥ၊ အဆီနဲသောချိစ်၊ ဒိန်ချဉ်၊ နွားနို့၊အစေ့အဆန်များ၊ ကြက်သွန်နီ၊

 ကြက်သွန်ြုဖူ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ပန်းဂေါ် ဖီအဖြူ၊ ဂေါ်ဖီထုပ်၊ ပဲနံ့သာရွက်၊ ခရမ်းချဉ်သီး..စသည်တို့ဖြစ်ကြပါတယ်။

Credit:ပေါက်ပေါက်


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top