iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးေလးေတြ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေဆာ့ကစားေနၾကတာ ျမင္ရင္ အရမ္းခ်စ္တယ္။ သူတို႔ေလးေတြက အရမ္းကို အျပစ္ကင္းစင္ၾကတယ္။ တျဖည္းျဖည္းနဲ႔ ေနာက္ဆိုရင္ ဒီလို ျဖဴစင္မႈေတြ၊ အျပစ္ကင္းမႈေတြ၊ စူးစမ္းမႈေတြ မရွိေတာ့ဘဲ ပတ္ဝန္းက်င္နဲ႔ လူ႔အသိုင္းအဝိုင္းနဲ႔ ပတ္သတ္လာၾကရေတာ့မယ္။

ကေလးေလးေတြကို မိမိကိုယ္ကိုယ္ ယံုၾကည္မႈရွိေအာင္၊ အေကာင္းျမင္တတ္ေအာင္၊ ေနာက္ၿပီး ကိုယ့္စိတ္ကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ေအာင္ မိဘနဲ႔ အုပ္ထိန္းသူေတြ လူႀကီးေတြက သြန္သင္ေပးရမယ္။ တစ္ခ်ိဳ႕ လူႀကီးေတြက်ေတာ့ သူတို႔ကိုယ္တိုင္ကိုက စိတ္ဓာတ္ရင့္က်က္မႈ မရွိၾကဘူး။ သားသမီးေတြသာ ေမြးထားေပမယ့္ သူတို႔ကိုုယ္တိုင္ေတာင္ စိတ္ပိုင္းဆိုင္ရာ က်န္းမာၾကံ့ခိုင္မႈ မရွိဘူး။ ရွိေအာင္လည္း မႀကိဳးစားဘူး၊ မေလ့လာခဲ့ဘူး။ ကေလးစိတ္ပညာရွင္ေတြရဲ႕ ေလ့လာဆန္းစစ္ခ်က္အရ ေပ်ာ္ရႊင္က်န္းမာတဲ့ ကေလးတစ္ေယာက္ ျပဳစုပ်ဳိးေထာင္ႏိုင္ေအာင္ ကေလးေတြကို ေဆာ့ကစားခ်ိန္ေပးဖို႔ တိုက္တြန္းထားတာကို ေလ့လာခဲ့ရဖူးပါတယ္။

အိမ္မွာ လြတ္လြတ္လပ္လပ္ ေဆာ့ကစားခြင့္ေပးတာက အစီအစဥ္ဆဲြၿပီး သတ္မွတ္တဲ့ ကစားနည္းေတြထက္ ေက်ာင္းေနစ ကေလးငယ္ေတြကို ပိုက်န္းမာေစပါတယ္။ ေက်ာင္းေနစ ကေလးေတြကုိ အခ်ိန္ဇယားထုတ္ၿပီး ထမင္းစားၿပီး အိပ္ရမယ္၊ ၿပီးရင္ မုန္႔စားရမယ္ စသျဖင့္ မူႀကိဳမွာ ဆရာမက သင္ေပး၊ အက်င့္လုပ္ေပးမွာပါပဲ။ ဒါကို အိမ္မွာ မိဘက ထပ္ၿပီး ေန႔စဥ္ဘဝကို စည္းကမ္းခ်က္ေတြနဲ႔ ေဘာင္ခတ္ သတ္မွတ္မထားပါနဲ႔။ ကေလးငယ္ရဲ႕ အခ်ိန္ေတြကို ေက်ာင္းစာ၊ သင္တန္းေတြနဲ႔ ျပည့္က်ပ္ေအာင္ မိဘေတြက စီစဥ္ထားၾကတာေတြက ကေလးေတြရဲ့ ကိုယ္ရည္ကိုယ္ေသြးကို ေသေအာင္ သတ္ေနသလိုပါပဲ။ ကေလးေလးေတြ လြတ္လြတ္လပ္လပ္ ေဆာ့ကစားခြင့္ေပးပါ။

 ဒီအရြယ္ေလးေတြက သူ႔ စိတ္ကေလးနဲ႔ သူစိတ္ဝင္စားတာေလးေတြနဲ႔ ေဆာ့ကစားတဲ့အခါမွ သူတို႔ရဲ႕ေတြးေခၚႏိုင္စြမ္း၊ ဆက္စပ္ စဥ္းစားႏိုင္စြမ္းေတြကို အတားအဆီးမရွိ ထုတ္ေဖာ္ႏိုင္မွာျဖစ္တယ္။ ကေလးငယ္တိုင္းဟာ အားလပ္ခ်ိန္၊ လြတ္လြတ္လပ္လပ္ ေဆာ့ကစားခ်ိန္ေတြကို လိုအပ္ပါတယ္။

ပင့္ကူအိမ္ ဖဲြ႔ေနတာကို သူတို႔ စိမ္ေျပနေျပ ၾကည့္ပါေစ။ ပိုးစုန္းၾကဴး ဘာလို႔ အလင္းျဖာသလဲဆိုတာကို သူတို႔ ေလ့လာပါေစ။ သူတို႔ရဲ႕ သဘာဝအတိုင္း သူတို႔ စိတ္ဝင္စားတဲ့ ေလာကႀကီး အေၾကာင္းကို သူတို႔ စူးစမ္းပါေစ။ သင္လည္း ကေလးကုိ ျမန္ျမန္ႀကီးေစခ်င္တဲ့အရွိန္ကို ေလ်ာ့လိုက္၊ က်ဴရွင္နဲ႔ သင္တန္းစံုစမ္းတာေတြကို ဖယ္လိုက္ၿပီး သူတို႔နဲ႔ အတူ သဘာဝ ေလာကႀကီးက ေျပာျပေနတာေတြကို ေလ့လာၿပီး စိတ္အပန္းေျဖေစခ်င္ပါတယ္။

Credit:Duwun

 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကလေးလေးတွေ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြတာ မြင်ရင် အရမ်းချစ်တယ်။ သူတို့လေးတွေက အရမ်းကို အပြစ်ကင်းစင်ကြတယ်။ တဖြည်းဖြည်းနဲ့ နောက်ဆိုရင် ဒီလို ဖြူစင်မှုတွေ၊ အပြစ်ကင်းမှုတွေ၊ စူးစမ်းမှုတွေ မရှိတော့ဘဲ ပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝိုင်းနဲ့ ပတ်သတ်လာကြရတော့မယ်။

ကလေးလေးတွေကို မိမိကိုယ်ကိုယ် ယုံကြည်မှုရှိအောင်၊ အကောင်းမြင်တတ်အောင်၊ နောက်ပြီး ကိုယ့်စိတ်ကို ကောင်းကောင်းထိန်းချုပ်နိုင်အောင် မိဘနဲ့ အုပ်ထိန်းသူတွေ လူကြီးတွေက သွန်သင်ပေးရမယ်။ တစ်ချို့ လူကြီးတွေကျတော့ သူတို့ကိုယ်တိုင်ကိုက စိတ်ဓာတ်ရင့်ကျက်မှု မရှိကြဘူး။ သားသမီးတွေသာ မွေးထားပေမယ့် သူတို့ကိုုယ်တိုင်တောင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု မရှိဘူး။ ရှိအောင်လည်း မကြိုးစားဘူး၊ မလေ့လာခဲ့ဘူး။ ကလေးစိတ်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ ပျော်ရွှင်ကျန်းမာတဲ့ ကလေးတစ်ယောက် ပြုစုပျိုးထောင်နိုင်အောင် ကလေးတွေကို ဆော့ကစားချိန်ပေးဖို့ တိုက်တွန်းထားတာကို လေ့လာခဲ့ရဖူးပါတယ်။

အိမ်မှာ လွတ်လွတ်လပ်လပ် ဆော့ကစားခွင့်ပေးတာက အစီအစဉ်ဆွဲပြီး သတ်မှတ်တဲ့ ကစားနည်းတွေထက် ကျောင်းနေစ ကလေးငယ်တွေကို ပိုကျန်းမာစေပါတယ်။ ကျောင်းနေစ ကလေးတွေကို အချိန်ဇယားထုတ်ပြီး ထမင်းစားပြီး အိပ်ရမယ်၊ ပြီးရင် မုန့်စားရမယ် စသဖြင့် မူကြိုမှာ ဆရာမက သင်ပေး၊ အကျင့်လုပ်ပေးမှာပါပဲ။ ဒါကို အိမ်မှာ မိဘက ထပ်ပြီး နေ့စဉ်ဘဝကို စည်းကမ်းချက်တွေနဲ့ ဘောင်ခတ် သတ်မှတ်မထားပါနဲ့။ ကလေးငယ်ရဲ့ အချိန်တွေကို ကျောင်းစာ၊ သင်တန်းတွေနဲ့ ပြည့်ကျပ်အောင် မိဘတွေက စီစဉ်ထားကြတာတွေက ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို သေအောင် သတ်နေသလိုပါပဲ။ ကလေးလေးတွေ လွတ်လွတ်လပ်လပ် ဆော့ကစားခွင့်ပေးပါ။

 ဒီအရွယ်လေးတွေက သူ့ စိတ်ကလေးနဲ့ သူစိတ်ဝင်စားတာလေးတွေနဲ့ ဆော့ကစားတဲ့အခါမှ သူတို့ရဲ့တွေးခေါ်နိုင်စွမ်း၊ ဆက်စပ် စဉ်းစားနိုင်စွမ်းတွေကို အတားအဆီးမရှိ ထုတ်ဖော်နိုင်မှာဖြစ်တယ်။ ကလေးငယ်တိုင်းဟာ အားလပ်ချိန်၊ လွတ်လွတ်လပ်လပ် ဆော့ကစားချိန်တွေကို လိုအပ်ပါတယ်။

ပင့်ကူအိမ် ဖွဲ့နေတာကို သူတို့ စိမ်ပြေနပြေ ကြည့်ပါစေ။ ပိုးစုန်းကြူး ဘာလို့ အလင်းဖြာသလဲဆိုတာကို သူတို့ လေ့လာပါစေ။ သူတို့ရဲ့ သဘာဝအတိုင်း သူတို့ စိတ်ဝင်စားတဲ့ လောကကြီး အကြောင်းကို သူတို့ စူးစမ်းပါစေ။ သင်လည်း ကလေးကို မြန်မြန်ကြီးစေချင်တဲ့အရှိန်ကို လျော့လိုက်၊ ကျူရှင်နဲ့ သင်တန်းစုံစမ်းတာတွေကို ဖယ်လိုက်ပြီး သူတို့နဲ့ အတူ သဘာဝ လောကကြီးက ပြောပြနေတာတွေကို လေ့လာပြီး စိတ်အပန်းဖြေစေချင်ပါတယ်။


Credit:Duwun



 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top