iMyanmarHouse.com - Best Property Website for Myanmar
×
၃ - ဖျားနာပြီးခါစ
၎ - ခေါင်းကိုက်ခြင်း
၆ - မှတ်ဥာဏ်အားကောင်းစေခြင်း
ကော်ဖီက စိတ်ပိုင်းဆိုင်ရာကိုသာ လန်းဆန်းစေတာမဟုတ်ဘဲ မှတ်ဥာဏ်အားကိုလည်း ကောင်းစေပါတယ်။တဒင်္ဂမှတ်ဥာဏ်အားကို ထောက်ကူပေးပြီး အလုပ်လုပ်စဉ်နာရီင်္ပေါင်းများစွာ အရေးကြီးတာတွေကို မမေ့လျော့စေရန်ကူညီပေးနိုင်ပါတယ်။
၈ - coffee-cocktail
Beethoven က ကော်ဖီစေ့ ၆၀လောက်ကိုမှ ကော်ဖီလုပ်သောက်သလို Voltaire က တစ်နေ့ကို ကော်ဖီ အခွက် ၅၀ သောက်ပြီး အသက် ၈၀ ထိနေထိုင်ခဲ့တာဖြစ်ပါတယ်။ ကော်ဖီသောက်တာ ဟုတ်ရောဟုတ်ရဲ့လား ၊ မယုံနိုင်စရာပဲနော် ။ ကော်ဖီသောက်ခြင်းအားဖြင့် ...
၁ - ဦးနှောက်စွမ်းဆောင်ရည်
ကော်ဖီက တက်ကြွလန်းဆန်းခြင်း ၊ အာရုံစူးစိုက်မှုကောင်းစေခြင်း တို့ကို ဖြစ်စေပါတယ်။ ကော်ဖီမှာ သကြားထည့်သောက်ခြင်းက အချိန်အနည်းငယ် ဉာဏ်ရွှင်စေပြီး ကော်ဖီနဲ့ ဂလူးဂိုစ့်တိုက ဦးနှောက်ကို စီမံခန့်ခွဲမှုမြှင့်မားစေပါတယ်။သိုေ့ပမယ့် ဗိုက်ထဲအစာမရှိဘဲ ကော်ဖီမသောက်ပါနဲ့။
၂ - သွေးပေါင်ချိန်မြှင့်တက်စေခြင်း
သွေးပေါင်ကျနေတဲ့အချိန် ကော်ဖီကို သောက်သုံးသင့်ပါတယ်။ အကြောင်းမှာ ကော်ဖီက သွေးပေါင်ချိန်မြှင့်တက်စေနိုင်လို့ပါပဲ ။ ဒါပေမယ့် Tachycardia ဖြစ်တဲ့လူတွေတော့ သောက်လို့မရပါဘူး။
၃ - ဖျားနာပြီးခါစ
လေ့လာချက်များအရ ကော်ဖီက အရွယ်မတိုင်ခင် သေဆုံးခြင်းကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ ကော်ဖီသောက်လေလေ ၊ ထိခိုက်မှုနည်းလေလေ ဟုဆိုကာ ကော်ဖီက ဖျားနာပြီးခါစအချိန်သောက်မယ်ဆိုရင် မြန်မြန်ကျန်းမာလန်းဆန်းစေပါတယ်။ အသည်းကို ကောင်းကျိုးပေးပြီး အစာခြေဖျက်မှုကိုလည်း ကောင်းမွန်စေပါတယ်။ သို့ပေမယ့် သဘာဝကော်ဖီမှုန့်စစ်စစ်ကိုသာသောက်ပါ ၊ ရယ်ဒီမိတ်ထုပ်တွေမှာ ဓာတုပစ္စည်းတွေပါဝင်လို့ ခန္ဓာကိုယ်တွင်း အင်္ဂါရပ်တွေကို ထိခိုက်စေနိုင်ပါတယ်။
၄ - ခေါင်းကိုက်ခြင်း
ကော်ဖီမှာပါတဲ့ ကာဖိန်းဓါတ်က ခေါင်းကိုက်ခြင်း နှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ကို သက်သာစေပါတယ်။ ဒါပေမယ့် ရောဂါသက်သာစေတဲ့ဆေးတော့မဟုတ်ပါဘူး ။ နောက်ပိုင်းဆေးတွေမှာလည်း ကဖိန်းဓါတ်ပါဝင်လာတာဖြစ်ပြီး ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေနိုင်အောင် စွမ်းဆောင်ထားကြတာဖြစ်ပါတယ်။
၅ - စိတ်ဖိစီးမှု နှင့် စိတ်ဓါတ်ကျခြင်း
ကော်ဖီက စိတ်ဓါတ်တက်ကြွစေလို့ စိတ်ဖိစီးမှုကို ဆန့်ကျင်ပေးပါတယ်။ အာရုံကြောတွေကို တည်ငြိမ်စေပြီး ပင်မအာရုံကြောကို လှံ့ုဆော်ပေးပါတယ်။ထိုမှတဆင့် စိတ်ဓါတ်ကျခြင်းကို ထိန်းညှိပေးပြီး စိတ်အခြေအနေကို ပုံမှန်ဖြစ်စေပါတယ်။ ကာဖိန်းမပါတဲ့ လက်ဖက်ရည် ၊ ဆော်ဒါ နှင့် ချောကလက်တို့ကတော့ ပင်မအာရုံကြောစနစ်ကို အထောက်အကူမပြုနိုင်ပါဘူး။
၆ - မှတ်ဉာဏ်အားကောင်းစေခြင်း
ကော်ဖီက စိတ်ပိုင်းဆိုင်ရာကိုသာ လန်းဆန်းစေတာမဟုတ်ဘဲ မှတ်ဉာဏ်အားကိုလည်း ကောင်းစေပါတယ်။တဒင်္ဂမှတ်ဉာဏ်အားကို ထောက်ကူပေးပြီး အလုပ်လုပ်စဉ်နာရီၤပေါင်းများစွာ အရေးကြီးတာတွေကို မမေ့လျော့စေရန်ကူညီပေးနိုင်ပါတယ်။
၇ - ကိုယ်အလေးချိန်ကျစေခြင်း
ခန္ဓာကိုယ်ရှိ လက်ပင် ဟော်မုန်းကျဆင်းတဲ့အခါ အဆီဖြစ်မှုက အဆမတန်တက်လာနိုင်ပါတယ်။ ထိုမှ ကိုယ်အလေးချိန်တက်မှာဖြစ်စေတဲ့အတွက် အဝလွန်ခြင်း စတင် လာပါတယ်။ ကော်ဖီက ဟော်မုန်းအားကောင်းစေလို့ ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။
၈ - coffee-cocktail
သင်အကြိုက်ဆုံးပုံစံကော်ဖီဖျော်ပြီးနောက် အနည်းငယ် အအေးခံကာ ရေခဲတုံးပုံစံခွက်အတွင်းထည့်၍ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ ထို့နောက် ပုံစံခွက်အတုံးလေးများဖြစ်လာပါလျှင် နွားနိူ့နဲ့ရောပြီး coffee cocktail ကို သောက်သုံးနိုင်ပါပြီ။
Credit : mingalarbarmorning
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top