iMyanmarHouse.com - Best Property Website for Myanmar
×

အရေးကြောင်းထင်တာ၊ ပါးရေတွန့်တာ၊ မျက်နှာပေါ်မှာ တင်းတိပ်လို အကွက်ပေါ်တာ စတဲ့ အိုမင်းစေတဲ့ အချက်တွေ ကင်းဝေးပြီး အရွယ်မရွေး နုပျိုလှပနေစေဖို့ အောက်ပါနည်းသုံးသွယ်ကို အမြဲ လိုက်နာသင့်ပါတယ်။

(၁) အရိပ်
ထဲမှာ နေပါ နေပူထဲမှာ နေတဲ့အခါ အသားအရေကို အရေးကြောင်းဖြစ်စေတာ အပြင် မျက်စိကျိန်းကာ မျက်မှောင်ကြုတ်ထားတာကြောင့် မျက်ဝန်းထောင့်နဲ့ မျက်ဝန်းအောက်တွေမှာ အရေးကြောင်းထင်နိုင်ခြေ များပါတယ်လို့ ဘော့စတွန်ရှိ အရေပြား အထူးကု ရာနီလာက ဆိုပါတယ်။ ဒါကြောင့် နေပူဒဏ် မရစေမယ့် အရိပ်ထဲမှာပဲ နေသင့်ပါတယ်။

(၂) ကိုယ်အလေးချိန်ကို ထိန်းပါ
ကိုယ်အလေးချိန်က တက်လိုက်၊ ကျလိုက် မကြာခဏ ဖြစ်နေရင် အရေပြား လျော့တွဲကျနိုင်ခြေ များပါတယ်။ အသားအရေကလည်း တင်းရင်းမှု မရှိတတ်ပါဘူး။ ဒီလိုမဖြစ်စေဖို့ ပိန်အောင် လျှော့နေရင်တောင် အစားအသောက်ကို အလွန်အမင်း လျှော့တာမျိုး မလုပ်ဘဲ ဖြည်းဖြည်းချင်းသာ ကိုယ်အလေးချိန်ကို ထိန်းသင့်ပါတယ်။

(၃) ရာသီမရွေး အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ
နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးတာက အသားအရေကို စိုပြည်တင်းရင်းစေတဲ့နည်းပါ။ တကယ်လို့ အပြင်ထွက်ရမယ်ဆိုရင် နေရောင်ခြည်ကို ကာကွယ်နိုင်စွမ်းရှိတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းသင့်ပါတယ်။

Credit  : Good Health


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top