iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာဦးည ဟာ အမိုက္ဆံုးည ျဖစ္ေနရမယ္ေလသင့္ရဲ႕ မဂၤလာဦးည ကို စိတ္ကူး ယဥ္ဖူးပါသလား။ မဂၤလာဦးည ကို စိတ္ကူး မယဥ္ဖူးပါဘူးလို႔ ျငင္းၾကရင္ေတာင္မွ လက္ထပ္ မဂၤလာပြဲ ကေတာ့ မိန္းကေလး တိုင္းရဲ႕ စိတ္ကူး ထဲမွာ ႀကီးစုိးထားတဲ့အေတြးစတစ္ခုပါပဲ။ ဒါကေတာ့ ျငင္းလို႔မရပါဘူး။ မဂၤလာဦးည ဆိုတာနဲ႔ သင္တို႔ စိတ္ကူး ယဥ္ထားသလို ႏွင္းဆီပြင့္ဖက္ ေတြ က်ဲျဖန္႔ထားတဲ့ ဖဲေမြ႕ယာႀကီးရယ္၊ ေမႊးပ်ံ႕လန္းဆန္းေနတဲ့ ေရခ်ိဳးကန္ ႀကီးရယ္၊ ေနာက္ၿပီး အရမ္းခ်စ္ခင္စံုမက္ေနၿပီး ဆႏၵျပင္းျပေနတဲ့ အခ်စ္စိတ္ ေတြရယ္ စိတ္ကူး ထဲကအတိုင္း ထပ္တူက်ေနမယ္လို႔ ေတြးဖူးပါသလား။ လက္ထပ္မဂၤလာပြဲဆိုတာနဲ႔ မဂၤလာဦးည ဆိုတာကလည္း ရင္ခ်င္းဆက္အျမႊာညီအစ္မေတြလို တစ္ပူးတြဲတြဲျဖစ္ေနတာဆိုေတာ့ မဂၤလာေဆာင္ မယ့္ ေကာင္မေလး ေတြအတြက္ ဗဟုသုတရဖို႔ မဂၤလာဦးည နဲ႔ ပတ္သက္ၿပီး သင္တို႔ရဲ႕ စီနီယာ မမေတြရဲ႕ အေတြ႕အႀကံဳမ်ားကို မွ်ေ၀ေပးလိုက္ပါတယ္။

မနက္ျဖန္ ဆိုတာ ဘယ္ေတာ့မွမရွိေတာ့ပါဘူး
“အဲဒီ့ညမွာ ၿပီးျပည့္စံုတဲ့ ခ်စ္တင္းေႏွာ မႈမ်ိဳးကို ရရွိမယ္လို႔ အရင္ထဲက ေမွ်ာ္လင့္မိတယ္။ စိတ္ႀကိဳက္ဟိုတယ္မွာ စိတ္ႀကိဳက္ ကိုယ္ေနဟန္ထားေတြနဲ႔ေပါ့။ ႏွစ္ေယာက္စလံုး ေျခကုန္လက္ပန္းက်တဲ့အထိ ခ်စ္တင္းေႏွာ ခဲ့တယ္။ ေပ်ာ္ရႊင္ၾကည္ႏူးခဲ့ရၿပီး စိတ္ဆႏၵျပင္းျပမႈနဲ႔ ျပည့္၀မႈ ေတြက မဂၤလာဦးည ၿပီးဆံုးသြားတဲ့ အိမ္ေထာင္သက္ တစ္ေလွ်ာက္လံုးမွာ အဲဒီ့ ခံစားခ်က္ ေတြအတိုင္း ထပ္တူထပ္မွ် လံုး၀ျပန္မရႏိုင္ေတာ့ဘူး။ မဂၤလာဦးည ဆိုတာ တကယ္ တကယ့္ကို အံ့ၾသေပ်ာ္ရႊင္ေစႏိုင္တဲ့ တစ္ခုတည္းေသာ အမွတ္တရပါပဲ။ ေနာက္ ဘယ္ေတာ့မွ ျပန္မရႏုိင္ဘူး။ မဂၤလာေဆာင္ ေတာ့မယ္ဆိုရင္ မဂၤလာဦးည ကို ဘာမွအစီအစဥ္မဆြဲဘဲ ေပါ့ေပါ့ေလးပဲ ျဖတ္သန္းလိုက္ဖို႔ ဘယ္ေတာ့မွမေတြးလိုက္ပါနဲ႔။ ဒါ ပထမဆံုးနဲ႔ ေနာက္ဆံုး အေတြ႕အႀကံဳမို႔လို႔ပါ။”_ Kristi, 33

ရယ္စရာ အမွတ္တရႀကီး လည္း ျဖစ္တတ္ပါေသးတယ္
“တကယ္ေတာ့ မဂၤလာေဆာင္ ပြဲစီစဥ္ရတယ္ဆိုတာ မၿပီးဆံုးႏိုင္တဲ့ခရီးရွည္ႀကီး သြားေနရသလိုပါပဲ။ မဂၤလာေဆာင္ေရာက္ၿပီလည္းဆိုေရာ လူေတြကို ဧည့္ ခံရတာနဲ႔ ဓာတ္ပံု မွတ္တမ္းေတြယူရတာနဲ႔ ဂါ၀န္ရွည္ႀကီး၀တ္ထားရတာနဲ႔ လူက ပင္ပန္းႏြမ္းနယ္လိုက္တာ မေျပာပါနဲ႔။ မဂၤလာဦးည ကိုေရာက္ေတာ့ ခ်စ္တင္းမေႏွာခင္ ေရခ်ိဳးကန္ထဲမွာ နာရီ၀က္ေလာက္ စိမ္ၿပီး အေမာေျဖလိုက္မိတယ္။ ထြက္လာတဲ့အခါမွာေတာ့ ကၽြန္မရဲ႕ ခင္ပြန္းက ေမြ႕ယာ ေပၚမွာ အခန္႔သား အိပ္ေပ်ာ္ေနၿပီေလ။ မဂၤလာေဆာင္ေတာ့မယ္ဆိုရင္ ေပါ့ေပါ့ပါးပါးေနတတ္ဖို႔ အေရးႀကီးတယ္။ သူေရာကိုယ္ေရာ မလိုလားအပ္တဲ့ အေသးအမႊားကိစၥေလးေတြကို ကိုယ္တိုင္လိုက္မလုပ္ပါနဲ႔။ တျခားလူကို ခုိင္းပါလို႔ အႀကံေပးခ်င္တယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ ပင္ပန္းလြန္ၿပီး မဂၤလာဦးည မွာ ခ်စ္တင္းမေႏွာရေသးခင္ပဲ ခင္ပြန္းက အိပ္ေပ်ာ္သြားတယ္ဆိုတဲ့ ရယ္စရာအမွတ္တရႀကီးသာ တစ္ဘ၀လံုးက်န္ေနခဲ့မွာ အေသအခ်ာပါပဲ။”_ Liz, 38

ခ်စ္တင္းေႏွာ ဖို႔ခ်ည္းသက္သက္လည္း မဟုတ္ေသးပါဘူး
“သူနဲ႔ ကၽြန္မက အရင္ထဲက အတူတူေနၾကတာပါ။ ဒီလို မဂၤလာဦးည ဆိုတာကို ကၽြန္မတို႔ အရမ္းရင္ခုန္စိတ္လႈပ္ရွားတာမ်ိဳး မရွိခဲ့ဘူး။ ႏွစ္ဦးလက္ထပ္ၿပီး ေအးခ်မ္းတဲ့ ဘ၀ ေလးကိုထူေထာင္ဖို႔ပဲ စိတ္ထဲမွာရွိခဲ့တယ္။ မိဘေတြကေတာ့ မဂၤလာေဆာင္ ၿပီးတဲ့အခါ ကၽြန္မ တို႔ႏွစ္ေယာက္ကို ဟုိတယ္ကိုပို႔လုိက္ၾကတယ္။ ဟိုတယ္ထဲမွာ ၀ိုင္ေလးေသာက္ရင္း ႏွစ္ဦးအနာဂတ္ေတြကို ေဆြးေႏြးၾကတယ္။ အရင္တုန္းက ေပ်ာ္ရႊင္စရာ အတိတ္ ေတြကို ျပန္ေတြးျပန္ေျပာၾကတယ္။ ရယ္ၾကတယ္။ ေနာက္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ခက္ခဲခဲ့တဲ့အခ်ိန္ေတြကို ျပန္ေျပာၾကရင္း ႏွစ္သိမ့္ရင္း ေပြ႕ဖက္ထားၾကတယ္။ ေနာက္ၿပီး ႏွစ္ေယာက္စလံုး စိတ္ဆႏၵၿပီးေျမာက္တဲ့အထိ ခ်စ္တင္းေႏွာၾကတယ္။ ခ်စ္တင္းေႏွာတာက အရင္အတိုင္း မဆန္းျပားဘူးဆိုေပမယ့္ သမီးရည္းစားဘ၀မွာ တစ္ခါမွမရဘူးတဲ့ Romantic Night ေလးကေတာ့ အရမ္းလွတာေပါ့ေလ။ မဂၤလာဦးညဆိုတာ ခ်စ္တင္းေႏွာဖို႔တစ္ခုတည္းအတြက္ပဲ ျဖစ္တည္ေနတာ မဟုတ္ပါဘူး။ ဘ၀မွာ တစ္ခါမွမရႏိုင္တဲ့ ခံစားခ်က္မ်ိဳးလည္း ရႏိုင္ပါေသးတယ္။”_

ဓမၼတာစက္၀န္းကို လံုး၀ေမ့ေနလို႔ မျဖစ္ေသးပါဘူး
“မဂၤလာဦးည ကေတာ့ ကၽြန္မ ရဲ႕ ေပါ့ဆမႈေၾကာင့္ ၀မ္းနည္းစရာႀကီးကို ျဖစ္လို႔။ မဂၤလာေဆာင္မ ယ့္မနက္အေစာႀကီးမွာ ကၽြန္မ ရဲ႕ ရာသီေသြး ဟာ စတင္လာၿပီး မထင္မွတ္ထားပဲ မဂၤလာဦးည က ဖ်က္စီးခံခဲ့ရတယ္။ အမွန္တကယ္တမ္းေတာ့ တစ္လေလာက္ႀကိဳၿပီး ဓမၼတာ စက္၀န္းကို တြက္ခ်က္ၿပီး သားဖြားမီးယပ္ ဆရာ၀န္ ေတြဆီမွာ လိုအပ္တဲ့ကုသမႈကို ခံယူထားရမယ္ဆိုတဲ့ အခ်က္ကို ကၽြန္မလံုး၀ ေမ့ေလ်ာ့ေနခဲ့ပါတယ္။ ခင္ပြန္းသည္ ရဲ႕ သေဘာထားႀကီးမႈေၾကာင့္သာ မဂၤလာဦးည ကို မုန္႔ေတြစားရင္း၊ စကားေတြေျပာရင္း ေပ်ာ္ရႊင္ၾကည္ႏူးစြာ ျဖတ္ေက်ာ္ခဲ့ရေပမယ့္ အခုအခ်ိန္အထိ ျပန္ေတြးၾကည့္ရင္ သူ႔ကို အားနာေနရတုန္းပါပဲ။ မဂၤလာေဆာင္ ေတာ့မယ္ဆိုရင္ေတာ့ တစ္လႏွစ္လေလာက္အလိုကတည္းက သင့္ရဲ႕ ရာသီစက္၀န္း ကို တြက္ခ်က္ၿပီး မဂၤလာဦး ညနဲ႔ လြဲေအာင္ ကၽြမ္းက်င္တဲ့ ဆရာ၀န္ ေတြနဲ႔ တိုင္ပင္ၿပီး လိုအပ္တဲ့ကုသမႈခံယူဖို႔ကေတာ့ သင့္ရဲ႕ အစီအစဥ္ေတြထဲမွာ ထည့္ကိုထည့္ထားရပါလိမ့္မယ္။”_

စြန္႔စားမႈ ေတြလည္း လိုအပ္ပါတယ္
“မဂၤလာေဆာင္ ေတာ့ ကၽြန္မမွာ ကိုယ္၀န္ ငါးလေလာက္ရွိေနၿပီ။ မဂၤလာေဆာင္ ရတာနဲ႔ေတာင္ ကၽြန္မမွာ ႏြမ္းနယ္ပင္ပန္းၿပီး စိတ္ေရာကိုယ္ေရာ ပင္ပန္းသြားတယ္။ ေနာက္ၿပီး ကိုယ္၀န္ႀကီး နဲ႔ဆိုေတာ့ ၀မ္းနည္းသလိုလို၊ ၀မ္းသာသလိုလို စိတ္ခံစားမႈေတြလည္း ျဖစ္လာတယ္။ ညက်ေတာ့ ကၽြန္မတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ ဟိုတယ္ မွာ ၾကက္ေတာင္ပံေၾကာ္ေတြ မွာစားၾကတယ္။ ေနာက္ၿပီး လွ်ိဳ႕၀ွက္ဆန္းၾကယ္ရုပ္ရွင္ကားေတြ အတူတူထိုင္ၾကည့္ေနခဲ့တယ္။ ပထမေတာ့ မဂၤလာဦးည ခ်စ္တင္းေႏွာဖို႔ကို ထည့္မတြက္ေတာ့ဖို႔ ဆံုးျဖတ္ခဲ့ၾကေပမယ့္လည္း တကယ္တမ္းလက္ေတြ႕မွာေတာ့ အဲဒီ့ညက ကၽြန္မအတြက္ သက္ေတာင့္သက္သာအရွိဆံုးျဖစ္ေစမယ့္ ကိုယ္ေနဟန္ထားမ်ိဳးနဲ႔ ကေလးကို ထိခိုက္မႈမရွိေအာင္ ဂရုစိုက္ရင္း ခ်စ္တင္းေႏွာခဲ့ၾကတယ္။ အေတြ႕အႀကံဳသစ္ေတြရခဲ့တယ္လို႔ပဲ ဆိုရေတာ့မွာေပါ့။”_

ေမွ်ာ္လင့္ထားသလိုလည္း ျဖစ္မလာတတ္ပါဘူး
“ကၽြန္မ က်ေတာ့ ရယ္ရတယ္။ မဂၤလာေဆာင္ ျပီးေတာ့ Night Party မွာ ကၽြန္မခင္ပြန္းက သူ႔သူငယ္ခ်င္းေတြနဲ႔ မူးေနေအာင္ကို ေသာက္တာပါပဲ။ ၿပီးေတာ့လည္း ေဒါင္ခ်ာ ဆိုင္းၿပီး အိပ္ေပ်ာ္သြားတာနဲ႔ပဲ ကၽြန္မရဲ႕ မဂၤလာဦးညကေတာ့ ခ်စ္တင္းေႏွာတယ္ဆိုတာ ဘာဆိုဘာမွန္းေတာင္ မသိလိုက္ရပါဘူး။ ႏိုးၿပီးလည္း ျပသနာရွာလို႔ရတဲ့အေျခအေနမ်ိဳးေတာင္ ကၽြန္မ မွာ အခြင့္အေရးမရလိုက္ေလေတာ့ ခ်စ္တင္းေႏွာတယ္ဆိုတာ အိမ္ေထာင္သက္တစ္ေလွ်ာက္လံုး ဘယ္အခ်ိန္မွာမဆို ရရွိႏိုင္တဲ့ အခြင့္အေရးတစ္ခုပဲဆိုၿပီးေတာ့ စိတ္ေလွ်ာ့ခဲ့ရတာပါပဲ။ အိမ္ေထာင္ ျပဳေတာ့မယ့္ မိန္းကေလးေတြကို အႀကံေပးခ်င္တာကေတာ့ စိတ္ႀကီးတတ္တဲ့သူမ်ိဳးဆိုရင္ေတာ့ Night Party မွာ အမ်ားႀကီးမေသာက္ျဖစ္ေအာင္ အလိမၼာနည္းသံုးၿပီး ထိန္းေပးႏိုင္ဖို႔လည္း လိုအပ္ပါေသးတယ္။”_

ဒါကေတာ့ မဂၤလာဦးညကို ျဖတ္ေက်ာ္ခဲ့ဖူးတဲ့ အေတြ႕အႀကံဳရွိ စီနီယာ မမေတြရဲ႕ အေတြ႕အႀကံဳ ေတြနဲ႔ အႀကံေပးစကားေတြပဲ ျဖစ္ပါတယ္။ သင့္အလွည့္မွာေရာ ဘယ္လို မဂၤလာဦးညကို အလိုရွိပါသလဲ။ အမိုက္စား ကိုယ္ေနဟန္ထားေတြနဲ႔ ျပင္းျပတဲ့စိတ္ဆႏၵေတြလား။ ဒါမွမဟုတ္ ရိုမန္တစ္ဆန္ၿပီး သာယာၾကည္ႏူးဖြယ္ေကာင္းတဲ့ အျပာေရာင္အခ်စ္ညလား။ သင့္စိတ္ႀကိဳက္ေရြးခ်ယ္လို႔ရပါတယ္။ ဒါေပမယ့္ စိတ္ကူးယဥ္ေနရံုနဲ႔ေတာ့ မျပည့္စံုႏိုင္ပါဘူး။ လိုအပ္တာေတြကို အခုပဲ စတင္ျပင္ဆင္ထားမွာ ေတာ္ကာၾကပါလိမ့္မယ္လို႔ ထပ္ၿပီးေတာ့ သတိေပးလိုက္ပါရေစဦး။

Credit : lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မင်္ဂလာဦးည ဟာ အမိုက်ဆုံးည ဖြစ်နေရမယ်လေသင့်ရဲ့ မင်္ဂလာဦးည ကို စိတ်ကူး ယဉ်ဖူးပါသလား။ မင်္ဂလာဦးည ကို စိတ်ကူး မယဉ်ဖူးပါဘူးလို့ ငြင်းကြရင်တောင်မှ လက်ထပ် မင်္ဂလာပွဲ ကတော့ မိန်းကလေး တိုင်းရဲ့ စိတ်ကူး ထဲမှာ ကြီးစိုးထားတဲ့အတွေးစတစ်ခုပါပဲ။ ဒါကတော့ ငြင်းလို့မရပါဘူး။ မင်္ဂလာဦးည ဆိုတာနဲ့ သင်တို့ စိတ်ကူး ယဉ်ထားသလို နှင်းဆီပွင့်ဖက် တွေ ကျဲဖြန့်ထားတဲ့ ဖဲမွေ့ယာကြီးရယ်၊ မွှေးပျံ့လန်းဆန်းနေတဲ့ ရေချိုးကန် ကြီးရယ်၊ နောက်ပြီး အရမ်းချစ်ခင်စုံမက်နေပြီး ဆန္ဒပြင်းပြနေတဲ့ အချစ်စိတ် တွေရယ် စိတ်ကူး ထဲကအတိုင်း ထပ်တူကျနေမယ်လို့ တွေးဖူးပါသလား။ လက်ထပ်မင်္ဂလာပွဲဆိုတာနဲ့ မင်္ဂလာဦးည ဆိုတာကလည်း ရင်ချင်းဆက်အမြွှာညီအစ်မတွေလို တစ်ပူးတွဲတွဲဖြစ်နေတာဆိုတော့ မင်္ဂလာဆောင် မယ့် ကောင်မလေး တွေအတွက် ဗဟုသုတရဖို့ မင်္ဂလာဦးည နဲ့ ပတ်သက်ပြီး သင်တို့ရဲ့ စီနီယာ မမတွေရဲ့ အတွေ့အကြုံများကို မျှဝေပေးလိုက်ပါတယ်။

မနက်ဖြန် ဆိုတာ ဘယ်တော့မှမရှိတော့ပါဘူး
“အဲဒီ့ညမှာ ပြီးပြည့်စုံတဲ့ ချစ်တင်းနှော မှုမျိုးကို ရရှိမယ်လို့ အရင်ထဲက မျှော်လင့်မိတယ်။ စိတ်ကြိုက်ဟိုတယ်မှာ စိတ်ကြိုက် ကိုယ်နေဟန်ထားတွေနဲ့ပေါ့။ နှစ်ယောက်စလုံး ခြေကုန်လက်ပန်းကျတဲ့အထိ ချစ်တင်းနှော ခဲ့တယ်။ ပျော်ရွှင်ကြည်နူးခဲ့ရပြီး စိတ်ဆန္ဒပြင်းပြမှုနဲ့ ပြည့်ဝမှု တွေက မင်္ဂလာဦးည ပြီးဆုံးသွားတဲ့ အိမ်ထောင်သက် တစ်လျှောက်လုံးမှာ အဲဒီ့ ခံစားချက် တွေအတိုင်း ထပ်တူထပ်မျှ လုံးဝပြန်မရနိုင်တော့ဘူး။ မင်္ဂလာဦးည ဆိုတာ တကယ် တကယ့်ကို အံ့သြပျော်ရွှင်စေနိုင်တဲ့ တစ်ခုတည်းသော အမှတ်တရပါပဲ။ နောက် ဘယ်တော့မှ ပြန်မရနိုင်ဘူး။ မင်္ဂလာဆောင် တော့မယ်ဆိုရင် မင်္ဂလာဦးည ကို ဘာမှအစီအစဉ်မဆွဲဘဲ ပေါ့ပေါ့လေးပဲ ဖြတ်သန်းလိုက်ဖို့ ဘယ်တော့မှမတွေးလိုက်ပါနဲ့။ ဒါ ပထမဆုံးနဲ့ နောက်ဆုံး အတွေ့အကြုံမို့လို့ပါ။”_ Kristi, 33

ရယ်စရာ အမှတ်တရကြီး လည်း ဖြစ်တတ်ပါသေးတယ်
“တကယ်တော့ မင်္ဂလာဆောင် ပွဲစီစဉ်ရတယ်ဆိုတာ မပြီးဆုံးနိုင်တဲ့ခရီးရှည်ကြီး သွားနေရသလိုပါပဲ။ မင်္ဂလာဆောင်ရောက်ပြီလည်းဆိုရော လူတွေကို ဧည့် ခံရတာနဲ့ ဓာတ်ပုံ မှတ်တမ်းတွေယူရတာနဲ့ ဂါဝန်ရှည်ကြီးဝတ်ထားရတာနဲ့ လူက ပင်ပန်းနွမ်းနယ်လိုက်တာ မပြောပါနဲ့။ မင်္ဂလာဦးည ကိုရောက်တော့ ချစ်တင်းမနှောခင် ရေချိုးကန်ထဲမှာ နာရီဝက်လောက် စိမ်ပြီး အမောဖြေလိုက်မိတယ်။ ထွက်လာတဲ့အခါမှာတော့ ကျွန်မရဲ့ ခင်ပွန်းက မွေ့ယာ ပေါ်မှာ အခန့်သား အိပ်ပျော်နေပြီလေ။ မင်္ဂလာဆောင်တော့မယ်ဆိုရင် ပေါ့ပေါ့ပါးပါးနေတတ်ဖို့ အရေးကြီးတယ်။ သူရောကိုယ်ရော မလိုလားအပ်တဲ့ အသေးအမွှားကိစ္စလေးတွေကို ကိုယ်တိုင်လိုက်မလုပ်ပါနဲ့။ တခြားလူကို ခိုင်းပါလို့ အကြံပေးချင်တယ်။ ဒီလိုမှမဟုတ်ရင်တော့ ပင်ပန်းလွန်ပြီး မင်္ဂလာဦးည မှာ ချစ်တင်းမနှောရသေးခင်ပဲ ခင်ပွန်းက အိပ်ပျော်သွားတယ်ဆိုတဲ့ ရယ်စရာအမှတ်တရကြီးသာ တစ်ဘဝလုံးကျန်နေခဲ့မှာ အသေအချာပါပဲ။”_ Liz, 38

ချစ်တင်းနှော ဖို့ချည်းသက်သက်လည်း မဟုတ်သေးပါဘူး
“သူနဲ့ ကျွန်မက အရင်ထဲက အတူတူနေကြတာပါ။ ဒီလို မင်္ဂလာဦးည ဆိုတာကို ကျွန်မတို့ အရမ်းရင်ခုန်စိတ်လှုပ်ရှားတာမျိုး မရှိခဲ့ဘူး။ နှစ်ဦးလက်ထပ်ပြီး အေးချမ်းတဲ့ ဘ၀ လေးကိုထူထောင်ဖို့ပဲ စိတ်ထဲမှာရှိခဲ့တယ်။ မိဘတွေကတော့ မင်္ဂလာဆောင် ပြီးတဲ့အခါ ကျွန်မ တို့နှစ်ယောက်ကို ဟိုတယ်ကိုပို့လိုက်ကြတယ်။ ဟိုတယ်ထဲမှာ ဝိုင်လေးသောက်ရင်း နှစ်ဦးအနာဂတ်တွေကို ဆွေးနွေးကြတယ်။ အရင်တုန်းက ပျော်ရွှင်စရာ အတိတ် တွေကို ပြန်တွေးပြန်ပြောကြတယ်။ ရယ်ကြတယ်။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် ခက်ခဲခဲ့တဲ့အချိန်တွေကို ပြန်ပြောကြရင်း နှစ်သိမ့်ရင်း ပွေ့ဖက်ထားကြတယ်။ နောက်ပြီး နှစ်ယောက်စလုံး စိတ်ဆန္ဒပြီးမြောက်တဲ့အထိ ချစ်တင်းနှောကြတယ်။ ချစ်တင်းနှောတာက အရင်အတိုင်း မဆန်းပြားဘူးဆိုပေမယ့် သမီးရည်းစားဘဝမှာ တစ်ခါမှမရဘူးတဲ့ Romantic Night လေးကတော့ အရမ်းလှတာပေါ့လေ။ မင်္ဂလာဦးညဆိုတာ ချစ်တင်းနှောဖို့တစ်ခုတည်းအတွက်ပဲ ဖြစ်တည်နေတာ မဟုတ်ပါဘူး။ ဘဝမှာ တစ်ခါမှမရနိုင်တဲ့ ခံစားချက်မျိုးလည်း ရနိုင်ပါသေးတယ်။”_

ဓမ္မတာစက်ဝန်းကို လုံးဝမေ့နေလို့ မဖြစ်သေးပါဘူး
“မင်္ဂလာဦးည ကတော့ ကျွန်မ ရဲ့ ပေါ့ဆမှုကြောင့် ဝမ်းနည်းစရာကြီးကို ဖြစ်လို့။ မင်္ဂလာဆောင်မ ယ့်မနက်အစောကြီးမှာ ကျွန်မ ရဲ့ ရာသီသွေး ဟာ စတင်လာပြီး မထင်မှတ်ထားပဲ မင်္ဂလာဦးည က ဖျက်စီးခံခဲ့ရတယ်။ အမှန်တကယ်တမ်းတော့ တစ်လလောက်ကြိုပြီး ဓမ္မတာ စက်ဝန်းကို တွက်ချက်ပြီး သားဖွားမီးယပ် ဆရာဝန် တွေဆီမှာ လိုအပ်တဲ့ကုသမှုကို ခံယူထားရမယ်ဆိုတဲ့ အချက်ကို ကျွန်မလုံး၀ မေ့လျော့နေခဲ့ပါတယ်။ ခင်ပွန်းသည် ရဲ့ သဘောထားကြီးမှုကြောင့်သာ မင်္ဂလာဦးည ကို မုန့်တွေစားရင်း၊ စကားတွေပြောရင်း ပျော်ရွှင်ကြည်နူးစွာ ဖြတ်ကျော်ခဲ့ရပေမယ့် အခုအချိန်အထိ ပြန်တွေးကြည့်ရင် သူ့ကို အားနာနေရတုန်းပါပဲ။ မင်္ဂလာဆောင် တော့မယ်ဆိုရင်တော့ တစ်လနှစ်လလောက်အလိုကတည်းက သင့်ရဲ့ ရာသီစက်ဝန်း ကို တွက်ချက်ပြီး မင်္ဂလာဦး ညနဲ့ လွဲအောင် ကျွမ်းကျင်တဲ့ ဆရာဝန် တွေနဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုခံယူဖို့ကတော့ သင့်ရဲ့ အစီအစဉ်တွေထဲမှာ ထည့်ကိုထည့်ထားရပါလိမ့်မယ်။”_

စွန့်စားမှု တွေလည်း လိုအပ်ပါတယ်
“မင်္ဂလာဆောင် တော့ ကျွန်မမှာ ကိုယ်ဝန် ငါးလလောက်ရှိနေပြီ။ မင်္ဂလာဆောင် ရတာနဲ့တောင် ကျွန်မမှာ နွမ်းနယ်ပင်ပန်းပြီး စိတ်ရောကိုယ်ရော ပင်ပန်းသွားတယ်။ နောက်ပြီး ကိုယ်ဝန်ကြီး နဲ့ဆိုတော့ ဝမ်းနည်းသလိုလို၊ ဝမ်းသာသလိုလို စိတ်ခံစားမှုတွေလည်း ဖြစ်လာတယ်။ ညကျတော့ ကျွန်မတို့ဇနီးမောင်နှံနှစ်ယောက် ဟိုတယ် မှာ ကြက်တောင်ပံကြော်တွေ မှာစားကြတယ်။ နောက်ပြီး လျှို့ဝှက်ဆန်းကြယ်ရုပ်ရှင်ကားတွေ အတူတူထိုင်ကြည့်နေခဲ့တယ်။ ပထမတော့ မင်္ဂလာဦးည ချစ်တင်းနှောဖို့ကို ထည့်မတွက်တော့ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့်လည်း တကယ်တမ်းလက်တွေ့မှာတော့ အဲဒီ့ညက ကျွန်မအတွက် သက်တောင့်သက်သာအရှိဆုံးဖြစ်စေမယ့် ကိုယ်နေဟန်ထားမျိုးနဲ့ ကလေးကို ထိခိုက်မှုမရှိအောင် ဂရုစိုက်ရင်း ချစ်တင်းနှောခဲ့ကြတယ်။ အတွေ့အကြုံသစ်တွေရခဲ့တယ်လို့ပဲ ဆိုရတော့မှာပေါ့။”_

မျှော်လင့်ထားသလိုလည်း ဖြစ်မလာတတ်ပါဘူး
“ကျွန်မ ကျတော့ ရယ်ရတယ်။ မင်္ဂလာဆောင် ပြီးတော့ Night Party မှာ ကျွန်မခင်ပွန်းက သူ့သူငယ်ချင်းတွေနဲ့ မူးနေအောင်ကို သောက်တာပါပဲ။ ပြီးတော့လည်း ဒေါင်ချာ ဆိုင်းပြီး အိပ်ပျော်သွားတာနဲ့ပဲ ကျွန်မရဲ့ မင်္ဂလာဦးညကတော့ ချစ်တင်းနှောတယ်ဆိုတာ ဘာဆိုဘာမှန်းတောင် မသိလိုက်ရပါဘူး။ နိုးပြီးလည်း ပြသနာရှာလို့ရတဲ့အခြေအနေမျိုးတောင် ကျွန်မ မှာ အခွင့်အရေးမရလိုက်လေတော့ ချစ်တင်းနှောတယ်ဆိုတာ အိမ်ထောင်သက်တစ်လျှောက်လုံး ဘယ်အချိန်မှာမဆို ရရှိနိုင်တဲ့ အခွင့်အရေးတစ်ခုပဲဆိုပြီးတော့ စိတ်လျှော့ခဲ့ရတာပါပဲ။ အိမ်ထောင် ပြုတော့မယ့် မိန်းကလေးတွေကို အကြံပေးချင်တာကတော့ စိတ်ကြီးတတ်တဲ့သူမျိုးဆိုရင်တော့ Night Party မှာ အများကြီးမသောက်ဖြစ်အောင် အလိမ္မာနည်းသုံးပြီး ထိန်းပေးနိုင်ဖို့လည်း လိုအပ်ပါသေးတယ်။”_

ဒါကတော့ မင်္ဂလာဦးညကို ဖြတ်ကျော်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိ စီနီယာ မမတွေရဲ့ အတွေ့အကြုံ တွေနဲ့ အကြံပေးစကားတွေပဲ ဖြစ်ပါတယ်။ သင့်အလှည့်မှာရော ဘယ်လို မင်္ဂလာဦးညကို အလိုရှိပါသလဲ။ အမိုက်စား ကိုယ်နေဟန်ထားတွေနဲ့ ပြင်းပြတဲ့စိတ်ဆန္ဒတွေလား။ ဒါမှမဟုတ် ရိုမန်တစ်ဆန်ပြီး သာယာကြည်နူးဖွယ်ကောင်းတဲ့ အပြာရောင်အချစ်ညလား။ သင့်စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ ဒါပေမယ့် စိတ်ကူးယဉ်နေရုံနဲ့တော့ မပြည့်စုံနိုင်ပါဘူး။ လိုအပ်တာတွေကို အခုပဲ စတင်ပြင်ဆင်ထားမှာ တော်ကာကြပါလိမ့်မယ်လို့ ထပ်ပြီးတော့ သတိပေးလိုက်ပါရစေဦး။

Credit : lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top