iMyanmarHouse.com - Best Property Website for Myanmar
×

သိပ္ကို စိတ္ေကာက္တတ္တဲ့ ခ်စ္သူကို လက္၀ယ္ပိုင္ဆိုင္ ထားေနရၿပီလား ။ ခ်စ္သူက ေန႔မအား ညမအား အျမဲတမ္း စိတ္ေကာက္ေနတတ္လို႔ အိပ္ေရးေတြ ပ်က္ၿပီး စိတ္ေတြ ညစ္ေနရၿပီလား ။

မပူပါနဲ႔ ဒါေတြ အားလံုးအတြက္ အိုေကၿပီး စိုျပည္ေစမယ့္ ေဆးစြမ္းေကာင္း ေခ်ာ့နည္းေလးေတြကို ခုပဲ ေဖာ္ျပလို္က္ပါၿပီ ။ (နည္းလမ္းေပါင္း တစ္ေထာင္ေလာက္ ေဖာ္ျပလိုက္ရင္ စိတ္ေကာက္စရာမရွိပဲ ပ်င္းေနမွာစိုးလို႕ အကုန္ေတာ့ မေရးေတာ့ဘူးေနာ္ )

❎ ေတာင္းပန္ပါ

သင္အမွား တစ္စံုတစ္ရာ လုပ္မိလုိ႕ သင့္ခ်စ္သူက စိတ္ဆိုးသြားတဲ့အခါ ထပ္ခါတစ္လဲလဲ ေတာင္းပန္ပါ၊ ေတာင္းပန္ၿပီးရင္း ေတာင္းပန္ပါ။ အေၾကာင္းျပခ်က္ေတြ၊ အက်ိဳးအေၾကာင္းေတြကို ဒီအခ်ိန္ေတြမွာ သြားမေျပာပါနဲ႕ ။ မွားသြားပါတယ္ကြာ ဆိုတဲ့ စကားကိုပဲ သနားစရာ အသံေလးနဲ႔ ထပ္ခါထပ္ခါ ေျပာပါ။

အဲ့အခ်ိန္မွာ ေနာက္မလုပ္ေတာ့ပါဘူး ဆိုတဲ့ စကားကို သြားမေျပာမိေစနဲ႔ အံုးေနာ္ ၊ “ဒီလိုပဲ ေျပာေျပာၿပီး ဘယ္ႏွစ္ခါရွိၿပီလဲ ”ဆိုၿပီး အရင္က အျပစ္ေတြပါ ထပ္ေဖာ္ၿပီး အေကာက္ခံရကိန္း ရွိပါတယ္။

❎ အၾကင္နာနည္းလမ္းေတြ ပညာကုန္သံုးပါ

သူဘယ္ေလာက္ပဲ စိတ္ေတြေကာက္ၿပီး သင့္ကို တြန္းလႊတ္ ရုန္းကန္ေနပါေစ ၊ သူ႕ကို သြားခြင့္မျပဳပါနဲ႕ ။ ဒီအခ်ိန္မွာသာ သင္သူ႕ကို သြားခြင့္ျပဳလုိက္ရင္ ဒီ့ထက္ ၁၀ဆ ပိုၾကာတဲ့အခ်ိန္ အတိုင္းအတာ အထိပါ လိုက္ေခ်ာ့ေနရမွာပါ။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ ပညာကုန္သံုးၿပီး တစ္ခါတည္း အျပီးေခ်ာ့ပါ။

❎ လ်ွပ္တျပတ္ အၾကံဥာဏ္ေတြကို အသံုးခ်ပါ

သင့္ ခ်စ္သူက မေတာ္တဆ စိတ္ေကာက္ေတာ့မယ့္ အရိပ္အေယာင္မ်ိဳး ျပလာခဲ့တဲ့အခါ သူလိုခ်င္တယ္လို႕ ေျပာဖူးတဲ့အရာေတြ ၊ သူစားခ်င္တယ္လို႕ ေျပာဖူးတဲ့အရာေတြ ၊ ဒါမွမဟုတ္ ခ်စ္သူျဖစ္စက အမွတ္တရေတြ ကတိစကားေတြကို လ်ွပ္တျပတ္ အျမန္ စဥ္းစားၿပီး လိုအပ္သလို အသံုးခ်ပါ။

❎ ဒရမ္မာခင္းပါ

ခ်စ္သူက ကိုယ့္အေပၚ အျမင္မၾကည္လင္ပဲ ေကာက္ေတာ္မူေတာ့မယ့္ လကၡဏာေလးမ်ား တစ္စြန္းတစ္စ ျမင္မိတဲ့အခါ ဒီရက္ပိုင္းေတြမွာ ကိုယ္ဘယ္လို အဆင္မေျပမွဳေတြ အခက္အခဲေတြ ၾကံဳေတြ႕ေနရေၾကာင္း ၊ ခ်စ္သူရွိေနလို႔သာ ဒီ အက်ပ္အတည္း ေတြကေန ေက်ာ္ျဖတ္ႏိုင္တဲ့ စိတ္ခြန္အား ရရွိေနတာ ျဖစ္္ေၾကာင္း အစခ်ီသည့္ ႏိုင္ငံေတာ္ ဒရမ္မာကားေတြ ဆက္တိုက္ရိုက္ပါ။ ဒါဆိုရင္ သင့္ခ်စ္သူက ျပသနာ ေသးေသးဖြဲဖြဲ ေလာက္ေတာ့ အားနာၿပီး ေလွ်ာ္ေပးမွာ ေသခ်ာပါတယ္။

❎ က်န္းမာေရးကို အေၾကာင္းျပပါ

ခ်စ္သူက စိတ္ဆုိး စိတ္ေကာက္ၿပီး ကိုယ့္ကို မေခၚမေျပာ လုပ္တဲ့အခါ ေနထိုင္မေကာင္း ျဖစ္ဟန္ေဆာင္ပါ။ လိုအပ္ရင္ လိုအပ္သေလာက္ ေရာဂါ အေျခအေနကို အတိုးအေလ်ာ့လုပ္ပါ။ ဒါဆိုရင္ သူစိတ္ပူၿပီး သင့္ကို စိတ္ေကာက္ အျမန္ေျပမွာပါ ။ ဒါေပမယ့္ ဟန္ေဆာင္တယ္ဆိုတာ ျပန္ေတာ့ မသိေစနဲ႕ေပါ့ေနာ္။ ေတာ္ၾကာ ေကာက္စရာ တစ္ခု ျပန္တုိးသြားအံုးမယ္ ။

စိတ္ေကာက္တတ္တဲ့ ခ်စ္သူေၾကာင့္ စိတ္ညစ္ေနရတဲ့ ကိုယ့္ေဘာ္ဒါေတြ အတြက္လည္း ဒီစာေလးကို share ေပးလိုက္အံုးေနာ္ ။

Credit : upup
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သိပ်ကို စိတ်ကောက်တတ်တဲ့ ချစ်သူကို လက်ဝယ်ပိုင်ဆိုင် ထားနေရပြီလား ။ ချစ်သူက နေ့မအား ညမအား အမြဲတမ်း စိတ်ကောက်နေတတ်လို့ အိပ်ရေးတွေ ပျက်ပြီး စိတ်တွေ ညစ်နေရပြီလား ။

မပူပါနဲ့ ဒါတွေ အားလုံးအတွက် အိုကေပြီး စိုပြည်စေမယ့် ဆေးစွမ်းကောင်း ချော့နည်းလေးတွေကို ခုပဲ ဖော်ပြလိုက်ပါပြီ ။ (နည်းလမ်းပေါင်း တစ်ထောင်လောက် ဖော်ပြလိုက်ရင် စိတ်ကောက်စရာမရှိပဲ ပျင်းနေမှာစိုးလို့ အကုန်တော့ မရေးတော့ဘူးနော် )

❎ တောင်းပန်ပါ

သင်အမှား တစ်စုံတစ်ရာ လုပ်မိလို့ သင့်ချစ်သူက စိတ်ဆိုးသွားတဲ့အခါ ထပ်ခါတစ်လဲလဲ တောင်းပန်ပါ၊ တောင်းပန်ပြီးရင်း တောင်းပန်ပါ။ အကြောင်းပြချက်တွေ၊ အကျိုးအကြောင်းတွေကို ဒီအချိန်တွေမှာ သွားမပြောပါနဲ့ ။ မှားသွားပါတယ်ကွာ ဆိုတဲ့ စကားကိုပဲ သနားစရာ အသံလေးနဲ့ ထပ်ခါထပ်ခါ ပြောပါ။

အဲ့အချိန်မှာ နောက်မလုပ်တော့ပါဘူး ဆိုတဲ့ စကားကို သွားမပြောမိစေနဲ့ အုံးနော် ၊ “ဒီလိုပဲ ပြောပြောပြီး ဘယ်နှစ်ခါရှိပြီလဲ ”ဆိုပြီး အရင်က အပြစ်တွေပါ ထပ်ဖော်ပြီး အကောက်ခံရကိန်း ရှိပါတယ်။

❎ အကြင်နာနည်းလမ်းတွေ ပညာကုန်သုံးပါ

သူဘယ်လောက်ပဲ စိတ်တွေကောက်ပြီး သင့်ကို တွန်းလွှတ် ရုန်းကန်နေပါစေ ၊ သူ့ကို သွားခွင့်မပြုပါနဲ့ ။ ဒီအချိန်မှာသာ သင်သူ့ကို သွားခွင့်ပြုလိုက်ရင် ဒီ့ထက် ၁၀ဆ ပိုကြာတဲ့အချိန် အတိုင်းအတာ အထိပါ လိုက်ချော့နေရမှာပါ။ ဒါကြောင့် ဖြစ်နိုင်ရင် ပညာကုန်သုံးပြီး တစ်ခါတည်း အပြီးချော့ပါ။

❎ လျှပ်တပြတ် အကြံဉာဏ်တွေကို အသုံးချပါ

သင့် ချစ်သူက မတော်တဆ စိတ်ကောက်တော့မယ့် အရိပ်အယောင်မျိုး ပြလာခဲ့တဲ့အခါ သူလိုချင်တယ်လို့ ပြောဖူးတဲ့အရာတွေ ၊ သူစားချင်တယ်လို့ ပြောဖူးတဲ့အရာတွေ ၊ ဒါမှမဟုတ် ချစ်သူဖြစ်စက အမှတ်တရတွေ ကတိစကားတွေကို လျှပ်တပြတ် အမြန် စဉ်းစားပြီး လိုအပ်သလို အသုံးချပါ။

❎ ဒရမ်မာခင်းပါ

ချစ်သူက ကိုယ့်အပေါ် အမြင်မကြည်လင်ပဲ ကောက်တော်မူတော့မယ့် လက္ခဏာလေးများ တစ်စွန်းတစ်စ မြင်မိတဲ့အခါ ဒီရက်ပိုင်းတွေမှာ ကိုယ်ဘယ်လို အဆင်မပြေမှုတွေ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း ၊ ချစ်သူရှိနေလို့သာ ဒီ အကျပ်အတည်း တွေကနေ ကျော်ဖြတ်နိုင်တဲ့ စိတ်ခွန်အား ရရှိနေတာ ဖြစ်ကြောင်း အစချီသည့် နိုင်ငံတော် ဒရမ်မာကားတွေ ဆက်တိုက်ရိုက်ပါ။ ဒါဆိုရင် သင့်ချစ်သူက ပြသနာ သေးသေးဖွဲဖွဲ လောက်တော့ အားနာပြီး လျှော်ပေးမှာ သေချာပါတယ်။

❎ ကျန်းမာရေးကို အကြောင်းပြပါ

ချစ်သူက စိတ်ဆိုး စိတ်ကောက်ပြီး ကိုယ့်ကို မခေါ်မပြော လုပ်တဲ့အခါ နေထိုင်မကောင်း ဖြစ်ဟန်ဆောင်ပါ။ လိုအပ်ရင် လိုအပ်သလောက် ရောဂါ အခြေအနေကို အတိုးအလျော့လုပ်ပါ။ ဒါဆိုရင် သူစိတ်ပူပြီး သင့်ကို စိတ်ကောက် အမြန်ပြေမှာပါ ။ ဒါပေမယ့် ဟန်ဆောင်တယ်ဆိုတာ ပြန်တော့ မသိစေနဲ့ပေါ့နော်။ တော်ကြာ ကောက်စရာ တစ်ခု ပြန်တိုးသွားအုံးမယ် ။

စိတ်ကောက်တတ်တဲ့ ချစ်သူကြောင့် စိတ်ညစ်နေရတဲ့ ကိုယ့်ဘော်ဒါတွေ အတွက်လည်း ဒီစာလေးကို share ပေးလိုက်အုံးနော် ။

Credit : upup

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top