၂။ မဂၤလာပါဆရာ။ က်မအသက္က ၂၆ ႏွစ္ပါ။ သားအိမ္က်တာ ၁ ႏွစ္ေက်ာ္ေနျပီ။ ကေလးႏွစ္ရွိပါတယ္။ ဒုတိယကေလး ေမြးမွ သားအိမ္က်တာ တခါျဖစ္ရင္ တေနကုန္နာတယ္။ ေဆးရုံျပတယ္။ ေဆးစစ္တာ အာလ္ထြာေဆာင္းရိုက္တာမရွိပါ။ ေဆးေပးလိုက္တယ္။ ဒီေဆးပါရွင့္။
၃။ မဂၤလာပါရွင့္ သမီးအသက္ (၃ဝ) ပါ။ အိမ္ေထာင္က်တာ ၇ လရွိပါၿပီ။ ရာသီလည္း မွန္ပါတယ္။ အနည္းအမ်ားလည္း ပုံမွန္ပါပဲ။ သေႏၶတားေဆးမသုံးဖူးပါ။ ခုထိကေလးမရေသးလုိ႔ပါရွင့္။ OG က သမီးကုိ သားအိမ္က်ယ္တယ္လုိ႔ ေျပာထားဖူးလုိ႔ ခုကေလးမရတာနဲ႔ ဆက္စပ္ေနမလားလုိ႔ပါရွင့္။ ေက်းဇူးၿပဳၿပီး အဆင္ေျပရင္ ေျဖေပးပါေနာ္။
၄။ ဆရာ႐ွင့္ သမီးအေမ ဆီးအိမ္ေအာင့္ေနလို႔ ဆရာမသြားျပတာ ဆီးအိမ္ေလ်ာလို႔ လို႔ေျပာပါတယ္ အဲ့ဒါစိုးရိမ္ ရပါသလား႐ွင့္။ ဘယ္လိုေနထိုင္ စားေသာက္သင့္ပါသလဲဆရာ။ ေက်းဇူးျပဳၿပီး ေျပာျပေပးပါဆရာ။ ဘာဆက္လုပ္ရမလဲ ဆရာ။

သားအိမ္က်တာ အျဖစ္မ်ားတယ္။ ပိုမ်ားတာက ဆီးအိမ္က်တာ၊ Cystocele လို႔ေခၚတယ္။ အမ်ိဳးသမီးေတြ သားဖြါးဖူးရင္၊ ၾကြက္သားအားနည္းရင္၊ အေနအထိုင္ အဆင္မေျပရင္ ဆီးအိမ္က်တယ္။ သားအိမ္က်သလိုပဲ။ ဗဂ်ိဳင္းတားေရွ႕ေနရာ ဆီးအိမ္က ဗဂ်ိဳင္းနားထဲ ကြ်ံက်တာျဖစ္တယ္။ ေခ်ာင္းဆိုးၾကည့္ရင္ စူထြက္လာတယ္။ သားအိမ္က်တယ္ဆိုတာ သားအိမ္ကို ပင့္တင္-ထိန္းေပး ထားတဲ့ ၾကြက္သားနဲ႔ အရြတ္ေတြရွိတယ္။ အဲဒါေတြ အားနည္းရင္ ထိခိုက္ပ်က္စီးရင္ သားအိမ္ကေအာက္က်လာတယ္။ Uterine prolapse လို႔ ေခၚတာမ်ားတယ္။ အမ်ိဳးသမီး ၃ဝ-၄ဝ% မွာ ျဖစ္ၾကတယ္။ အသက္ ၄ဝ ေက်ာ္သူေတြက မ်ားတယ္။ အသက္ ၅ဝ ေက်ာ္ရင္ ၅ဝ% မွာရွိျပီး ၁ဝ-၂ဝ% က ခံစားေနရတာေတြ ရွိေနၾကတယ္။
ျမန္မာျပည္မွာ အေတာ္အျဖစ္မ်ားတယ္။ တာဝန္က်တံုးက ခြဲစိတ္ေပးရတာ မနည္းပါ။ ေမြးလမ္းေၾကာင္းကေန ကေလးေမြးဘူးသူေတြမွာသာ ျဖစ္တယ္။ အိမ္ေထာင္မက်ေသးတဲ့ မိန္းကေလးျဖစ္တာေတာ့ တေယာက္တည္းသာ ခြဲေပးခဲ့ရဖူးတယ္။ အဲတာကေတာ့ အေနအထိုင္လိုလို႔ ျဖစ္တာပါ။
ကေလးမ်ားမ်ား ေမြးရသူ၊ ေသြးဆံုးလို႔ (အီစထိုဂ်င္) ေဟာ္မုန္း နည္းလာရင္၊ အသက္ၾကီးသူ၊ လူက အဝလြန္ရင္၊ အေလးအပင္ မရတာ မ်ားရင္၊ (မထိန္းမွသာ ျဖစ္ပါတယ္) တာရွည္ ေခ်ာင္းဆိုးရရင္၊ ႏွာေခ်တာ၊ ဝမ္းခ်ဳပ္လို႔ ညႇစ္ရတဲ့အခါမ်ိဳးေတြမွာ သတိထားဘဲ (မထိန္းဘဲ) လုပ္ဖန္မ်ားရင္၊ အရြယ္အစားၾကီးတဲ့ သားအိမ္အလံုး၊ ကင္ဆာေတြ ရွိေနသူ၊ တျခားေရာဂါေတြအတြက္ တင္ပါးဆံုတြင္းေနရာကို ခြဲစိတ္ခံရသူ၊ ခါးရိုးထဲက အာရံုေၾကာ ထိခိုက္ခံထားရသူ၊ ၾကြက္သားအားနည္းေရာဂါရွိသူ၊ ဆိုတဲ့အေၾကာင္းခံေတြေၾကာင့္ သားအိမ္က်ႏိုင္တယ္။
လူနာကို စမ္းသပ္ကုတင္ေပၚမွာ ပက္လက္အိပ္၊ ဒူးေထာင္-ေပါင္ကားအေနအထားမွာ လူနာကို ေခ်ာင္းဆိုးခိုင္းတဲ့အခါ ေမြးလမ္းေၾကာင္းအဝမွာ အေပၚနားကေန စူစူထြက္လာတာကို ျမင္ရတယ္။ (ပ) ေစာက္ပံုျဖစ္တယ္။ အေရာင္က ပန္းေရာင္။ တစ္ဆို႔ဆို႔ေနတယ္လို႔ ခံစားရတယ္။ ေဘာလံုးေလးေပၚ ထိုင္ေနရသလို ထင္မွတ္ေနမယ္။ မနက္ခင္းမွာ သက္သာတယ္။ (ဗဂ်ိဳင္းနား) ေနာက္မွာရွိတဲ့ အစာေဟာင္းအိမ္ကလဲ သူ႔ေရွ႕ကို ကြ်ံထြက္တာရွိတယ္။ Rectocele ေခၚတယ္။ ေခ်ာင္းဆိုုးခိုင္းတဲ့အခါ ေမြးလမ္းေၾကာင္းအဝမွာ ေအာက္ကေန စူစူထြက္လာတာျမင္ရမယ္။ (ဂ) ငယ္ပံု။ အေရာင္က ပန္းေရာင္။
သားအိမ္က ေအာက္တည့္တည့္ က်လာရင္ ေမြးလမ္းကေန သားအိမ္အဝပါတဲ့ ပန္းနီေရာင္အရာ စူထြက္လာမယ္။ အစပိုင္းမွာ ေမြးလမ္းထဲ တစ္ဆို႔ဆို႔ေနယုံဘဲ။ ေနာက္ေတာ့ ္ညႇစ္လိုက္ရင္ (ေခ်ာင္းဆိုး၊ ႏွာေခ်၊ အေလးအပင္ မတဲ့အခါ) အျပင္အထိ ထြက္လာမယ္။ ေနာက္ဆံုးအဆင့္ ေရာက္လာရင္ ေတာက္ေလွ်ာက္ စူထြက္ေနလို႔ လက္နဲ႔ျပန္သြင္းမွ ဝင္တယ္။ ၾကာေတာ့ ျပန္သြင္းလဲ မရေတာ့ဘူး။ အဲလိုျဖစ္ေနသူေတြမွာ ေပါင္နဲ႔ပြတ္တိုက္တာၾကာေတာ့ အနာလည္း ျဖစ္ေနမယ္။ ခပ္ျပာျပာ၊ ခပ္ညိဳညိဳ။ ၃ မ်ိဳးလံုးျဖစ္သူလဲ မနည္းဘူး။
သားအိမ္ထုတ္ထားသူမ်ာလဲ က်ႏိုင္တယ္။ ဒါ့ေၾကာင့္ သားအိမ္က်တယ္လို႔ ခပ္လြယ္လြယ္ေခၚတာ မ်ားတယ္။ Vaginal prolapse ေမြးလမ္းေၾကာင္း-ကြ်ံတယ္လို႔ ေခၚတာက ပိုမွန္တယ္။ သားအိမ္ဟာ (ဗဂ်ိဳင္းနား) ထိပ္မွာ ေနတယ္။ သူ႔ကို ထုတ္လိုက္ေတာ့ (ဗဂ်ိဳင္းနား) ထိပ္မွာ အထိန္းမရွိေတာ့ဘဲ ေအာက္က်တာကို Vaginal vault prolapse ေခၚတယ္။
ျဖစ္ေနသူေတြမွာ ေနရတာ တစ္ဆို႔ဆို႔ေနတာအျပင္၊ လိင္ဆက္ဆံရာမွာလဲ အဆင္မေျပတာ၊ နာတာျဖစ္ႏိုင္တယ္။ ဆီးခဏခဏ သြားခ်င္မယ္။ ဆီးက အကုန္မထြက္ဘူး။ (ဗဂ်ိဳင္းနား) ထဲကုိ လက္ေခ်ာင္းထည့္ျပီး အေပၚ (ေရွ႕) ပင့္တင္ေပးမွ ဆီးကုန္တယ္။ Urinary stress incontinence ဗိုက္ညႇစ္ရတဲ့အခ်ိန္မွာ ဆီးထြက္က်တယ္၊ ခါးနာမယ္။ ဆီးခဏခဏေအာင့္မယ္။ ေသြးဆင္းမယ္။ အျဖဴစတာမ်ိဳး ဆင္းမယ္။ ဝမ္းခ်ဳပ္တယ္၊ ဝမ္းအသြားရခက္မယ္။ ေမြးလမ္းအဝဟာ ဒီအတိုင္းေနရင္းကို က်ယ္ေနေတာ့မယ္။ ခံစားရတာေတြက ၾကာေလဆိုးေလျဖစ္တယ္။ စိတ္ညစ္လာမယ္။
Cystocele ဆီးအိမ္က်ျခင္း၊ Rectocele အစာေဟာင္အိမ္က်ျခင္း၊ Enterocele အူက်ျခင္း၊ Urethrovesical junctions ဆီးသြားျပြန္က်ျခင္းဆိုျပီး က်တာေတြ အားလံုးကို Pelvic Floor Prolapse လို႔ေခၚမွ မွန္တယ္။ သားအိမ္က က်ခ်င္မွက်လို႔ ျဖစ္ပါတယ္။ အဆင့္ (၄) ဆင့္ရွိတယ္။
အဆင့္ (၁) = အပ်ိဳေမွးရွိတဲ့ေနရာအထက္ထိသာက်တာ၊
အဆင့္ (၂) = အပ်ိဳေမွးရွိတဲ့ေနရာအထိသာက်တာ၊
အဆင့္ (၃) = အပ်ိဳေမွးရွိတဲ့ေနရာေအာက္ကိုက်တာ၊
အဆင့္ (၄) = သားအိမ္တခုလံုးက်တာ။
သားအိမ္မက်ေအာင္ ကာကြယ္နည္း
- Kegel exercises လုပ္ပါ။ ေရးထားပါတယ္။
- Vaginal Pessary ေခၚတဲ့ကရိယာေလးကို (ဗဂ်ိဳင္းနား) ထဲထည့္ထားျပီး ထိန္းႏိုင္တယ္။ ယာယီသေဘာသာျဖစ္တယ္။ ကေလးမရေအာင္ထည့္ရတဲ့ Diaphragm (ဒိုင္ယာဖရမ္) နဲ႔ဆင္တူတယ္။ ဘယ္လိုသန္႔ရမယ္၊ သံုးရမယ္ဆိုတာ သင္ယူထားရတယ္။
- ေသြးဆံုးလို႔ ေဟာ္မုန္းနည္းတာကို Estrogen ေဟာ္မုန္းေဆးေပးရမယ္။ စားေဆး-ထည့္ေဆး ၂ မ်ိဳး လုပ္ႏိုင္တယ္။
- ကိုယ္အေလးခ်ိန္ ေလွ်ာ့ပါ။
- လုပ္ေနက်အလုပ္ေတြကို ျပင္ဆင္ျပဳျပင္သင့္တာရွိရင္ ျပင္ပါ။ ဥပမာ ၾကမ္းေပၚမွာ ဖင္ထိုင္ခံုနဲ႔ မထိုင္ပါနဲ႔။ ဝမ္းခ်ဳပ္တာကို အစားအေသာက္-ေရနဲ႔ ျပဳျပင္ပါ။ ေခ်ာင္းဆိုးေနတာ ျမန္ျမန္ ေပ်ာက္ေအာင္လုပ္ပါ။ ႏွာေခ်တာ၊ ေခ်ာင္းဆိုတာ အေလးအပင္မတာေတြအားလံုး ထိန္းျပီးမွ လုပ္ပါ။ ေရအိမ္သာကို ေဆာင့္ေၾကာင့္ထိုင္ မသံုးဘဲ ဒူးေနရာ ၉ဝ ဒီဂရီထား ထိုင္ႏိုင္တဲ့ ဗိုလ္အိမ္သာမ်ိဳးသာ သံုးပါ။
ေနာက္က်မွ လာျပသူေတြကို ခြဲစိတ္ေပးတယ္။ ခြဲစိတ္တဲ့အခါမွာလဲ လူနာ့အသက္၊ လိုအပ္ခ်က္၊ သားအိမ္က ဘယ္ေလာက္အထိက်ေနတယ္၊ တျခားေရာဂါဆိုတဲ့ အခ်က္ေတြအရ ခြဲစိတ္နည္းကို ေရြးခ်ယ္ပါတယ္။ ခြဲတိုင္း သားအိမ္ကို မထုတ္ပါ။ ဥပမာ Sacrospinous fixation နည္းက သားအိမ္ကိုထိန္းေပးေနတဲ့ Ligaments အရြတ္ေတြကိုသာ ျပဳျပင္ေပးတယ္။ သားအိမ္ထုတ္တာမွာလဲ Abdominal hysterectomy ဗိုက္ကေနခြဲနည္း နဲ႔ Vaginal hysterectomy ေမြးလမ္းကေနခြဲနည္း ရွိတယ္။ ပိုျပီး လက္ဝင္တယ္။ ေတာ္ေတာ့ဆရာဝန္က မလုပ္ခ်င္ဘူး။ သားအိမ္ကို ထုတ္အံုးေတာ့ သားအိမ္ဝကို ခ်န္တာလဲလုပ္တယ္။ မ်ိဳးဥအိမ္လဲ ခ်န္သင့္ရင္ခ်န္ထားမယ္။ Manchester operation (မန္ခ်က္စတာ) ခြဲစိတ္နည္းဆိုတာ ေဘာလံုးသင္းလိုဘဲ ၾကာလွျပီသံုးေနခဲ့တာ။ Laparoscopic surgery ကင္မရာပါ ကရိယာနဲ႔ ခြဲစိတ္နည္းလဲ ေပၚေနျပီ။ ခြဲစိတ္နည္းရလဒ္ေတြက အလြန္ေကာင္းပါတယ္။ (ကီဂယ္) ေလ့က်င့္ခန္းကိုေတာ့ အမ်ိဳးသမီးၾကီးငယ္ေတြ လုပ္ေစခ်င္တယ္။
https://www.facebook.com/drtintswe/
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : Dr. တင့္ေဆြ
#Unicode Version#
၁။ ဆရာ သားအိမ်ကျတာ ဘယ်လို ကုလို့ ရပါသလဲဆရာ။ လူတွေက လက်သည်နဲ့ ခေါ်နှိပ်ခိုင်းနေတယ်။ ဆီးစပ်အပေါ်က အောင့်တယ်။ ခါးနာတယ်။ ဆီးခဏခဏသွားတယ်။ ဗိုက်ထဲ လေခိုနေသလို အောင့်တယ်ဆရာ။ ကျမအသက် ၄ဝ ပါ။ ကလေး ၂ ယောက် ဗိုက်ခွဲမွေးထားတာပါ။ ၂၀၁၀ မှာ တယောက် ၂၀၁၅ မှာ တယောက် မွေးပါတယ်။
၂။ မင်္ဂလာပါဆရာ။ ကျမအသက်က ၂၆ နှစ်ပါ။ သားအိမ်ကျတာ ၁ နှစ်ကျော်နေပြီ။ ကလေးနှစ်ရှိပါတယ်။ ဒုတိယကလေး မွေးမှ သားအိမ်ကျတာ တခါဖြစ်ရင် တနေကုန်နာတယ်။ ဆေးရုံပြတယ်။ ဆေးစစ်တာ အာလ်ထွာဆောင်းရိုက်တာမရှိပါ။ ဆေးပေးလိုက်တယ်။ ဒီဆေးပါရှင့်။
၃။ မင်္ဂလာပါရှင့် သမီးအသက် (၃ဝ) ပါ။ အိမ်ထောင်ကျတာ ၇ လရှိပါပြီ။ ရာသီလည်း မှန်ပါတယ်။ အနည်းအများလည်း ပုံမှန်ပါပဲ။ သန္ဓေတားဆေးမသုံးဖူးပါ။ ခုထိကလေးမရသေးလို့ပါရှင့်။ OG က သမီးကို သားအိမ်ကျယ်တယ်လို့ ပြောထားဖူးလို့ ခုကလေးမရတာနဲ့ ဆက်စပ်နေမလားလို့ပါရှင့်။ ကျေးဇူးပြုပြီး အဆင်ပြေရင် ဖြေပေးပါနော်။
၄။ ဆရာရှင့် သမီးအမေ ဆီးအိမ်အောင့်နေလို့ ဆရာမသွားပြတာ ဆီးအိမ်လျောလို့ လို့ပြောပါတယ် အဲ့ဒါစိုးရိမ် ရပါသလားရှင့်။ ဘယ်လိုနေထိုင် စားသောက်သင့်ပါသလဲဆရာ။ ကျေးဇူးပြုပြီး ပြောပြပေးပါဆရာ။ ဘာဆက်လုပ်ရမလဲ ဆရာ။
သားအိမ်ကျတာ အဖြစ်များတယ်။ ပိုများတာက ဆီးအိမ်ကျတာ၊ Cystocele လို့ခေါ်တယ်။ အမျိုးသမီးတွေ သားဖွါးဖူးရင်၊ ကြွက်သားအားနည်းရင်၊ အနေအထိုင် အဆင်မပြေရင် ဆီးအိမ်ကျတယ်။ သားအိမ်ကျသလိုပဲ။ ဗဂျိုင်းတားရှေ့နေရာ ဆီးအိမ်က ဗဂျိုင်းနားထဲ ကျွံကျတာဖြစ်တယ်။ ချောင်းဆိုးကြည့်ရင် စူထွက်လာတယ်။ သားအိမ်ကျတယ်ဆိုတာ သားအိမ်ကို ပင့်တင်-ထိန်းပေး ထားတဲ့ ကြွက်သားနဲ့ အရွတ်တွေရှိတယ်။ အဲဒါတွေ အားနည်းရင် ထိခိုက်ပျက်စီးရင် သားအိမ်ကအောက်ကျလာတယ်။ Uterine prolapse လို့ ခေါ်တာများတယ်။ အမျိုးသမီး ၃ဝ-၄ဝ% မှာ ဖြစ်ကြတယ်။ အသက် ၄ဝ ကျော်သူတွေက များတယ်။ အသက် ၅ဝ ကျော်ရင် ၅ဝ% မှာရှိပြီး ၁ဝ-၂ဝ% က ခံစားနေရတာတွေ ရှိနေကြတယ်။
မြန်မာပြည်မှာ အတော်အဖြစ်များတယ်။ တာဝန်ကျတုံးက ခွဲစိတ်ပေးရတာ မနည်းပါ။ မွေးလမ်းကြောင်းကနေ ကလေးမွေးဘူးသူတွေမှာသာ ဖြစ်တယ်။ အိမ်ထောင်မကျသေးတဲ့ မိန်းကလေးဖြစ်တာတော့ တယောက်တည်းသာ ခွဲပေးခဲ့ရဖူးတယ်။ အဲတာကတော့ အနေအထိုင်လိုလို့ ဖြစ်တာပါ။
ကလေးများများ မွေးရသူ၊ သွေးဆုံးလို့ (အီစထိုဂျင်) ဟော်မုန်း နည်းလာရင်၊ အသက်ကြီးသူ၊ လူက အဝလွန်ရင်၊ အလေးအပင် မရတာ များရင်၊ (မထိန်းမှသာ ဖြစ်ပါတယ်) တာရှည် ချောင်းဆိုးရရင်၊ နှာချေတာ၊ ဝမ်းချုပ်လို့ ညှစ်ရတဲ့အခါမျိုးတွေမှာ သတိထားဘဲ (မထိန်းဘဲ) လုပ်ဖန်များရင်၊ အရွယ်အစားကြီးတဲ့ သားအိမ်အလုံး၊ ကင်ဆာတွေ ရှိနေသူ၊ တခြားရောဂါတွေအတွက် တင်ပါးဆုံတွင်းနေရာကို ခွဲစိတ်ခံရသူ၊ ခါးရိုးထဲက အာရုံကြော ထိခိုက်ခံထားရသူ၊ ကြွက်သားအားနည်းရောဂါရှိသူ၊ ဆိုတဲ့အကြောင်းခံတွေကြောင့် သားအိမ်ကျနိုင်တယ်။
လူနာကို စမ်းသပ်ကုတင်ပေါ်မှာ ပက်လက်အိပ်၊ ဒူးထောင်-ပေါင်ကားအနေအထားမှာ လူနာကို ချောင်းဆိုးခိုင်းတဲ့အခါ မွေးလမ်းကြောင်းအဝမှာ အပေါ်နားကနေ စူစူထွက်လာတာကို မြင်ရတယ်။ (ပ) စောက်ပုံဖြစ်တယ်။ အရောင်က ပန်းရောင်။ တစ်ဆို့ဆို့နေတယ်လို့ ခံစားရတယ်။ ဘောလုံးလေးပေါ် ထိုင်နေရသလို ထင်မှတ်နေမယ်။ မနက်ခင်းမှာ သက်သာတယ်။ (ဗဂျိုင်းနား) နောက်မှာရှိတဲ့ အစာဟောင်းအိမ်ကလဲ သူ့ရှေ့ကို ကျွံထွက်တာရှိတယ်။ Rectocele ခေါ်တယ်။ ချောင်းဆိုုးခိုင်းတဲ့အခါ မွေးလမ်းကြောင်းအဝမှာ အောက်ကနေ စူစူထွက်လာတာမြင်ရမယ်။ (ဂ) ငယ်ပုံ။ အရောင်က ပန်းရောင်။
သားအိမ်က အောက်တည့်တည့် ကျလာရင် မွေးလမ်းကနေ သားအိမ်အဝပါတဲ့ ပန်းနီရောင်အရာ စူထွက်လာမယ်။ အစပိုင်းမှာ မွေးလမ်းထဲ တစ်ဆို့ဆို့နေယုံဘဲ။ နောက်တော့ ်ညှစ်လိုက်ရင် (ချောင်းဆိုး၊ နှာချေ၊ အလေးအပင် မတဲ့အခါ) အပြင်အထိ ထွက်လာမယ်။ နောက်ဆုံးအဆင့် ရောက်လာရင် တောက်လျှောက် စူထွက်နေလို့ လက်နဲ့ပြန်သွင်းမှ ဝင်တယ်။ ကြာတော့ ပြန်သွင်းလဲ မရတော့ဘူး။ အဲလိုဖြစ်နေသူတွေမှာ ပေါင်နဲ့ပွတ်တိုက်တာကြာတော့ အနာလည်း ဖြစ်နေမယ်။ ခပ်ပြာပြာ၊ ခပ်ညိုညို။ ၃ မျိုးလုံးဖြစ်သူလဲ မနည်းဘူး။
သားအိမ်ထုတ်ထားသူမျာလဲ ကျနိုင်တယ်။ ဒါ့ကြောင့် သားအိမ်ကျတယ်လို့ ခပ်လွယ်လွယ်ခေါ်တာ များတယ်။ Vaginal prolapse မွေးလမ်းကြောင်း-ကျွံတယ်လို့ ခေါ်တာက ပိုမှန်တယ်။ သားအိမ်ဟာ (ဗဂျိုင်းနား) ထိပ်မှာ နေတယ်။ သူ့ကို ထုတ်လိုက်တော့ (ဗဂျိုင်းနား) ထိပ်မှာ အထိန်းမရှိတော့ဘဲ အောက်ကျတာကို Vaginal vault prolapse ခေါ်တယ်။
ဖြစ်နေသူတွေမှာ နေရတာ တစ်ဆို့ဆို့နေတာအပြင်၊ လိင်ဆက်ဆံရာမှာလဲ အဆင်မပြေတာ၊ နာတာဖြစ်နိုင်တယ်။ ဆီးခဏခဏ သွားချင်မယ်။ ဆီးက အကုန်မထွက်ဘူး။ (ဗဂျိုင်းနား) ထဲကို လက်ချောင်းထည့်ပြီး အပေါ် (ရှေ့) ပင့်တင်ပေးမှ ဆီးကုန်တယ်။ Urinary stress incontinence ဗိုက်ညှစ်ရတဲ့အချိန်မှာ ဆီးထွက်ကျတယ်၊ ခါးနာမယ်။ ဆီးခဏခဏအောင့်မယ်။ သွေးဆင်းမယ်။ အဖြူစတာမျိုး ဆင်းမယ်။ ဝမ်းချုပ်တယ်၊ ဝမ်းအသွားရခက်မယ်။ မွေးလမ်းအဝဟာ ဒီအတိုင်းနေရင်းကို ကျယ်နေတော့မယ်။ ခံစားရတာတွေက ကြာလေဆိုးလေဖြစ်တယ်။ စိတ်ညစ်လာမယ်။
Cystocele ဆီးအိမ်ကျခြင်း၊ Rectocele အစာဟောင်အိမ်ကျခြင်း၊ Enterocele အူကျခြင်း၊ Urethrovesical junctions ဆီးသွားပြွန်ကျခြင်းဆိုပြီး ကျတာတွေ အားလုံးကို Pelvic Floor Prolapse လို့ခေါ်မှ မှန်တယ်။ သားအိမ်က ကျချင်မှကျလို့ ဖြစ်ပါတယ်။ အဆင့် (၄) ဆင့်ရှိတယ်။
အဆင့် (၁) = အပျိုမှေးရှိတဲ့နေရာအထက်ထိသာကျတာ၊
အဆင့် (၂) = အပျိုမှေးရှိတဲ့နေရာအထိသာကျတာ၊
အဆင့် (၃) = အပျိုမှေးရှိတဲ့နေရာအောက်ကိုကျတာ၊
အဆင့် (၄) = သားအိမ်တခုလုံးကျတာ။
သားအိမ်မကျအောင် ကာကွယ်နည်း
- Kegel exercises လုပ်ပါ။ ရေးထားပါတယ်။
- Vaginal Pessary ခေါ်တဲ့ကရိယာလေးကို (ဗဂျိုင်းနား) ထဲထည့်ထားပြီး ထိန်းနိုင်တယ်။ ယာယီသဘောသာဖြစ်တယ်။ ကလေးမရအောင်ထည့်ရတဲ့ Diaphragm (ဒိုင်ယာဖရမ်) နဲ့ဆင်တူတယ်။ ဘယ်လိုသန့်ရမယ်၊ သုံးရမယ်ဆိုတာ သင်ယူထားရတယ်။
- သွေးဆုံးလို့ ဟော်မုန်းနည်းတာကို Estrogen ဟော်မုန်းဆေးပေးရမယ်။ စားဆေး-ထည့်ဆေး ၂ မျိုး လုပ်နိုင်တယ်။
- ကိုယ်အလေးချိန် လျှော့ပါ။
- လုပ်နေကျအလုပ်တွေကို ပြင်ဆင်ပြုပြင်သင့်တာရှိရင် ပြင်ပါ။ ဥပမာ ကြမ်းပေါ်မှာ ဖင်ထိုင်ခုံနဲ့ မထိုင်ပါနဲ့။ ဝမ်းချုပ်တာကို အစားအသောက်-ရေနဲ့ ပြုပြင်ပါ။ ချောင်းဆိုးနေတာ မြန်မြန် ပျောက်အောင်လုပ်ပါ။ နှာချေတာ၊ ချောင်းဆိုတာ အလေးအပင်မတာတွေအားလုံး ထိန်းပြီးမှ လုပ်ပါ။ ရေအိမ်သာကို ဆောင့်ကြောင့်ထိုင် မသုံးဘဲ ဒူးနေရာ ၉ဝ ဒီဂရီထား ထိုင်နိုင်တဲ့ ဗိုလ်အိမ်သာမျိုးသာ သုံးပါ။
နောက်ကျမှ လာပြသူတွေကို ခွဲစိတ်ပေးတယ်။ ခွဲစိတ်တဲ့အခါမှာလဲ လူနာ့အသက်၊ လိုအပ်ချက်၊ သားအိမ်က ဘယ်လောက်အထိကျနေတယ်၊ တခြားရောဂါဆိုတဲ့ အချက်တွေအရ ခွဲစိတ်နည်းကို ရွေးချယ်ပါတယ်။ ခွဲတိုင်း သားအိမ်ကို မထုတ်ပါ။ ဥပမာ Sacrospinous fixation နည်းက သားအိမ်ကိုထိန်းပေးနေတဲ့ Ligaments အရွတ်တွေကိုသာ ပြုပြင်ပေးတယ်။ သားအိမ်ထုတ်တာမှာလဲ Abdominal hysterectomy ဗိုက်ကနေခွဲနည်း နဲ့ Vaginal hysterectomy မွေးလမ်းကနေခွဲနည်း ရှိတယ်။ ပိုပြီး လက်ဝင်တယ်။ တော်တော့ဆရာဝန်က မလုပ်ချင်ဘူး။ သားအိမ်ကို ထုတ်အုံးတော့ သားအိမ်ဝကို ချန်တာလဲလုပ်တယ်။ မျိုးဥအိမ်လဲ ချန်သင့်ရင်ချန်ထားမယ်။ Manchester operation (မန်ချက်စတာ) ခွဲစိတ်နည်းဆိုတာ ဘောလုံးသင်းလိုဘဲ ကြာလှပြီသုံးနေခဲ့တာ။ Laparoscopic surgery ကင်မရာပါ ကရိယာနဲ့ ခွဲစိတ်နည်းလဲ ပေါ်နေပြီ။ ခွဲစိတ်နည်းရလဒ်တွေက အလွန်ကောင်းပါတယ်။ (ကီဂယ်) လေ့ကျင့်ခန်းကိုတော့ အမျိုးသမီးကြီးငယ်တွေ လုပ်စေချင်တယ်။
https://www.facebook.com/drtintswe/
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : Dr. တင့်ဆွေ