iMyanmarHouse.com - Best Property Website for Myanmar
×









လူတိုင်း ကြို့ထိုးဖူးကြသည်။ မည်သည့် အတွက်ကြောင့် ကြို့ထိုးသည်ကိုမူ မသိကြပေ။ ယင်းအတွက်ကြောင့် ဘာကြောင့် ကြို့ထိုးသည်။ ပျောက်ကင်း သက်သာစေရန် မည်သို့ လုပ်ဆောင်ရမည်နှင့် ပတ်သက်ပြီး အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဝင်းက ယခုလို ပြောပြခဲ့ပါသည်။

အစားများခြင်း၊ အစားအသောက်ကို မြန်မြန်နှင့် များများစားခြင်းကြောင့် ကြို့ထိုးနိုင်
ကြို့ထိုးခြင်းသည် အစားများခြင်း၊ အစားအသောက် မြန်မြန်နှင့် များများစားပါက ကြို့ထိုးခြင်းများ ဖြစ်ပေါ်တတ်သောကြောင့် ဂရုစိုက် စားသင့်ကြောင်း သိရသည်။ “ကြို့ထိုးတာက အသည်းနဲ့ ပတ်သက်ပြီး ဖြစ်တတ်တယ်။ အသည်းမကောင်းရင် အစာမကြေတာတွေ ဖြစ်တတ်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြန်ရှူသွင်းမယ်ဆိုရင် ပြန်လည် သက်သာနိုင်တယ်။ အစားတွေ အများကြီးစားရင် အစာနင်ပြီးတော့ ကြို့ထိုးတတ်တယ်။ အစားစားရင် အရမ်းစပ်တာတွေ မစားသင့်ဘူး” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာအောင်ဆန်းဝင်းက ပြောသည်။

ရေသောက်ခြင်း၊ တံတွေးမျိုခြင်းတို့ကြောင့်လည်း ကြို့ထိုးခြင်းကို သက်သာစေနိုင်
ကြို့ထိုးခြင်းကို သက်သာ ပျောက်ကင်းစေရန်အတွက် နည်းအမျိုးမျိုးဖြင့် ပြုလုပ်လေ့ ရှိကြပြီး တချို့သောသူများသည် ရေသောက်ပါက သက်သာ ပျောက်ကင်းသည်ဟု ယူဆ၍ ရေသောက်လေ့ရှိပြီး တံတွေးမျိုချခြင်းတို့သည်လည်း ကြို့ထိုးခြင်းကို သက်သာစေသည်ဟု ယူဆလေ့ရှိကြကြောင်း သိရသည်။ ရေသောက်ခြင်း၊ တံတွေးမျိုခြင်းတို့သည် နင်နေသော အပိုင်းမှ အစာများ ကျသွားစေသောကြောင့် ယင်းကဲ့သို့ နည်းလမ်းများ ပြုလုပ်ခြင်းသည်လည်း ကြို့ထိုးခြင်းကို သက်သာ ပျောက်ကင်းနိုင်စေရန် များစွာ အထောက်အကူ ပြုကြောင်း သိရသည်။

ကုသခြင်း
ကြို့ထိုးခြင်းကို ကုသရာတွင် အစာကြေစေနိုင်သော ဆေးများ၊ ငါးကြီးဆီများနှင့် အစာအိမ်နှင့် ပတ်သက်ပြီး သက်သာပျောက်ကင်း စေနိုင်သော ဆေးများ သောက်သုံးနိုင်ကြောင်း သိရသည်။ “ကုသတဲ့အပိုင်းကတော့ ကျွန်တော် အစာကြေဆေးတွေ ပေးတယ်။ ငါးကြီးဆီတို့၊ အစာအိမ်နဲ့ ပတ်သက်ပြီးတော့ သက်သာပျောက်ကင်းစေတဲ့ ဆေးတွေ Brscopan ပေးတယ်။ ထိုးဆေး အနေနဲ့တော့ Brscopan နဲ့ ပါရာစီတမောတို့ ရှိတယ်။ လိုအပ်မယ် ဆိုရင်တော့ အသည်းဆေးတွေ သွင်းပေးတယ်။ များသောအားဖြင့်တော့ သက်သာပျောက်ကင်းသွားကြတယ်” ဟု ဆက်လက်ပြောသည်။

အစာကြေလွယ်သော အစားအသောက်များကို စားပါ
“အစာကြေလွယ်တဲ့ အစားအသောက်တွေကို စားမယ်။ အသည်းနဲ့ ပတ်သက်ပြီး မဖြစ်စေဖို့ ဆိုးဆေးပါတဲ့ အစားအသောက် တွေ၊ ကြာရှည်ခံအောင် လုပ်ထားတဲ့ ခေါက်ဆွဲတို့၊ ကြာဆံတို့တွေ၊ ပြုပြင်ထားတဲ့ အစားအသောက်တွေ စားတာကို ရှောင်သင့်ပါတယ်။ ဆေးတွေအလွန်အကျွံ သောက်တာ၊ အရက်သောက်တာတွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်” ဟု ယင်းက ဆိုသည်။

ရက်၊ လ နှင့် ချီပြီး ကြို့ထိုးခြင်းများလည်းရှိ
ကြို့ထိုးခြင်းကို သက်သာပျောက်ကင်းအောင် မပြုလုပ်ပါက မိနစ်အနည်းငယ်ကြာလျှင် သူ့အလိုလို သက်သာပျောက်ကင်း သွားတတ်ကြောင်း၊ တချို့မှာ ရှားရှားပါးပါး ဖြစ်တတ်သည့် ကြို့ထိုးခြင်းသည် ရက်နှင့် လနှင့်ချီပြီး ကြာလေ့ရှိကြောင်းလည်း သိရှိရသည်။

အချိန်မှန်စား၊ အချိန်မှန်အိပ်၊ အချိန်မှန် ဝမ်းသွားစေခြင်းက ကျန်းမာရေးနှင့် ညီညွတ်
လူတစ်ယောက်သည် အချိန်မှန်စား၊ အချိန်မှန်အိပ်၊ အချိန်မှန် ဝမ်းသွားခြင်းစသော ဇီဝနာရီ ဖြစ်စဉ်ကို တည့်အောင်နေမည်ဆိုပါက ကျန်းမာရေးနှင့် ညီညွတ်စေပြီး အစာကို ကြေညက်အောင်စားခြင်း၊ အစားအသောက်စားပါက အလောတကြီး မစားသင့်ကြောင်း အသိပေး ပြောကြားသည်။

Credit: YANGON TIMES JOURNAL

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top